သခင့်ကို ယုံကြည်သောသူများစွာတို့က သူတို့အနေဖြင့် စွန့်လွှတ်မှုများ လုပ်ဆောင်သရွေ့၊ မိမိတို့ကိုယ်ကို အသုံးတော်ခံပြီး အလုပ်ကြိုးစားလုပ်ဆောင်သရွေ့၊ သူတို့သည် ပထမဦးစွာ ချီဆောင်ခံရမည့်သူများတွင် သေချာပေါက် ပါရှိလိမ့်မည်ဟု ယုံကြည်ကြသည်။ သို့သော် ဤအရာအတွက် သခင့် နှုတ်ကပတ်တော်များထဲတွင် အခြေပြုချက် ရှိပါသလော။ သခင်ယေရှုက ပြောခဲ့သည်၊ “နောက်ကျသောသူ အများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူ အများတို့သည် နောက်ကျ ကြလိမ့်မည်။” (မဿဲ ၁၉:၃၀) “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍” (ယောဟန် ၁၀:၂၇)။ တစ်စုံတစ်ဦး ချီဆောင်ခံရနိုင်သည်၊ မခံရနိုင်သည်ကို သခင့်အသံတော်အား သူတို့ ကြား၊ မကြား ဆိုသည်အားဖြင့် ဆုံးဖြတ်သည်မှာ သိသာထင်ရှားပေသည်။ သူ၏ အသံတော်ကို ပထမဦးစွာ ကြားပြီး၊ သူ၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်ကို လက်ခံသောသူတို့သည် ပညာရှိ အပျိုကညာများဖြစ်ကြ၍၊ သူတို့သည် ပထမဦးစွာ ချီဆောင်ခံရကြလိမ့်မည်ဖြစ်သည်။
ဘုရားသခင်၏ နိုင်ငံတော်သည် ဤလောကသို့ ရောက်လာပြီဖြစ်သည်။ ရားသခင်၏ နိုင်ငံတော်သို့ သင်ဝင်ရောက်ချင်ပါသလား။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။ကျွန်ုပ်တို့အကြောင်း | အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ | ကျေးဇူးတင်ရှိခြင်း
Copyright © 2024 ယေရှုခရစ်တော်ပြန်ကြွလာခြင်းလုပ်ပိုင်ခွင့်အားလုံး မူပိုင်ဖြစ်သည်။