၂၀၁၇ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ ညနေတွင် ကျွန်မ၏ သားအငယ်ဆုံး Xunxunနှင့် သူ့မိသားစု တို့သည် အမြဲလုပ်နေကျ အတိုင်းပင် ကျွန်မအိမ်တွင် ညစာစားရန် လာရောက်ကြပြီး၊ ထို့နောက်တွင် Xunxun သည် အတန်းတစ်တန်း စာသင်ရန် အတွက် ကျောင်းသို့ထွက် သွားခဲ့သည်။ ည၈နာရီအနည်းငယ် ကျော်ပြီးနောက် ကျွန်မ ချွေးမက ဖုန်းခေါ်ပြီး အလောတကြီးဖြင့် “အမေ Xunxun ကို ဆေးရုံတင် လိုက်ရ တယ်” ဟု ပြောသည်။ ကျွန်မသည် ထိတ်လန့်သွားပြီး၊ “အခုလေးတင် အမေတို့ ညစာစားတုန်းက သူဟာ လုံးဝ အကောင်းကြီးပါ။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး ဆေးရုံရောက် သွားရတာလဲ” ဟု အလျင်စလိုမေး လိုက်သည်။ ကျွန်မ စကားမဆုံးနိုင် မီပင် သူမက အလောတကြီး ဖုန်းချသွားလေသည်။
ကျွန်မနှလုံးသားထဲတွင် ထိတ်ထိတ်ပျာပျာ ဖြစ်လာသည်ကို မခံစားရပဲ မနေနိုင်ပါ။ ကျွန်မသားသည် ထမင်းဟင်းတစ်ခွက် ထက်ပိုပြီး မစားသွားခဲ့ သည့်အပြင် နေမကောင်းသည်ဟုလည်း မပြော ခဲ့ပါ၊ သူသည် မည်သို့ ရုတ်တရက်ကြီး ဆေးရုံတင်လိုက်ရသနည်း။ သူသည် ယခင်က နှလုံး ခွဲစိတ်ကုသမှု ခံယူခဲ့ရဖူးသည်ကို ကျွန်မတွေးမိလာသည်။ သူ့နှလုံး ထပ်ဖောက်ခြင်းများ ဖြစ်နိုင်သလား။ သူ၏ နှလုံးရောဂါ ပြန်ဖောက်ခြင်း ဆိုပါက၊ ထိုအရာမှာ အမှန်တကယ်ပင် ကောင်းသည့်အရာ တစ်ခု မဖြစ်နိုင်ပါ။ ကျွန်မသည် စိုးရိမ်ကြောင့်ကျမှုများဖြင့် ပူလောင်ပြီး သူ့ကိုတွေ့ရန် ဆေးရုံသို့သွား လိုသော်လည်း သူမည်သည့်ဆေးရုံတက် နေရသည်ကိုပင် ကျွန်မ မသိခဲ့ပါ။ကျွန်မ မည်သည့်အရာကို လုပ်နိုင် မည်နည်း။ ကျွန်မ တွေးပြီးရင်းတွေးကာ ကျွန်မ သားအကြီးဆုံး အပြင်၊ ကျွန်မသမီးနှင့် သူမ၏ ခင်ပွန်းတို့ကိုပါ ဖုန်းခေါ်ခဲ့သည်။ ထိုအချိန်ကျမှ သာလျှင် သူတို့ဆေးရုံကို ရောက်ခဲ့ပြီး ဖြစ်ကြောင်း ကျွန်မသိခဲ့ရ သော်လည်း၊ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျွန်မသား၏ အနေအထား ကို ပြောမပြလိုကြပါ။ ထိုအကြောင်းကို ကျွန်မပိုတွေးလေ၊ ကျွန်မ ပိုပြီး စိုးရိမ်ကြောင့်ကျလေ ဖြစ်လာခဲ့သည်။ ထိုင်နေသည်ဖြစ်စေ၊ ထနေသည် ဖြစ်စေ ကျွန်မမှာ သက်တောင့်သက်သာ မရှိခဲ့ပါ။ ကျွန်မသည် မည်သည့်အရာကို လုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ကျွန်မ၏ စိတ်မချမ်းမြေ့ စွာဖြင့် ဘုရားသခင်ကို တွေးမိပြီး၊ အလျင်စလို ဒူးထောက်လိုက်ကာ “အိုဘုရားသခင် ကျွန်မသားလေ ရုတ်တရက်ကြီး ဆေးရုံတင် လိုက်ရ ပါတယ်။ ပြီးတော့ သူ့လုံခြုံမှုအတွက် ကျွန်မ အရမ်းကို စိတ်ပူနေပါတယ်။ ကိုယ်တော့်အလိုတော်က ဘာလဲဆိုတာတော့ ကျွန်မ မသိပါဘူး။ ဒါပေမဲ့ ဒီလိုဖြစ်လာဖို့အတွက် ကိုယ်တော် ခွင့်ပြုခဲ့တယ်ဆိုတာကိုတော့ ကျွန်မ ယုံကြည်ပါတယ်။ အခုကျွန်မဘာလုပ်ရမလဲ မသိပါဘူး။ ကျေးဇူးပြု ပြီးတော့ ကျွန်မကို ကာကွယ်ပြီး၊ ကျွန်မနှလုံးသား ဆိတ်ငြိမ်စေပါ” ဟု ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက် ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိသည်။ “လူ၏ကံကြမ္မာကို ဘုရားသခင်၏လက်များက ထိန်းချုပ်ထား၏။ သင်သည် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိပေ- လူသည် သူ၏အကျိုးအတွက် အမြဲပြေးလွှားကာ အလုပ်ရှုပ်နေသော်လည်း၊ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိမြဲဖြစ်လေသည်။ သင်သည် သင်ကိုယ်တိုင်၏အလားအလာများကို သိနိုင်မည်ဆိုပါက၊ သင်၏ကံကြမ္မာကို ထိန်းချုပ်နိုင်မည်ဆိုပါက၊ သင်သည် အဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်ဦးမည်လော။” ထိုအချက်ပင် ဖြစ်သည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်း၏ သခင်ဖြစ်ပြီး၊ လူတစ်ယောက်ချင်းစီ တို့၏ ကံတရားသည် ကိုယ်တော်၏ လက်တော်တွင်သာ ရှိပါသည်။ ကျွန်မတို့သည် ဖန်ဆင်းခံ သတ္တဝါများဖြစ်ပါသည်၊ ကျွန်မတို့၏ ကိုယ်ပိုင် ကံတရားများကို ကျွန်မတို့ မထိန်းချုပ်နိုင်ရုံသာမက၊ ကျွန်မတို့သည် အခြားသူများ၏ ကံတရားကို အထူးသဖြင့် မထိန်းချုပ်နိုင်ပါ။ ကျွန်မ၏ ပူပန်သောက နှင့် စိုးရိမ်ကြောင့်ကျမှုတို့သည် အသုံးမတည့်သည့်အပြင်၊ ကျွန်မသား၏ သေရေးရှင်ရေးသည် ဘုရားသခင်၏ လက်တော်ထဲတွင်သာ ရှိသည့်အားလျော်စွာ၊ ကျွန်မလုပ်နိုင်သည့် အရာမှာ သူ့ကို ဘုရားသခင်၏ လက်တော်ထဲသို့ ထည့်ပေးရန်သာ ဖြစ်ပါသည်။ ထိုအကြောင်းကို ကျွန်မ တွေးမိသည့်အခါတွင် ကျွန်မနှလုံးသားသည် အလွန်ပင် တည်ငြိမ်သွား ခဲ့သည်။
နှစ်နာရီအကြာတွင် ကျွန်မသား အငယ်ဆုံး၏ ဇနီးသည် ကျွန်မသမီး ၏သားများဖြင့် ပစ္စည်းအချို့ကို ယူရန် အိမ်သို့ ပြန်လာကြ သည့်အချိန်တွင်၊ သူတို့ကို ကျွန်မသား၏ အနေအထားကို မေးခဲ့သည်။ သူမမျက်လုံးများတွင် မျက်ရည်များ ပြည့်လာပြီး၊ ကျွန်မကို နှစ်သိမ့်ရင်းဖြင့် “ဘာမှမဖြစ်ပါဘူး။ အမေအိမ်မှာပဲနေ။ ဆေးရုံမှာ ကျွန်မတို့ သူ့အတွက် ရှိပေးနေပါတယ်” ဟုပြောပြီး၊ ထို့နောက်တွင် ကျွန်မသား၏ အဝတ်အစားများနှင့် ကိုယ်ပိုင်ပစ္စည်းများကို အလျင်စလို ဆွဲကာ ကားမောင်းပြီး ပြန်သွားရန် အဆင်သင့်ပြင်နေခဲ့သည်။ ကျွန်မ မသိစေရန် ဖုံးကွယ်ထားရလောက်အောင် ကျွန်မသားလေး အမှန် တကယ်ပင် တစ်စုံတစ်ခုများ ဖြစ်နေသလား ဟု မိမိဘာသာတွေး မိသည်။ ကျွန်မကို သူတို့နှင့် အတူခေါ်သွားဖို့ ကျွန်မ အတင်းအကျပ်တိုက်တွန်း ခဲ့သည်။ လမ်းတွင် ကျွန်မချွေးမကို ဆေးရုံရှိ ကျွန်မသား အကြီးဆုံးထံမှ ဖုန်းခေါ်လာသည်။ ကျွန်မ ကြားရသမျှမှာ သူမက စိုးရိမ်တကြီးဖြင့် “ဟင်။ သူ့နှလုံးက ဘာဖြစ်လို့ဒီလောက် အခုန်မြန်နေတာလဲ”ဟုပြော သည်ကိုသာ ကြားရပါသည်။ ခဏအကြာတွင် သူမက စိတ်ပူသည့် မျက်နှာဖြင့် “ဘာပြောလိုက်တယ်။ အခုနှလုံးမခုန်တော့ဘူးလား” ကျွန်မ သား၏ အနေအထားသည် အလွန်ပင် စိုးရိမ်ဖွယ် ဖြစ်နေကြောင်းကို သူမ၏ စကားများမှ ကျွန်မ အတပ်ပြောနိုင်ပါသည်။ သူ့နှလုံး မခုန်တော့ပါက၊ သူ အချိန်မရွေးပင်...မသွားနိင်ဘူး လား...ကျွန်မ ဆက်ပြီးမတွေးဝံ့တော့သကဲ့သို့ ကျွန်မချွေးမကိုလည်း ဆက်ပြီး မေးခွန်း များ မမေးဝံ့ခဲ့ပါ။ ကျွန်မ နှလုံးသားသည် စိတ်မချမ်းမြေ့စွာခံစားရပြီး၊ ကျွန်မက “ငါ့သားလေးအရမ်းငယ်ပါ သေးတယ်၊ ပြီးတော့ သူ့သားလေး ကလည်း ငါးနှစ်သားပဲ ရှိပါသေးတယ်။ သူ့သာ တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ဘယ်လိုရှေ့ဆက်ကြမလဲ” ဟု တွေးမိပါသည်။ ဤအရာများအားလုံး ကို ဆင်ခြင်တွေးတောရသည်မှာ ပြင်းပြင်းထန်ထန်ပင် စိတ်ဆင်းရဲ စရာကောင်း လှသည်။ ကျွန်မမျက်ရည်များမကျလာအောင် အတင်း ကြိုးစားထိန်းချုပ် ထားရင်း ထိုကဲ့သို့အခြေအနေတစ်ခုတွင် ကျွန်မ ခိုင်မာစွာ ရပ်တည်နိုင်ရန် နှင့် ကျွန်မစကားများဖြင့် အပြစ်မလုပ်မိစေ ရန်တို့အတွက် ကျွန်မနှလုံးသား ထဲတွင် ဘုရားသခင်အား မရပ်မနား ဆုတောင်းမိပါသည်။ ထို့နောက် မကြာမီပင် ကျွန်မတို့ ဆေးရုံသို့ ရောက်လာကြသည်။
ကျွန်မသား၏ အိပ်ရာနံဘေးသို့ရောက်သည့်အချိန်တွင်၊ သူက သတိလစ်နေပြီး၊ သူ့မျက်နှာမှာလည်း ဖြူဖတ်ဖြူရော် ဖြစ်ကာ၊ နှာခေါင်းတွင် အောက်စီဂျင်ပိုက်တပ်ထားသည့်အပြင်၊ သူ့လက်များနှင့် ခြေထောက်များတွင် ECG ကလစ်များ တပ်ထားသည်ကို ကျွန်မတွေ့ခဲ့ရ သည်။ ECGစက်နံဘေးတွင်လည်း ဆရာဝန် နှင့် ပရော်ဖက်ဆာ အချို့တို့သည် ထိုစက်က ပြသည့်အရာကို စိတ်တထင့်ထင့်ဖြင့် စောင့်ကြည့်နေကြသည်။ သူတို့သည် မကြာခဏဆိုသကဲ့သို့ သူတို့ ခေါင်းများကို ခါကြပြီး၊ အံ့အားသင့်ထိတ်လန့်မှုကိုလည်း ပြနေကြသည်။ သူ့ကျောင်းမှ ခေါင်းဆောင်များထဲမှ နှစ်ဦးက ဘေးတစ်နေရာသို့သွားပြီး တီးတိုးဆွေးနွေးနေကြပြီး ကျွန်မက သူတို့ပြောသည်ကို သူလဲကျသွားတုန်းက အရမ်းကြောက်ဖို့ကောင်းတယ်၊ ကြည့်ရတာ သူအသက်တောင်မရှုတော့သလိုပဲ...” ဟု မသဲမကွဲကြားခဲ့ပါသည်။ ဆရာဝန်များ၏မျက်နှာပေါ်မှ တတ်နိုင်စွမ်းမရှိသည့် အကြည့်ကို မြင်ရသည်မှာ ကျွန်မအတွက် အလွန်ပင် စိတ်ညစ်စေသည့်အပြင်၊ ထို့နောက် ဆေးရုံကုတင်ပေါ်တွင် ကျွန်မသားကို ကြည့်လိုက်သည့်အခါတွင် မည်သည့်အရာကိုမျှ အလုံးစုံသတိမပြုမိတော့ပဲ၊ ကျွန်မနှလုံးသားတွင် ဖော်ပြ၍မရနိုင်သည့် ကြောက်စိတ်မွှန်ခြင်းသည် တလိပ်လိပ်တက်လာ ခဲ့ပါသည်။ ကျွန်မသားသည် မျက်တောင်တမှိတ်တွင်ပင် သေဆုံးသွားမည်ကို ကျွန်မကြောက်ရွံ့နေမိသည်၊ ကျွန်မသည် မိမိကလေးကို မြေမြုပ်သဂြိုလ်ရသည့် မိဘတစ်ပါးဖြစ်တော့မည် မဟုတ်ပါလား။ ထိုအကြောင်းကို ပိုတွေးလေ ကျွန်မသည် နာကျင်မှုကို ပိုမိုခံစားရလေ ဖြစ်သောကြောင့် ဘုရားသခင်ထံသို့ တိတ်တဆိတ် ဆုတောင်းရန် အလျင်စလိုသွားခဲ့ပါသည်။ “အိုဘုရားသခင်။ ကျွန်မသားလေး သေမလားဒါမှမဟုတ် ရှင်မလား ဆိုတာ ကျွန်မ မသိပါဘူး။ ကျွန်မ တော်တော်ကို ရုန်းကန်နေရပါတယ်။ ဘုရားသခင်။ ကိုယ်တော် ကျွန်မ နှလုံးသားကို အကာအကွယ်ပေးတော်မူပါ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်မ သက်သေရပ်တည်နိုင်ပြီး၊ ညည်းတွားခြင်း မရှိဖို့အတွက် ကိုယ်တော်ကျွန်မကို ယုံကြည်မှုပေးတော်မူပါ။ ကျွန်မသားကို ကိုယ်တော့်လက်တော်တွင် အပ်နှံလိုပြီး၊ ကိုယ်တော်ရဲ့ စီစဉ်မှုတွင် အပ်နှံလိုစိတ်သာရှိပါတယ်” ဆုတောင်းချိန်အတွင်း ကျွန်မက ဘုရားသခင်မိန့်တော်မူသည့် “စကြဝဠာတွင် ဖြစ်ပေါ်သော အရာရာတိုင်းတွင်၊ ငါ အဆုံးအဖြတ်မပေးသောအရာ တစ်ခုမျှ မရှိချေ။ ငါ့လက်ထဲတွင်မရှိသည့်အရာ တစ်စုံတစ်ရာ ရှိသလော။” ကို ရုတ်တရက် အမှတ်ရမိပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ကျွန်မ ယုံကြည်မှုကို ဖေးမပေးခဲ့သည်။ မှန်လိုက်လေခြင်း။ သေရေးရှင်ရေးတွင် ဘုရားသခင် မဆုံးဖြတ်ဘဲ ပြီးမြောက်သွားခြင်း မရှိသည့်အပြင် ကျွန်မသားသည်လည်း ကိုယ်တော်၏ လက်တော်ထဲတွင် ရှိပါသည်။ ကျွန်မ ပူပင်သောကများအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုကို မယုံကြည်ခြင်းမှ ဆင်းသက်လာခြင်း ဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်က သတ်မှတ်ပေးသည့် မည်သည့် အခြေအနေနှင့် မဆို အဆင်ပြေကြောင်း နှင့် ၎င်းတို့အားလုံးသည် ဘုရားသခင်၏ စေတနာသဒ္ဒါကောင်းသော အလိုတော်သာ ဖြစ်ကြောင်း အကြမ်းဖျင်းအားဖြင့် ပြောနေကျဖြစ်သော်လည်း၊ ကျွန်မသား အလွန်နာမကျန်းဖြစ်သည်ကို တွေ့သည့်အချိန်တွင်၊ ကျွန်မသည် သူ့အနေအထားအတွက် စိတ်ပူပန်ရန်သာ တွေးနိုင်ခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ရှာဖွေရန် ကိုယ်တော်၏ မျက်မှောက်တော်တွင် မိမိကိုယ်ကို ဆိတ်ငြိမ်စေခြင်း မရှိခဲ့ပါ။ ဤအကြောင်းကို ကျွန်မ နားလည်သဘောပေါက်သည့် အချိန်တွင် ကျွန်မသည် မိမိနှလုံးသားတွင်းမှ ဘုရားသခင်ကို အဆက်မပြတ် အော်ခေါ်နေမိပါသည်။
ကျွန်မသည် ဘုရားသခင့် နှုတ်ကပတ်တော်များ ဓမ္မသီချင်းကို တွေးမိသည်။ “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။”
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တစိမ့်စိမ့်ချင့်ချိန်တွေးဆရင်း ယောဘသည် သူ၏ ကြွယ်ဝမှုများနှင့် သားသမီးများအားလုံး သူ့ထံမှ ယူဆောင်ခြင်းခံသော်လည်း ဘုရားသခင်ကို ယုံကြည်မှု မည်သည့်အခါမျှ မပျောက်ပျက်ခဲ့သော ယောဘ ကျော်ဖြတ်ခဲ့ရသည့် ကြီးမားသည့် စမ်းသပ်မှုများအကြောင်းကို ကျွန်မတွေးမိခဲ့ပါသည်။ သူက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ၁:၂၁) ဤသည်မှာ သူ၏ သက်သေခံချက် ဖြစ်ပါသည်။ သို့သော်လည်း ကျွန်မမှာမူ ဆရာဝန်များက သုံးသပ်ချက်တစ်ခု မရနိုင်သေးသည့်အချိန်တွင် ကျွန်မသားကို ဆုံးရှုံးရမည်ကို ကြောက်ပြီး မယုံနိုင်လောက်အောင် နာကျင်ခံစားခဲ့ ရပါသည်။ သူတို့ မျက်နှာအမူအရာများ တစ်စုံတစ်ခု မှားယွင်းနေသည့်ဟန်ရှိသည်ကိုသာ ကျွန်မ မြင်တွေ့ရပါသည်။ ၎င်းမှာ ဘုရားသခင်ကို ယုံကြည်ခြင်း မည်သို့ဖြစ်နိုင်မည်နည်း။ ကျွန်မအနေဖြင့် ယောဘ၏ နမူနာကို လိုက်နာရမည် ဖြစ်ပြီး၊ ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်မှုထားရှိရမည် ဖြစ်ကြောင်းကို သဘောပေါက်လာခဲ့သည်။ ကျွန်မသား၏ အနေအထားမှ မည်သို့သော အဆုံးသတ်ရှိပါစေ၊ ကျွန်မ ငြီးတွား၍မရပါ။ ဘုရားသခင့် နှုတ်ကပတ်တော်များ၏ အားပေးခြင်း ခံရကာ ကျွန်မသည် ခွန်အားနှင့် ယုံကြည်မှုတို့ကို ရရှိသည်ဟု ခံစားခဲ့ရပါသည်။ ကျွန်မသည် ဘုရားသခင်ကို အော်ခေါ်ပြီး၊ ထို့နောက်တွင် ကျွန်မသားနံဘေးတွင် ဂရုတစိုက် ထိုင်ချလိုက်ကာ၊ သူ့နာမည်ကို အကြိမ်အနည်းငယ် ညင်သာစွာ ခေါ်ခဲ့သည်။ သူတုံ့ပြန်မှုအနည်းငယ် နောက်ဆုံးတွင်ရှိလာပြီး၊ သူ့မျက်လုံးများကို အလွန်ဖြည်းညှင်းစွာဖွင့်ကာ ကျွန်မကို ကြည့်နေသည်ကို မြင်ရသည်မှာ ကျွန်မနှလုံးသားသည် ဝမ်းမြောက်ကြည်နူးပြီး နက်နက်နဲနဲစိုးရိမ်မှုဖြင့် သူ့အား အလျင်စလို “သားလေး နည်းနည်းသက်သာလား” ဟု မေးခဲ့ပါသည်။ သူက ခေါင်းညိတ်ပြီး သက်ပြင်းချကာ၊ သူ့ရင်ဘတ်ကို အားနည်းစွာဖြင့် ညွှန်ပြရင်း “နာတယ်... သားရင်ဘတ်ထဲက” ဟု ပြောခဲ့သည်။ ထို့နောက် တစ်ဖန် သူသတိလစ်သွားပြန်ပါသည်။
အနည်းငယ်ကြာပြီးနောက် ဆရာဝန်က “လာကြပါဦး ဒါကို ကြည့်ပါဦး သူ့နှလုံးခုန်နှုန်း နဲ့ သွေးတိုးနှုန်းက ပုံမှန်ပြန်ဖြစ်လာပြီ။ အားလုံးက ပုံမှန်ပြန်ဖြစ်လာပြီ”ဟု တအံ့တသြဖြင့် ပြောသည်ကို ကျွန်မ ကြားလိုက်သည်။ တစ်မိသားစုလုံး ဝန်းရံစုဝေးလာပြီး လူတိုင်းကလည်း အလွန်ပျော်ရွှင်ကြလေသည်။ ကိုယ်တော်၏ သနားကရုဏာနှင့် ကာကွယ်မှုတို့ကို မြင်ရင်းဖြင့် ကျွန်မသည် ဘုရားသခင်ကို ကျွန်မနှလုံးသားထဲမှ အကြိမ်ကြိမ် အဖန်ဖန် ကျေးဇူးတင်ခဲ့မိသည်။ ကျွန်မကို စစ်မှန်သည့် ယုံကြည်မှုပေးသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ ဖြစ်ပြီး၊ ဘုရားသခင်၏ အနန္တတန်ခိုးနှင့် သြဇာအာဏာတို့သည် အရာအားလုံးကို အုပ်စိုးထားကြောင်းကို ကျွန်မအား နားလည်စေခဲ့ပါသည်။ ကျွန်မက “လူရဲ့ ကံတရားကို ကောင်းကင်ဘုံက သတ်မှတ်ပေးတယ်။ ဒါက အမှန်တကယ်ကို ဘုရားသခင်ရဲ့ ကျေးဇူးကြောင့်ပဲ” ဟု စိတ်လှုပ်ရှားက ပြောလိုက်သည်။ ကြီးကြပ်သူဆရာဝန်က “အဲဒါမှန်တယ်။ ဘုရားသခင်ကိုပဲ အမှန်တကယ်ကို ကျေးဇူးတင်ရမှာ။ လူနာက ရုတ်တရက် နှလုံးကြွက်သားပျက်ယွင်းခြင်း ဖြစ်ပြီးတဲ့နောက်မှာ ဒီကိုအချိန်မီ ရောက်လာ လို့ပေါ့၊ နောက်တစ်နာရီလောက်မှသာရောက်ရင်၊ အဆုံးသတ်က တော်တော်ကို ဆိုးရွားမယ်။ ခုနလေးကပဲ သူ့နှလုံးက လုံးဝကို ရပ်သွားခဲ့တာ၊ သူဒီလို အံ့သြဖို့ကောင်းလောက်အောင် အသက်ပြန်ရှင်လာမယ် လို့ ကျွန်တော်တော့ လုံးဝ စိတ်မကူးခဲ့ဘူး။ ဒါပေမဲ့ သူ့အနေအထားက မတည်ငြိမ်သေးဘူးနော်။ စောင့်ကြည့်လေ့လာဖို့အတွက် သူဆေးရုံမှာ နေရဦးမယ်”ဟု ထပ်ဖြည့်ပြောသွားပါသည်။ ကျွန်မသားကို အနီးကပ်ကုသမှုခံယူရေးအဆောင်ကို ပြောင်းလိုက်ပြီး၊ သူ့ဇနီး တစ်ယောက်တည်းသာ သူ့ကို ပြုစုစောင့်ရှောက်ဖို့ ကျန်ခဲ့စဉ်တွင် ကျွန်မတို့အားလုံး အိမ်ပြန်သွားခဲ့ကြသည်။
ကျွန်မ အိမ်တံခါးမှ ဝင်သည်နှင့် တပြိုင်နက် အလျင်စလိုဒူးထောက်ပြီး ဘုရားသခင်ကို ကျေးဇူး တင်ကြောင်း ဆုတောင်းခဲ့ပါသည်။ ကျွန်မမှာ ကျေးဇူးတင်ရှိမှု အပြည့်ဖြစ်နေခဲ့သည်။ ကျွန်မ၏ ကူညီရာအမဲ့ဆုံးသော အခြေအနေတွင် ဘုရားသခင်သည် ကျွန်မနံဘေးတွင် အမြဲတမ်း ရှိကာ ကျွန်မကို ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြင့် ဦးဆောင်ခြင်း နှင့် လှုံ့ဆော်ခြင်းများ ပြုနေခဲ့သည့်အပြင်၊ ကျွန်မကို ယုံကြည်မှုနှင့် မှီခိုရန် တစ်စုံတစ်ခုတို့ကို ပေးခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အမှန်တကယ်ပင် ကြီးမြတ်လှသည်ဟု ကျွန်မခံစားခဲ့ရပါသည်။
သီတင်းတစ်ပတ် ကြာပြီးနောက် ကြီးကြပ်သူ ဆရာဝန်က ကျွန်မတို့အား “လူနာရဲ့ နှလုံးပေါ်မှာ အဆီနဲ့တွယ်ဆက်နေတဲ့ တစ်ရှုးတွေမှာ ကင်ဆာအမြစ် ကို ထုတ်ဖော်ပြနေလို့ ခွဲစိတ်မှုနှစ်ခု လိုအပ်မယ်။ ပထမက အဲဒီအမြစ်ကို ဖြတ်ထုတ်ပစ်ပြီး၊ နောက်မှာ နှလုံးခုန်နှုန်းထိန်းစက်တစ်ခုကို ထည့်သွင်းပေးဖို့လိုမယ်။ အစ်မတို့ ယွမ် ၂ သိန်းလောက် တစ်ခါတည်း ချက်ခြင်း ရဖို့လိုတယ်။ ဒါနောက်ကျရင်တော့၊ သူ့အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု ပြောသည်။ ကျွန်မသားလေး အသက်အန္တရာယ် စိုးရိမ်ရကြောင်းကို ကြားရသည်မှာ ကျွန်မ ချောက်ချားမှုကို ခံစားရသည်။ ကျွန်မ၏ စိုးရိမ်ကြောင့်ကျစိတ်ဖြင့် ဘုရားသခင်ထံသို့ တစ်ဖန် “အို ဘုရားသခင် ကိုယ်တော်ဟာ အားလုံးကို အုပ်စိုးတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။အခုအချိန်မှာ ကျွန်မလုပ်နိုင်တာ ဘာမှမရှိပါဘူး။ ကိုယ်တော့်ကိုသာ မှီခိုနိုင်ပါတယ်။ကျွန်မသားလေးကို ကိုယ်တော်လက်ထဲ လုံးလုံးလျားလျား အပ်နှံပါတယ်။ ကျွန်မ ယုံကြည်မှု ပေါ်မှာ မှီခိုဖို့ နဲ့ ကိုယ်တော့်အမှုတော်ကို တွေ့ကြုံခံစားဖို့ လိုလားပါတယ်”ဟု ဆုတောင်းခဲ့သည်။ ကျွန်မသားအကြီးဆုံးနှင့် ကျွန်မသားအငယ်၏ ဇနီးတို့သည် ငွေရှာဖွေစုဆောင်းရန် အတွက် နေရာအနှံ့ကိုသွားပြီး မကြာမီတွင်ပင် သူတို့သည် လိုအပ်သည့် ပမာဏကို ရရှိခဲ့ကြသည်။ ခွဲစိတ်မှု ပြင်ဆင်ခြင်း၌ ကျွန်မသားကို တစ်ဖန် စမ်းသပ်ကြသည့်အချိန်တွင် သူ့အနေအထားသည် အလွန်ခက်ခဲရှုပ်ထွေး သည့်အပြင် သူသည် အလွန် အားနည်းနေပြီး၊ သူကျန်းမာလာဖို့ အလွန်ပင် အသေအချာ ပြုစုစောင့်ရှောက်ရန် နှင့် ပြီးနောက် ခွဲစိတ်ဖို့အတွက် အထူးဆေးရုံကြီးသို့ ပြောင်းရွှေ့ရန် လိုအပ်သည်ဟု ဆရာဝန်က ဆိုပါသည်။ သူက ဆေးစာတစ်ချို့ကို ရေးသားပြီး၊ ကျွန်မသားကို နေအိမ်တွင် အားပြန်ပြည့်လာစေဖို့အတွက် ဆေးရုံမှ ဆင်းပေးလိုက် ပါသည်။
ပြုစုစောင့်ရှောက်သည့် ကာလတစ်ခုအပြီးတွင် ကျွန်မသား၏ ကျန်းမာရေးသည် အတော်အတန် တိုးတက်လာခဲ့သည်။ သူအထူးကု ဆေးရုံသို့ သွားရောက်သည့်အချိန်တွင်၊ သူ့ဇနီးပြန်လာပြီး ၎င်းတို့က နောက်တစ်နေ့ နေ့လည် ၁၁ နာရီတွင် ခွဲစိတ်ရန် အချိန်သတ်မှတ် ခဲ့ကြောင်းကို ကျွန်မကို ပြောပြခဲ့သည်။ ထိုညနေတွင် ကျွန်မသည် ဘုရားသခင်ထံသို့ “အိုဘုရားသခင် ကျွန်မသားက မနက်ဖြန် ခွဲစိတ်မှုကို တွေ့ကြုံခံစားရပါတော့မယ်။ အဲဒါက အရမ်းကို စွန့်စားရတဲ့ ခွဲစိတ်မှုတစ်ခု ဖြစ်ပေမဲ့ ကျေးဇူးပြုပြီး ကျွန်မကို ယုံကြည်မှုနဲ့ သတ္တိတို့ကို ပေးတော်မူပါ။ အောင်မြင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ ကျွန်မသားရဲ့ ခွဲစိတ်မှုက ကိုယ်တော့် လက်တော်မှာ ရှိတာကို ကျွန်မ ယုံကြည်ပါတယ်။ ကိုယ်တော်ပြုသမျှသည် ကောင်းမြတ်တယ်လို့လည်း ကျွန်မ ယုံကြည်ပါတယ်။ မနက်ဖြန် ဘယ်လိုအဆုံးသတ်ပဲ ရှိပါစေ၊ ကျွန်မ အပ်နှံဖို့လိုလားပြီး၊ မညည်းတွားပါဘူး။ ကျွန်မ ကိုယ်တော်ကို သက်သေရပ်တည်ပြီး၊ ကိုယ်တော့်ကို စိတ်ကျေနပ်စေလိုပါတယ်” ဟု နောက်ထပ် ဆုတောင်းခဲ့ပါသည်။ ဆုတောင်းပြီးနောက်တွင် ကျွန်မသည် ပူပင်သောက သို့မဟုတ် ကြောက်စိတ် တို့ကို လုံးဝ မခံစားရတော့ပေ။ နောက်တစ်နေ့တွင် ကျွန်မသား၏ ခွဲစိတ်မှုကို ရင်ဆိုင်ရန် ကျွန်မထံတွင် ယုံကြည်မှုနဲ့ ခွန်အားတို့ ရှိခဲ့ပါသည်။
နောက်တစ်ရက်တွင် ကျွန်မသားကို အချိန်မီ ခွဲစိတ်ခန်းထဲသို့ လူနာကုတင်ဖြင့် ခေါ်ဆောင်သွားကြပြီး၊ ကျွန်မတို့ သူ့မိသားစုအားလုံးသည် အပြင်တွင် စိုးရိမ်ကြောင့်ကျစွာဖြင့် စောင့်ဆိုင်းခဲ့ကြသည်။ စောင့်နေသည့်အချိန်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မစိတ်ထဲတွင် အကြိမ်ကြိမ်အဖန်ဖန် ရွတ်ဆိုခဲ့ပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အကြောင်းကို တွေးတောကာ၊ ကျွန်မ မသိလိုက်ချိန်မှာပဲ နှစ်နာရီသည် ကုန်ဆုံးသွားခဲ့ပါသည်။ ဆရာဝန်တစ်ယောက်က ကျွန်မသားနာမည် ကို ပြောပြီး ကျွန်တို့ကို ခေါ်နေပါသည်။ ကျွန်မတို့အားလုံး ထိတ်ထိတ်ပျာပျာဖြင့် သူ့နားကို အလျင်စလို သွားကြီးသည်၊ ထို့နောက် သူက စိတ်ခံစားချက်ဖြင့် “ကျွန်တော်တို့ ဒါမျိုးတစ်ခါမှ မတွေ့ဖူးဘူး။ ဒီနေ့ကတော့ တကယ့်အံ့ဖွယ်ပဲဗျာ။ ခွဲစိတ်ဖို့မလုပ်ခင် စမ်းသပ်ချိန်မှာ လူနာမှာ ဘာအပြစ်အနာအဆာမှ မရှိတာကို တွေ့လိုက်ရတယ်။ ကျွန်တော်တို့မှာ မယုံနိုင်လို့ နောက်တစ်ကြိမ် သေချာ စစ်ဆေးပြီးတော့လည်း အားလုံးက ပုံမှန်ဖြစ်တယ်လို့ပဲ ပြန်နေတယ်။ အဲဒါကို ဆွေးနွေးပြီးတဲ့နောက်မှာ ခွဲစိတ်ဖို့ မလိုအပ်ဘူးလို့ပဲ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချလိုတယ်။ သူအိမ်ပြန်ပြီး အများကြီး အနားယူလိုက်တယ် ဆိုရင်ပဲ သက်သာသွားပါလိမ့်မယ်” ဟု ပြောခဲ့သည်။ ဤသည်ကို ကြားရင်းဖြင့် ကျွန်မတို့အားလုံး ခဏတဖြုတ် မှင်သက်သွားကြသည်။ ကျွန်မတို့ အသိစိတ်များပြန်ဝင်လာဖို့ အလွန်အမင်းကို ကြာမြင့်ခဲ့ပါသည်။ ကျွန်မချွေးမက ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးပြီး “အဲဒါအရမ်းအံ့သြဖို့ ကောင်းတာပဲအခုအချိန်ကစပြီး Xunxun က ဝေဒနာဆင်းရဲကို လုံးဝ မခံစားရရုံတင်မကပဲနဲ့ ကျွန်မတို့လည်း ယွမ်၂ သိန်းလောက် စုမိသွားပြီ” ထိုအချိန်တွင် ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုးဖြစ်ကြောင်း၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ကြောင်းကို နားလည်သဘောပေါက်သူ မှာ ကျွန်မတစ်ယောက်တည်းသာ ရှိပါသည်။ စိတ်လှုပ်ရှားစွာဖြင့် ကျွန်မ ပါးစပ်မှ “ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဆိုသည့်စကား ထွက်သွားခဲ့သည်။ကျွန်မ ခံစားရသည့်အရာကို မည်သို့ဖော်ပြရကောင်းမှန်း မသိပါ၊ ကျွန်မလုပ်နိုင်သည့်အရာမှာ ဘုရားသခင်ကို ကျွန်မ နှလုံးသားထဲမှ အကြိမ်ကြိမ် အဖန်ဖန် ကျေးဇူးတင်ရှိရုံသာ ဖြစ်ပါသည်။ “အို ဘုရားသခင် ကိုယ်တော်က ကျွန်မကို ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်များကတစ်ဆင့် ယုံကြည်မှု နဲ့ ခွန်အားတို့ကို အကြိမ်ကြိမ် ပေးတော်မူခဲ့ပါတယ်။ ကျွန်မကို ဒီအခြေအနေတစ်လျှောက်လုံးမှာ ခိုင်မာစွာ ရပ်တည် နိုင်စွမ်းကိုလည်း ပေးခဲ့ပါတယ်။ အခုအခါတွင် ကျွန်မသားရဲ့ အနေအထားက အံ့သြဖွယ်ကောင်းအောင် ပျောက်ကင်းသွားခဲ့ပြီ။ ကိုယ်တော့် ချစ်ခြင်း မေတ္တာက အရမ်းကို ကြီးမြတ်ပါတယ်”
အိမ်သို့ပြန်ရောက်ပြီးနောက် ကျွန်မသည် ဘုရားသခင် မျက်မှောက်တော်တွင် ဒူးထောက်ကာ ကျေးဇူးတင်ကြောင်း ဆုတောင်းခဲ့ ပါသည်။ ပြီးနောက်တွင် ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ဤကျမ်းပိုဒ်ကို တွေ့ခဲ့သည်၊ “ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အသက်သည် ဘုရားသခင်ထံမှသာ လာနိုင်သောကြောင့်ဖြစ်၏၊ ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တိုင်သည်သာ အသက်၏အနှစ်သာရကို ပိုင်ဆိုင်ပြီး၊ ဘုရားသခင်ကိုယ်တိုင်သာ အသက်၏ လမ်းခရီး ရှိလေသည်။ ထို့ကြောင့် ဘုရားသခင်သာလျှင် အသက်၏အရင်းအမြစ်ဖြစ်ပြီး၊ အစဉ်စီးဆင်းနေသော ရှင်သန်သည့် အသက်စမ်းရေဖြစ်၏။...လူသား၏အသက်သည် ဘုရားသခင်ထံမှ အစပြု၏။ ကောင်းကင်၏ တည်ရှိခြင်းသည် ဘုရားသခင်ကြောင့်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး တည်ရှိခြင်းသည် ဘုရားသခင်၏ အသက်တန်ခိုးကြောင့်ဖြစ်၏။ အသက်၏ စွမ်းအားရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ အချုပ်အခြာ အာဏာကို ကျော်လွန်နိုင်ခြင်း မရှိသကဲ့သို့၊ အားမာန်ရှိသည့် မည်သည့်အရာမျှ ဘုရားသခင်၏ သြဇာ အာဏာပိုင်နက်မှ မလွတ်မြောက်နိုင်ပေ။ ဤနည်းဖြင့် မည်သူပင်ဖြစ်စေ အယောက်တိုင်း ဘုရားသခင်၏ အုပ်စိုးမှုအောက် နာခံရမည်၊ အယောက်တိုင်း ဘုရားသခင်၏ ကွပ်ကဲမှုအောက်တွင် အသက်ရှင်ရမည်ဖြစ်ပြီး၊ မည်သူမျှ သူ၏လက်မှ မလွတ်မြောက်နိုင်ပေ။” ကိုယ်တော်သည် သက်ရှိအားလုံး၏ အရင်းအမြစ်ဖြစ်ကြောင်း ကောင်းကင်နှင့် မြေကြီးပေါ်မှ သက်ရှိသက်မဲ့ အရာအားလုံးတို့သည် ကိုယ်တော့်အုပ်စိုးမှုမှ လွတ်ငြိမ်းခွင့်မရကြောင်း တို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်မတို့အား အသေအချာ ရှင်းလင်းစွာဖြင့် ပြောပြနေပါသည်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် လူသားများဖြစ်သည့် ကျွန်မတို့အသက်တာများ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ အရာအားလုံးသည် ကိုယ်တော်၏ ထိန်းချုပ်မှု နှင့် အုပ်စိုးမှုတို့ အောက်တွင် ပြောင်းလဲကာ၊ အသစ်ဖြစ်စေခဲ့ပါသည်။ ဤသည်မှာ ဘုရားသခင့် သြဇာအာဏာ ထင်ရှားစေခြင်း တစ်ခုဖြစ်သည်။ ကျွန်မသားသည် နာမကျန်းဖြစ်ကတည်းက ဒုက္ခဆင်းရဲ တစ်ခုပြီး တစ်ခု ကို ကျော်ဖြတ်ခဲ့ပုံနှင့် မကြာခဏ ဆိုသကဲ့သို့ ဆရာဝန်များ၏ သုံးသပ်ချက်အတိုင်း မဖြစ်လာပုံ တို့ကို ကျွန်မတွေးမိသည်။ ဘေးဒုက္ခဆိုးကြားမှ ကျွန်မကို မကြာခဏ ယုံကြည်မှု ပေးခဲ့ပြီး မှီခိုရန် တစ်စုံတစ်ခုကို ပေးခဲ့ကာ၊ အားနည်းချက်ကို အကြိမ်ကြိမ် အဖန်ဖန် အောင်မြင်စေခဲ့သည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များပင် ဖြစ်ပါသည်။ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်သည့်အချိန်တွင်၊ ကိုယ်တော်၏ အံ့သြဖွယ်ကောင်းသော အမှုများကို တွေ့မြင်ခဲ့ရသည်၊ ကျွန်မ၏လူမမာသားငယ်သည် သူ၏ နောက်ဆုံးထွက်သက်၌ ထူးကဲစွာပင် သူ့ကျန်းမာရေး ပြန်လည် ကောင်းမွန်လာ ခဲ့ပါသည်။
ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးပြီး ထိန်းချုပ်ထားကြောင်းကို ကျွန်မအနေဖြင့် ဤအတွေ့အကြုံမှ တစ်ဆင့် အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပါသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များ၏ လမ်းပြခြင်းအပြင်၊ ကိုယ်တော်၏ ကျေးဇူးတော်နှင့် ကာကွယ်မှု တို့ကြောင့်သာ မဟုတ်ပါက၊ ကျွန်မတို့တွင် ငွေမည်မျှရှိပါစေ၊ ဆရာဝန်များ မည်မျှ ကျွမ်းကျင်ပါစေ၊ ကျွန်မသားကို ကယ်တင်နိုင်ခဲ့မည် မဟုတ်ပါ။ ကျွန်မသား၏ နာမကျန်းဖြစ်ခြင်းမှ ဘုရားသခင်၏ အုပ်စိုးမှုကို နားလည်သဘောပေါက်ခြင်း ရရှိခဲ့ပြီး၊ ကိုယ်တော်၏ လက်တော်ထဲတွင် ကျွန်မတို့ အနာဂတ် နှင့် ကံတရားတို့ လုံးလုံးလျားလျား ရှိသည်ကိုလည်း နားလည်သဘောပေါက်ခဲ့သောကြောင့် ကျွန်မ ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ယခုအချိန်မှစပြီး ကျွန်မသည် အရာအားလုံးကို ဘုရားသခင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်း နှင့်၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်နိုင်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး၏ တာဝန်ကို ဖြည့်ဆည်းခြင်း တို့အတွက် အရာအားလုံးကို ပေးအပ်ထားရန် ဆန္ဒရှိပါသည်။