ကျွန်မတို့အားလုံးသည် “ခရစ်တော်” ဆိုသည့် စကားလုံးနှင့် ရင်းနှီးကျွမ်းဝင်သည်ကို ကျွန်မယုံကြည်ပါသည်။ သမ္မာကျမ်းစာတွင် “သင်တို့လည်းငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊ ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည်မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤ အကြောင်းအရာကို သင့်အားဘော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်သည် ဘော် ပြတော်မူသတည်း။” (ရှင်မဿဲခရစ်ဝင် ၁၆:၁၅-၁၇) ဟု မှတ်တမ်းတင်ထားပါသည်။ လူအများစုသည် ထိုကျမ်းချက်များကို တွေ့မြင်ကြပြီး၊ တွေးတောခြင်း မရှိပဲနှင့် “ခရစ်တော်သည် လူ့ဇာတိခံသည့် သခင်ယေရှုဖြစ်သည်” သို့မဟုတ် “ခရစ်တော်သည် ဘုရားသခင်၏ သားတော် မေရှိယဖြစ်သည်”၊ ပြီးနောက် အခြားသူများက “ခရစ်တော်သည် လူသားဖြစ်သည်” “ခရစ်တော် ဆိုသည်မှာ ဘိသိက်ခံရသည့် သူ ဖြစ်သည်” ဟု ပြောကြသည်။ သို့သော်လည်း ထိုသတ်မှတ်ချက်များနှင့် ရင်ဆိုင်ရာတွင် အချို့က ပဟေဠိဖြစ်လျက်ရှိသည်၊ ပရောဖက်များ၊ ဘုရင်များ နှင့် ဓမ္မဟောင်းကျမ်း ယဇ်ပရောဟိတ်များ အားလုံးတို့သည် ဘိသိက်ပေးခံရသူများ ဖြစ်ကြသောကြောင့်၊ သူတို့သည်လည်း ခရစ်တော်ပဲလား။ ခရစ်တော်ဆိုသည်မှာ မည်သည့်အရာဖြစ်သနည်း။
ထိုမေးခွန်းကို ဖြေရန်အတွက် ဘုရားသခင့် နှုတ်ကပတ်တော်များ ကျမ်းပိုဒ်နှစ်ပိုဒ်ကို ပထမဆုံး လေ့လာကြပါစို့၊ “လူ့ဇာတိခံ ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်က ဆင်မြန်းထားသည့် ဇာတိခန္ဓာ ဖြစ်သည်။ ဤဇာတိခန္ဓာသည် အသွေးအသားရှိသည့် မည်သည့် လူနှင့်မျှ မတူညီပေ။ ဤသို့ ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားနှင့် မဆိုင်သောကြောင့် ဖြစ်သည်။ သူသည် ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်၏။ သူသည် ပုံမှန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်ခုလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူကမျှ မပိုင်ဆိုင်ပေ။ သူ၏ဘုရားသဘောသဘာဝက ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို ဆောင်ရွက်နေစဉ်တွင်၊ သူ၏ ပုံမှန်လူ့သဘာဝက ဇာတိခန္ဓာထဲက သူ၏ ပုံမှန် လှုပ်ရှားမှု အားလုံးကို အားဖြည့်ပေးလေသည်။” “လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။...ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။” ထိုကျမ်းနှစ်ပိုဒ်တွင် လူ့ဇာတိခံယူသည့် ဘုရားသခင်နှင့် ပတ်သက်သည့် သမ္မာတရားဆိုင်ရာ ရှုထောင့်များကို ထုတ်ဖော်ထားသည်။ ခရစ်တော်သည် ဘုရားသခင်၏ လူ့ဇာတိခံယူထားသည့် ဇာတိပကတိဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်ကို အသွေးအသား ခန္ဒာတစ်ခုတွင် သာမာန်လူ့သဘာဝ နှင့် သာမာန်အတွေးများဖြင့် နားလည်သဘောပေါက်ခြင်း ဖြစ်ပါသည်။ သူသည် လူ့လောကတွင် အလုပ်လုပ်ပြီး စကားပြောဆိုရန် သာမာန်လူသားတစ်ယောက် ဖြစ်လာသည်။ အပြင်ပန်းအရတော့ ခရစ်တော်ဟာ သာမန်ပုံမှန်လူသားတစ်ယောက်ပါပဲ။ ဒါပေမဲ့ ဖန်ဆင်းခံထားရတဲ့လူသားတွေနဲ့ စာရင် သူက အနှစ်သာရအားဖြင့် ကွဲပြားပါတယ်။ အဖန်ဆင်းခံလူသားဟာ လူ့သဘာဝသက်သက်ပါ။ သူတို့မှာ ဘုရားသဘောသဘာဝရဲ့ အနှစ်သာရ နည်းနည်းလေးတောင် မပါပါဘူး။ ခရစ်တော်ကတော့ သာမန်လူ့သဘာဝရှိ တဲ့အပြင် ပိုပြီးအရေးကြီးတဲ့ ပြည့်စုံတဲ့ ဘုရားရဲ့သဘောသဘာဝလည်း ရှိပါတယ်။ ဒါကြောင့် သူဟာ ဘုရားရဲ့ဂုဏ်ဒြပ်ရှိပါတယ်။ ဘုရားသခင်ကို လုံးဝ ကိုယ်စားပြုနိုင်တယ်။ ဘုရားသခင် ကိုယ်တော်တိုင်လိုပဲ သမ္မာတရားအားလုံးကို ဟောကြားနိုင်တယ်။ သူဟာ ဘုရားသခင်ရဲ့စိတ်သဘောထားနဲ့ ဘုရားသခင်ရဲ့ အရာအားလုံး နဲ့ဖြစ်ခြင်းကို ဖော်ထုတ်ပြနိုင်တယ်။ လူတွေအတွက် သမ္မာတရား၊ လမ်းခရီးနဲ့ အသက်ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သခင်ယေရှုက “ငါသည်လမ်းခရီးဖြစ်၏။ သမ္မာတရားကိုလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၄:၆) ဟု မိန့်တော်မူသည့်အတိုင်းပင် ဖြစ်ပါသည်။ ခရစ်တော်သည် ကမ္ဘာပေါ်တွင် ဘုရားသခင်၏ ပေါ်ထွန်းမှုဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က သခင်ယေရှုသည် အမှုပြုရန် ကမ္ဘာပေါ်သို့ ရောက်လာခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ပြီးဆုံးစေကာ၊ ကျေးဇူးတော်ခေတ်ကို စတင်ပြီး၊ ရွေးနှုတ်ခြင်းအမှုတော်အတွက် လိုအပ်သည့် သမ္မာတရားများကို ဖော်ထုတ်ခဲ့သည့်အပြင်၊ လူများကို သူတို့၏အပြစ်များအတွက် ဝန်ခံရန်၊ နောင်တရရန်၊ မိမိတမျှ အခြားသူများကို ချစ်ရန် တို့ကို သွန်သင်ခဲ့ကာ၊ အံ့ဖွယ်အမှုမျိုးစုံဖြစ်သည့် နာမကျန်းသူကို အနာငြိမ်းစေခြင်း၊ နတ်ဆိုးများကို ဖယ်ရှားခြင်း၊ မျက်မမြင်သူကို မြင်စေခြင်း၊ ခြေမသန်သူကို လမ်းလျှောက်စေခြင်း၊ လူနူများကို အနာငြိမ်းစေခြင်း၊ သေသူများကို ရှင်ပြန်ထမြောက်စေခြင်း၊ လူငါးထောင်ကို ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်တို့မှ ကျွေးမွေးခြင်း၊ လေနှင့်ပင်လယ်ကို စကားတစ်လုံးဖြင့် ငြိမ်သက်စေခြင်း စသည်တို့ကို ပြုတော်မူခဲ့သည်။ ဤအမှုတော်အားလုံးသည် သူ့ သဘောသဘာဝကို တိုက်ရိုက်ဖော်ပြခြင်းတစ်ခုဖြစ်ပြီး၊ ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးတို့ကို ထင်ရှားစေခြင်း တစ်ခုလည်း ဖြစ်ပါသည်။ ဤအရာများသည် မည်သည့်လူတစ်ယောက်မျှ ပိုင်ဆိုင်နိုင်သော သို့မဟုတ် အောင်မြင်ရရှိနိုင်သော အရာများ မဟုတ်ပါ။ အကြောင်းမှာ ခရစ်တော်သည် ဇာတိခန္ဓာတွင် သာမာန်လူ့သဘာဝဖြင့် သူ၏ သဘောသဘာဝဆိုင်ရာ အမှုတော်ကို ထုတ်ဖော်ပြပြီး၊ သမ္မာတရားကို အချိန်မရွေး နှင့် နေရာမရွေးတွင် ထုတ်ဖော်နိုင်ကာ၊ လူကို ထောက်ပံ့ခြင်း၊ ရေလောင်းခြင်း နှင့် သိုးထိန်းကျောင်းခြင်း၊ သူသည် ခရစ်တော်ဖြစ်ကြောင်း၊ လူ့ဇာတိခံယူ ထားသည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်း ကျွန်မတို့ ဆိုနိုင်ရန် လူသားမျိုးနွယ်တစ်ရပ်လုံးကို လမ်းပြခြင်း တို့ကြောင့် ဖြစ်ပါသည်။
ထို့ကြောင့် ပရောဖက်များ သို့မဟုတ် ဘုရားသခင်၏ အသုံးတော်ခံရသူများသည် အဘယ့်ကြောင့် ခရစ်တော်ဟု အခေါ်မခံကြရ သနည်း။ ဤနေရာတွင် ရှာဖွေရန် သမ္မာတရားရှိပါသည်။ ဘုရားသခင်၏ ကျမ်းချက်အချို့ကို ဖတ်ရှုကြပါစို့။ “ဟေရှာယ၊ ယေဇကျေလ၊ မောရှေ၊ ဒါဝိဒ်၊ အာဗြဟံနှင့် ဒံယေလတို့သည် ရွေးချယ်ခံထားရသည့် ဣသရေလလူမျိုးများထဲမှ ခေါင်းဆောင်များ သို့မဟုတ် ပရောဖက်များဖြစ်ခဲ့ကြသည်။ ၎င်းတို့သည် ဘုရားသခင်ဟူ၍ အဘယ်ကြောင့် အခေါ် မခံခဲ့ကြရသနည်း။ သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့ကို အဘယ်ကြောင့် သက်သေမခံခဲ့သနည်း။ ယေရှုက သူ၏အမှုကို စတင်ပြီး သူ၏ နှုတ်ကပတ်တော်များကို စတင်ပြောဆိုသည်နှင့် တစ်ပြိုင်နက် သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုကို အဘယ်ကြောင့် သက်သေခံခဲ့သနည်း။ ပြီးလျှင် သန့်ရှင်းသော ဝိညာဉ်တော်သည် အခြားသူများကို အဘယ်ကြောင့် သက်သေ မခံခဲ့သနည်း။ ဇာတိပကတိနှင့် သက်ဆိုင်သည့် လူများဖြစ်ကြသော ၎င်းတို့သည် ‘သခင်’ ဟု အခေါ်ခံခဲ့ကြရသည်။ ထိုသူတို့ မည်သို့ အခေါ်ခံခဲ့ကြရသည် ဖြစ်စေ၊ ၎င်းတို့၏ အလုပ်သည် ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရကို ကိုယ်စားပြုပြီး၊ ၎င်းတို့၏ ဖြစ်တည်မှုနှင့် ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ ကိုယ်ပိုင်လက္ခဏာကို ကိုယ်စားပြုကြလေသည်။ ၎င်းတို့၏ အနှစ်သာရသည် ၎င်းတို့၏ အမည်နာမများနှင့် ဆက်နွှယ်မှုမရှိပေ။ ယင်းကို ၎င်းတို့ ဖော်ပြသည့်အရာနှင့် ၎င်းတို့ အသက်ရှင် နေထိုင်သည့်အရာက ကိုယ်စားပြုပေသည်။ ဓမ္မဟောင်းကျမ်းတွင်၊ သခင်ဟု အခေါ်ခံရခြင်းတွင် ထူးခြားသည့်အရာ မည်သည့်အရာမျှ မရှိသကဲ့သို့၊ လူတစ်ဦးသည် မည်သည့်နည်းဖြင့်မဆို အခေါ်ခံရကောင်း ခံရမည် ဖြစ်သော်လည်း၊ ၎င်း၏ အနှစ်သာရနှင့် ပင်ကိုလက္ခဏာသည် ပြောင်းလဲ၍မရနိုင်ပေ။” “လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။” ဤကျမ်းချက်များမှနေပြီး၊ သခင်ယေရှုခရစ်တော်၏ အနှစ်သာရသည် ဘုရားသခင်ဖြစ်ကြောင်း၊ သူသည် ဘုရားသခင်၏ ကိုယ်ပိုင် အမှုတော်ကို တိုက်ရိုက်ပြုနိုင်ကြောင်း၊ ဘုရားသခင် ၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ထုတ်ဖော်ကြောင်း၊ ပြီးနောက် လူများကို သမ္မာတရား၊ လမ်းခရီးနှင့် အသက်တာတို့ကို ပေးကြောင်း ကျွန်မတို့ အလွယ်တကူမြင်နိုင်ပါသည်။ မည်သူမျှ သူ့နေရာတွင် လုပ်ဆောင်နိုင်ခြင်း သို့မဟုတ် လုံးဝလုပ်ဆောင်နိုင်ခြင်းပင် မရှိပါ။ စာတန်၏ ဖောက်ပြန်ပျက်စီးခြင်း ခံရသူများသည် လူ့သဘာဝကိုသာ ပိုင်ဆိုင်ပြီး၊ သမ္မာတရားကို မဖော်ထုတ်နိုင်သည့်အပြင်၊ ဘုရားသခင်၏ အမှုတော်ကိုလည်း မပြုနိုင်ပါ။ ဓမ္မဟောင်းကျမ်းတွင် ပညတ်တော်ခေတ်၌ ရှေးခေတ် ပရောဖက်များဖြစ်သည့် မောရှေ၊ ဒံယေလ နှင့် ဟေရှာယ တို့ကဲ့သို့ သူများအားလုံးသည် ပညတ်တော်ခေတ်၌ ဘုရားသခင်၏ အမှုတော်ကို အခြေခံကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် ပညတ်တော်များကို နာခံရန် လူများကို ဦးဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ လမ်းညွှန်ခံရသည်နှင့် အညီ ဣသရေလလူမျိုးများကို သတိပေးချက် နှင့် နှိုးဆော်ချက်တစ်ခုအနေဖြင့် ဣသရေလလူမျိုးများအကြား ပရောဖက်ပြုခြင်းများကို ဖြန့်ဝေခြင်း သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အသိပေးခြင်း စသည်တို့သည် လူသားများ၏တာဝန်များအောက်သို့ ကျရောက်ခဲ့ပါသည်။ ဘုရားသခင်၏ လမ်းညွှန်ချက်များ မပါရှိပဲနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နှိုးဆော်ခြင်း အခန်းကဏ္ဍသည် ရပ်တန့်သွားနိုင်သည်။ ပရောဖက်များသည် သူတို့ကိုယ်တိုင် သမ္မာတရားသို့မဟုတ် အသက်တာ၏ လမ်းခရီးတို့ မရှိကြောင်း သက်သေပြနေသည်။ ၎င်းတို့သည် ဘုရားသခင်၏ အသုံးပြုတော်မူခြင်းကို ခံရပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြင့် ပူးပေါင်းခဲ့ကြသူများသာ ဖြစ်ပါသည်။ ၎င်းတို့သည် ဘိသိက်ပေးခံရသူများဟု ခေါ်ဆိုခြင်း ခံရသော်လည်း ၎င်းတို့သည် ခရစ်တော်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်ထံတွင် ဘုရားသခင်၏ အနှစ်သာရရှိပြီး၊ လူသားတွင် လူသားအနှစ်သာရ ရှိပါသည်။ လူတစ်ယောက်သည် ခရစ်တော် ဟုတ်မဟုတ်သတ်မှတ်ရာတွင် သူ့မှာ ဘုရားသခင်၏ အနှစ်သာရရှိမရှိကို ကြည့်ရှုခြင်း၊ သူသည် သမ္မာတရားကို ဖော်ထုတ်နိုင်ခြင်းရှိမရှိ၊ လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုကို ပြုနိုင်ခြင်းရှိမရှိ၊ ကြည့်ရပါမည်၊ သူအခေါ်ခံရသည့် အမည်နာမဖြင့် မကြည့်ရပါ။ သူတို့သည် မည်သို့ အခေါ်ခံရပါစေ၊ ဖန်ဆင်းခံသတ္တဝါများသည် အမြဲတမ်း လူသားများဖြစ်ပြီး၊ ခရစ်တော်မဟုတ်ပါ။ ထို့ကြောင့် ခရစ်တော်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဝိညာဉ်တော်အဖြစ်နှင့် နားလည်နိုင်ပါသည်။ ခရစ်တော်၏ အနှစ်သာရမှာ သာမာန်လူ့သဘာဝ နှင့် စုံလင်သော သဘောသဘာဝ တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး၊ သူသည် ကမ္ဘာပေါ်မှ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ပါသည်။
ဤမိတ်သဟာယပြုခြင်းဖြင့် ကျွန်မတို့သည် ခရစ်တော်မှာ မည်သည့်အရာဖြစ်ကြောင်းကို နားလည်သဘောပေါက်ခြင်း အချို့ကို ရရှိလာခဲ့သည်။ ကျွန်မတို့သည် ဤသမ္မာတရား၏ ရှုထောင့်ကို ပိုမိုနားလည်သဘောပေါက်ရန် ပို၍ရှာဖွေရန် နှင့် ချင့်ချိန်စဉ်းစားရန်လည်း လိုအပ်ပါသည်။ အကြောင်းမှာ ကျွန်မတို့သည် သခင့်ပြန်ကြွလာခြင်းကို လက်ခံရန် ဤအချက်သည် အလွန် အထောက်အကူ ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ “လျှပ်စစ်သည် အရှေ့မှပြက်၍အနောက်တိုင်အောင် ထွန်းလင်းသကဲ့သို့၊ လူသားသည် ကြွလာတော် မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၂၄:၂၇) “ကောင်းကင်တဘက်မှ ပြက်သောလျှပ်စစ်သည် ကောင်းကင်အနှံ့အပြား ထွန်းလင်းသကဲ့သို့၊ လူသား သည် မိမိနေ့ရက်၌ ဖြစ်တော်မူလတံ့။ ထိုသို့မဖြစ်မှီ သူသည် များစွာသောဆင်းရဲဒုက္ခကို၎င်း၊ ယခုလူမျိုး၏ ငြင်းပယ်ခြင်းကို၎င်း ခံရမည်။” (ရှင်လုကာခရစ်ဝင် ၁၇:၂၄-၂၅) ထို ပရောဖက်ပြုခြင်းများက “လူသားသည် ကြွလာတော် မူလတံ့” ဟု ပြောပြထားပြီး လူ့ဇာတိခံယူသည့် သခင်ယေရှုသည် လူသား နှင့် ခရစ်တော်ဟု လည်း ခေါ်ကြောင်း ကျွန်မတို့အားလုံး သိရှိကြပါသည်။ ထို့ကြောင့် သခင်ယေရှု မိန့်တော်မူခဲ့သည့် “လူသားသည် ကြွလာတော် မူလတံ့”မှာ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် လူ့ဇာတိခံယူပြီး ပြန်ကြွလာခြင်းကို ညွှန်းဆိုထားသည်မှာ အလွန်သဘောရပါသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်ကို ကျွန်မတို့ နားလည်သဘောပေါက်ပုံ နှင့် နောက်ဆုံးသောကာလမှ ခရစ်တော်ကို ကျွန်မတို့ နားလည်သဘောပေါက်ပုံတို့သည် ကျွန်မတို့ ဘုရားသခင်၏ ကယ်တင်ခြင်း ရနိုင်ခြင်း ရှိမရှိဆိုသည့် အရေးကိစ္စနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ကျွန်မတို့သည် သခင့်ပေါ်ထွန်းခြင်းကို လက်ခံမည် ဆိုပါက၊ ဘုရားသခင်၏ အမှုတော်နှင့် နှုတ်ကပတ်တော်တို့ကို သေချာစွာ ရှာဖွေသည့်အပြင်၊ ဘုရားသခင်၏ အသံတော်ကိုလည်း နားထောင်ရမည် ဖြစ်ပါသည်။