ဟွဖေး မှ
ကျွန်ုပ်တို့ ယုံကြည်သူခရစ်ယာန် တစ်ဦးချင်းစီအပေါ်၌ ဘုရားသခင်လိုချင်သည့်အရာမှာ စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်ကြရန် ဖြစ်သည်။ သမ္မာကျမ်းစာထဲတွင်လည်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ အံ့ဖွယ် လုပ်ဆောင်ချက်များကို မြင်တွေ့ရပြီး ကောင်းချီးခံစားရသူတို့အကြောင်းကို မှတ်တမ်းတင်ထားသည့် သာဓကများ မြောက်များစွာရှိသည်။ မောရှေသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့ပြီး ဖာရောဘုရင်၏ မရေမတွက်နိုင်သော အတားအဆီးများနှင့် ကန့်သတ်ချက်များကို ကိုယ်တော်၏ လမ်းပြမှုမှတစ်ဆင့် ကျော်လွှားနိုင်ခဲ့ပြီး ဣသရေလလူစုလူဝေးတို့ကို အီဂျစ်ပြည်မှ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ အာဗြဟံသည်လည်း ဘုရားသခင်အပေါ် ယုံကြည်ခြင်းရှိခဲ့ပြီး သူ၏တစ်ဦးတည်းသောသား ဧသောကို ဘုရားသခင်ထံ ယစ်ပူဇော်ရန် အလိုဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူ့အပေါ် ကောင်းချီးပေးပြီး သူ၏သားစဉ်မြေးဆက်များကို ပွားများစေကာ လူမျိုးကြီးများ ဖြစ်စေခဲ့သည်။ ယောဘသည် ဘုရားသခင်၌ ယုံကြည်မှုရှိပြီး ဘုရားသခင်၏ စမ်းသပ်မှုနှစ်ရပ်မှတဆင့် ဘုရားသခင်အတွက် သက်သေရပ်တည်နိုင်ခဲ့သည်။ ဘုရားသခင်သည် သူ့အပေါ်တွင် ပို၍ပင် ကောင်းချီးပေးပြီး သူ့ထံ ထွက်ပေါ်လာခဲ့ကာ သူ့ကို မုန်တိုင်းထဲမှ စကားပြောခဲ့သည်။ ရှင်မဿဲခရစ်ဝင်ကျမ်းထဲတွင် ခါနန်အမျိုးသမီးလည်း သခင်ယေရှုအပေါ် ယုံကြည်မှုရှိခဲ့ပါသည်။ သူ၏သမီး၏ ခန္ဓာကိုယ်မှ နတ်ဆိုးကို ယေရှုက မောင်းထုတ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သည်။ သခင်ယေရှုထံ တောင်းလျှောက်ခဲ့ပြီး သူ့သမီး၏ ဖျားနာမှုမှာ ပျောက်ကင်းခဲ့ရသည်။ ခရစ်ယာန်များအနေဖြင့် စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို နားလည်သဘောပေါက်ရန် အရေးကြီးလှပါသည်။ သို့မှသာ စီးပွားရေးတွင် ကျရှုံးခြင်းများ၊ ဘဝတွင် ဆုတ်ဆိုင်းမှုများ၊ ကံအကြောင်းမလှသည့် မိသားစုဖြစ်ရပ်များ— စသည့် ဆင်းရဲဒုက္ခများကို ဘဝတွင် မည်သို့ပင် တွေ့ကြုံစေကာမူ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအပေါ် မှီခိုရပ်တည်ကာ ဘုရားသခင်၏နောက်သို့ မမှိတ်မသုန် လိုက်လျှောက်နိုင်မည်ဖြစ်သည်။ ကိုယ်တော့်အတွက် အံချီးဖွယ်သက်သေများခံရင်း ဘုရားသခင်၏ ချီးမွမ်းတော်မူခြင်းကိုလည်း ခံရမည်ဖြစ်ပါသည်။
ယုံကြည်ခြင်းအကြောင်း ဆွေးနွေးချက်ကို ကြားသည့်အခါ သူတို့ထံ၌ ယုံကြည်ခြင်းရှိသည်ဟု စိတ်ချလက်ချ အခိုင်အမာပြောဆိုသည့် ယုံကြည်သူ ညီအစ်ကိုမောင်နှမများ ရှိကောင်းရှိမည်။ “ဘုရားသခင်အပေါ် ကျွန်ုပ် ရာနှုန်းပြည့် ယုံကြည်သည်။ ကျွန်ုပ်သည် ဘုရားသခင်ကို အချိန်တိုင်း အသိအမှတ်ပြုပါသည်။ ဤကဲ့သို့ အသိအမှတ်ပြုခြင်းက ကျွန်ုပ်သည် ယုံကြည်ခြင်းရှိသည့် လူဖြစ်ကြောင်း သက်သေဖြစ်သည်။” “သခင်ယေရှုသည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်များမှ ကယ်နှုတ်ရန် ကိုယ်တော်သည် ကားတိုင်တွင် အသေခံခဲ့သူဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်ပါသည်။ သခင့်ထံ ဆုတောင်းပြီး အပြစ်ကို ဝန်ခံနေသမျှကာလပတ်လုံး ကျွန်ုပ်တို့၏အပြစ်များကို ကိုယ်တော်သည် အမြဲတစေ ခွင့်လွှတ်ပေးမည်ဖြစ်သည်။ ထိုကဲ့သို့သောအရာမှာ ကိုယ်တော့်အပေါ် ယုံကြည်ခြင်း မဟုတ်ပါသလား” “ကျွန်ုပ်သည် ယုံကြည်သူတစ်ယောက်ဖြစ်ခဲ့သည်မှာ ယခုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကိုယ်တော့်အတွက် ကိုယ့်ကိုယ်ကိုယ် အသုံးတော်ခံပြီး အမှုတော်ထမ်းရွက်ရန် ကျွန်ုပ်၏ အသက်မွေးမှုလုပ်ငန်း၊ မိသားစုနှင့် အလုပ်အကိုင်တို့ကို စွန့်လွှတ်ခဲ့ပါပြီ။ နေရာအနှံ့တွင် အသင်းတော်များစွာကို တည်ထောင်ခဲ့ပြီး မည်သည့်အခါမျှ ညည်းညူပြောဆိုခြင်းမပြုဘဲ များစွာအနစ်နာခံခဲ့ပါသည်။ ဤအရာများမှာ ဘုရားသခင်အပေါ် ယုံကြည်ခြင်း၏ သရုပ်သကန်ပင် ဖြစ်သည်။” ဘုရားသခင်တည်ရှိခြင်းကို ကျွန်ုပ်တို့က အငြင်းပွားဖွယ်ရာမရှိ ယုံကြည ကြပြီး ကိုယ်တော့်အတွက် အဆုံးရှုံးခံ၊ အနစ်နာခံရင်း တက်ကြွစွာ အမှုတော်ထမ်းရွက်ပြီး မိမိတို့ကိုယ်ကိုယ် အသုံးတော်ခံသည်မှာလည်း အမှန်တရားတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုကဲ့သို့လုပ်ဆောင်မှုများမှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသည်ဟု ဆိုလိုပါသလား။ ဤအချင်းအရာမှာ သခင့်အပေါ် အမှန်တကယ် ယုံကြည်ခြင်းရှိ၍ သမ္မာတရားကို ဆာငတ်သော၊ ထိုသမ္မာတရားကို စူးစမ်းရှာဖွေပြီး မိတ်သဟာယဖွဲ့သည့် ကျွန်ုပ်တို့ ယုံကြည်သူ ညီအစ်ကို၊ မောင်နှမများအားလုံးအတွက် တန်ဖိုးရှိလှသည်။
သာဓကတစ်ခုအဖြစ် ကျွန်ုပ်အကြောင်းကို တင်ပြပါရစေ။ ယုံကြည်သူခရစ်ယာန်တစ်ဦး ဖြစ်လာချိန်မှစ၍ ကျွန်ုပ်သည် စုဝေးပွဲများတွင် တက်ကြွစွာပါဝင်ခဲ့ပြီး အခြားသူများကို ဧဝံဂေလိတရား ဝေငှခြင်း၊ အတွေ့အကြုံအားနည်းသည့် ယုံကြည်သူ ညီအစ်ကို၊ မောင်နှမများအား အထောက်အပံ့ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ အခက်အခဲ၊ ဒုက္ခများက ကျွန်ုပ်ကို ဤကဲ့သို့လုပ်ဆောင်ခြင်းများမှ မည်သို့မျှ မတားဆီးနိုင်ခဲ့ဖူးပါ။ စည်းစိမ်ချမ်းသာများကို ဘေးဖယ်ပြီး ကိုယ်တော့်အတွက် တက်ကြွစွာအစေခံရခြင်းကို ကျွန်ုပ် ပို၍နှစ်သက်သည်။ ထို့ကြောင့် ကျွန်ုပ်သည် ကိုယ်တော့်ကို ချစ်ခင်သစ္စာရှိပြီး ကိုယ့်တော့်အပေါ် ယုံကြည်ခြင်းရှိသည့်သူဖြစ်သည်ဟု မိမိကိုယ်ကိုယ်မိမိ ယူဆသည်။ သို့သော်လည်း ကျွန်ုပ်၏မိသားစုဝင်များနှင့်ကျွန်ုပ် နာမကျန်းဖြစ်ခဲ့ပြီး အချိန်တစ်ခုအထိ ဆုတောင်းဆပ်ကပ်ခဲ့သော်ငြားလည်း ကျန်းမာရေးအခြေအနေများ တိုးတက်မှုရှိမလာသည့်အချိန်တွင် ကျွန်ုပ်သည် ဘုရားသခင်အပေါ် ယုံကြည်ချက်မဲ့လာပြီး စိတ်ပျက်ခဲ့သည်။ ကျွန်ုပ် သို့မဟုတ် ကျွန်ုပ်၏မိသားစုကို ကွယ်ကာမစောင့်ရှောက်သည့်အတွက် ဘုရားသခင်ကိုပင် ပြစ်တင်ညည်းညူခဲ့ပါသေးသည်။ ကျွန်ုပ်ထံတွင် စစ်မှန်သည့် ယုံကြည်ခြင်းမှာ လုံးဝပင် ပျောက်ကွယ်နေကြောင်း၊ ကျွန်ုပ်၏ယုံကြည်ခြင်းမှာ ကျွန်ုပ်မိသားစုနှင့် ရုပ်ပိုင်းဆိုင်ရာ ဖျားနာခြင်း (သို့မဟုတ်) ဒုက္ခကပ်ဘေးထဲတွင် သဟဇာတဖြစ်ခြင်း အကြောင်းအရင်း၌သာ အခြေခံကြောင်းကို ခိုင်လုံသည့် သမ္မာတရားက ဖွင့်ပြခဲ့ပါသည်။ မည်သို့ပင်ဖြစ်စေ မလိုလားအပ်သောကိစ္စမျိုး ဖြစ်ပွားခဲ့သည်နှင့်တစ်ပြိုင်နက် ကျွန်ုပ်၏ စစ်မှန်သော ဝိညာဉ်ရေးအသက်တာ ထင်ရှားလာခဲ့သည်။ နောက်ပိုင်းမှသာ ဘုရားသခင်အပေါ် ကျွန်ုပ်၏ယုံကြည်ခြင်းသည် မဖြစ်စလောက်သာရှိသည့်အတွက် သနားစဖွယ်ကောင်းကြောင်း၊ ဝါကြွားစရာ လုံးဝမရှိကြောင်းကို ကျွန်ုပ်သိမြင်ခဲ့ပါသည်။ ကျွန်ုပ်၏ဘေးပတ်ဝန်းကျင်ရှိ ညီအစ်ကိုမောင်နှမတို့ကို ကြည့်လိုက်ချိန်တွင် အများစုသည် ကျွန်ုပ်နှင့် အတူတူပင်ဖြစ်နေသည်။ အချို့ဆိုလျှင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားများကို ထိခိုက်မှုမရှိအောင် ၎င်းတို့၏ အိုးအိမ်၊ သို့မဟုတ် ဝမ်းရေးအလုပ်အကိုင်အတွက် အစီအစဉ်ရေးဆွဲရာတွင် အတားအဆီးဖြစ်ပေါ်လာပါက ယေဘုယျအားဖြင့် ဘုရားကျောင်းတက်ခြင်းအလုပ်ကို ရပ်တန့်လိုက်ကြသည်။ အချို့က အလုပ်ရှာရန်၊ သို့မဟုတ် အခြားကိစ္စရပ်များ၌ ကြိုးစားအားထုတ်ရာတွင် အနှောင့်အယှက်ကြုံတွေ့သည့်အချိန်၌ ကိုယ်တော့်ထံ ဆုတောင်းပြီး နည်းလမ်းအကြံ တောင်းဆိုကြပါသည်။ သို့သော်လည်း ဖြေရှင်းမရဖြစ်လာပါက ထိုသူတို့သည် ကိုယ်တော့်အပေါ် တစ်စတစ်စဖြင့် မကျေမနပ်ဖြစ်လာပြီး စိတ်ပျက်အားလျော့ကာ စိတ်ဓာတ်ကျဆင်းလာကြသည်။ သူတို့၏ အနီးပတ်ဝန်းကျင်ရှိ သြဇာအာဏာရပုံရသော သူငယ်ချင်းမိတ်ဆွေများအပေါ် မှိခိုအားထားလာကြသည်။ သို့တည်းမဟုတ် သူတို့၏ ကိုယ်ပိုင်အတွေးအခေါ်အပေါ် အခြေခံပြီး ပြုမူလာကြသည်။ ကိုယ်တော်၏ ကောင်းချီးခံစားရချိန်၌ အသင်းတော်ကိစ္စအရပ်ရပ်တွင် တက်ကြွစွာပါဝင်သည့် ယုံကြည်သူ ညီအစ်ကိုမောင်နှမများလည်း ရှိကြပါသည်။ သို့သော်လည်း အိမ်တွင်းရေးအခက်အခဲများ ဖြစ်ပျက်သည့်အချိန်၊ စီးပွားရေး ကျရှုံးမှုများနှင့် ကြုံတွေ့လာရသည့်အချိန်တွင် အထင်အမြင်လွဲမှားမှုနှင့် ကိုယ်တော့်ကို မကျေမနပ်ဖြစ်ခြင်းအတွင်းတွင် ရှင်သန်နေထိုင်ပြီး ကိုယ်တော့်ထံမှပင် ရှောင်ဖယ်သွားကြသည်။
နေ့စဉ်နေ့တိုင်းတွင် ကျွန်ုပ်တို့၏ ရှင်သန်နေထိုင်ပုံ၊ ဖော်ပြချက်များအရ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းက လက်တွေ့အရှိတရား၏ စမ်းသပ်ခြင်းများကို လွယ်ကူစွာ အစစ်ဆေးခံနိုင်စွမ်းမရှိကြောင်းကို သိမြင်ရသည်။ ကျွန်ုပ်တို့သည် သခင်ယေရှုကို စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း ဝန်ခံပြီး ကိုယ်တော်သည် ကျွန်ုပ်တို့၏ ကယ်တင်ရှင်ဖြစ်ကြောင်းကိုသာ ယုံကြည်ကြသည်။ သို့သော်လည်း ထိုအရာမှာ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်ခြင်းရှိသည်ဟု မဆိုလိုပေ။ အထူးသဖြင့် မည်သည့်ပတ်ဝန်းကျင်အမျိုးအစား၌ ကျွန်ုပ်တို့ ကိုယ့်ကိုယ်ကိုယ် ကြုံရသည်ဖြစ်စေ၊ ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်ကို ဘယ်သောအခါမျှ ငြင်းပယ် စွန့်ပစ်မည်မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဘုရားသခင်အား စစ်မှန်စွာနားလည်ခြင်း အုတ်မြစ်ပေါ်တွင် အခြေတည်ရမည့်အစား ဘုရားသခင်၏ ကောင်းချီးများနှင့် ကတိတော်များကို ရနိုင်မရနိုင်၊ အကျိုးကျေးဇူးတစ်စုံတစ်ရာ ရနိုင်မရနိုင်ဆိုသည့် အုတ်မြစ်ပေါ်တွင် အခြေတည်ထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အား ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် လုံးဝ စစ်မှန်ခြင်းမရှိပေ။ သို့ဆိုလျှင် စစ်မှန်သော ယုံကြည်ခြင်းဆိုသည်မှာ အဘယ်နည်း။ စစ်မှန်သော ယုံကြည်ခြင်းရှိခြင်းကို မည်ကဲ့သို့ ဖော်ပြမည်နည်း။
ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောပါသည်၊ “ဘုရားသခင် မည်သို့ပင် အမှုပြုသည်ဖြစ်စေ၊ သင်၏ပတ်ဝန်းကျင်မှာ မည်သည့်ပတ်ဝန်းကျင်ဖြစ်စေ သင်သည် အသက်ကို ရရှိအောင် အားထုတ်ပြီး သမ္မာတရားကို ရှာဖွေနိုင်သည်၊ ဘုရားသခင်၏အမှုအား သိကျွမ်းခြင်းကို ရှာဖွေနိုင်ပြီး၊ သူ၏လုပ်ရပ်များအား နားလည်ခြင်းကို ရရှိနိုင်သည်၊ ထို့ပြင် သင်သည် သမ္မာတရားနှင့်အညီ ပြုမူကျင့်ကြံနိုင်လေသည်။ ထိုသို့ပြုခြင်းမှာ စစ်မှန်သော ယုံကြည်မှု ရှိခြင်းသဘောဖြစ်ပြီး၊ ထိုသို့ပြုခြင်းက သင်သည် ဘုရားသခင်အပေါ် ယုံကြည်ခြင်း မပျောက်ဆုံးသေးကြောင်းကို ပြသပါသည်။ သင်သည် စစ်ဆေးခြင်းမှတစ်ဆင့် သမ္မာတရားကို ရရှိအောင် မလျှော့တမ်း အားထုတ်နိုင်မှသာ၊ သင်သည် ဘုရားသခင်ကို စစ်မှန်စွာချစ်နိုင်ပြီး သူ့အပေါ် သံသယများ ဖြစ်မလာမှသာ၊ မည်သည့်အရာကို သူပြုသည်ဖြစ်စေ သင်သည် သူ့ကို ကျေနပ်စေရန် သမ္မာတရားကို ဆက်လက်၍ လက်တွေ့ကျင့်သုံးမှသာ၊ ထို့ပြင် သင်သည် သူ၏အလိုတော်ကို သေသေချာချာ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေပြီး သူ၏အလိုအတော်ကို အရေးထားနိုင်မှသာ၊ သင်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်း ရှိနိုင်လေသည်။” (စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်) စစ်မှန်သောယုံကြည်ခြင်းဆိုသည်မှာ ဆင်းရဲဒုက္ခနှင့် စစ်ဆေးခြင်း၊ အနှောင့်အယှက်များနှင့် ကျရှုံးမှုများ တွေ့ကြုံရပါစေ၊ ကျွန်ုပ်တို့၏ ဇာတိပကတိ သို့မဟုတ် ဝိညာဉ်ရေးရာဆင်းရဲဒုက္ခများကြီးမားခြင်းကို ပဓာနမထားဘဲ ကျွန်ုပ်တို့ ရင်ဆိုင်ရမည့် မည်ကဲ့သို့သော ပတ်ဝန်းကျင်တွင်မဆို ဘုရားသခင်ကို ကြည်ညိုခြင်းနှင့် နာခံခြင်း စိတ်နှလုံးကို ထိန်းသိမ်းထားနိုင်ရန် ရည်ညွန်းကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်မှ ကျွန်ုပ်တို့ နားလည်သိရှိနိုင်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရှာဖွေပြီး ဘုရားသခင်၏ အလိုတော်ကို နားလည်သိရှိနိုင်ရပါမည်။ ကိုယ်တော်ချမှတ်ထားသည့် ပတ်ဝန်းကျင်အလယ်တွင် ကိုယ်တော့်ကို ဆက်လက် ဆက်ကပ်အပ်နှံရမည်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်သူမျိုးကိုမှသာ စစ်မှန်သော ယုံကြည်ခြင်းရှိသည့်လူဟု သတ်မှတ်နိုင်ပါသည်။ ယခု စစ်မှန်သော ယုံကြည်ခြင်းကို ပို၍နားလည်နိုင်ရန် အာဗြဟံနှင့် ယောဘတို့၏ အတွေ့အကြုံများကို ကြည့်ကြပါစို့။
အာဗြဟံ၏အသက် နှစ် ၁၀၀ ပြည့်ချိန်တွင် ဘုရားသခင်သည် သူ့အား ဧသောဟုခေါ်သော သားတစ်ယောက် နှင်းအပ်ရန် ကတိတော်ပေးခဲ့ပါသည်။ သို့သော်လည်း ဧသော ကြီးပြင်းလာသည့်အချိန်တွင် အာဗြဟံကို ဘုရားသခင်က သူ့သားအား ယစ်ကောင်အနေဖြင့် ပေးအပ်ရမည်ဟု ပြောခဲ့ပါသည်။ ဘုရားသခင်၏ ထိုကဲ့သို့ လုပ်ဆောင်မှုသည် လူသားတို့၏အယူအဆများနှင့် များစွာသွေဖည်သည်ဟု ထင်မြင်ကြမည့်သူများ မြောက်များစွာရှိပါသည်။ သို့မဟုတ် ထိုကဲ့သို့ စမ်းသပ်ခြင်းသာ ကျွန်ုပ်တို့အပေါ် ကျရောက်လာပါက ဘုရားသခင်နှင့် ငြင်းခုံဖို့ကြိုစားမည်မှာ အသေအချာပင်ဖြစ်သည်ဟု သူတို့ ခံစားမိကောင်း ခံစားပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အာဗြဟံသည် ဤအရာကို တွေ့ကြုံချိန်၌ သူ၏ တုံ့ပြန်ချက်မှာ ကျွန်ုပ်တို့မျှော်လင့်ထားသည်နှင့် လုံးဝဥဿုံ ဖီလာဆန့်ကျင်နေပါသည်။ သူသည် ဘုရားသခင်နှင့် အငြင်းအခုံမလုပ်သည့်အပြင် ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခဲ့ပြီး ဘုရားသခင်ထံသို့ ဧသောအား အမှန်တကယ် ပြန်လည်ပေးအပ်ခဲ့ပါသည်။ သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့် အတိုင်းပင် ဖြစ်သည်။ “အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။...ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။” (ကမ္ဘာဦးကျမ်း ၂၂:၃၊ ၉-၁၀) လူသားအားလုံးသည် ဇာတိပကတိဖြစ်ကြသည်။ ကျွန်ုပ်တို့အားလုံးသည် စိတ်ထိခိုက်ခံစားလွယ်ပြီး ဤသို့သော တစ်စုံတစ်ရာကို ကြုံရသည့်အခါ ဒုက္ခဝေဒနာခံစားကာ နာကျင်ခံစားရမည်မှာ သေချာသည်။ သို့သော်လည်း အာဗြဟံသည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားအားထုတ်ခြင်းမှ ရှောင်ကြဉ်နိုင်ခဲ့ပြီး ဘုရားသခင်၏အမိန့်ကို နာခံနိုင်ခဲ့ခြင်း အကြောင်းရင်းမှာ ဧသောသည် ဘုရားသခင်အားဖြင့် ဦးစွာပထမ နှင်းအပ်ခံခဲ့ရပြီးနောက်တွင် ဘုရားသခင်၏ ခေါ်ဆောင် ခံရခြင်းဖြစ်သည်ကို သူသိခဲ့ခြင်းကြောင့်ဖြစ်သည်။ သူသည် စစ်မှန်စွာ နာခံတတ်ခဲ့ပြီး ဤသည်မှာ ဘုရားသခင်အပေါ် အာဗြဟံ၏ ယုံကြည်ခြင်းဖြစ်သည်။ သူသည် ဘုရားသခင်အပေါ် အမှန်တကယ်ယုံကြည်ခဲ့ပြီး အကြွင်းမဲ့ ကျိုးနွံနာခံခဲ့သည်။ သူတန်ဖိုးအထားဆုံးသော အရာများနှင့် ပိုင်းခြားခံရခဲ့သည့်အချိန်တွင်ပင် ဧသောအား ဘုရားသခင်ထံ ပြန်လည်အပ်နှံခဲ့သည်။ နောက်ဆုံးတွင် ဘုရားသခင်အပေါ် အာဗြဟံ၏ စစ်မှန်သော ယုံကြည်မှုနှင့် နာခံတတ်မှုတို့ကြောင့် ဘုရားသခင်၏ သဘောကျမှုနှင့် ကောင်းချီးတို့ကို သူလက်ခံရရှိခဲ့သည်။ ဘုရားသခင်သည် သူ့အား တိုင်းနိုင်ငံများစွာတို့၏ ဘိုးဘေးတစ်ဦး ဖြစ်လာစေခဲ့သည်။ သူ၏သားစဉ်မြေးဆက်များသည် ရှင်သန်ခဲ့ကြပြီး လူမျိုးကြီးများ ဖြစ်လာခဲ့ကြသည်။
ကျမ်းစာက ယောဘတွင် ဥစ္စာဓန လွန်စွာကြွယ်ဝချမ်းသာသော မိသားစုနှင့်အတူ ကလေးဆယ်ယောက်နှင့် အစေခံများစွာရှိသည်ဟု ဆိုသည်။ သူနှင့်သက်တူရွယ်တူတို့က သူ့အား လွန်စွာရိုသေပြီး လေးစားကြသည်။ သို့သော်လည်း စာတန်၏ ဖြားယောင်းမှုနှင့် တိုက်ခိုက်မှုများ မှတဆင့်၊ ယောဘသည် သူ၏ ပိုင်ဆိုင်မှုအားလုံးနှင့် သားသမီးများကို တစ်နေ့တည်းမှာပင် စွန့်လွှတ်ခဲ့သည်။ ထို့နောက်တွင်မူ သူသည် အနာစိမ်းများနှင့် အပြည့်ဖြစ်သွားခဲ့သည်။ ထိုစမ်းသပ်စစ်ဆေးမှုသည် ယောဘအား အရှေ့တိုင်းတွင် အကြီးမြတ်ဆုံးလူသားအဖြစ်မှ အရှေ့တိုင်းတွင် ခိုကိုးရာအမဲ့ဆုံးလူသားအဖြစ် ပြောင်းလဲစေခဲ့ပြီး သူ့၏ မိသားစုနှင့် မိတ်ဆွေများ၏ ဝေဖန်ပုတ်ခတ်မှုကိုလည်း ခံခဲ့ရသည်။ ထိုကဲ့သို့သော ကြီးမားလှသည့် စမ်းသပ်စစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရသည့်တိုင် ယောဘသည် ဘုရားသခင်အား မကျေနပ်သည့်စကားလုံး တစ်လုံးကိုမျှ ဖွင့်ဟခဲ့ခြင်းမရှိချေ။ သူသည် သာ၍ပင် ဘုရားသခင်အား ဝပ်စင်းကိုးကွယ်ခဲ့သည်။ “ငါသည် အမိဝမ်းထဲက အဝတ်အချည်းစည်း ထွက်လာရ၏၊ အဝတ်အချည်းစည်းဖြင့်ပင် ငါပြန်သွားရမည်။ ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ဝတ္ထု ၁:၂၀-၂၁) “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘ ဝတ္ထု ၂:၁၀) သူ့အား စမ်းသပ်စစ်ဆေးမှုမှတစ်ဆင့် ယောဘသည် ဘုရားသခင်ရှေ့မှောက်၌ လာရောက်ဆုတောင်းလျက် အပြစ်ပြုတတ်သော စကားများကို ရှောင်ကြဉ်နိုင်ခဲ့သည်။ သူ့နှလုံးသားထဲ၌ ဘုရားသခင်အတွက် နေရာတစ်နေရာရှိသည်၊ ဘုရားသခင်အား စစ်မှန်သော ယုံကြည်မှု သူ့၌ ရှိသည်၊ အဖြစ်အပျက်အားလုံး၊ အရာအားလုံးတို့သည် ဘုရားသခင်၏လက်ထဲ့၌ ရှိသည်၊ သူကြုံတွေ့ခဲ့သည့် အခြေအနေအားလုံး၌ ဘုရားသခင်၏ ခွင့်ပြုမှုရှိပြီး လူသား၏ ပြုလုပ်ချက်ကြောင့် မဟုတ်ခဲ့သည်ကို သူယုံကြည်ကြောင်းကို ဤအရာက သက်သေပြခဲ့သည်။ သူပိုင်ဆိုင်ထားသည့် အရာအားလုံးသည် ဘုရားသခင်၏ အုပ်စိုးခြင်းနှင့် အစီအစဉ်တို့မှ ရောက်လာခဲ့ခြင်းဖြစ်ပြီး သူ၏ချမ်းသာကြွယ်ဝမှုအားလုံးသည်လည်း သူ၏ကြိုးပမ်းမှုကြောင့် မဟုတ်ဘဲ ဘုရားသခင်က အပ်နှင်းခဲ့ခြင်းဖြစ်သည်ဆိုခြင်းမှာလည်း ယောဘ၏ဘဝ ဆယ်စုနှစ်တစ်စုလုံး နက်ရှိုင်းစွာ ကြုံတွေ့ခဲ့ရသည့် အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အနေဖြင့်သာ ယခင်က သူချီးမြှင့်ပြီးသားအရာများကို ပြန်လည်ယူဆောင်သွားရန် ဆန္ဒရှိခဲ့လျှင် ထိုအရာမှာ သဘာဝကျသည့်အပြင် မှန်ကန်သောအရာဖြစ်ပြီး ထိုအရာများကို ပြန်လည်ယူဆောင်သွားရန် သူသည် ဖန်ဆင်းခံသတ္တဝါတစ်ယောက်အနေဖြင့် နာခံသင့်ပေသည်။ သူသည် ဘုရားသခင်အား စောဒကမတက်သင့်သကဲ့သို့ အထူးသဖြင့် မကျေမနပ်လည်း မဖြစ်သင့်ပေ— ဘုရားသခင်က သူ၏အသက်ကိုပင် နှုတ်ယူသွားစေကာမူ၊ ဘုရားသခင်အား မကျေမနပ်ဖြစ်သော စကားတစ်ခွန်းမျှ မဖွင့်ဟသင့်ကြောင်းကို သူသိသည်။ ယောဘ၏ သက်သေခံမှုက စာတန်အား လုံးလုံးလျားလျားအရှက်ရစေခဲ့သည်။ ထို့နောက်တွင်မူ ဘုရားသခင်သည် ယောဘဆီသို့ မိုးသက်မုန်တိုင်းကြားမှ ပေါ်ထွက်လာကာ ယခင်ကထက် ပို၍များပြားသော ကောင်းချီးတို့ကို ပေးအပ်ခဲ့လေသည်။
ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်မှုရရှိရန်အလို့ငှာ ကျွန်ုပ်တို့သည် ပထမဦးစွာ ဘုရားသခင်၏ အုပ်စိုးမှုအား ကောင်းစွာနားလည်ရမည် ဖြစ်ပြီး၊ အရာဝတ္ထုများနှင့် အဖြစ်အပျက်အားလုံးသည် ဘုရားသခင်၏ လက်ထဲတွင် အလုံးစုံ ကျရောက်နေကြောင်းကို ကျွန်ုပ်တို့ ယုံကြည်ရမည်ကို အာဗြဟံနှင့် ယောဘတို့၏ အတွေ့အကြုံတို့မှတစ်ဆင့် ကျွန်ုပ်တို့ ကောင်းစွာ သိမြင်နိုင်သည်။ အဖန်ဆင်းခံများအနေဖြင့် ့် ကျွန်ုပ်တို့၏ နေရာများကို အမှန်တကယ် သိရှိရမည်ဖြစ်ပြီး အဖန်ဆင်းခံများ ပိုင်ဆိုင်သင့်သည့် အသိဉာဏ်လည်း အမှန်တကယ် ရှိရမည်။ ကျွန်ုပ်တို့ရင်ဆိုင်ရသည့် စမ်းသပ်စစ်ဆေးမှုများနှင့် ခက်ခဲမှုများက မည်မျှပင် ကြီးမားနေစေကာမူ၊ ဘုရားသခင်အား အပြစ်မတင်သင့်ပေ၊ သို့မဟုတ် မပစ်ပယ်သင့်ဘဲ ဘုရားသခင်၏အလိုတော်ကို ဆက်လက်ရှာဖွေနိုင်စွမ်းရှိရမည်ဖြစ်ပြီး ကိုယ်တော့်ဘက်မှ ရပ်တည်သင့်သကဲ့သို့ ကိုယ်တော့်နောက်တော်သို့ မဆုတ်မနစ် လိုက်သင့်သည်။ ကျွန်ုပ်တို့ ကြံ့ကြံ့ခံရသည့် ဆင်းရဲဒုက္ခက် မည်မျှပင် ကြီးမားသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် ခိုင်မာစွာ သက်သေခံရပ်နိုင်စွမ်း ရှိနေဆဲဖြစ်ရမည်။ ဤအရာကို လုပ်ဆောင်နိုင်သူများသာလျှင် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းကို ပိုင်ဆိုင်သည်။ ဘာသာမဲ့ပါတီဖြစ်သော တရုတ်ကွန်မြူနစ်ပါတီ၏ ဖမ်းဆီးနှိပ်စက်မှုကို ခံလာခဲ့ရသည့် ညီအစ်ကိုမောင်နှမများအကြောင်းကိုပင် စဉ်းစားကြည့်ကြပါ။ သူတို့သည် လူမဆန်အောင် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နှစ်ပေါင်းများစွာ ထောင်ချအပြစ်ပေးခံခဲ့ရသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်ကို မည်သည့်အခါမျှ မငြင်းပယ်ခဲ့၊ မစွန့်ခွာခဲ့ကြပါ— ယင်းမှာ ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်းဖြစ်သည်။ ယုံကြည်သူများဖြစ်လာကြပြီးနောက် သူတို့မိသားစုများနှင့် မိတ်ဆွေများ၏ ဖယ်ကြဉ်ခြင်းကို ခံခဲ့ရသည့် ညီအစ်ကိုမောင်နှမများ၊ မိသားစုအတွင်း၌ ရုတ်တရက် ကံဆိုးမိုးမှောင်ကျခဲ့ရသည့် ညီအစ်ကိုမောင်နှများလည်း ရှိကြပါသေးသည်။ သို့သော် သူတို့သည်လည်း ဘုရားသခင်အား မည်သည့်အခါမျှ မကျေမနပ်မဖြစ်ခဲ့ကြဘဲ ဘုရားသခင်နောက်တော်သို့ ဆက်လက်၍ လိုက်လျှောက်ကာ ကိုယ်တော့်အတွက် အသုံးတော်ခံခဲ့ကြသည်— ဤသည်မှာလည်း ဘုရားသခင်အား စစ်မှန်သော ယုံကြည်ခြင်း၏ သရုပ်သကန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်ကိုယ် ဤသာဓကများနှင့် နှိုင်းယှဉ်ကြည့်ပါက ကျွန်ုပ်တို့သည် အမှန်တကယ်ပင် ဘုရားသခင်အား စစ်မှန်သောယုံကြည်သူများဟု ခေါ်ဆိုနိုင်ပါသလား။ ကျွန်ုပ်တို့ထဲမှ အများစုအတွက်မူ ဘုရားသခင်တစ်ပါးသာရှိသည်ကို အတိအလင်း လက်ခံထားခြင်းနှင့် ကိုယ်တော့်အတွက် ဧဝံဂေလိတရားကို ဖြန့်ဝေရာတွင် ဆင်းရဲဒုက္ခအနည်းငယ်ကို ခံစားရပြီး အဖိုးအခအနည်းငယ်ကို ပေးရခြင်းအပေါ်တို့တွင် ကျွန်ုပ်တို့၏ ယုံကြည်မှုကို အခြေခံထားပါသည်။ မည်သို့ပင်ဖြစ်စေ ထိုအရာကို စစ်မှန်သောယုံကြည်ခြင်းဟု မယူဆနိုင်ပေ။
စစ်မှန်သောယုံကြည်ခြင်းကို ကျွန်ုပ်တို့ပိုင်ဆိုင်လိုလျှင် ကျွန်ုပ်တို့ နေ့စဉ်နေ့တိုင်း ကြုံဆုံရသည့် လူများ၊ အဖြစ်အပျက်များ၊ အမှုအရာများအားလုံးထဲမှ ဘုရားသခင်၏ အုပ်စိုးမှုကို သတိပြုမိဖို့ ကြိုးစားသင့်ပေသည်။ ဘုရားသခင်စီစဉ်ထားသည့် ပတ်ဝန်းကျင်တို့သည် ကျွန်ုပ်တို့၏ သဘောထားများနှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့သည် ကျွန်ုပ်တို့အား အပေါ်ယံ အကျိုးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ကျွန်ုပ်တို့သည် ဖန်ဆင်းခံများအဖြစ် ကျွန်ုပ်တို့နေရာများကို သိရမည်ဖြစ်ပြီး၊ ဘုရားသခင်၏အလိုတော်ကို ကြည်ညိုခြင်းနှလုံးသားဖြင့် လိုက်လံရှာဖွေရမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တွေ့ကြုံဖြတ်သန်းရသည့် အရာအားလုံးထဲမှ တစ်စုံတစ်ခုကို ရရှရန်နှင့် သူစီစဉ်ညွှန်ကြားသည့် အရာခပ်သိမ်းအတွင်း၌ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို မြင်တွေ့ဖို့ရန်အလို့ငှာ ကျွန်ုပ်တို့အတွက် သူဖန်တီးပေးထားသည့် ပတ်ဝန်းကျင်၏နောက်ကွယ်မှ ဘုရားသခင်၏ နာကျင်မှုဒုက္ခနှင့် သူ၏ အလွန်လေးနက်သော စေတနာကို နားလည်ရမည်ဖြစ်သည်။ ထိုမှသာ ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ပို၍ပို၍ စစ်မှန်လာပေလိမ့်မည်။ ယင်းသည် ယောဘ၏ ယုံကြည်ခြင်းကဲ့သို့ပင် ဖြစ်သည်။ ယင်းမှာ သူ့အတွက် မွေးရာပါ ယုံကြည်ခြင်းမျိုး မဟုတ်သော်လည်း သူ့ဘဝတွင် ဖြစ်ပျက်တွေ့ကြုံခဲ့ရသည့် အရာအားလုံးထဲမှ ဘုရားသခင်၏ အုပ်စိုးမှုကို ကြုံတွေ့ခြင်းနှင့် ဘုရားသခင်အား သိခြင်းကို လိုက်လံရှာဖွေခဲ့ခြင်းအားဖြင့် တဖြည်းဖြည်း ရင့်သန်ကြီးထွားလာခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာများထဲတွင် ဘုရားသခင်၏ အုပ်စိုးမှုကို တွေ့ကြုံခြင်း နှင့် အမှန်တကယ် နားလည်သဘောပေါက်ခြင်းတို့အပေါ် အာရုံစိုက်လျက်၊ ထိုသို့အားဖြင့် ဘုရားသခင်အား အစစ်အမှန်သိခြင်းကို ရရှိရင်း ယောဘ၏ သာဓကအတိုင်း ကျွန်ုပ်တို့ လိုက်ပါလုပ်ဆောင်နိုင်လျှင် ဘုရားသခင်အား စစ်မှန်သောယုံကြည်ခြင်းကိုကြီးထွားတိုးတက်လာအောင် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ထို့နောက်တွင် မည်သို့သော ခက်ခဲကြမ်းတမ်းမှုများ သို့မဟုတ် စမ်းသပ်စစ်ဆေးမှုများ ကျွန်ုပ်တို့အပေါ် မည်မျှပင် ကျရောက်ပါစေ၊ ဇာတိပကတိ သို့မဟုတ် ဝိညာဉ်ရေးရာ နာကျင်ခံစားရမှုများ မည်မျှပင် ကြီးမားပါစေ၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းမှတစ်ဆင့် ၎င်းတို့အား ရင်ဆိုင်နိုင်စွမ်းရှိလိမ့်မည်ဖြစ်သည်၊ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏အလိုတော်နှင့် သတ်မှတ်ချက်တို့ကို တက်ကြွစွာ ကျွန်ုပ်တို့ ရှာဖွေနိုင်လိမ်မည်ဖြစ်သည်၊ ကိုယ်တော်၏ အုပ်စိုးမှုနှင့် အစီအစဉ်တို့အား နာခံပြီး ကိုယ်တော့်အတွက် သက်သေခံ ရပ်တည်နိုင်ကြလိမ့်မည်ဖြစ်သည်။
ဘုရားသခင်၏ ဉာဏ်အလင်းပေးမှုနှင့် လမ်းပြမှုတို့ကို ကျေးဇူးတင်ပါသည်။ အာမင်။