“မောရှေသည် ပင်လယ်ပေါ်မှာ လက်ကိုဆန့်၍၊ ထာဝရဘုရားသည် တညဉ့်လုံး၌ အားကြီးသော အရှေ့လေအားဖြင့် ပင်လယ်ရေကို လှန်ပြန်၍၊ မြေကို ပေါ်စေတော်မူသည်နှင့်၊ ရေသည် ကွဲပြတ်လျက်ရှိ၏။” (ထွက်မြောက်ရာကျမ်း ၁၄:၂၁) ဒီကျမ်းအပိုဒ်ငယ်က ကျွန်ုပ်တို့အတွက် အံ့ဩစရာမြင်ကွင်းကို ပြသသည်- မောရှေသည် ဣသရေလလူတို့ကို အီဂျစ်ပြည်မှ ပို့ဆောင်သောအခါ အီဂျစ်စစ်သားများ၏ လိုက်လံခြင်းကို ခံခဲ့ရသည်။ အဲဒီနောက် သူတို့ရှေ့မှာ ပင်လယ်နီနဲ့ အီဂျစ်စစ်တပ်နောက်ကနေ သူတို့ ပိတ်မိသွားတယ်။အဲ့မှာကြည့်မယ်ဆိုရင်သူတို့ဟာ ပိတ်မိသွားပုံရသည်။ သို့သော် မောရှေသည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရား၏စကားများကို နားထောင်ခဲ့သည်။ လှံတံကို ပင်လယ်၌ ဆန့်သဖြင့်၊ ပင်လယ်နီသည် ကွဲ၍ သွေ့ခြောက်သောမြေဖြစ်လေ၏။ အဆုံးတွင်၊ သူသည် ဣသရေလလူတို့ကို အန္တရာယ်မှ လွတ်မြောက်စေခဲ့သည်။
ဤအချက်သည် ကျွန်ုပ်တို့အား ဘုရားသခင်၏ တန်ခိုးတော်ကို မြင်စေရုံသာမက ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းရှိခြင်း၏ အရေးပါမှုကိုလည်း သိရှိစေသည်။ ယနေ့ခေတ်တွင် အမျိုးမျိုးသော ဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားလျက်ရှိပြီး ကပ်ရောဂါသည် ဆက်လက် ပြန့်ပွားနေကာ အဆုံးသတ်မည့် အရိပ်အယောင်များ မပြသနိုင်သေးပေ။ ကျွန်ုပ်တို့၏ဘဝများကို နက်ရှိုင်းစွာ ထိခိုက်စေပါသည်။ ယုံကြည်သူအများအပြားသည် အလုပ်လက်မဲ့အခက်အခဲ၊ ဘဝဖိအားများနှင့် ဖျားနာမှုဒဏ်ကို ခံစားနေကြရသည်။…ဒါပေမယ့် ဘယ်လောက်ပဲ အခြေနေ ခက်ခဲနေပါစေ ကျွန်ုပ်တို့ ကြောက်နေဖို့ မလိုပါဘူး။ ကျွန်ုပ်တို့သည် စစ်မှန်သောယုံကြည်ခြင်းရှိသရွေ့၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏လမ်းညွှန်မှုကို ရရှိပြီးဘုရား၏လုပ်ဆောင်မှုများကို မြင်တွေ့နိုင်သည်။ ဘုရားသခင်၏အလိုတော်ကို ပိုမိုနားလည်ရန် ဘုရားသခင်၏နှုတ်ကပတ်တော်တစ်ပိုဒ်ကို ဖတ်ကြည့်ကြပါစို့။
ဘုရားသခင်က ပြောသည်- “သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။ ယောဘ ဤအဆင့်သို့ ရောက်သည့်အခါ ဘုရားသခင်သည် သူထံ၌ ပေါ်လာခဲ့ပြီး သူ့ကို စကားပြောခဲ့သည်။ တစ်နည်းအားဖြင့် သင်၏ယုံကြည်ခြင်းအတွင်း၌သာ ဘုရားသခင်ကို သင်မြင်တွေ့နိုင်မည် ဖြစ်ပြီး သင်၌ ယုံကြည်ခြင်းရှိသည့်အခါ၊ ဘုရားသခင်သည် သင့်ကို စုံလင်စေမည်ဖြစ်သည်။ ယုံကြည်ခြင်းမရှိလျှင် သူက ဤအရာကို လုပ်မပေးနိုင်ပါ။ ဘုရားသခင်သည် သင်ရယူရန်မျှော်လင့်သည့် မည်သည့်အရာကိုမဆို သင့်အပေါ် အပ်နှင်းလိမ့်မည်။ အကယ်၍ သင်၌ ယုံကြည်ခြင်းမရှိပါက သင်သည် စုံလင်အောင်ပြုခြင်း မခံရနိုင်သည့်အပြင် ဘုရားသခင်၏အနန္တတန်ခိုးကို မဆိုထားဘိ၊ သူ၏လုပ်ရပ်များကို သင်မြင်နိုင်စွမ်း ရှိမည်မဟုတ်ပါ။ သင်၌ ယုံကြည်ခြင်းရှိသဖြင့် သူ၏လုပ်ရပ်များကို သင်၏ လက်တွေ့အတွေ့အကြုံထဲတွင် သင်မြင်တွေ့ရမည်ဖြစ်သည့်အခါ၊ ဘုရားသခင်သည် သင့်ထံပေါ်လာကာ သင့်ကို ဉာဏ်အလင်းရစေပြီး အတွင်းမှနေ၍ လမ်းပြပေးမည်။ ထိုယုံကြည်ခြင်းမရှိဘဲ ဘုရားသခင်သည် ထိုအရာကို ပြုနိုင်မည်မဟုတ်ပါ။ အကယ်၍ သင်သည် ဘုရားသခင်၌ မျှော်လင့်ချက်ပျောက်ဆုံးသွားပါက သူ၏အမှုကို သင် မည်ကဲ့သို့ တွေ့ကြုံနိုင်မည်နည်း။ ထို့ကြောင့် သင်၌ ယုံကြည်ခြင်းရှိပြီး ဘုရားသခင်အပေါ် သံသယများ မသိုထားသည့်အခါမှသာ၊ သူမည်သည့်အရာပြုသည်ဖြစ်စေ သူ့အပေါ် သင် စစ်မှန်သော ယုံကြည်ခြင်း ရှိသည့်အခါမှသာ သူသည် သင်၏ အတွေ့အကြုံများမှတစ်ဆင့် သင့်ကို ဉာဏ်အလင်းပေးပြီး ဖွင့်ပြမည်ဖြစ်ပြီး၊ ထိုမှသာ သင်သည် သူ၏လုပ်ရပ်များကို မြင်နိုင်မည်ဖြစ်သည်။ ထိုအရာများ အားလုံးကို ယုံကြည်ခြင်းအားဖြင့်သာ ရရှိတတ်သည်။ ယုံကြည်ခြင်းသည် စစ်ဆေးခြင်းအားဖြင့်သာ လာပြီး၊ စစ်ဆေးခြင်းမရှိဘဲနှင့် ယုံကြည်ခြင်း မတိုးပွားနိုင်ပေ။ “ယုံကြည်ခြင်း” ဟူသည့် ဤစကားလုံးက မည်သည်ကို ရည်ညွှန်းသနည်း။ ယုံကြည်ခြင်းဆိုသည်မှာ တစ်စုံတစ်ရာကို လူသားတို့ မမြင်နိုင် သို့မဟုတ် မထိတွေ့နိုင်သည့် အခါတွင်လည်းကောင်း၊ ဘုရားသခင်၏ အမှုက လူသား၏ အယူအဆများနှင့် မကိုက်ညီသည့် အခါတွင်လည်းကောင်း၊ ၎င်းကို လူသားတို့ လက်လှမ်းမမီသည့် အခါတွင်လည်းကောင်း သူတို့၌ရှိသင့်သော စစ်မှန်သည့် ယုံကြည်ချက်နှင့် ရိုးသားမှန်ကန်သည့် စိတ်နှလုံးပင်ဖြစ်သည်။ ဤသည်မှာ ငါပြောပြသော ယုံကြည်ခြင်းဖြစ်သည်။”
ကျွန်ုပ်တို့သည် မည်သို့သော စမ်းသပ်မှုမျိုး ကြုံတွေ့ရပါစေ၊ ကျွန်ုပ်တို့ မည်မျှပင် အခက်အခဲများ ကြီးမားပါစေ၊ ဘုရားသခင် ၏ နှုတ်ကပတ်တော်များကို ယုံကြည်နိုင်သည်၊ ဘုရားသခင်ကို ယုံကြည်ပြီး သူ့ကို အမှန်တကယ် အားကိုးနိုင်ကြောင်း ဘုရားသခင် နှုတ်ကပတ်တော်များမှ ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။ ဤနည်းဖြင့်သာ ကျွန်ုပ်တို့ရဲ့ အတွေ့အကြုံတွင် ဘုရားသခင်၏
အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာကို မြင်တွေ့ရပြီး ဘုရားသခင်၏ အမှုတော်များကို သက်သေခံနိုင်မည်ဖြစ်သည်။
ဥပမာ၊ စာတန်၏တိုက်ခိုက်မှုနှင့် စုံစမ်းသွေးဆောင်မှုများသည် ယောဘအပေါ်သို့ကျရောက်သောအခါ၊ သူ၏ပိုင်ဆိုင်မှုများအားလုံးကို ဆုံးရှုံးသွားသည်၊ သူ၏ကလေးများသည် ဘေးဥပဒ်နှင့်ကြုံတွေ့ရပြီး သူ၏တစ်ကိုယ်လုံးတွင် အနာစိမ်းများဖုံးလွှမ်းသွားသည်။ သို့သော်၊ သူ၏စိတ်နှလုံးထဲတွင် ဘုရားသခင်အတွက်နေရာတစ်ခုရှိခဲ့သည်။ သူသည် ဘုရားသခင်အပေါ် သူ၏စစ်မှန်သောယုံကြည်မှုနှင့် ရိုသေမှုကို စွဲကိုင်ထားသည်။ ဘုရားသခင်ပေးသည်ဖြစ်စေ ဘုရားသခင်က သိမ်းသွားသည်ဖြစ်စေ နာခံလိုစိတ်ရှိပြီး အဆုံးတွင် ဘုရားသခင်သည် သူ့အား ထင်ရှားပေါ်လွင်စေပြီး ပို၍ပင် ကောင်းချီးများ ပေးအပ်ခဲ့သည်။
နောက်ထပ် ဥပမာကို ကြည့်ရအောင်။ အာဗြဟံအသက်တစ်ရာရှိသောအခါ ဘုရားသခင်သည် သူ့ကို သားတစ်ဦး—ဣဇာက်ကို အပ်နှင်းမည်ဟု ကတိပြုခဲ့သည်။ သို့ရာတွင် ဣဇာက်ကြီးပြင်းလာသည်နှင့်အမျှ၊ ဘုရားသခင်သည် အာဗြဟံအား ယဇ်ပူဇော်ရမည်ဟု မိန့်တော်မူ၏။ ဤနည်းလမ်းဖြင့် ဘုရားသခင်လုပ်ဆောင်ခြင်းသည် လူ့အယူအဆများမှ ထွက်သွားလွန်းသည်ဟု ယူဆသူများစွာရှိသည်။ သို့ရာတွင်၊ အာဗြဟံသည် ဘုရားသခင်ထံ အမှန်တကယ် နာခံနိုင်သည်— ၎င်းသည် သူအမြတ်နိုးဆုံးအရာနှင့် ခွဲခွာခြင်းခံရသည့်တိုင် ဣဇာက်အား ဘုရားသခင်ထံ ပြန်လည်ပေးအပ်ရန် ကမ်းလှမ်းနေဆဲဖြစ်သည်။ နောက်ဆုံးတွင်၊ အာဗြဟံ၏ စစ်မှန်သောယုံကြည်ခြင်းနှင့် ဘုရားသခင်အား နာခံခြင်းသည် သူ၏နှစ်သက်မှုနှင့် ကောင်းချီးများကို ရရှိခဲ့သည်။ ဘုရားသခင်က သူ့ကို လူမျိုးများစွာရဲ့ ဘိုးဘေးဖြစ်ခွင့်ပေးခဲ့တယ်။
ယုံကြည်သူများအနေဖြင့် ဆင်းရဲဒုက္ခများကြုံလာသောအခါ ကျွန်ုပ်တို့အားလုံး စိတ်ဆင်းရဲပြီး အကူအညီမဲ့ခြင်းကို ခံစားရလေ့ရှိသော်လည်း ယုံကြည်ပေးပါ- ဘုရားသခင်ကို စစ်မှန်သောယုံကြည်ခြင်းရှိသရွေ့ ကျွန်ုပ်တို့လိုက်နာရန်နည်းလမ်းရှိကာ ဘုရားသခင်ထံမှ ငြိမ်သက်ရွှင်လန်းမှုရရှိမှာဖြစ်တယိ။
သင်သည် ခက်ခဲသောအခြေအနေနှင့် ရင်ဆိုင်နေရပြီး အမှန်တရားများကို ပိုမိုနားလည်လိုပါက ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။ ကျွန်ုပ်တို့၏တရားဟောဆရာသည် သင်နှင့်အတူဆွေးနွေးပြီး ဆင်းရဲဒုက္ခကိုကျော်ဖြတ်ရန် သင့်အားယုံကြည်ခြင်းရှိစေရန် ကူညီပေးသည့် ဘုရားသခင်၏နှုတ်ကပတ်တော် စကားများကို သင်ကိုထပ်ပြီးဝေမျှပေးမှာဖြစ်တယ်။
သခင်ယေရှုပြောခဲ့သည်မှာ- "လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။" (ရှင်မဿဲခရစ်ဝင် ၂၄:၃၇)
သခင်ယေရှုပြောခဲ့သည်မှာ- "ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။" (ရှင်ယောဟန်ခရစ်ဝင်၁၀:၂၇)
ယုံကြည်ခြင်းပါလျက် ပဌနာပြု၍ ဆုတောင်းသမျှတို့ကို သင်တို့သည် ရကြလိမ့်မည်။ (ရှင်မဿဲခရစ်ဝင် ၂၁:၂၂)
သခင်၏ ပြန်ကြွလာခြင်း၊ ပညာရှိသတို့သမီးများ မင်္ဂလာဆောင်လုလင်ကို မည်သို့ကြိုဆိုပုံ၊ ကောင်းကင်နိုင်ငံတော်သို့ သွားရာလမ်းကြောင်းနှင့် ပတ်သက်သည့် အမေးအဖြေများ နှင့် ဧဝံဂေလိ ဗီဒီယိုများကို အခမဲ့ကြည့်ဖို့ စာရင်းသွင်းပါ။
ဘုရားသခင်၏ နိုင်ငံတော်သည် ဤလောကသို့ ရောက်လာပြီဖြစ်သည်။ ရားသခင်၏ နိုင်ငံတော်သို့ သင်ဝင်ရောက်ချင်ပါသလား။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။ကျွန်ုပ်တို့အကြောင်း | အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ | ကျေးဇူးတင်ရှိခြင်း
Copyright © 2024 ယေရှုခရစ်တော်ပြန်ကြွလာခြင်းလုပ်ပိုင်ခွင့်အားလုံး မူပိုင်ဖြစ်သည်။