Read more!
Read more!

သခင်ယေရှု၏ ရွေးနှုတ်ခြင်းဆိုင်ရာ အဓိပ္ပါယ်အစစ်အမှန်ကို သင်သိပါသလား

သခင်ယေရှု၏ ရွေးနှုတ်ခြင်းအား ဖော်ပြချက်သည် ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ ကျေးဇူးတင်မှုကို အမြဲဖြစ်စေသည်။ လွန်ခဲ့သော အနှစ်နှစ်ထောင်က ကျွန်ုပ်တို့အား စာတန်၏လက်မှ ရွေးနုတ်ရန် သခင်ယေရှုသည် လူသားတို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းခံခဲ့ရပြီး ယစ်ပူဇော်ခံခဲ့ရသည်။ ဤနည်းဖြင့် ကျွန်ုပ်တို့၏အပြစ်အားလုံးကို ခွင့်လွှတ်ခဲ့သည်။ ကျွန်ုပ်တို့ အပြစ်ပြုမိလျှင် ကျွန်ုပ်တို့၏အပြစ်များကို နောင်တရပြီး ဘုရားသခင်ထံ ဝန်ချတောင်းပန်နေသမျှ ကာလပတ်လုံး ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း၌ ပျော်မွေ့ ကြသည်။ သို့သော် မကြာသေးမီက ညီအစ်ကို မောင်နှမအချို့သည် စိတ်ရှုပ်ထွေးခဲ့သည်။ ကျွန်ုပ်တို့၏ အပြစ်များကို သခင်ယေရှု ခွင့်လွှတ်သော်လည်း ကျွန်ုပ်တို့သည် အပြစ်၏အနှောင်အဖွဲ့မှ လွတ်မြောက်ရန် ဘယ်တော့မျှ မတတ်နိုင်ပေ။ ကျွန်ုပ်တို့သည် မကြာခဏ လိမ်ပြောခြင်းနှင့် လှည့်စားခြင်း တို့ပြုလုပ်သည်။ ကျွန်ုပ်တို့သည် အပြစ်ပြုခြင်းနှင့် ဝန်ချခြင်း သံသရာ၌ စွဲကပ်နေပြီး ဘုရားသခင်၏ တရားတော်ကို ကျွန်ုပ်တို့မစောင့်စည်းနိုင်ပါ။ သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်မှာ “အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့ လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသောယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ။” (ဟေဗြဲသြဝါဒစာ ၁၀:၂၆) ကျွန်ုပ်တို့၏ လုပ်ရပ်များသည် ဘုရားသခင့် အလိုတော်ကို ဆန့်ကျင်နေသည်ကို သိလျက် ကျွန်ုပ်တို့သည် ဆန္ဒအလျှောက်မဟုတ်ဘဲ အပြစ်ပြုလုပ်နိုင်သည်ကို ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိထားသည်။ ကျွန်ုပ်တို့သည် ပြောင်းလဲခြင်းမရှိဘဲ နောင်တရခြင်းသာ ပြုလုပ်လျှင် ကျွန်ုပ်တို့၏ အပြစ်များအတွက် အသက်စွန့်လွတ် အနစ်နာခံခဲ့ခြင်းသည် အသုံးမဝင်သည်ကို ရှင်းလင်းစွာ သိထားသည်။ ဤကဲ့သို့ ကျွန်ုပ်တို့သည် သခင်ယေရှုကြွလာသောအခါ ကောင်းကင်နိုင်ငံတော်သို့ အမှန်တကယ် တိုက်ရိုက် ချီဆောင်ခံရနိုင်မည်လော။ သို့သော် ကျွန်ုပ်တို့ မကြာခဏ အပြစ်ပြုလုပ်သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ပြီး အပြစ်သားများအဖြစ် ကျွန်ုပ်တို့ကိုမမြင်ဘဲ ဘုရားသခင် ပြန်လာသောအခါ ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရမည်ဟု ယုံကြည်သော ညီအစ်ကို မောင်နှမအချို့လည်းရှိသည်။ ဤသို့ဆိုလျှင် ကျွန်ုပ်တို့သည် ကောင်းကင်နိုင်ငံတော်သို့ ချီဆောင်ခြင်းခံရမည်လော။ ဤအရေးကိစ္စကို အတူတကွ လေ့လာကြပါစို့။

ညီအကို မောင်နှမတို့ ပထမဦးစွာ သခင်ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်သည်မှာ မှန်ကန်သည်ကို ကျွန်ုပ်တို့သိရမည်။ သို့သော် သခင်ယေရှုက “လူတို့၏အပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်နိုင်မည်”ဟု မိန့်ဆိုခဲ့ပါသလား။ သန့်ရှင်းသော ဝိညာဉ်တော်က ဤသို့ သက်သေထွက်ဆိုထားပါသလား။ မဟုတ်လျှင် ဤအမြင်သည် သမ္မာတရားနှင့် မကိုက်ညီပါ၊ ဘုရားသခင့်၏ စိတ်တော်နှင့်လည်း မကိုက်ညီပါ။ သို့သော် လူ၏စိတ်ကူးမှ ဆင်းသက်လာခြင်းဖြစ်သည်။ ယေဟောဝါက “ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်း ရှိရကြမည်။(ဝတ်ပြုရာကျမ်း ၁၁:၄၅) သခင်ယေရှု ပြောခဲ့သည်မှာ- “ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။(ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) ဟူ၍ မိန့်တော်မူခဲ့သည်ဟု သမ္မာကျမ်းစာကဆိုသည်။ ဘုရားသခင်သည် သန့်ရှင်း ဖြောင့်မတ်တော်မူသည်။ ဘုရားသခင်သည် ညစ်ညူးသော၊ အကျင့်ပျက်သောလူများကို သူ၏နိုင်ငံတော်တွင် တည်ရှိခွင့်ပြုခြင်းမရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့ အပြစ်မှလွတ်မြောက်ပြီး သန့်ရှင်းလာသည်ကို ဘုရားသခင် အလိုရှိတော်မူသည်။ သန့်ရှင်းခြင်းအားဖြင့်သာလျှင် ကောင်းကင်နိုင်ငံတော်သို့ ကျွန်ုပ်တို့ဝင်နိုင်သည်။ ကျွန်ုပ်တို့ကဲ့သို့ အပြစ် အဆက်မပြတ် ပြုလုပ်ပြီး ဘုရားသခင်ကို ဆန့်ကျင်သောလူများ ကောင်းကင်နိုင်ငံတော်သို့ မည်သို့ဝင်ရောက်နိုင်မည်နည်း။

ဤတွင် ညီအကို မောင်နှမများအချို့ မေးကောင်းမေးပါလိမ့်မည်- သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်ပြီး ကျွန်ုပ်တို့ကို အပြစ်သားများအဖြစ်မမြင်ပါ။ သို့သော်လည်း ကျွန်ုပ်တို့ ကောင်းကင်နိုင်ငံတော်သို့ မဝင်ရလျှင် သခင်ယေရှု၏ ရွေးနုတ်ခြင်းအမှု၏ အရေးပါမှုက မည်သည့်အရာနည်း။ ဤအကြောင်းအရာ နှင့်ပတ်သက်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဤမေးခွန်းကို အလွန်ရှင်းလင်းစွာ ဖြေကြားထားပါသည်။ ကြည့်ကြရအောင်၊ “ထိုအချိန်က ယေရှု၏ အမှုမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ရွေးနှုတ်ရန် ဖြစ်သည်။ သူ့ကို ယုံကြည်သူအားလုံးတို့၏ အပြစ်များသည် ခွင့်လွှတ်ခြင်း ခံခဲ့ရသည်၊ သူ့ကို ယုံကြည်နေသရွေ့ သူက သင့်ကို ရွေးနှုတ်မည်၊ သင်သည် သူ့ကို ယုံကြည်ပါက သင်သည် အပြစ်သားတစ်ယောက် မဟုတ်တော့ဘဲ၊ သင်၏အပြစ်များ အားလုံး ဖြေလွှတ်ခြင်းခံရသည်။ ဤသည်မှာ ကယ်တင်ခံရခြင်းနှင့် ယုံကြည်ခြင်းအားဖြင့် လျော်ကန်စေခြင်းဟူသည့် အဓိပ္ပာယ်ဖြစ်သည်။ သို့သော် ယုံကြည်ခဲ့ကြသည့် သူများအတွင်း၌ ဘုရားသခင်ကို ပုန်ကန်၍ ဆန့်ကျင်သည့်အရာ ကျန်နေသေးပြီး၊ ၎င်းကို တဖြည်းဖြည်းချင်း ဖယ်ရှားပစ်ရန် လိုခဲ့ပါသေးသည်။ ကယ်တင်ခြင်းဟူသည်မှာ လူသားသည် ယေရှု၏ ရယူခြင်းကို အပြည့်အဝ ခံခဲ့ပြီးပြီဟု ဆိုလိုခြင်းမဟုတ်ဘဲ၊ လူသားသည် သူသည်အပြစ်တရားနှင့် မသက်ဆိုင်တော့ဘဲ၊ သူ၏ အပြစ်များခွင့်လွှတ်ခံရခြင်းကို ဆိုလိုသည်။ သင်ယုံကြည်ပြီဆိုပါက အပြစ်တရားနှင့် နောက်တစ်ဖန် မည်သည့်အခါမျှ သက်ဆိုင်တော့မည် မဟုတ်ချေ။(ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၂))လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။... လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများ နှင့်အညီ မဆက်ဆံခြင်း ဟုသာ မှတ်ယူ၍ ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။(လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄))

ဤကျမ်းနှစ်ပိုဒ်ရှိ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သခင်ယေရှု၏ ရွေးနှုတ်တော်မူခြင်း အလုပ်၏ရလဒ်များကို အလွန်ရှင်းရှင်းလင်းလင်း ရှိစေပါသည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ ရွေးနှုတ်တော်မူခြင်း အလုပ်က ကျွန်ုပ်တို့ ကျူးလွန်ထားသော အပြစ်များကို ခွင့်လွတ်ခဲ့သည်။ သို့သော် ဤအပြစ်များသည် အဓိကအားဖြင့် ဘုရားသခင်၏ ဥပေဒနှင့် ပညတ်တော်များကို ချိုးဖောက်မှုများကို ရည်ညွှန်းသည်။ ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်းကို လက်ခံခဲ့ပြီး ဘုရားသခင်သည် ကျွန်ုပ်တို့ကို အပြစ်သားများအဖြစ် မဆက်ဆံတော့ပါ။ ကျွန်ုပ်တို့သည် အပြစ်ပြုမိခဲ့လျှင် သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ရိုးရိုးရှင်းရှင်းဆုတောင်းနိုင်ပြီး သခင်ယေရှုထံ ဝန်ခံ၍ နောင်တရပါလျှင် ကျွန်ုပ်တို့၏ အပြစ်များကို ခွင့်လွှတ်လိမ့်မည်ဖြစ်သည်။ ပြီးလျှင် ကျွန်ုပ်တို့သည် ပညတ်တရားအားဖြင့် ပြစ်ဒဏ်ချမှတ်ခံရခြင်း သို့မဟုတ် အပြစ်စီရင်ခြင်းကို ဆက်လက်ခံရလိမ့်မည်မဟုတ်ပါ။ ဤသည်မှာ သခင်ယေရှု၏ ရွေးနှုတ်တော်မူခြင်း အလုပ်၏ စစ်မှန်သော အဓိပ္ပာယ်ဖြစ်ပါသည်။ သို့သော် သခင်ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်များကိုသာ ခွင့်လွှတ်ခဲ့သည်။သခင်သည် ကျွန်ုပ်တို့၏ မာနထောင်လွှားခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ လိမ်ညာမှုနှင့် မကောင်းမှုများ ကဲ့သို့သော စာတန်၏ စိတ်သဘောထားကို ခွင့်မလွှတ်ခဲ့ပါ။ ၎င်းသည် အပြစ်ထက် ပိုမိုနက်ရှိုင်းပြီး ဖောက်ပြန်ပျက်စီးခြင်းဖြစ်သည်။ ကျွန်ုပ်တို့တွင်ရှိသော ဘုရားသခင်အား ဆန့်ကျင်နေသည့် စာတန်၏ စိတ်သဘောထားကို မဖြေရှင်းနိုင်သေးစဉ်တွင် ကျွန်ုပ်တို့သည် ဘုရားသခင်ကို ဆန့်ကျင်ပြစ်မှားနေတုန်း ဖြစ်မည်ဖြစ်ပြီး ပညတ်တရားတော်ကို ဖောက်ဖျက်သည်ထက် ပို၍ကြီးလေးသောအပြစ်ကိုတောင် ကျူးလွန်သည်။ ဥပမာ ကျွန်ုပ်တို့ တရားဟောပြီး အလုပ်လုပ်သောအခါတွင် ကျွန်ုပ်တို့သည် ညီအစ်ကိုမောင်နှမများက ကျွန်ုပ်တို့အား ကိုးကွယ်ရန်၊ အထင်ကြီးလေးစားရန်၊ ကျွန်ုပ်တို့ရှေ့သို့ သူတို့အား ခေါ်ဆောင်ရန်အတွက် ကျွန်ုပ်တို့သည် မကြာခဏ ကြွားဝါပြီး သခင့်အတွက် မည်မျှ ဒုက္ခခံပြီး ပေးဆပ်ခဲ့ရသည်ဆိုသည်ကို သူတို့အား ပြောဆိုကြသည်။ သို့မဟုတ် ကျွန်ုပ်တို့၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ သခင့်အား အစေခံသည့်အခါတွင်ပင် ကျွန်ုပ်တို့သည် ယှဉ်ပြိုင်ကြသည်။ ရုန်းကန်ကြိုးစားကြသည်။ ပြီးလျှင် ကျော်ကြားမှု၊ စည်းစိမ်၊ အဆင့်အတန်းတို့နှင့်ပတ်သက်ပြီး အခြားလူများအပေါ် မနာလိုဖြစ်ကာ အခြားလူများအား တိုက်ခိုက်ပြီး ဖယ်ထုတ်ခြင်းပင် ပြုလုပ်ကြသည်။ သို့မဟုတ် ကျွန်ုပ်တို့သည် ဖျားနာသောအခါ သို့မဟုတ် ကျွန်ုပ်တို့၏ မိသားစုများ အန္တရာယ်ကျရောက်နေသောအခါ သို့မဟုတ် အကြောင်းကိစ္စများသည် ကျွန်ုပ်တို့၏ အယူအဆများနှင့်အညီ မဖြစ်လျှင်ကျွန်ုပ်တို့သည် ဘုရားသခင်ကို ပုန်ကန်၊ ခုခံတွန်းလှန်နိုင်ပြီး ဘုရားသခင်ကိုငြင်းပယ်ကာ သစ္စာတောင် ဖောက်နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင် နာမတော်ဖြင့် နာခံကြသော်လည်း ကျွန်ုပ်တို့သည် အခက်အခဲများ ကြုံတွေ့ရသောအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်များမှာ အဖြေကိုမရှာပါ သို့မဟုတ် ဘုရားသခင်၏ လိုအပ်ချက်များအတိုင်း မလျှောက်လှမ်းပါ။ သို့သော် ဤသို့မဟုတ်ဘဲ လူတို့အား နားထောင်ပြီး နာခံကြသည်။ ကျွန်ုပ်တို့၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အတွက် နေရာမရှိပေ။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အရာများစွာကို ပြုလုပ်ပါသည်။ ကျွန်ုပ်တို့ကဲ့သို့သော လူများကို သခင်ယေရှုအားဖြင့်သာ ရွေးနှုတ်ခဲ့ပါသည်၊ သို့သော် ကျွန်ုပ်တို့ရှိ စာတန်၏ သဘောသဘာဝသည် ကျွန်ုပ်တို့စိတ်အတွင်း၌ပင် နက်ရှိုင်းစွာ အရိုးစွဲနေဆဲဖြစ်သည်။ အပြစ်မှလုံးဝလွတ်မြောက်ခြင်းမရှိသော သူများသည် သခင်ယေရှု၏ တိုက်ရိုက် ချီဆောင်ခြင်းခံရဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် မည်သို့ အရည်အချင်း ပြည့်မီနိုင်ဦးမည်နည်း။ သခင်ယေရှု၏ ရွေးနှုတ်ခြင်း အမှုတော်သည် ကျွန်ုပ်တို့၏အပြစ်များကို ခွင့်လွှတ်ကြောင်း ကျွန်ုပ်တို့တွေ့မြင်နိုင်သည်။ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်အား ရံဖန်ရံခါ ခုခံဆန့်ကျင်ပြီး အပြစ်ပြုလုပ်ကြဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် မသန့်ရှင်းသေးဘဲ ကောင်းကင်နိုင်ငံတော်သို့ မဝင်ရောက်နိုင်သေးဆဲဖြစ်သည်။

ယခု ကျွန်ုပ်တို့သည် သခင်ယေရှု၏ ရွေးနှုတ်ခြင်း၏ စစ်မှန်သော အရေးပါမှုကို နားလည်သဘောပေါက်ပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့ရောက်ပြီး ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန်အတွက် လူသားမျိုးနွယ်သည အလုံးစုံပြောင်းလဲပြီး သန့်စင်ရန်အတွက် ဘုရားသခင်၏ အမှုတော် နောက်တစ်ဆင့်ကိုလည်း လိုအပ်သည်။ သမ္မာကျမ်းစာက ဆိုထားသည်မှာ “ထိုနည်းတူ၊ ခရစ်တော်သည် လူများအပြစ်တို့ကို ခံခြင်းငှာ တခါတည်းကိုယ်ကိုပူဇော်ပြီးမှ၊ နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက် နေသောသူတို့ကို ကယ်တင်ခြင်းအလို့ငှာ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတံ့။” (ဟေဗြဲသြဝါဒစာ ၉:၂၈)ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။(ရှင်ပေတရုသြဝါဒစာပဌမစောင် ၄:၁၇) သခင်ယေရှု ပြောခဲ့သည်မှာ- “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။(ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် အလွန်ရှင်းလင်းပါသည်။ ကျေးဇူးတော်ခတ်ရှိသူတို့၏ ဝိညာဉ်အသက်တာသည် အလွန်သေးလွန်းသောကြောင့် သခင်ယေရှုသည် ယိုယွင်းပျက်ဆီးနေသော လူသားများကို လုံးဝကယ်တင်ရန် လိုအပ်သော သမ္မာတရားအားလုံးကို သူတို့အား မပေးခဲ့ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်အားဖြင့် ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိစေပြီး ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို ခံစားနိုင်ရန် နောက်ဆုံးသောကာလတွင် သခင်ယေရှုသည် နှုတ်ကပတ်တော် အသစ်များကို ဖော်ပြရန်နှင့် ပြောဆိုရန် ပြန်လာမည်ဖြစ်ပြီး ကျွန်ုပ်တို့၏အပြစ်များကို လုံးဝဖယ်ရှားပစ်ရန်နှင့် အပြစ်၏အနှောင်အဖွဲမှ့ လွတ်မြောက်ရန် တရားစီရင်ခြင်းနှင့် အပြစ်ပေးဆုံးမခြင်း အမှုကို လုပ်ဆောင်လိမ့်မည်။

အထက်ပါ မိတ်သဟာယမှတစ်ဆင့် သခင်ယေရှု၏ ရွေးနှုတ်ခြင်းအမှုကို လက်ခံခြင်းက ကျွန်ုပ်တို့၏ အပြစ်များကိုသာ ခွင့်လွှတ်ခြင်းဖြစ်ကြောင်း၊ ကျွန်ုပ်တို့သည် အပြစ်၏ ချည်နှောင်မှုမှ လွတ်မြောက်ပြီး ကောင်းကင်နိုင်ငံတော်သို့ အပြည့်အဝ ဝင်ရောက်ရန်အတွက် ဘုရားသခင်၏ နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကိုလည်း ကျွန်ုပ်တို့ ကြုံတွေ့ဖို့လိုအပ်ကြောင်း ကျွန်ုပ်တို့ နားလည်ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ပြန်လာခြင်းကို မည်သို့ကြိုဆိုသင့်သနည်း။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင် အမှုတော်များကို မည်သို့ပြုမူသင့်သနည်း။ ကျွန်ုပ်တို့သည် သမ္မာတရား၏ ဤရှုထောင့်ကိုကြည့်၍ ဆက်လက်ရှာဖွေနိုင်ရန် သခင်ယေရှုပြနလည်ကြွလာတော်မူပြီ ဧဝံဂလေိတရား စာမျက်နှာကို ကျွန်ုပ်အကြံပြုပါသည်။

Share