ဇေါင်ရှင်း၊ တရုတ်ပြည်
ဇွန်လ ၂၀၁၆ ခုနှစ်တွင် ရာသီဥတုက အလွန်ပူသည်။ အပြင်တွင် တစ်ရက်တာ အလုပ်ရှုပ်ပြီးနောက် သူမက ညနေ ခင်းတွင် အိမ်ပြန်ကာ ရေချိုးရန် ရေချိုးခန်းထဲသို့ တန်းဝင် လေသည်။ မမျှော်လင့်ပဲနှင့် သူမ၏ ဘယ်ဖက်ရင်အုံတွင် ပဲပိစပ်အရွယ် အကျိတ်တစ်ခုကို တွေ့ခဲ့ရသည်။ ဖိကြည့်သော်လည်း နာကျင်မှုမရှိပါ။ ဇေါင်ရှင်က အပူကြောင့်ဖြစ်သည့် အပူကျိတ်ဟု ထင်ပြီး အယောင် ကျဆေး သောက်ပြီးလျှင် ကောင်းသွားမည်ဟု တွေးခဲ့သည်။
သို့သော်လည်း ကံမကောင်းအကြောင်းမလှခြင်းသည် တိတ်တိတ် ထိုးနှက်လေသည်...
ထိုနေ့တွင် ပြတင်းပေါက်အပြင်မှ လေပြင်းထန်စွာ တိုက်ခိုက် ပြီး မြေပေါ်မှ အပိုင်းအစများကို လေပွေထဲသို့ သိမ်းကြုံးယူ သွားသည်မှာ မုန်တိုင်း၏ ရှေ့ပြေးနိမိတ် ကဲ့သို့ပင် ဖြစ်သည်။ ဇေါင်ရှင်းက အဝတ်လဲရန် ပြင်ဆင် နေချိန်တွင်၊ အမှုမဲ့ အမှတ်မဲ့ဖြင့် သူမ၏ ဘယ်ဖက်ရင်အုံကို စမ်းမိခဲ့သည်။ မာနေသောအကျိတ်သည် အပ်နှင့်ထိုးသကဲ့သို့ နာကျင်ခံစား ပိုမိုကြီးထွားလာသည်ကို မမျှော်လင့်ပဲ တွေ့ရ သည်။ သူမက ရုတ်တရက် အထိတ်တလန့်ဖြစ် သွားသည်။ “ငါလည်း ဆေးတွေအများကြီး သောက်ထားပါတယ်၊ ဘာဖြစ်လို့ အလုပ်မဖြစ်တာလဲ။ အကျိတ်က မသေးသွား တဲ့အပြင် တကယ့်ကို ကြီးလာပြီး ဒီရက်ပိုင်းမှာလည်း ငါညဖက်တွေဆို ချွေးတွေပြန်လိုက်တာ၊ အားနည်းပြီး ခြေကုန်လက်ပန်းကျ နေတယ်လို့ ခံစားရတယ်။ ဘာတွေဖြစ်နေတာလဲ။” ဇေါင်ရှင်း၏ ခင်ပွန်းက ဤအကြောင်းကို သိရသည့်အချိန် တွင်၊ သူမ စမ်းသပ်ခံရန် သူက ဆေးရုံသို့ အလျင်အမြန် ခေါ်ဆောင်သွားခဲ့သည်။
ဆရာဝန်က ဇေါင်ရှင်း၏ အနေအထားကို နားလည်သည့် အချိန်တွင် သူက အံ့အားသင့်စွာဖြင့် “အစ်မ ဒီအနေအထား ရှိတာကို သိတာကြာခဲ့ပြီ၊ ဒါဆို ဘာဖြစ်လို့ ချက်ခြင်း စမ်းသပ်မခံတာလဲ၊” ဟုပြောခဲ့သည်။ ဇေါင်ရှင်းက စိုးရိမ် စွာဖြင့် “ကျွန်မ အရမ်းနာမကျန်းဖြစ်နေလိမ့်မယ်လို့ မထင် ထားခဲ့ဘူးလေ၊ ဒါ့ကြောင့် ကျွန်မက ဆေးတွေ အရင်သောက်ကြည့်ချင်တာ...” ဟု ပြောလေသည်။ ဆရာဝန်က ဇေါင်ရှင်းကို ဓါတ်ပုံများရိုက်ရန် ခေါ်ဆောင် သွားသည်၊ ပြီးသည်နှင့် တပြိုင်နက် သူမ၏ ခင်ပွန်းက အထဲတွင် ဆရာဝန်နှင့် စကားပြော နေစဉ် ဇေါင်ရှင်းက တံခါးအပြင်မှ ထိုင်ခုံသို့ သွားရောက် ထိုင်နေခဲ့သည်။ အချိန်ကြာပြီး နောက်လည်း သူ ထွက်မလာသေးပါ။ ထိုင်ခုံပေါ်တွင် ဇေါင်ရှင်းက စိုးရိမ် ကြောင့်ကြမှုကြောင့် စိတ်တထင့်ထင့် ဖြစ်နေပြီး၊ သူမနှလုံးသားကို စိတ်အေး သက်သာအောင် မလုပ်နိုင်ခဲ့ပါ။ သူမ၏ အနေအထားသည် အလွန်လေးနက် မည်ဟု သင်္ကာမကင်း ဖြစ်မိသည်။ သို့မဟုတ်ပါက သူမခင်ပွန်းသည် ထိုအခန်းထဲတွင် ကြာရှည်စွာ နေနေမည် မဟုတ်ပါ။ သူမသည် “တကယ်ကို ကုလို့မရတဲ့ ရောဂါဆိုရင်၊ ငါဘာလုပ်သင့်လဲ၊ ငါတို့မိသားစု မှာလဲ ငွေမရှိပါဘူး...” သက်ပြင်းချပြီး မတွေးပဲ မနေနိုင်ခဲ့ပါ။ ထိုအခိုက်အတန့်တွင် ဇေါင်ရှင်း က သူမသည် ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း နှင့် သူမမှာ မှီခိုစရာ ဘုရားသခင်ကျန်သေးကြောင်း သတိရလိုက်သည်။ ထို့ကြောင့် ဤအခြေအနေများကို ရင်ဆိုင်နိုင်ရန် မှီခို အားထားလိုသည့် သူမ၏ ဆန္ဒကို ဖော်ပြရန် သူမ နှလုံးသားထဲမှ ဘုရားသခင်ထံသို့ ငိုယိုဟစ်ကြွေးခဲ့ပါသည်။ ဆုတောင်းပြီးနောက်တွင် ဘုရားသခင်က သူမကို ပံ့ပိုး ပေးမည်ဟု ဇေါင်ရှင်းခံစားခဲ့ရ သည်။ ပြီးနောက် တဖြည်းဖြည်းချင်း သူမနှလုံးသားထဲမှ နာကျင်မှုသည် ငြိမ်ကျသွားခဲ့သည်။
ထို့ကြောင့် သူမသည် တံခါးတွန်းဖွင့်လိုက်ကာ၊ ဆရာဝန်ကို “ကျွန်မမှာ ဘာရောဂါရှိလဲ။ ကျွန်မကို တိုက်ရိုက်သာ ပြောပါရှင်” ဟု မေးခဲ့သည်။ ဆရာဝန် တွေဝေတုံ့ဆိုင်း သွားသည်ကို သူမမြင်သည့်အချိန်တွင် ဇေါင်ရှင်းက တည်ငြိမ်စွာဖြင့် “မစိုးရိမ်ပါနဲ့။ ကျွန်မကိုပြောပြပါ။ ကျွန်မ ခံနိုင်ရည်ရှိပါတယ်” ဟု ပြောလိုက်သည်။ ဆရာဝန်က အခိုက်အတန့် တွေးပြီး နောက်ဆုံးတွင် တည့်ထိုးပင် ပြောချ လိုက်သည်။ “အစ်မမှာ အန္တရာယ်ရှိတဲ့ ရင်သားကင်ဆာ ရှိနေပြီ၊ ပြီးတော့ အဲဒါက အလယ်အဆင့်ကို တောင် ရောက်နေပြီ” “ကင်ဆာ” ဆိုသည့် စကားလုံးသည် ဇေါင်ရှင်းကို ချက်ခြင်း ကျောချမ်းသွားစေသည်။ သူမစိတ်ထဲတွင် မေးခွန်းများမေးခြင်းဖြင့် အချိန် အတော်ကြာ မည်သည့်အရာမျှ မဆိုနိုင်ပဲ ရှိနေခဲ့သည်။ “ဒါဘယ်လိုဖြစ်နိုင်မှာပဲ။ ငါက အခုမှာ အသက် ၃၀ ထဲမှာပဲ ရှိသေးတယ်။ ငါဘယ်လိုလုပ်ပြီး ဒီရောဂါ ရနိုင်တာလဲ...” ဤသည်မှာ အမှန်ဖြစ်သည်ဟု သူမ လက်မခံနိုင်ပါ။ ထို့အပြင် သူမသည် ညှင်းပန်းမှုဒဏ်နှင့် ကူညီရာမဲ့ခြင်းကို အလွန်ခံစား ရပါသည်။
ထိုအခိုက်အတန့်တွင် သူမက ဘုရားသခင်နှုတ်ကပတ်တော် ထဲတွင် မည်သို့ဆိုထားသည်ကို တွေးမိသည်- “ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။ ငါတို့သည် သူနှင့် အချိန်တိုင်းတွင် နီးကပ်နေရမည် ဖြစ်ပြီး၊ အခိုက်အတန့်တစ်ခုကိုမျှ လုံးဝ လက်မလွှတ်ဘဲနှင့် ငါတို့အတွက် အချိန်တိုင်း သင်ယူဖို့ သင်ခန်းစာများဖြင့်၊ သူ၏ရှေ့မှောက်သို့ ဆိတ်ငြိမ်လျက် ရောက်ရှိကြရမည် ဖြစ်သည်။ ငါတို့၏ ပတ်လည်၌ရှိသည့် ပတ်ဝန်းကျင်မှသည် လူများ၊ အရေးကိစ္စများနှင့် အရာဝတ္ထုများအထိ၊ အားလုံးသည် သူ၏ ပလ္လင်တော်၏ ခွင့်ပြုချက်အားဖြင့် တည်ရှိကြခြင်း ဖြစ်သည်။ သင်၏စိတ်နှလုံးထဲတွင် မည်သည့် အကြောင်းကြောင့်မျှ မကျေနပ်ချက်များ မရှိစေနှင့်၊ သို့မဟုတ် ဘုရားသခင်သည် သင်တို့အပေါ် သူ၏ ကျေးဇူးတော်ကို အပ်နှင်းလိမ့်မည် မဟုတ်။ နာမကျန်းမှု ပေါ်ပေါက်သည့်အခါတွင်၊ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အတွင်းတွင် သူ၏ ကြင်နာသော ရည်ရွယ်ချက်များ မုချ ရှိပေ၏။ သင်၏ ခန္ဓာကိုယ်သည် ဆင်းရဲဒုက္ခ အနည်းငယ် ခံစားရသော်လည်း၊ စာတန်ထံမှ မည်သည့်စိတ်ကူးမျှ လက်သင့်မခံနှင့်။” သူမ၏ သေရေးရှင်ရေး အပါအဝင် အရာအားလုံးသည် ဘုရား သခင်၏ လက်တော်ထဲတွင် ရှိကြောင်းကို ဘုရား သခင်၏ နှုတ်ကပတ်တော်က ဇေါင်ရှင်းအား နားလည် သဘောပေါက် စေခဲ့သည်။ ဤရောဂါ သူမထံသို့ ရောက်ရှိလာရခြင်း မှာ လည်း ဘုရားသခင် ခွင့်ပြု တော်မူသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူမ လုပ်သင့်သည့် အရာမှာ ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက်မည့်လမ်းကို ရှာဖွေကာ၊ ဘုရားသခင် ကို မှီခိုပြီး ရှာဖွေရန် ဖြစ်ပါသည်။ ပြီးနောက် ဘုရားသခင်ကို အပြစ်မတင်ရန် သို့မဟုတ် နားလည်မှုမလွဲရန်လည်း ဖြစ်သည်။ ဤအရာကို နားလည်သဘောပေါက်ခြင်းဖြင့် ဇေါင်ရှင်း သည် များစွာ ပိုမိုတည်ငြိမ်လာပြီး၊ ညှင်းပန်းမှုဒဏ် ခံစားရခြင်းသည်လည်း နည်းပါးသွား ခဲ့သည်။
သူမရင်သားမှ အကျိတ်သည် အလွန်ကြီးသောကြောင့် ခွဲစိတ်နိုင်ရန် ဓါတုကုထုံးကို လိုအပ်ပါသည်။ သူမ၏ ဓါတုကုထုံး ကုသမှုကာလအတွင်း၊ ဇေါင်ရှင်းသည် အခြားလူများက ဓါတုကုထုံး လုပ်ငန်းစဉ်၏ နာကျင်မှု အကြောင်း ပြောဆိုကြသည်ကို မကြာခဏ ကြားခဲ့ရသည်။ အချို့က အလွန်နာကျင်မှု ခံစားရသောကြောင့် ငိုယိုကြ သည်။ အခြားလူများကမူ ညှင်းပန်းမှုဒဏ်ကို ခံနိုင်ခြင်း မရှိသော ကြောင့် ကုသမှုပြီးဆုံးအောင် မခံယူနိုင်ခဲ့ပါ။ ပြီးနောက် အခြား သူများကမူ ကုသမှုမှ ပျောက်ကင်း သွားခြင်း မရှိပဲနှင့်၊ ကင်ဆာဆဲလ်များ ပျံ့နှံ့ကုန်ကာ သေဆုံးကြသည်။ သူမက ထိုအရာများကို ကြားသည့် အချိန်တွင်၊ ဇေါင်ရှင်းသည် စိတ်မပူပဲ မနေနိုင်ပါ။ သူမသည် အလွန်သေးငယ်ပိန်ပါးပြီးသားဖြစ်သူမို့ ကုသမှုက အခြား လူနာများက သူမကို ပြောပြသည့်အတိုင်းသာ အမှန်တကယ် ဖြစ်ခဲ့ပါလျှင်၊ သူမ ရှင်သန်နိုင်ပါ့မလား။ ဇေါင်ရှင်း ၏ နှလုံးသားသည် စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေ ခဲ့ပါသည်။
သို့သော်လည်း စိုးရိမ်မှုနှင့် ကြောက်ရွံ့မှုက သူမအား ဆုပ်ကိုင် ထားသည့်အလျောက်၊ ယောဘ၏ အတွေ့အကြုံကို သူမက အမှတ်ရခဲ့သည်။ ယောဘ၏ ကြွယ်ဝမှုသည် ဖယ်ရှားခြင်း ခံရပြီး၊ သူ့သားသမီးများသည်လည်း သူ့ထံမှ နှုတ်ယူခြင်းခံရသည့်အပြင် သူ့မှာလည်း အနာများဖြင့် ဖုံးခဲ့ သော်လည်း သူ၏ နာကျင်သောစမ်းသပ်မှု အကြားတွင် ယောဘသည် ဘုရားသခင်ကို အပြစ်မတင်ခဲ့ပါ။သူသည် ဘုရားသခင်ကို ယုံကြည်မှုရှိဆဲဖြစ် ပြီးလျှင်၊ ဘုရားသခင်၏ နာမတော်ကိုလည်း ချီးမွမ်းခဲ့သည်။ ယောဘကို စာတန်က စုံစမ်းသွေးဆောင် လိုသည့်အချိန်က စာတန်ကို ဘုရားသခင် ပေးသည့် ပညတ်ကိုလည်း သူမ အမှတ်ရခဲ့ပါသည်။ ဘုရားသခင်က “သူ၌ ရှိသမျှတို့သည် သင်၏အာဏာစက်ထဲ၌ ရှိ၏။ သူ့ကိုယ်ပေါ်သာ သင့်လက်မရောက်စေနှင့်။” (ယောဘဝတ္ထု ၁:၁၂) ဟု မိန့်တော်မူ ခဲ့သည်။ ဘုရားသခင်က စာတန်အား ယောဘ၏ အသက်တာကို ထိခိုက်နစ်နာအောင် မပြုရန် ပညတ် ထားခဲ့ပြီး စာတန်သည် ဘုရားသခင်၏ ပညတ်ကို မနာခံပဲ မနေဝံ့ပါ။ လူ၏ အသက်တာသည် ဘုရားသခင် ၏ လက်တော်တွင် ရှိပြီး၊ ဘုရားသခင်က အရာအားလုံးကို အုပ်စိုးထားသည်ကို ထိုအကြောင်း အရာမှ သူမ တွေ့မြင်ခဲ့သည်။ ဇေါင်ရှင်းက “ငါ့အသက်တာက ဘုရားသခင်က ငါ့ကိုပေးခဲ့ တာဖြစ်ပြီး ဘုရားသခင် လက်တော် ထဲမှာပဲ ရှိပါတယ်။ ငါရှင်မယ် ဒါမှမဟုတ် သေမယ်ဆိုတာ ဘုရားသခင်ပေါ်မှာ မူတည်ပါ တယ်။ အခုအခြေအနေတွေ မှာလဲ ငါက ယောဘ နမူနာ အတိုင်း လိုက်သင့်တယ်။ ငါ ဘယ်လို နာကျင်မှုမျိုး ကို ရင်ဆိုင်ရပါစေ ဘုရား သခင်မှာ ယုံကြည်မှုရှိပြီး တော့၊ ဘုရားသခင်ကို အပြစ်မတင် သင့်ဘူး။” ဟု တွေးခဲ့သည်။ ထိုအတွေးသည် ဇေါင်ရှင်း၏ အကြောက်တရားကို သက်သာ စေခဲ့သည်။
ဆေးရုံသည် နံနက်ခင်းတွင် ဆိတ်ငြိမ်ခဲလှသည့် နေရာတစ်ခု ဖြစ်သည်။ လူအများစုသည် စာရင်းသွင်းရန် စောစီးစွာ တန်းစီနေကြပြီး၊ သူနာပြုများကလည်း ၎င်းတို့နေရာတွင် ဆေးထုတ်ပေးခြင်းဖြင့် အလုပ်ရှုပ်နေကြသည်။ ၈နာရီတွင် ဇေါင်ရှင်း ဓါတုကုထုံး ဆေးထိုးရန် အချိန်ကျလာခဲ့သည်။ သူမခန္ဓာကိုယ်တွင်း ကင်ဆာဆဲလ်ပျံ့နှံ့မှုကို တားမြစ်ရန် ဆေးသွင်းအပြီးနောက်၊ ဇေါင်ရှင်း တဖြည်းဖြည်းချင်း မအီမသာဖြစ်ပြီး၊ နာကျင်ကိုက်ခဲကာ၊ ယောင်ယမ်းလာ၍ သူမဦးခေါင်းသည် မခံမရပ်နိုင်အောင် နာကျင်လာလေသည်။ ဆေးထိုးအပြီးတွင် ဇေါင်ရှင်းသည် သူမခန္ဓာကိုယ်တစ်ခုလုံး အပ်ဖြင့် တစိတ်စိတ်ထိုးနေသကဲ့သို့ ခံစားခဲ့ရသည်။ သူမ သည် အိပ်စက်လို့မရပါ။ ပြီးနောက် ရွေ့လျားရန် အင်အား ချို့တဲ့နေသည်။ သူမ၏ နာကျင်မှုတွင် “ဒါကအစဆိုရင်၊ ဒါမျိုး ညှင်းပန်းမှုဒဏ်ကို ငါမခံစားနိုင်ဘူး။ နောက်ထပ် ကုသမှု ၇ခုကျန်သေးတယ်။ ငါဘာလုပ်သင့်လဲ။”ဟု တွေးမိ သည်။ နာကျင်မှုအတွေ့အကြုံက သူမအား သေခြင်းတရား ကိုပင် ပိုမိုနှစ်သက်လာစေခဲ့သည်။ ဇေါင်ရှင်းသည် သူမ၏ နှလုံးသားထဲမှ “ဘုရား သခင်၊ ကျွန်မ ဒီဓါတုကုထုံးရဲ့ နာကျင်မှုကို တကယ့်ကို မကျော်ဖြတ်နိုင်ပါဘူး။ ကျွန်မ သေချင်စိတ်တောင် ပေါက်မိပါတယ်။ ဘုရားသခင်၊ ကျွန်မ ကိုယ်တော့် အကူအညီကို တောင်းလျှောက်ပါတယ်။ ဒီနာကျင်မှုရဲ့ ဆင်းရဲဒုက္ခကို ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကို ပေးပြီး လမ်းပြတော်မူပါ။ ကျွန်မ ကိုယ်တော်ပေါ်မှာ မှီခို အားထားပြီး၊ ကိုယ်တော့်ကို ကြည့်လိုပါ တယ်...” ဟု ဆုတောင်းရုံသာတတ်နိုင်သည်။ ဘုရားသခင် သနားကရုဏာတော်၏ ကျေးဇူးကြောင့် သူမဆုတောင်းပြီး မကြာမီတွင်ပင် ဇေါင်ရှင်း အိပ်ပျော် သွားပြီး နာကျင်မှုတစ်ခုမှလည်း မခံစားရတော့ပါ။ ထို့နောက်တွင် ဓါတုကုထုံးခံယူမှု မတိုင်မီ အချိန် နှင့် နောက်ပိုင်းအချိန် များတွင် ဇေါင်ရှင်းသည် ဘုရားသခင်ကို ဆုမတောင်းပဲ မနေနိုင်ပါ။ ထို့သို့ဆုတောင်းခြင်းဖြင့် သူမသည် ဓါတုကုထုံးကို ပြီးဆုံးအောင် ကုသမှုခံယူခဲ့ရုံ သာမက ဓါတုကုထုံး ရှစ်ခုလုံးကိုလည်း အမှန်တကယ်ပင် ကြိုတင်ပြီးစီးသွားခဲ့ပါသည်။
ဧပြီလ ၂၀၁၇ ခုနှစ် တစ်ရက်တွင် လေထုထဲတွင် လေအေးများ ရှိနေဆဲတွင်၊ ဆရာဝန်က သူမကို ခွဲစိတ်မှု နည်းလမ်းများကို ရှင်းပြခဲ့ပြီး၊ အတည်ပြုချက် စာရွက်စာတမ်း များပေါ်တွင် သူမကို လက်မှတ် ထိုးခိုင်းသည်။ ဆရာဝန်၏ ရုံးခန်းထဲမှ ထွက်လာပြီးနောက်၊ ဇေါင်ရှင်းသည် အနည်းငယ် စိတ်လှုပ်ရှားပြီး မကြောက်ပဲ မနေနိုင်ပါ။ အမှန်မှာမူ သူမသည် ထိုကဲ့သို့ ကြီးမားသည့် ခွဲစိတ်မှုတစ်ခုကို တွေ့ကြုံ ရသည်မှာ ပထမဆုံး အကြိမ် ဖြစ်ပြီး၊ သူမအနေဖြင့် အဆုံးသတ်သည် မည်သည့်အရာ ဖြစ်မည်ကို မသိခဲ့ပါ။ ထို့အပြင် ဆရာဝန်က ကင်ဆာဆဲလ်ကို ဖယ်ရှားပြီးချိန်တွင် အချို့ဆဲလ်များ ကျန်ရှိနေနိုင်သေး သောကြောင့် သူမ ခန္ဓာကိုယ်မှ အခြားအစိတ်အပိုင်းများတွင် အမြစ်တွယ် သည်နှင့် တပြိုင်နက် အလွယ်တကူ စတင် ကြီးထွားလာ နိုင်ကြောင်းပြောရာ၊ ထိုပြောစကားက သူမကို ပိုပြီး ကြောက်ရွံ့စေသည်။ သူမသည် ခွဲစိတ်မှု စတင်ရန် စောင့်ဆိုင်းနေရင်းဖြင့် ပျာယာခတ်ပြီး အနားမရဖြစ်နေ ခဲ့သည်။ ယခုကဲ့သို့ အရေးကြီးသည့် အဆင့်တွင် သူမသည် ဘုရားသခင်ထံသို့ အလျင်အမြန် ဆုတောင်းခဲ့ပါသည်။ “ဘုရားသခင်၊ ကျွန်မ နာရီဝက် အတွင်း ခွဲစိတ်ကုသမှု ခံရပါတော့မယ်။ ပြီးတော့ ကျွန်မ ကြောက်ပြီး စိတ်လှုပ်ရှား နေတုန်းပါပဲ။ ဘုရားသခင် ကျွန်မနှလုံးသားကို တည်ငြိမ် အောင် လုပ်ပေးဖို့ တောင်းလျှောက်ပါတယ်။” ဆုတောင်း ပြီးနောက် ကျွန်မသည် “ယုံကြည်ခြင်းသည် သစ်လုံးတစ်လုံးတည်း တံတားကဲ့သို့ ဖြစ်သည်- အသက်ကို လက်မှိုင်ချလျက် ဖက်တွယ်ထားသူတို့သည် ယင်းတံတားကို ဖြတ်ကူးရာတွင် အခက်ကြုံလိမ့်မည် ဖြစ်သော်လည်း၊ မိမိတို့ကိုယ်ကိုယ် စွန့်လွှတ်အနစ်နာခံရန် အသင့်ရှိသော သူတို့သည် ခြေမြဲကာ စိုးရိမ်မှုကင်းလျက် ဖြတ်ကူးနိုင်ကြ၏။ အကယ်၍ လူသားသည် တွန့်ဆုတ်ကာ ကြောက်ရွံ့သော အတွေးများ သိုထားပါက၊ ယင်းမှာ ဘုရားသခင်ထဲသို့ ဝင်ရောက်ဖို့ ယုံကြည်ခြင်း တံတားအား ငါတို့ ဖြတ်ကူးမည်စိုးလျက်၊ စာတန်သည် ၎င်းတို့ကို လှည့်စားပြီး ဖြစ်သောကြောင့် ဖြစ်သည်။”ဟု ပြောထားသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေးမိခဲ့ပါသည်။
ဇေါင်ရှင်းသည် ဘုရားသခင်ထံ၌ ယုံကြည်မှုမှာ အလွန် နည်းပါးကြောင်း၊ သူမသည် စာတန်၏ ဆော့ကစားခြင်း ခံရသည့် အခြေအနေတွင် အသက်ရှင်နေထိုင်နေပြီး သူမကိုယ်ကို ဘုရားသခင်ထံ အပြည့်အဝ ယုံကြည်အပ်နှံ ထားခြင်း မရှိသေးကြောင်းကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက ဇေါင်ရှင်းကို နားလည် သဘောပေါက်စေခဲ့ပါသည်။ သူမ ယခုလုပ်သင့်သည့် အရာမှာ သူမနှလုံးသားကို တည်ငြိမ်စေပြီး သူမ၏ ခွဲစိတ်မှုကို ဘုရားသခင်၏ လက်တော်ထဲသို့ ယုံကြည်စွာ အပ်နှံရုံသာ ဖြစ်ကြောင်း သိခဲ့ပါသည်။ အကြောင်းမှာ ခွဲစိတ်မှု အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ ဘုရားသခင်သည် သင့်တော်သည့် စီစဉ်ညွှန်ကြားမှုများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်ပါ သည်။ ထို့ကြောင့် ဇေါင်ရှင်းသည် ဘုရားသခင်ထံသို့ ဆုတောင်းကာ “ဘုရားသခင်၊ ကျွန်မအသက်တာ ဘုရားသခင် လက်တော်ထဲမှာ ရှိပါတယ်။ ကိုယ်တော်က ကျွန်မအတွက် အထောက်အပံ့ ဖြစ်ပါတယ်။ အခု အခြေအနေတွေကို တွေ့ကြုံခံစားရာမှာ ကိုယ်တော့်ကို မှီခိုဖို့နဲ့ ယုံကြည်မှုရှိဖို့တို့အတွက် တောင်းလျှောက်ပါတယ်။” ဟု ပြောခဲ့သည်။ သူမဆုတောင်းပြီးနောက် ဇေါင်ရှင်း၏ နှလုံးသားသည် တဖြည်းဖြည်းချင်း တည်ငြိမ်လာခဲ့သည်။ အချိန်တိုအတွင်းမှာပင် ဆေးဝန်ထမ်းတစ်ဦးက ဇေါင်ရှင်းကို ခွဲစိတ်ခန်းဝင်ရန် လာပြောခဲ့သည်။ ဇေါင်ရှင်းသည် ခွဲစိတ် ကုတင်ပေါ်တွင် လှဲနေရင်းဖြင့်၊ သူမသည် အလွန်အမင်း တည်ငြိမ်နေခဲ့ပါသည်။ ပြီးနောက် သူမသည် စိတ်လှုပ်ရှား ခြင်း နှင့် ကြောက်ရွံ့ခြင်းတို့ မရှိတော့ပါ။ သူမ မေ့ဆေးပေးခံ ရပြီးနောက် တဖြည်းဖြည်းချင်း သတိမေ့သွားခဲ့သည်။ သူမ နိုးထလာသည့်အချိန်တွင် ညနေ ၆နာရီ ရှိခဲ့ပြီ။
ဇေါင်ရှင်း၏ ခွဲစိတ်မှုသည် အောင်မြင်ပြီး ရှုပ်ထွေးမှုကင်းမဲ့ ပါသည်။ အကျိတ် ၁၆ ခုဖယ်ရှားခဲ့ရာတွင် ၁၅ ခုမှာ ကောင်းမွန်နေပြီး၊ တစ်ခုမှာသာ ပျံ့နှံ့နေခဲ့သည်။ တာဝန်ကျ ဆရာဝန်က ကြီးမားသည့် ပြဿနာမရှိခဲ့ကြောင်း နှင့် ဓါတ်ရောင်ခြည်ဖြင့်ကုသမှု တစ်ကျော့စာဖြင့် ထိုအနေ အထားကို ထိန်းချုပ်ထားနိုင်မည်ဖြစ်ကြောင်း ဆိုခဲ့ပါသည်။ သြဂုတ်လတွင် ဓါတ်ရောင်ခြည်ဖြင့် ကုသမှုပြီးနောက်၊ နောက်ဆုံး၌ ဇေါင်ရှင်းသည် ဤရှည်လျားလှသည့် ကုသမှု ကာလပြီးဆုံးခဲ့ပါသည်။ သူမသည် ပျော်ရွှင်ပြီး စိတ်လှုပ်ရှား ခဲ့ကာ အသက်တာ၌ အခွင့်အရေး အသစ်တစ်ခု ပေးခံရသော ဝမ်းမြောက်ခြင်းကို ခံစားရ ပါသည်။
နဲနဲချင်းဖြင့် ဇေါင်ရှင်းသည် အတိတ်မှ သူမ၏ အတွေ့အကြုံ များကို ပြန်လည်အမှတ်ရခဲ့သည်။ ဘုရားသခင်သည် အရာ အားလုံးကို အုပ်စိုးကြောင်း၊ လူများ၏ သေရေးရှင်ရေးသည် ဘုရားသခင်၏ လက်တော်တွင် ရှိကြောင်းတို့ကို သူမအမှန် တကယ်ပင် တွေ့မြင်ခဲ့ရပါသည်။ သူမသည် ကင်ဆာ ရောဂါကို ရင်ဆိုင်နေရင်းဖြင့် ကူညီရာမဲ့နေသည့် အားလျော်စွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များက သူမ ကို အဆုံးမရှိ တန်ခိုးအရင်းအမြစ်ကို ပေးကာ၊ သူမ၏ နာကျင်မှုနှင့် အပျက်သဘောဆောင်မှုမှ လွတ်မြောက်အောင် လမ်းပြခဲ့ပြီး၊ သူမကင်ဆာကို အောင်နိုင်ရန် ဉီးဆောင်ခဲ့ပါ သည်။ ထိုကဲ့သို့ အခြေအနေများကို တွေ့ကြုံခံစားပြီးနောက် ဇေါင်ရှင်း၏ ဘုရားသခင်ကို ယုံကြည်မှုနှင့် ချစ်ခြင်း မေတ္တာ တို့သည် တိုးပွားလာခဲ့ပြီး၊ မည်သည့်အခြေအနေမျိုး လာသည် ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ ကောင်းမွန်သည့် ရည်ရွယ်ချက်များ ပါဝင်ပြီးလျှင် ကျွန်မတို့၏ ဝိညာဉ်ရေးရာ အသက်တာများတွင် ရင့်ကျက် လာစေရန် ကူညီပေးဖို့ တည်ရှိနေခြင်းဖြစ်ကြောင်းကို သူမ၏ နှလုံးသား နက်ရှိုင်းသည့် နေရာမှ ယုံကြည်ခဲ့ပါသည်။ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ယုံကြည်ခြင်းနှင့် နာခံခြင်းဖြင့် သာလျှင် ကျွန်မတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့မြင်နိုင်ပြီးလျှင် ဘုရားသခင်ကို ကျွန်မတို့၏ ယုံကြည်မှု ကို ခံစားရပြီး၊ ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း သည်လည်း အဆက်မပြတ် တိုးပွားနေမည် ဖြစ်ပါသည်။
နေ့ရက်သစ်တစ်ရက်တွင်၊ နေမင်းသည် အရှေ့အရပ်မှ ပေါ်ထွက်လာပြီး၊ နွေးထွေးသည့် နေရောင်ခြည်သည် ဇေါင်ရှင်း၏ မျက်နှာပေါ်သို့ လာကျကာ၊ သူမသည် မှန်ထဲတွင် မိမိကိုယ်ကို ပြုံးပြီး ကြည့်လိုက်သည်။ သူမဦးခေါင်းပေါ်မှ ထပ်ပေါက်လာသည့် ဆံပင်များဖြင့် ဇေါင်ရှင်းသည် မိမိကိုယ်ကို “ငါ့ဘဝကို အသစ်က ပြန်စချင်တယ်။ ပြီးတော့ ဘုရားသခင်ရဲ့ မေတ္တာကို ပြန်ပေးဆပ်နိုင်ဖို့ အကောင်းဆုံးကြိုးစားမယ်”ဟု ပြောလိုက် သည်။