စာရင်း

ပဉ္စမဆုံမှတ်- သားသမီး

လက်ထပ်ပြီးသည့်နောက် လူတစ်ယောက်သည် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ဖို့ စတင်လေသည်။ လူတစ်ယောက်သည် သားသမီး မည်မျှများများ၊ မည်သို့ သားသမီးမျိုး ရှိသည်ဆိုသည့်အပေါ်မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါ။ ဤအရာကိုလည်း ဖန်ဆင်းရှင်က ကြိုတင်ပြဋ္ဌာန်းထားသည့် လူတစ်ယောက်၏ ကံကြမ္မာအားဖြင့် သတ်မှတ်ထားပါသည်။ ဤကား လူတစ်ယောက် ဖြတ်သန်းရမည့် ပဉ္စမဆုံမှတ် ဖြစ်သည်။

လူတစ်ယောက်သည် တစ်ခြားတစ်ယောက်၏ ကလေးဖြစ်ခြင်း အခန်းကဏ္ဍကို ဖြည့်ဆည်းဖို့ မွေးဖွားလာပါက၊ တစ်ဦး တစ်ယောက်သည် တစ်ခြားသူ၏ မိဘအခန်းကဏ္ဍကို ဖြည့်ဆည်းဖို့အတွက် နောက်မျိုးဆက်ကို ကြည့်ရှုစောင့်ရှောက် လေသည်။ အခန်းကဏ္ဍများထဲက ဤအရွှေ့အပြောင်းက လူတစ်ယောက်ကို မတူညီသည့် ရှုထောင့်မှ ဘဝ၏ မတူညီသည့် အဆင့်များကို ကြုံတွေ့စေသည်။ ယင်းသည်လည်း တူညီသည့် နည်းလမ်းဖြင့် အမြဲလုပ်ဆောင်ကာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို တစ်ဦးတစ်ယောက်အား သိလာစေသကဲ့သို့ ဖန်ဆင်းရှင်၏ ကြိုတင်သတ်မှတ်ပြဋ္ဌာန်းထားခြင်းကို မည်သူမျှ မကျော်လွန်နိုင် သို့မဟုတ် မပြောင်းလဲနိုင်ဆိုသည့် အချက်ကို သိလာစေသည့် မတူညီသည့် ဘဝအတွေ့အကြုံ တစ်စုံကို ပေးပါသည်။

၁။ လူတစ်ယောက်သည် သူ့သားသမီးတွေ မည်သို့ဖြစ်လာမည်ဆိုသည့်အပေါ်မှာ ထိန်းချုပ်မှုမရှိပါ

မွေးဖွားခြင်း၊ အရွယ်ရောက်ခြင်းနှင့် အိမ်ထောင်ပြုခြင်း အားလုံးတို့သည် မတူညီသည့် စိတ်ပျက်မှုကို ပုံစံအမျိုးမျိုးနှင့် အဆင့်အမျိုးမျိုးဖြင့် ပေးလေသည်။ လူအချို့တို့က ၎င်းတို့မိသားစု သို့မဟုတ် ၎င်းတို့၏ ရုပ်ရည် အသွင်အပြင်တို့နှင့် ပတ်သက်ပြီး ကျေနပ်ခြင်းမရှိကြပေ။ တစ်ချို့က ၎င်းတို့မိဘများကို မကြိုက် နှစ်သက်ကြ။ တစ်ချို့က ၎င်းတို့ကြီးပြင်းလာသည့် ပတ်ဝန်းကျင် အပေါ်မှာ မကျေမနပ်ဖြစ်သည် သို့မဟုတ် မကျေနပ်ခြင်းများ ရှိကြသည်။ လူအများစုအတွက်၊ ဤစိတ်ညစ်စရာများ အားလုံး အလယ်တွင် အိမ်ထောင်ပြုခြင်းက မကျေနပ်စရာ အကောင်းဆုံး ဖြစ်သည်။ လူတစ်ယောက်က ၎င်း၏မွေးဖွားခြင်း၊ ရင့်ကျက်လာခြင်း၊ သို့မဟုတ် အိမ်ထောင်ပြုခြင်းတို့ဖြင့် မည်သို့ မကျေမနပ် ဖြစ်စေကာမူ၊ ဤအရာတွေကို ဖြတ်သန်းပြီးသည့်သူတိုင်းက တစ်ဦးတစ်ယောက်သည် မည်သည့်နေရာ၊ မည်သည့်အချိန်၌ မွေးသည်၊ မည်သို့ပုံစံရှိသည်၊ မိဘတွေက မည်သူတွေဖြစ်သည် ဆိုသည်နှင့် အိမ်ထောင်ဖက်က မည်သူဆိုသည်တို့ကို ရွေးချယ်၍ မရဘဲ ကောင်းကင်ဘုံ၏ အလိုကို ရိုးရိုးပဲ လက်ခံရမည်ဆိုသည်ကို သိကြလေသည်။ သို့သော် လူတို့အတွက် နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ရန် အချိန်ရောက်လာသည့်အခါ ၎င်းတို့၏ သားသမီးများသည် ၎င်းတို့ဘဝ ပထမတစ်ဝက်၌ ကြုံတွေ့ခဲ့ရသည့် စိတ်ညစ်စရာများ အားလုံးအတွက် ပြန်လည်ဖြည့်ဆည်း ပေးလိမ့်မည်ဟု မျှော်လင့်ရင်း ၎င်းတို့၏ဘဝ ပထမတစ်ဝက်၌ ၎င်းတို့ အကောင်အထည်မဖော်နိုင်ခဲ့ကြသည့် ဆန္ဒအားလုံးကို သူတို့၏ မျိုးဆက်များအပေါ် လွဲချလိုက်သည်။ ထို့ကြောင့် လူတို့သည် ၎င်းတို့သားသမီးများနှင့် ပတ်သက်၍ စိတ်ကူးယဉ်မှု မျိုးစုံထဲ အရသာတွေ့နေကြလေသည်။ ၎င်းတို့သမီးများသည် အသက်ရှုမှားလောက်စရာ အလှပဂေးလေးများအဖြစ် ကြီးပြင်း လာမည်၊ ၎င်းတို့၏သားများက မြူးကြွားကြွရွ နှစ်လိုဖွယ် ကောင်းသော လူကြီးလူကောင်းများ ဖြစ်လာမည်၊ သူတို့၏ သမီးများသည် ယဉ်ကျေးဖွယ်ရာရှိပြီး ပါရမီရှိကာ၊ ၎င်းတို့၏ သားများသည် အလွန် တော်သည့်ကျောင်းသား၊ အားကစား ကြယ်ပွင့်များ ဖြစ်လာမည်၊ သူတို့၏သမီးများသည် နူးညံ့ သိမ်မွေ့မည်၊ မွန်မြတ်ပြီး စဉ်းစားဆင်ခြင်တတ်မည်၊ ၎င်းတို့၏ သားများက ဉာဏ်ထက်မြက်မည်၊ စွမ်းဆောင်ရည်ရှိပြီး အသိတရားရှိမည်ဆိုသည့် စိတ်ကူးယဉ်မှုများဖြစ်သည်။ သမီးများ ဖြစ်စေ သားများဖြစ်ပါစေ၊ ၎င်းတို့၏ မျိုးဆက်များက အသက်ကြီး သူများကို ရိုသေဖို့၊ ၎င်းတို့မိဘများကို ထောက်ထားဖို့၊ လူတိုင်းက ချစ်ခင်ပြီး ချီးမွမ်းခံရဖို့ မျှော်လင့်ကြသည်။ ဤအချိန်တွင် ဘဝမျှော်လင့်ချက် အသစ်ပေါက်ဖွားလာပြီး လူတို့၏ နှလုံးသား ထဲတွင် အသစ်သော စိတ်အားထက်သန်မှုများ နိုးဆွဖြစ်ပေါ် လေသည်။ ဤဘဝတွင် ၎င်းတို့က အစွမ်းမရှိ၊ မျှော်လင့်ချက် ကင်းမဲ့ကြောင်း၊ လူအုပ်ထဲမှ ထင်ပေါ်ဖို့ နောက်ထပ်အခွင့်အရေး၊ နောက်ထပ် မျှော်လင့်ချက်ရှိမည်မဟုတ်ကြောင်းနှင့် ၎င်းတို့၌ ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကံကြမ္မာများကို လက်ခံရန်သာ ရှိတော့သည်ကို သိကြသည်။ ထို့ကြောင့် ၎င်းတို့သည် ၎င်းတို့၏ သားသမီးများက ၎င်းတို့၏ အိပ်မက်များကို ရရှိရန်၊ သူတို့၏ ဆန္ဒတွေကို အကောင်အထည်ဖော်ရန်၊ ၎င်းတို့၏ သားများ၊ သမီးများသည် မိသားစုနာမည်ထံ ဂုဏ်ကျက်သရေတွေ သယ်ဆောင်လာရန်၊ အရေးပါသူ၊ ချမ်းသာသူ သို့မဟုတ် ကျော်ကြားသူများဖြစ်လာရန် မျှော်လင့်ရင်းနှင့် ၎င်းတို့၏ မျှော်လင့်ချက်များ၊ ၎င်းတို့၏ အကောင်အထည်မဖော်ခဲ့ရသည့် အလိုဆန္ဒများနှင့် ပြည့်စုံမှုများအားလုံးကို နောက်မျိုးဆက်ဆီသို့ လွှဲချလိုက်ကြသည်။ အတိုချုပ်အနေနှင့် ၎င်းတို့ကလေးများ၏ အခွင့်အလမ်းများ တစ်ဟုန်ထိုးမြှင့်တက်လာခြင်းကို သူတို့ မြင်လိုကြသည်။ လူတို့၏ အစီအစဉ်များနှင့် စိတ်ကူးယဉ်မှုများက ပြည့်စုံသည်။ ၎င်းတို့တွင်ရှိသည့် သားသမီးအရေအတွက်၊ ၎င်းတို့ ကလေးများ၏ အသွင်အပြင်၊ အရည်အချင်းနှင့် ထိုကဲ့သို့သော အရာများကို ၎င်းတို့သတ်မှတ်၍ မရနိုင်၊ ၎င်းတို့ကလေးများ၏ ကံကြမ္မာက ၎င်းတို့လက်များ၌ လုံးဝ ရှိမနေသည်ကို ၎င်းတို့ မသိကြသလော။ လူသားများသည် ၎င်းတို့ကိုယ်ပိုင် ကံကြမ္မာ၏ အရှင်သခင်များ မဟုတ်ကြပေ။ သို့တိုင် ငယ်ရွယ်သည့် မျိုးဆက်များ၏ ကံကြမ္မာကို ပြောင်းလဲဖို့ မျှော်လင့်ကြသည်။ ၎င်းတို့၏ကံကြမ္မာများမှ ၎င်းတို့လွတ်မြောက်ဖို့ အစွမ်းမရှိကြပါ။ သို့တိုင် ၎င်းတို့၏ သားများ၊ သမီးများ၏ ကံကြမ္မာကို ထိန်းချုပ်ဖို့ ကြိုးစားကြ၏။ သူတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ပိုပြီးခန့်မှန်းနေကြခြင်း မဟုတ်လော။ ဤကား လူသား၏ မိုက်မဲခြင်းနှင့် မသိနားမလည်ခြင်း မဟုတ်သလော။ လူတို့သည် သူတို့ သားသမီးများအတွက် မည်သည့်အတိုင်းအတာအထိမဆို လုပ်ဆောင်ကြလိမ့်မည်၊ သို့သော်လည်း အဆုံးတွင် ကလေး ဘယ်နှစ်ယောက် ရှိသည်၊ ကလေးများ မည်သည့်အရာနှင့် တူသည်ဆိုသည်တို့ကို ၎င်းတို့၏ အစီအစဉ်များနှင့် လိုအင် ဆန္ဒများက မချမှတ်နိုင်ချေ။ လူအချို့က ပိုက်ဆံမရှိသော်လည်း ကလေးများစွာမွေးကြသည်။ လူအချို့က ချမ်းသာသည်၊ သို့သော်လည်း ကလေးတစ်ဦးမျှ မရှိပါ။ တစ်ချို့က သမီးလိုချင်သည်။ သို့သော်လည်း ယင်းဆန္ဒ ငြင်းပယ်ခံရသည်။ တစ်ချို့က သားလိုချင်သည်။ သို့သော်လည်း သားယောက်ျားလေး မမွေးနိုင်ပေ။ တစ်ချို့အတွက် ကလေးများသည် ကောင်းချီး မင်္ဂလာများဖြစ်၏။ တစ်ချို့အတွက်မူ ၎င်းတို့သည် ကျိန်စာတစ်ခုဖြစ်လေသည်။ တစ်ချို့စုံတွဲများက ဉာဏ်ကောင်း ကြသည်၊ သို့သော်လည်း နုံအနှေးကွေးသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက ရိုးသားပြီး ကြိုးစားသည်။ သို့သော်လည်း သူတို့ ပြုစုပျိုးထောင်သည့် ကလေးများက ပျင်းရိသည်။ တစ်ချို့ မိဘများက ကြင်နာပြီး ဖြောင့်မတ်သည်။ သို့သော်လည်း ကောက်ကျစ်ပြီး ဆိုးသည့် ကလေးများရှိသည်။ တစ်ချို့မိဘများက စိတ်ရော ကိုယ်ပါ ကျန်းမာသည်။ သို့သော်လည်း ကိုယ်အင်္ဂါ ချို့ယွင်းသည့် ကလေးများမွေးသည်။ တစ်ချို့မိဘများက သာမန်ဖြစ်ပြီး မအောင်မြင်သော်လည်း ကြီးမြတ်သည့်အရာများ စွမ်းဆောင်သည့် ကလေးများရှိသည်။ တစ်ချို့မိဘများက အခြေအနေ အဆင့်အတန်း နိမ့်သော်လည်း ထင်ပေါ် ကျော်ကြားသည့် ကလေးများရှိလေသည်...

၂။ နောက်မျိုးဆက်ကို ပြုစုပျိုးထောင်ပြီးနောက် လူတို့သည် ကံကြမ္မာနှင့်ပတ်သက်ပြီး အသစ်သော သိနားလည်မှုတစ်ခု ရရှိကြသည်

အိမ်ထောင်ပြုသည့် လူအများစုက လူ့ကံကြမ္မာနှင့်သက်ဆိုင်၍ သိနားလည်မှုတစ်စုံတစ်ရာမျှ မရှိသေးသည့် အချိန်တစ်ခုဖြစ်သော အသက် ၃၀ ဝန်းကျင်တွင် ပြုကြသည်။ သို့သော်လည်း ကလေးများကို စတင်ပြုစုပျိုးထောင်သည့် အချိန်တွင်၊ ၎င်းတို့၏သားသမီးများ ကြီးပြင်းလာသည်နှင့်အမျှ မျိုးဆက်သစ်က ယခင်မျိုးဆက်၏ ဘဝနှင့် အတွေ့အကြုံအားလုံးကို ထပ်ပြီး ကြုံတွေ့ခြင်းကို ၎င်းတို့ ကြည့်ရှုကြရပြီးနောက် မျိုးဆက်ဆီမှာ ၎င်းတို့၏ ကိုယ်ပိုင်အတိတ်က ပြန်ထင်ဟပ်နေခြင်းကို မြင်ရလျက်၊ ၎င်းတို့ကဲ့သို့ပင် ငယ်ရွယ်သည့်မျိုးဆက်များ လျှောက်သည့် လမ်းကြောင်းမှာ စီစဉ်ပြီး ရွေးချယ်၍ မရနိုင်သည်ကို ၎င်းတို့ နားလည်မိကြသည်။ ဤအချက်ကို ရင်ဆိုင်ရလျက်၊ လူတိုင်း၏ ကံကြမ္မာသည် ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်ကို သူတို့ဝန်ခံဖို့ ကလွဲ၍ တစ်ခြားရွေးစရာ မရှိပေ။ သူတို့သည် အသေအချာ နားလည်ခြင်းမရှိဘဲ တဖြည်းဖြည်းနှင့် ၎င်းတို့၏ကိုယ်ပိုင် လိုအင်ဆန္ဒများကို ဘေးချပြီး သူတို့နှလုံးသားထဲ၌ရှိသည့် စိတ်အား ထက်သန်မှုများသည် မှေးမှိန် ပျောက်ကွယ်သွားလေသည်။ ဤအချိန်ကာလအတွင်း လူတို့သည် အခြေခံအားဖြင့် ဘဝ၏ အရေးကြီးသည့် လမ်းညွှန်အမှတ်များကို ဖြတ်သန်းရင်း ဘဝ နှင့်သက်ဆိုင်၍ သိနားလည်မှု အသစ်တစ်ခုကို ရရှိပြီးဖြစ်ကာ သဘောထားအသစ်ကို ခံယူခဲ့သည်။ ဤအသက်အရွယ်ရှိသည့် လူတစ်ယောက်သည် အနာဂတ်ဆီမှ မည်မျှမျှော်လင့်နိုင်ကာ မျှော်လင့်စောင့်စားဖို့ မည်သည့်အလားအလာများ ရှိမည်နည်း။ မည်သည့် အသက်ငါးဆယ်အရွယ် အမျိုးသမီးတစ်ယောက်က ချောမောလှပသည့် မင်းသားကို အိပ်မက်မက်နေဆဲ ဖြစ်သနည်း။ မည်သည့်အသက်ငါးဆယ်အရွယ် အမျိုးသားတစ်ယောက်က သူ၏ စနှိုးဝှိုက်ကို ရှာဖွေနေဆဲ ဖြစ်သနည်း။ မည်သည့် လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ရုပ်ဆိုးသည့် ဘဲကလေးမှ ငန်းတစ်ကောင်အဖြစ် ပြောင်းသွားဖို့ မျှော်လင့်နေဆဲ ဖြစ်သနည်း။ အသက်ကြီးသည့် အမျိုးသားအများစုသည် လူငယ်အမျိုးသားများ ကဲ့သို့ အလားတူရည်မှန်းထားသည့် အလုပ်ရှိပါသလော။ အနှစ်ချုပ်အားဖြင့်၊ လူတစ်ယောက်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဤအရွယ်ရောက်သည့်သူတိုင်းက အိမ်ထောင်၊ မိသားစုနှင့် သားသမီးတို့အပေါ် အတော်လေး ယုတ္တိတန်ပြီး လက်တွေ့ကျသည့် သဘောထားရှိဖို့ ဖြစ်နိုင်ခြေရှိပါသည်။ ထိုသို့သောလူတစ်ယောက်တွင် အခြေခံအားဖြင့် ရွေးချယ်စရာများ မကျန်တော့ပါ၊ ကံကြမ္မာကို စိန်ခေါ်ဖို့ ပြင်းပျသည့် ဆန္ဒမရှိတော့ပါ။ လူသား၏ အတွေ့အကြုံ ရှိသလောက်၊ လူတစ်ယောက်က ဤအသက်အရွယ်ကို ရောက်လာသည်နှင့် ဤသဘောထားက အလိုအလျောက် ဖြစ်ပေါ်လာသည်။ “ကံကြမ္မာကို လက်ခံရမည်။ သားသမီးများတွင် သူတို့၏ ကိုယ်ပိုင်အခွင့်အလမ်းများရှိသည်။ လူသားကံကြမ္မာသည် ကောင်းကင်ဘုံမှ သတ်မှတ်ချပေးသည်။” ဤကမ္ဘာကြီး၏ လောကဓံတရားများ၊ စိတ်ပျက်စရာများ၊ အခက်အခဲများအားလုံးကို ကျော်လွှားလွန်မြောက်ပြီးနောက်တွင် သမ္မာတရားကို နားမလည်သည့် လူအများစုသည် လူသားဘဝထဲသို့ ၎င်းတို့၏ ထိုးထွင်းသိမြင်မှုများအား ဤစကားလုံးနှစ်လုံးနှင့် အနှစ်ချုပ်လိုက်သည်။ “ကံပဲ”။ ဤစကားစုက လူသားကံကြမ္မာနှင့် ပတ်သက်ပြီး အတွေ့အကြုံရင့်ကျက်သည့် လူတို့၏ ကောက်ချက် ချခြင်းနှင့် သိမြင်ခြင်းကို အတိုဆုံး အရှင်းဆုံး ဖော်ပြသော်လည်း၊ လူသားမျိုးနွယ်၏ ခိုကိုးရာမဲ့ခြင်းကို ဖော်ပြပြီး ထိရောက်ပြီး တိကျသည်ဟု ဆိုနိုင်သော်လည်း ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို နားလည်ခြင်းနှင့် သိပ်ကွဲပြားပြီး ဖန်ဆင်းရှင်၏ သြဇာအာဏာကို သိခြင်းအတွက် တကယ်ကို အစားထိုး၍ မရပေ။

၃။ ကံကြမ္မာကို ယုံကြည်ခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သိခြင်းအတွက် အစားထိုး မဟုတ်ပါ

ဘုရားသခင်၏ နောက်သို့ နှစ်ပေါင်းများစွာ လိုက်ခြင်းဖြင့်၊ ကံတရားအပေါ် သင်တို့ သိမြင်မှုနှင့် လောကီလူတို့၏ သိမြင်မှုကြားတွင် သိသာသည့် ကွာခြားချက်ရှိပါသလော။ ဖန်ဆင်းရှင်၏ ကြိုတင်ပြဋ္ဌာန်းထားခြင်းကို အမှန်တကယ် နားလည်ပြီး ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို သင်တို့ အမှန်တကယ် သိမြင်လာပါသလော။ လူတစ်ချို့က “ကံပဲ” ဆိုသည့် စကားစုအပေါ် သိပ်ကောင်းမွန်ပြီး လေးနက်သည့် သိနားလည်မှုမျိုး ရှိကြသည်။ သို့သော် ၎င်းတို့သည် ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို အနည်းငယ်မျှ မယုံကြပေ။ လူသား၏ ကံကြမ္မာကို ဘုရားသခင်က စီစဉ်ပြီး ညွှန်ကြားသည်ကို မယုံသကဲ့သို့ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လိုလား မနေကြချေ။ ထိုသို့သော လူများသည် ပင်လယ်ထဲမှာမျောနေပြီး ရေစီးကြောင်းနှင့်အတူမျောပါရင်း လှိုင်းများဖြင့် လူးလွန့်လျက်၊ မတုန်မလှုပ်နှင့် စောင့်နေပြီး ၎င်းတို့ကိုယ်၎င်းတို့ ကံအပေါ်မှာ ပုံအပ်ထားဖို့ကလွဲပြီး တစ်ခြားရွေးချယ်စရာ မရှိပေ။ သို့သော်လည်း လူသား၏ ကံကြမ္မာသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ကို ၎င်းတို့ မသိမှတ်ကြချေ။ ၎င်းတို့၏ ကိုယ်ပိုင်အစွမ်းအစနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သိမလာနိုင်ပေ၊ ထိုသို့အားဖြင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အသိပညာကို ရရှိခြင်း၊ ဘုရားသခင်၏ အစီအစဉ်နှင့် စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံဖို့၊ ကံကြမ္မာကို ခုခံနေခြင်းအား ရပ်တန့်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်မှု၊ ကာကွယ်မှုနှင့် လမ်းပြမှုအောက် အသက်ရှင်ဖို့ ဖြစ်မလာနိုင်ပေ။ တစ်နည်းအားဖြင့် ဆိုလျှင်၊ ကံကြမ္မာကိုလက်ခံခြင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို ကျိုးနွံနာခံခြင်းနှင့် မတူပေ။ ကံကြမ္မာကို ယုံကြည်မှုက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံခြင်း၊ သိမှတ်ခြင်း၊ သိရှိခြင်းတို့ကို မဆိုလိုပေ။ ကံကြမ္မာကို ယုံကြည်ခြင်းက ယင်း၏ အမှန်တရားနှင့် ယင်း၏ အပေါ်ယံ သရုပ်သကန်များကို သတိပြုမိခြင်းသာဖြစ်၏။ ဤအရာသည် ဖန်ဆင်းရှင်က လူသားမျိုးနွယ်၏ ကံကြမ္မာကို မည်သို့အုပ်စိုးသည်ဆိုသည်ကို သိခြင်း၊ ဖန်ဆင်းရှင်က အရာအားလုံး၏ ကံကြမ္မာအပေါ် အုပ်စိုးခြင်း အရင်းအမြစ် ဖြစ်သည်ဆိုတာကို သိမှတ်ခြင်းတို့မှ ကွဲပြားပြီး လူသားမျိုးနွယ်၏ ကံကြမ္မာအတွက် ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားခြင်းနှင့် စီစဉ်မှုအပေါ် ကျိုးနွံနာခံခြင်းမှပို၍ပင် ကွဲပြားလေသည်။ လူတစ်ယောက်က ကံကြမ္မာကိုပဲ ယုံကြည် သော်လည်း ယင်းကို လေးလေးနက်နက် ခံစားလျှင်ပင် ထိုသို့ဖြင့် လူသားမျိုးနွယ်၏ ကံကြမ္မာအပေါ်မှာ ဖန်ဆင်းရှင်၏ အချုပ်အခြာ အာဏာကို သိဖို့သတိပြုမိဖို့ရန်၊ ယင်းကို ကျိုးနွံနာခံဖို့နှင့် လက်ခံဖို့ဖြစ်မလာနိုင်ပါက မည်သို့ပင်ဆိုစေ ၎င်းတို့၏ဘဝသည် အဖြစ်ဆိုးတစ်ခု၊ အချည်းနှီးရှင်သန်သည့် ဘဝတစ်ခု၊ ဗလာတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းတို့သည် ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက် လာဖို့ရန်၊ အမှန်ကန်ဆုံးသော အဓိပ္ပါယ်ဖြင့် အဖန်ဆင်းခံ လူသားတစ်ဦး ဖြစ်လာဖို့၊ ဖန်ဆင်းရှင်၏ လက်ခံအတည်ပြုမှုကို ခံစားရဖို့ တတ်နိုင်လိမ့်ဦးမည်မဟုတ်ပေ။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ်သိပြီး ကြုံတွေ့ရသည့် လူတစ်ယောက်သည် မတုန်မလှုပ်ဖြစ်ခြင်း သို့မဟုတ် အကူအညီ မဲ့နေခြင်း အခြေအနေ မဟုတ်ဘဲ၊ တက်ကြွသည့်အခြေအနေတွင် ရှိသင့်၏။ ထိုသို့သော လူသည် အရာအားလုံးက ကံစီမံရာ ဖြစ်သည်ကို လက်ခံစဉ်တွင်၊ သက်ရှိတိုင်းက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ဝန်ခံရသည်ဆိုသည့် ဘဝနှင့် ကံကြမ္မာ၏ တိကျသည့် အဓိပ္ပါယ် ဖွင့်ဆိုချက်ကို ပိုင်ဆိုင်သင့်ပေသည်။ ၎င်းလျှောက်ခဲ့သည့်လမ်းကို ပြန်ကြည့်သည့်အခါ၊ ၎င်းခရီး၏ ပြောင်းလဲမှု အဆင့်တိုင်းကို ပြန်လည်သတိရသည့်အခါ ၎င်း၏ ခရီးလမ်းသည် ခက်ခဲမောပန်းသည်ဖြစ်စေ၊ ချောမွေ့သည်ဖြစ်စေ၊ ခြေလှမ်းတိုင်းတွင် ဘုရားသခင်က ၎င်း၏လမ်းကို ဦးဆောင် လမ်းပြနေခဲ့ပြီး စီမံချက်ရေးဆွဲနေခဲ့သည်ကို မြင်ရပေသည်။ ယင်းသည် ၎င်းကိုယ်တိုင်မသိဘဲလျက် သူ့ကို ယနေ့အထိ ဦးဆောင်လမ်းညွှန်ပေးခဲ့သည့် ဘုရားသခင်၏ စေ့စပ်သေချာသည့် စီစဉ်မှု၊ ဂရုတစိုက်စီစဉ်မှုတို့ ဖြစ်ခဲ့ပေသည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံနိုင်ဖို့၊ ၎င်း၏ကယ်တင်ခြင်းကို လက်ခံရရှိဖို့ဆိုတာ မည်မျှ ကြီးမြတ်သည့် အခွင့်အလမ်း ဖြစ်ပါသနည်း။ လူတစ်ဦးသည် ကံကြမ္မာအပေါ် အပျက်သဘောဆောင်သည့် သဘောထားရှိပါက၊ ၎င်းတို့အတွက် ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို သူတို့ခုခံနေကြောင်း၊ ၎င်းတို့တွင် ကျိုးနွံနာခံသည့် သဘောထားမရှိကြောင်းကို ယင်းက သက်သေပြပေသည်။ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို တစ်ဦးတစ်ယောက်သည် အပြု သဘောဆောင်သည့် သဘောထားရှိပါက သူ့ခရီးကို ပြန်ကြည့် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သဘောပေါက်လာသည့်အခါ၊ ဘုရားသခင်စီစဉ်ပေးသည့် အရာရာတိုင်းကို ကျိုးနွံနာခံဖို့ သာ၍ လေးလေးနက်နက် ဆန္ဒရှိလာလိမ့်မည်၊ ၎င်း၏ ကံကြမ္မာကို ဘုရားသခင်အား စီစဉ်ညွှန်ကြားခွင့်ပြုဖို့နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်းအား ရပ်ဖို့၊ စိတ်ပိုင်းဖြတ်ချက်နှင့် ယုံကြည်မှု ပိုပြီးရှိလာလိမ့်မည်။ အကြောင်းမှာ ၎င်းသည် ကံကြမ္မာကို နားလည်သဘောပေါက်ခြင်း မရှိသည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို နားလည်ခြင်းမရှိသည့်အခါ၊ မြူများကိုဖြတ်သွားရင်း ဒယိမ်းဒယိုင်နှင့် ကိုယ့်သဘောနှင့် စမ်းတဝါးဝါးသွားသည့်အခါ ခရီးက အလွန်ခက်ခဲသည်။ အလွန် ကြေကွဲဖွယ်ကောင်းပါသည်။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုမိလာသည့်အခါ၊ ပါးနပ်သူများက ဤအချက်ကို သိဖို့၊ လက်ခံဖို့၊ ၎င်းတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် ကောင်းမွန်သည့် ဘဝတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားသည့်အချိန်တွင် နာကျင်ရသည့် နေ့ရက်များကို နှုတ်ဆက်လိုက်ဖို့၊ ကံကြမ္မာကို ဆန့်ကျင်ရုန်းကန်ခြင်းနှင့် ကိုယ်ပိုင်နည်းလမ်းများဖြင့် ၎င်းတို့၏ ဘဝပန်းတိုင်ဟု ၎င်းတို့ခေါ်သည့် အရာများနောက် လိုက်စားခြင်းအား ရပ်တန့်ဖို့ ရွေးချယ်ကြသည်။ လူတစ်ယောက်သည် ဘုရားသခင်မရှိသည့်အခါ၊ သူ့ကို မမြင်နိုင် သည့်အခါ၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်း လင်းလင်း မသိသည့်အခါ၊ နေ့တိုင်းက အဓိပ္ပာယ်မရှိ၊ တန်ဖိုးမရှိ၊ စိတ်မချမ်းမြေ့စရာ ဖြစ်သည်။ လူသည် မည်သည့်နေရာ၌ရှိပါစေ၊ မည်သည့်အလုပ်ကိုလုပ်ပါစေ ၎င်း၏အသက်ရှင်မှုနည်းလမ်းနှင့် ၎င်း၏ ပန်းတိုင်နောက်လိုက်ခြင်းက ၎င်းအား အဆုံးမရှိသည့် ကြေကွဲခြင်းနှင့် သက်သာခြင်းမရှိသည့် ဒုက္ခခံစားမှုတို့ကိုသာ ယူဆောင်လာပေးသည်၊ ယင်းမှာ မိမိ၏ အတိတ်ကို ပြန်လှည့် ကြည့်ဖို့ ခံနိုင်ရည်မရှိသည့်အရာမျိုးဖြစ်သည်။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို လက်ခံသည့်အခါမှသာ၊ သူ၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံပြီး စစ်မှန်သော လူ့ဘဝကို ရှာဖွေသည့်အခါမှသာ ဘဝ၏ အနှစ်မဲ့ခြင်းဟူသမျှကို ခါချပြီး ကြေကွဲခြင်းနှင့် ဒုက္ခခံစားမှုအားလုံးမှ တဖြည်းဖြည်း လွတ်ကင်းမည်ဖြစ်သည်။

၄။ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံသူတို့သာ စစ်မှန်သည့် လွတ်လပ်ခြင်းကို ရရှိနိုင်သည်

လူတို့က ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သတိပြုခြင်း မရှိသည့်အတွက်၊ သူတို့သည် ကံကြမ္မာကို ကလန်ကဆန်ပြုကာ ပုန်ကန်သည့် စိတ်သဘောနှင့် အမြဲ ရင်ဆိုင်ကြပြီး သူတို့၏ လက်ရှိအခြေအနေများကို ပြောင်းလဲပြီး ကံကြမ္မာကို ပြောင်းလဲဖို့ အချည်းနှီးမျှော်လင့်လျက် ဘုရားသခင်၏ အခွင့်အာဏာ၊ အချုပ်အခြာ အာဏာနှင့် ကံကြမ္မာက အဆင်သင့်ထားသည့် အရာတို့ကို အမြဲစွန့်ပစ်ချင်ကြသည်။ သို့သော်လည်း သူတို့ ဘယ်သောအခါမှ မအောင်မြင်နိုင်သကဲ့သို့ အလှည့်တိုင်းတွင် တားဆီးခံရသည်။ လူတစ်ယောက်၏ ဝိညာဉ် အတွင်း နက်နက်ရှိုင်းရှိုင်း ဖြစ်ပျက်သည့် ဤရုန်းကန်လှုပ်ရှားမှုက အချိန်တိုင်း ၎င်း၏ ဘဝကို ဖြုန်းတီးပစ်သည်နှင့်အမျှ အရိုးခိုက်အောင် နက်ရှိုင်းသည့် နာကျင်မှုမျိုးကို ယူဆောင်လာ လေသည်။ ဤနာကျင်မှုကို မည်သည့်အရာက ဖြစ်စေသနည်း။ ဘုရားသခင်၏ အချုပ်အခြာအာဏာကြောင့်လော သို့မဟုတ် လူတစ်ယောက်က ကံမကောင်းစွာနှင့် မွေးဖွားလာသောကြောင့် ဖြစ်သလော။ သိသာစွာပင် တစ်ခုမျှ မမှန်ကန်ပေ။ တကယ့်အကြောင်းရင်းက လူတို့ လျှောက်ကြသည့် လမ်းကြောင်းများ၊ ၎င်းတို့ဘဝကို အသက်ရှင်နေထိုင်ဖို့ လူတို့ရွေးချယ်သည့် နည်းလမ်းများ ကြောင့်ဖြစ်သည်။ လူအချို့က ဤအရာများကို နားလည်ကောင်းနားလည်နိုင်မည်မဟုတ်။ သို့သော်လည်း သင်တကယ် သိလာသည့်အခါ၊ လူသား၏ ကံကြမ္မာအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင်အမှန်တကယ် သတိပြုမိလာသည့်အခါ၊ ဘုရားသခင်က သင့်အတွက် စီစဉ်ထားပြီး သတ်မှတ်ထားသည့် အရာရာတိုင်းက ကြီးမားသည့် အကျိုးကျေးဇူးနှင့် ကွယ်ကာမှုဖြစ်သည်ကို သင်အမှန်တကယ် နားလည်လာသည့်အခါ သင့်နာကျင်မှုက စတင်ပေါ့ပါးလာကာ၊ သင့်တစ်ကိုယ်လုံးက သက်သောင့်သက်သာ ရှိလာသည်၊ ပေါ့ပါးလွတ်လပ်ပြီး လွတ်မြောက်လာသည်ကို သင်ခံစားရမည်။ လူအများစု၏ အခြေအနေများမှ အကဲဖြတ်ရပါက၊ ၎င်းတို့သည် ခံစားချက်အဆင့်အရ ၎င်းတို့ ယခင်က အသက်ရှင်နေထိုင်သကဲ့သို့ ဆက်ပြီး မနေထိုင်ချင်သော်လည်း၊ ၎င်းတို့၏နာကျင်မှုမှ သက်သာချင်သော်လည်း၊ အရှိအတိုင်းဆိုလျှင် ၎င်းတို့သည် လူသားတို့၏ ကံကြမ္မာအပေါ် ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာ၏ လက်တွေ့ကျသည့် တန်ဖိုးနှင့် အဓိပ္ပါယ်ကို အမှန်တကယ် နားမလည်နိုင်ကြပေ၊ အရှိအတိုင်း ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားမှုနှင့် စီစဉ်မှုကို မည်သို့ရှာဖွေပြီး လက်ခံရမည်ကို သိဖို့နေနေသာသာ၊ ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို အမှန်တကယ် သတိပြုမိပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် လူတို့သည် လူသား၏ ကံကြမ္မာနှင့် ကိစ္စရပ်များ အားလုံးအပေါ် ဖန်ဆင်းရှင်က အချုပ်အခြာအာဏာ ရှိသည်ဆိုသည့် အချက်ကို အမှန်တကယ် သတိမပြုမိပါက၊ ဖန်ဆင်းရှင်၏ အုပ်စိုးမှုကို အမှန်တကယ် ကျိုးနွံနာခံနိုင်ခြင်းမရှိပါက၊ ၎င်းတို့ အတွက် “လူတစ်ယောက်၏ကံကြမ္မာက သူ့လက်ထဲမှာရှိသည်” ဆိုသည့် အယူအဆအားဖြင့် မောင်းနှင်ခြင်းမခံရဖို့နှင့် ချုပ်ချယ်ခြင်း မခံရဖို့ ခက်ခဲပေလိမ့်မည်။ ကံကြမ္မာနှင့် ဖန်ဆင်းရှင်၏ သြဇာ အာဏာတို့ကို ဆန့်ကျင်ပြီး ပြင်းထန်စွာ ရုန်းကန်လှုပ်ရှားခြင်း၏ နာကျင်မှုများကို ပယ်ရှားဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ ပြောဖို့မလိုသည်မှာ ၎င်းတို့ အမှန်တကယ် လွတ်မြောက်ပြီး လွတ်လပ်ဖို့၊ ဘုရားသခင်ကို ကိုးကွယ်သည့်လူများဖြစ်လာဖို့ ၎င်းတို့အတွက် ခက်ခဲပါလိမ့်မည်။ သို့သော်၊ ဤအခြေအနေမှ မိမိကိုယ်ကိုယ် လွတ်မြောက်ဖို့ အလွန့်အလွန် ရိုးရှင်းသည့် နည်းလမ်းတစ်ခု ရှိ၏။ ယင်းမှာ ယခင်က အသက်ရှင် နေထိုင်သည့်ပုံစံကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝပန်းတိုင်များကို နှုတ်ဆက်လိုက်ဖို့၊ ယခင်က ဘဝနေထိုင်မှုပုံစံ၊ ဘဝအပေါ်ရှုမြင်ပုံ၊ လိုက်စားမှုများ၊ အလိုဆန္ဒများနှင့် စံသတ်မှတ်ချက်များကို အနှစ်ချုပ်ကာ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့ကို ဘုရားသခင်၏ အလိုတော်၊ လူသားအတွက် တောင်းဆိုချက်များနှင့် နှိုင်းယှဉ်ကြည့်ပြီး ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘုရားသခင်၏ အလိုတော်နှင့် တောင်းဆိုမှုများနှင့် ကိုက်ညီမှုရှိမရှိ၊ ၎င်းတို့အထဲမှ တစ်စုံတစ်ခုက ဘဝ၏ မှန်ကန်သည့် တန်ဖိုးကို ပေးအပ်ခြင်းရှိမရှိ၊ သမ္မာတရားကို ပိုပြီးသိနားလည်မှုဆီသို့ ဆိုက်ရောက်စေခြင်းရှိမရှိ၊ လူ့သဘာဝနှင့် လူသားပုံသဏ္ဌာန်ဖြင့် နေထိုင်ခွင့်ပေးခြင်းရှိမရှိ ကြည့်ဖို့ဖြစ်သည်။ ဘဝတွင် လူတို့ကြိုးစားအားထုတ်သည့် ပန်းတိုင် အမျိုးမျိုးနှင့် ၎င်းတို့၏ မတူကွဲပြားသော မြောက်များစွာသော အသက်ရှင်နေထိုင် နည်းများကိုသင့်အနေဖြင့် ထပ်တလဲလဲ စုံစမ်းစစ်ဆေးပြီး ဂရုတစိုက် စိတ်ဖြာကြည့်သည့်အခါ ဖန်ဆင်းရှင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည့်အချိန်က သူ၏ နဂိုမူလ ရည်ရွယ်ချက်နှင့် မည်သည့်အရာကမျှ ကိုက်ညီမှုမရှိသည်ကို သင်တွေ့ရလိမ့်မည်။ ၎င်းတို့အားလုံးက ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာနှင့် ဂရုစိုက်မှု၏ အဝေးသို့ လူတို့ကို ဆွဲခေါ်သွားသည်။ ၎င်းတို့အားလုံးသည် လူသားမျိုးနွယ် သက်ဆင်းသည့် ငရဲသို့ ပို့ဆောင်သော တွင်းများဖြစ်သည်။ ဤအရာကို သင်အသိအမှတ်ပြုပြီးနောက် သင်၏တာဝန်မှာ သင်၏ ဘဝအပေါ် ရှုမြင်ပုံဟောင်းကို ဘေးချိတ်ထားပြီး ထောင်ချောက် အမျိုးမျိုးမှ ဝေးဝေးနေကာ သင့်ဘဝကို ဘုရားသခင်အား တာဝန်ယူစေ၍ သင့်အတွက် အစီအစဉ်များ ပြုလုပ်စေဖို့ ဖြစ်သည်၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် လမ်းပြမှုတို့ကို ကျိုးနွံနာခံဖို့၊ တစ်ဦးချင်း ရွေးချယ်မှုမရှိဘဲ အသက်ရှင်ဖို့နှင့် ဘုရားသခင်ကို ကိုးကွယ်သည့်လူတစ်ယောက် ဖြစ်လာရန် ကြိုးစားဖို့ ဖြစ်သည်။ လွယ်ကူသည်ဟုထင်ရပါသည်။ သို့သော်လည်း လုပ်ဖို့ ခက်ခဲသည့်အရာဖြစ်၏။ လူအချို့တို့က ဤအရာ၏ နာကျင်မှုကို ခံနိုင်သည်။ တစ်ချို့က မခံနိုင်။ တစ်ချို့က လိုက်နာဖို့ ဆန္ဒရှိသည်။ တစ်ချို့က မရှိပေ။ ဆန္ဒမရှိသည့်သူများက ဤကဲ့သို့လုပ်ဖို့ အလိုဆန္ဒနှင့် ခိုင်မာသည့် ဆုံးဖြတ်ချက်မရှိကြ။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို ရှင်းရှင်းလင်းလင်း သတိပြု မိသည်။ လူသားကံကြမ္မာကို အသေးစိတ် စီမံချက်ရေးဆွဲပြီး စီစဉ်သူသည် ဘုရားသခင်ဆိုသည်ကို ကောင်းစွာသိသည်။ သို့သော်လည်း သူတို့သည် ကြိုးစား ရုန်းကန်နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်၏ လက်ထဲတွင် ၎င်းတို့ကံကြမ္မာကို ချထားဖို့၊ ဘုရားသခင်၏ အချုပ်အခြာအာဏာကို ကျိုးနွံနာခံဖို့ လက်မခံသေးသည့်အပြင် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုနှင့် အစီအစဉ်တို့ကို သူတို့ မကျေနပ်ကြချေ။ ထို့ကြောင့် ၎င်းတို့ ဘယ်အရာတတ်စွမ်းသည်ဆိုတာကို ၎င်းတို့ကိုယ်၎င်းတို့ မြင်ချင်သည့် လူတစ်ချို့ အမြဲရှိနေပေလိမ့်မည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်လက်နှစ်ဖက်နှင့် မိမိတို့၏ ကံကြမ္မာကို ပြောင်းလဲချင်ကြသည်။ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်အစွမ်းနှင့် ပျော်ရွှင်မှုကို ရယူချင်သည်၊ ဘုရားသခင်၏ သြဇာအာဏာ နယ်နိမိတ်စည်းများကို ကျော်ပြီး ဘုရားသခင် အချုပ်အခြာ အာဏာ၏ အထက်တွင် မြှင့်တက်နိုင်ခြင်းရှိမရှိ မြင်လိုကြသည်။ လူသား၏ ဝမ်းနည်းစရာက ပျော်ရွှင်သည့်ဘဝကို လူသားက ရှာခြင်းမဟုတ်ပေ၊ ကျော်ကြားမှု၊ စည်းစိမ် သို့မဟုတ် မြူများကိုဖြတ်ရင်း မိမိ၏ကိုယ်ပိုင် ကံကြမ္မာနှင့် ဆန့်ကျင် ရုန်းကန်ခြင်း မဟုတ်ဘဲ၊ ၎င်းသည် ဖန်ဆင်းရှင်၏ တည်ရှိမှုကို သိမြင်ပြီးနောက်၊ ဖန်ဆင်းရှင်က လူသား၏ ကံကြမ္မာအပေါ် အချုပ်အခြာအာဏာရှိသည်ဆိုသည့် အချက်ကို သိရှိပြီးနောက် ၎င်း၏ နည်းလမ်းများကို မပြုပြင်နိုင်သေးသကဲ့သို့ ၎င်း၏ ခြေထောက်များကို ရွှံ့နွံထဲမှ ဆွဲမထုတ်နိုင်ဘဲ ၎င်း၏နှလုံးသားကို မာကျောစေပြီး ၎င်းအမှားများကို မရမကပြုလုပ်ခြင်း ဖြစ်ပေသည်။ ၎င်းသည် နောင်တအနည်းငယ်မျှမရဘဲ အဆုံးအထိ ခုခံရင်း ဖန်ဆင်းရှင်၏ အချုပ်အခြာအာဏာကို ခေါင်းမာစွာနှင့် ဆန့်ကျင်အန်တုရင်း ရွံ့ထဲမှာပင် ဆက်ပြီး ယက်ကန်ယက်ကန် ဆက်ဖြစ်နေဖို့သာ လိုလားလေသည်။ နောက်ဆုံး အရှုံးပေးပြီး နောက်ပြန်လှည့်ဖို့ သူ ဆုံးဖြတ်သည်မှာ သူသည် ကျိုးပဲ့လဲကျပြီး သွေးထွက်သည့်အချိန်မှသာ ဖြစ်သည်။ ဤသည်မှာ စစ်မှန်သည့် လူသား၏ ဝမ်းနည်းမှုဖြစ်၏။ ထို့ကြောင့် ကျိုးနွံနာခံဖို့ ရွေးချယ်သည့်သူများက အသိပညာရှိပြီး ရုန်းကန်ကာ လွတ်မြောက်ဖို့ ကြိုးစားသူတို့က ခေါင်းမာသူများဖြစ်သည်ဟု ငါဆိုခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၃)” မှ

အမှာစကား ချန်ခဲ့မည်