ယောဘနှင့်ပတ်သက်၍ လူတို့၏ များစွာသော နားလည်မှု လွဲမှားခြင်းများ
ယောဘခံစားခဲ့ရသည့် ဆင်းရဲဒုက္ခသည် ဘုရားသခင် စေလွှတ်ခဲ့သော စေတမန်များ၏ လုပ်ဆောင်ချက် မဟုတ်ခဲ့သကဲ့သို့၊ ဘုရားသခင် ကိုယ်တိုင်၏လက်က ဖြစ်ပေါ်စေခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား ထိုအရာမှာ ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်က ကိုယ်တိုင်ကိုယ်ကျ ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ယောဘ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ၏ အဆင့်မှာ နက်နဲခဲ့သည်။ သို့သော် ဤအခိုက်အတန့်တွင် ယောဘသည် သူ၏ စိတ်နှလုံးထဲမှ ဘုရားသခင်ကို နေ့စဉ်သိသော အသိ၊ သူ၏ နေ့စဉ် လုပ်ဆောင်ချက်များ၏ နိယာမများနှင့် ဘုရားသခင်အပေါ် သူ၏ သဘောထားတို့ကို ကန့်သတ်ချက် မရှိဘဲ၊ လက်တွေ့ပြသခဲ့ပြီး ဤသည်မှာ အမှန်တရား ဖြစ်သည်။ အကယ်၍ ယောဘသည် စုံစမ်းနှောင့်ယှက်ခြင်းကို မခံခဲ့ရပါက၊ အကယ်၍ ဘုရားသခင်သည် ယောဘအပေါ် စမ်းသပ်မှုများကို ယူဆောင်လာခဲ့ခြင်း မရှိပါက၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟု ယောဘ ပြောသည့်အခါ၊ သင်က ယောဘသည် သူတော်ကောင်း ယောင်ဆောင်သောသူ တစ်ဦးဖြစ်သည်၊ ဘုရားသခင်သည် သူ့အား ပစ္စည်းဥစ္စာများစွာ ပေးခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ယေဟောဝါ၏ နာမကို ဧကန် ကောင်းချီးပေးခဲ့ခြင်း ဖြစ်သည်ဟု သင်ဆိုလိမ့်မည် ဖြစ်သည်။ အကယ်၍ စမ်းသပ်မှုများကို မခံစားရမီ ယောဘက၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟုဆိုခဲ့ပါက ယောဘသည် ပုံကြီးချဲ့ပြောနေခြင်းဖြစ်ပြီး သူသည် ဘုရားသခင်၏ လက်အားဖြင့် မကြာခဏ ကောင်းချီးပေးခံခဲ့ရသောကြောင့်၊ ဘုရားသခင်၏ နာမကို စွန့်ပယ်လိမ့်မည် မဟုတ်ဟု သင်ဆိုပေမည်။ အကယ်၍ ဘုရားသခင်သည် သူ့အပေါ် ဘေးဒုက္ခကို ဆောင်ယူခဲ့ပါက၊ သူသည် ဘုရားသခင်၏နာမကို ဧကန်အမှန် စွန့်ပယ်မည်ဟု သင်ဆိုမည် ဖြစ်သည်။ သို့သော် ယောဘသည် သူ့ကိုယ်သူ မည်သူမျှ အလိုမရှိမည့် သို့မဟုတ် မည်သူမျှ မမြင်လိုမည့် အခြေအနေများ၊ ၎င်းတို့အပေါ် ကျရောက်မည်ကို ကြောက်ရွံ့သည့်အတွက် ၎င်းတို့အပေါ်ကျရောက်ရန် မည်သူမျှအလိုမရှိသည့် အခြေအနေများ၊ ဘုရားသခင်ပင်လျှင် ကြည့်ရက်နိုင်ခြင်း မရှိသော အခြေအနေများ၌ ရောက်ရှိနေခဲ့သည်ကို သိရှိသည့်အခါ၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။”၊ ပြီးလျှင် “ငါတို့သည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟူ၍ ယောဘသည် သူ၏ တည်ကြည်ခြင်းကို ဆက်၍ ထိန်းထားနိုင်ခဲ့သည်။ ယောဘ၏ပြုမူပုံနှင့် ဤအကြိမ်တွင် ရင်ဆိုင်ရလျက်၊ ကြီးကျယ်သော စကားများ ပြောရသည်ကို နှစ်ခြိုက်သောသူများနှင့် ကျမ်းဟောင်းတရားများနှင့် အယူဝါဒများ ပြောဆိုရသည်ကို နှစ်ခြိုက်သောသူများသည် အာစေးမိကုန်ကြသည်။ ဘုရားသခင်၏နာမကို အပြောဖြင့်သာ ထောမနာပြုသော်လည်း၊ ဘုရားသခင်၏ စမ်းသပ်မှုများကို မည်သည့်အခါမျှ လက်မခံခဲ့သော သူများသည် ယောဘ မြဲမြံစွာ ထိန်းထားခဲ့သော တည်ကြည်မှုအားဖြင့် ပြစ်တင်ရှုတ်ချခြင်းကို ခံရကြပြီး လူသားသည် ဘုရားသခင်၏ လမ်းခရီးကို မြဲမြံစွာ ထိန်းထားနိုင်မည် ဟု မည်သည့်အခါကမျှ မယုံကြည်ဖူးသော သူများသည် ယောဘ၏ သက်သေခံချက်အားဖြင့် စီရင်ခြင်းကို ခံရကြလေသည်။ ဤစမ်းသပ်မှုများ အတောအတွင်း ယောဘ၏ အပြုအမူနှင့် သူပြောခဲ့သော စကားများဖြင့် ရင်ဆိုင်ရလျက်၊ လူအချို့သည် စိတ်ရှုပ်ထွေးကြလိမ့်မည်၊ အချို့တို့သည် မနာလို ဖြစ်ကြလိမ့်မည်၊ အချို့တို့သည် သံသယဖြစ်ကြလိမ့်မည်ဖြစ်ပြီး အချို့တို့သည် ၎င်းတို့အနေဖြင့် စမ်းသပ်မှုများ အတောအတွင်းတွင် ယောဘအပေါ် ကျရောက်ခဲ့သော ညှဉ်းဆဲမှုကို မြင်ရကြပြီး ယောဘပြောခဲ့သော စကားများကို ဖတ်ရကြသည်သာမက၊ သူ့အပေါ် စမ်းသပ်မှုများ ရောက်လာခဲ့သည့်အချိန်တွင် ယောဘပြခဲ့သော လူသား “အားနည်းချက်” ကိုလည်း မြင်ကြရသောကြောင့်၊ ယောဘ၏ သက်သေခံချက်အပေါ် ၎င်းတို့၏ နှာခေါင်းများကို ရှုံ့ကြရင်း စိတ်မဝင်စားပုံပင်ပေါ်ကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့ ယုံကြည်သော ဤ “အားနည်ချက်” မှာ ယောဘ၏ စုံလင်ခြင်းထဲက မစုံလင်ခြင်း၊ ဘုရားသခင်၏ အမြင်တွင် စုံလင်ခဲ့သည့် လူသားတစ်ဦးထဲက အပြစ်အနာအဆာ ဖြစ်ရမည်ဖြစ်သည်။ ဆိုလိုသည်မှာ စုံလင်သောသူများသည် အပြစ်အနာအဆာကင်းကြသည်၊ အစွန်းအထင်း သို့မဟုတ် ညစ်နွမ်းမှုမရှိ၊ ၎င်းတို့သည် အားနည်းချက်များ မရှိကြ၊ နာကျင်မှုအသိ မရှိကြ၊ မပျော်မရွှင် ဖြစ်ခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း မည်သည့်အခါမျှ မခံစားရကြသကဲ့သို့၊ မုန်းတီးခြင်း သို့မဟုတ် အပြင်ပိုင်းအားဖြင့် အစွန်းရောက်သော အပြုအမူ တစ်ခုတစ်လေ မရှိသောသူများ ဖြစ်သည်ဟု ယုံကြည်တတ်ကြသည်။ အကျိုးဆက်အနေဖြင့် ယောဘသည် အမှန်တကယ် စုံလင်ခဲ့သည်ဟု လူအများစုတို့က မယုံကြည်ကြပေ။ သူ၏ စမ်းသပ်မှုများ အတောအတွင်း သူ၏အပြုအမူများစွာကို လူတို့က လက်မခံကြပေ။ ဥပမာအားဖြင့် ယောဘသည် သူ၏ ဥစ္စာပစ္စည်းနှင့် သားသမီးများကို ဆုံးရှုံးခဲ့ရချိန်တွင်၊ သူသည် လူတို့ စိတ်ကူးသကဲ့သို့ မျက်ရည်ကျ ငိုကြွေးခဲ့ခြင်း မရှိခဲ့ပေ။ သူသည် သူ၏မိသားစုအတွက် မျက်ရည်များ သို့မဟုတ် ချစ်ခင်ခြင်း မရှိခဲ့သည့်အတွက်၊ သူ၏ “တင့်တယ်လျောက်ပတ်သော အမူအကျင့် ကင်းမဲ့ခြင်း” သည် သူ့အား အေးစက်သောသူ ဖြစ်သည်ဟု လူတို့ကို ထင်စေသည်။ ဤသည်မှာ ယောဘနှင့်သက်ဆိုင်၍ လူတို့ရှိကြသည့် ကနဦး မကောင်းသည့် ထင်မြင်ချက် ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် သူ၏အပြုအမူသည် သာ၍ပင် ဦးနှောက်ခြောက်စရာ ဖြစ်သည်ဟု မြင်ကြသည်- “မိမိဝတ်လုံကိုဆုတ်ပြီး” ဆိုသည်ကို လူတို့က ဘုရားသခင်အတွက် သူ၏ မရိုသေခြင်း ဖြစ်သည်ဟူ၍ အဓိပ္ပာယ် ကောက်ခဲ့ကြပြီး၊ “ဦးခေါင်းကိုရိတ်၍” ဆိုသည်ကို ဘုရားသခင်အား ယောဘ၏ စော်ကားခြင်းနှင့် ဆန့်ကျင်ခြင်းကို ဆိုလိုသည်ဟု တလွဲယုံကြည်ကြလေသည်။ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေ။” ဟူသော ယောဘ၏ စကားများ မှလွဲ၍၊ လူတို့သည် ယောဘထဲ၌ ဘုရားသခင်၏ ချီးကျူးခြင်းကို ခံခဲ့ရသော မည်သည့် ဖြောင့်မတ်ခြင်းကိုမျှ မမြင်ကြပေ၊ ထို့ကြောင့် ၎င်းတို့ အများစု ပြုလုပ်ကြသည့် ယောဘနှင့်သက်ဆိုင်သည့် အကဲဖြတ်ချက်မှာ နားမလည်နိုင်ခြင်း၊ နားလည်မှုလွဲခြင်း၊ သံသယဖြစ်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းနှင့် သဘောတရားဖြင့်သာ လက်ခံခြင်းထက် မပိုပေ။ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်သော လူသားတစ်ဦး ဖြစ်သည်၊ ဘုရားသခင်ကို ကြောက်ရွံ့ပြီး မကောင်းမှုကို ရှောင်ကြဉ်ခဲ့သောသူတစ်ဦး ဖြစ်သည်ဟူသော ယေဟောဝါ ဘုရားသခင်၏ စကားများကို ၎င်းတို့ထဲမှ မည်သူမျှ အမှန်တကယ် နားမလည်နိုင်ကြသကဲ့သို့ အသိအမှတ်မပြုနိုင်ကြပေ။
ယောဘနှင့်သက်ဆိုင်သည့် ၎င်းတို့၏ အထက်ပါ ထင်မြင်ချက်ကို အခြေခံ၍ သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင်ထားခဲ့သည့် ယောဘ၏ လုပ်ဆောင်ချက်များနှင့် သူ၏ အပြုအမူသည် လူတို့ စိတ်ကူးထားပြီး ဖြစ်မည့်အတိုင်း အလွန်အံ့အားသင့်လောက်အောင် တို့ထိခြင်း မရှိသည့်အတွက်၊ လူတို့သည် သူ၏ ဖြောင့်မတ်ခြင်းနှင့်စပ်လျဉ်းပြီး နောက်ထပ် သံသယများ ရှိကြလေသည်။ သူသည် မည်သည့် ကြီးမားသော စွမ်းဆောင်မှုကိုမျှ မဆောင်ရွက်ခဲ့သည်သာမက၊ သူသည် ပြာထဲတွင် ထိုင်နေစဉ် မိမိကိုယ်ကိုယ် ကုတ်ခြစ်ရန် အိုးခြမ်းပဲ့ကိုလည်း ယူခဲ့သည်။ ယောဘသည် သူ့ကိုယ်သူ ခြစ်နေစဉ် ဘုရားသခင်ထံ ဆုမတောင်းခဲ့သကဲ့သို့၊ သို့မဟုတ် ဘုရားသခင်အား ကတိ မပေးခဲ့သည့်အပြင်၊ သူသည် နာကျင်မှု မျက်ရည်များဖြင့် ငိုကြွေးသည်ကို မမြင်ခဲ့ရသည့်အတွက်၊ ဤလုပ်ရပ်သည်လည်း လူတို့အား အံ့အားသင့်စေပြီး ယောဘ၏ ဖြောင့်မတ်ခြင်းကို သံသယ ဖြစ်စေကာ ငြင်းပင်ငြင်းပယ်စေလေသည်။ ဤအကြိမ်တွင် လူတို့သည် ယောဘ၏ အားနည်ချက်ကိုသာ မြင်ကြပြီး အခြားမည်သည့်အရာကိုမျှ မမြင်ကြသောကြောင့်၊ “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” ဟု ယောဘ ဆိုသည်ကို ၎င်းတို့ ကြားကြချိန်တွင်ပင် လုံးဝ တို့ထိခံရခြင်း မရှိကြပေ၊ သို့မဟုတ် ချီတုံချတုံ ဖြစ်ခြင်း မရှိသကဲ့သို့၊ ယောဘ၏ စကားများမှ သူ၏ ဖြောင့်မတ်ခြင်းကို သိမြင်နိုင်ခြင်း မရှိကြသေးပေ။ သူ၏စမ်းသပ်မှုများနှင့်သက်ဆိုင်သည့် ညှဉ်းဆဲခြင်း အတောအတွင်းတွင် လူတို့အား ယောဘပေးသည့် အခြေခံကျသော ထင်မြင်ချက်မှာ သူသည် ကြောက်ရွံ့တွန့်ဆုတ်နေခြင်းလည်း မရှိခဲ့သကဲ့သို့၊ မာနလည်း မထောင်လွှားခဲ့ဟူ၍ ဖြစ်သည်။ သူ၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ ဖြစ်ပျက်ခဲ့သော သူ၏အပြုအမူ နောက်ကွယ်မှ အဖြစ်အပျက်ကို လူတို့ မမြင်ကြသည်သာမက၊ သူ၏စိတ်နှလုံးထဲက ဘုရားသခင်ကို ကြောက်ရွံ့ခြင်း သို့မဟုတ် မကောင်းမှု ရှောင်ကြဉ်ခြင်း လမ်းခရီး၏ အခြေခံသဘောတရားကို သူ၏ စောင့်ထိန်းခြင်းအားလည်း မမြင်ကြပေ။ သူ၏ စိတ်တည်ငြိမ်ခြင်းသည် သူ၏ စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့မှာ အနှစ်မဲ့သော စကားများသာဖြစ်သည်၊ ဘုရားသခင်အပေါ် သူ၏ ကြောက်ရွံ့ခြင်းမှာ ကောလာဟလမျှသာ ဖြစ်သည်ဟု လူတို့အား ထင်စေသည်။ ထိုစဉ်အတောအတွင်း အပြင်ပန်းအားဖြင့် သူထုတ်ဖော်ပြခဲ့သော “အားနည်ချက်” သည် ဘုရားသခင်က စုံလင်ကာ ဖြောင့်မတ်သည်ဟု သတ်မှတ်သော လူသားအပေါ် “အမြင်သစ်” တစ်ခုနှင့် “နားလည်မှုအသစ်” တစ်ခုကိုပင် ပေးလျက်၊ ၎င်းတို့အပေါ် အလွန်နက်နဲသော ထင်မြင်ချက်ကို ချန်ထား ရစ်လေသည်။ ယောဘက သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့ချိန်တွင်၊ ထိုသို့သော “အမြင်သစ်” နှင့် “နားလည်မှုအသစ်” များကို အတည်ပြုလိုက်ပေသည်။
သူခံစားခဲ့ရသော ညှဉ်းဆဲမှု အတိုင်းအတာသည် မည်သည့်လူသားမျှ မတွေးတတ်အောင်ဖြစ်ပြီး နားမလည်နိုင်အောင် ဖြစ်လည်း၊ သူသည် မိစ္ဆာဒိဋ္ဌိစကားများကို မပြောခဲ့ဘဲ၊ သူ၏ ကိုယ်ခန္ဓာ နာကျင်မှုဝေဒနာကို သူ၏ ကိုယ်ပိုင် နည်းလမ်းဖြင့် သက်သာရုံ သက်သာစေခဲ့သည်။ သမ္မာကျမ်းထဲ၌ မှတ်တမ်းတင်ခဲ့သည်နှင့်အညီ၊ “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေ ယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။” (ယောဘ ၃:၃) ဟု သူဆိုခဲ့သည်။ ဤစကားများကို အရေးကြီးသည်ဟု မည်သူမျှက တစ်ခါမျှ သဘောထားကောင်း ထားမည်မဟုတ်သကဲ့သို့၊ ထိုအရာများကို အာရုံစိုက်ပြီးသော လူများ ရှိကောင်းရှိပေမည်။ သင်တို့၏ အမြင်တွင်၊ ယောဘသည် ဘုရားသခင်ကို ဆန့်ကျင် ခဲ့သည်ဟု ထိုစကားများက ဆိုလိုသလော။ ထိုစကားများသည် ဘုရားသခင်ကို မကျေမနပ်ဖြစ်ခြင်း တစ်ခု ဖြစ်သလော။ သင်တို့ထဲမှ များစွာသည် ယောဘပြောခဲ့သော ဤစကားများနှင့်ပတ်သက်၍ အချို့သော အတွေးအခေါ်များ ရှိကြပြီး၊ အကယ်၍ ယောဘသည် စုံလင်ပြီး ဖြောင့်မတ်ပါက၊ သူသည် အားနည်းချက် သို့မဟုတ် ပူဆွေးသောက တစ်စုံတစ်ရာကို မပြသင့်သကဲ့သို့၊ ယင်းအစား စာတန်ထံမှ မည်သည့်တိုက်ခိုက်မှုကိုမဆို အပြုသဘောဆန်စွာဖြင့် ရင်ဆိုင်ခဲ့သင့်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်မှုများကို ရင်ဆိုင်ရာတွင် ပြုံးပင် ပြုံးခဲ့သင့်သည်ဟု ယုံကြည်ကြသည်ကို ငါသိသည်။ သူသည် သူ၏ခန္ဓာကိုယ်ပေါ် စာတန် ဆောင်ကြဉ်းခဲ့သည့် ညှဉ်းဆဲမှု တစ်ခုတစ်လေကို အနည်းငယ်မျှ တုံ့ပြန်မှု မရှိသင့်သကဲ့သို့၊ သူ၏ စိတ်နှလုံးအတွင်းရှိ စိတ်ခံစားချက် တစ်ခုတစ်လေကို မပြခဲ့သင့်ပေ။ ဘုရားသခင်သည် ဤစမ်းသပ်မှုများကို ပို၍ပင် ပြင်းထန်စေရန် ဘုရားသခင်အား သူတောင်းလျှောက်ခဲ့သင့်ပေသည်။ ဤသည်မှာ မဆုတ်မနစ်ဖြစ်ပြီး ဘုရားသခင်ကို စစ်မှန်စွာ ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်သောသူ တစ်စုံတစ်ဦးက လက်တွေ့ပြသပြီး ပိုင်ဆိုင်သင့်သည့်အရာ ဖြစ်သည်။ အလွန်ပြင်းထန်သော ဤညှဉ်းဆဲမှု အလယ်တွင်၊ ယောဘသည် သူမွေးဖွားသော နေ့ရက်ကိုသာ ကျိန်ဆဲခဲ့သည်။ သူသည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းငှာ ရည်ရွယ်ချက် တစ်ခုတစ်လေရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်ကို ညည်းညူခြင်းပင် မပြုခဲ့ပေ။ ရှေးခေတ် အချိန်ကာလများမှစ၍ ယနေ့အထိ၊ ယောဘပေါ် ကျရောက်ခဲ့သည့် ထိုသို့သော စုံစမ်းနှောင့်ယှက်မှုများကို မည်သူမျှ မတွေ့ကြုံဖူးသည့်အတွက် သို့မဟုတ် မခံစားဖူးသည့်အတွက်၊ ဤအရာသည် အပြောက အလုပ်ထက် ပို၍ လွယ်ကူပေသည်။ ထို့ကြောင့်၊ ယောဘကဲ့သို့ တူညီသည့် စုံစမ်းနှောင့်ယှက်မှုမျိုးကို မည်သူမျှ အဘယ်ကြောင့် မခံစားရဖူးပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မြင်သလောက်က မည်သူမျှ ထိုသို့သော တာဝန် သို့မဟုတ် တာဝန်ပေး စေခိုင်းချက်တစ်ခုကို တာဝန်ယူနိုင်ခဲ့ခြင်း မရှိ၊ ယောဘ လုပ်ဆောင်ခဲ့သကဲ့သို့၊ မည်သူမျှ မလုပ်ဆောင်နိုင်ခဲ့သည့်အပြင်၊ ယောဘအပေါ် ထိုသို့သော နှိပ်စက်ညှဉ်းပန်းမှုကျရောက်ချိန် သူပြုခဲ့သည်နည်းတူ၊ မည်သူမျှက ၎င်းတို့ မွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခြင်းမှ လွဲ၍ ဘုရားသခင်၏နာမကို မစွန့်ပယ်သကဲ့သို့၊ ယေဟောဝါဘုရားသခင်၏ နာမကို ဆက်လက်ကောင်းချီးပေးဆဲ မပြုနိုင်ကြသောကြောင့် ဖြစ်သည်။ တစ်ဦးတစ်ယောက်သည် ဤအရာကို လုပ်ဆောင်နိုင်မည်လော။ ယောဘနှင့်ပတ်သက်၍ ဤအရာကို ငါတို့ ပြောသောအခါတွင်၊ ငါတို့သည် သူ၏အပြုအမူကို ချီးကျူးနေခြင်း ဖြစ်သလော။ သူသည် ဖြောင့်မတ်သော လူသားတစ်ဦးဖြစ်ခဲ့ပြီး ဘုရားသခင်အဖို့ ထိုသို့သော သက်သေကို ခံနိုင်ခဲ့ကာ၊ သူ့အား စွပ်စွဲရန် ဘုရားသခင်၏ ရှေ့သို့ စာတန်ကို မည်သည့်အခါတွင်မျှ တစ်ဖန် ပြန်မလာစေဖို့အလို့ငှာ စာတန်အား စိတ်ပျက်လက်ပျက်ဖြင့်ထွက်ပြေးစေနိုင်စွမ်းရှိခဲ့သည်- ထို့ကြောင့် သူ့ကို ချီးကျူးခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းပါသနည်း။ သင်တို့သည် ဘုရားသခင်ထက် ပိုမြင့်သော စံနှုန်းများ ရှိနေခြင်း ဖြစ်နိုင်မည်လော။ သင်တို့အပေါ်သို့ စမ်းသပ်မှုများ ကျရောက် လာချိန်တွင် သင်တို့သည် ယောဘထက် ပို၍ပင် ကောင်းစွာ ပြုမူနိုင်မည်မှာ ဖြစ်နိုင်မည်လော။ ယောဘသည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံခဲ့ရသည်- မည်သည့် ကန့်ကွက်ချက်များ သင်တို့ ရှိနိုင်မည်နည်း။
ယောဘသည် သူ့အားဖြင့် ဘုရားသခင်ကို မနာကျင်စေလိုသောကြောင့် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲသည်
လူတို့သည် လူတို့၏ အပြင်ပန်းများကို ကြည့်စဉ်တွင်၊ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သည်ဟု ငါမကြာခဏ ပြောသည်။ ဘုရားသခင်သည် လူတို့၏ အတွင်းစိတ်နှလုံးကို ကြည့်သောကြောင့်၊ သူသည် ၎င်းတို့၏ အနှစ်သာရကို နားလည်လေသည်၊ လူတို့မှာမူ အခြားလူတို့၏ အနှစ်သာရကို ၎င်းတို့၏ အပြင်ပန်းကို အခြေခံ၍ ဖွင့်ဆိုကြလေသည်။ ယောဘသည် သူ၏နှုတ်ကိုဖွင့်ကာ သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့ချိန်တွင်၊ ဤလုပ်ရပ်သည် ယောဘ၏ မိတ်ဆွေသုံးဦး အပါအဝင် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ် အားလုံးကို အံ့အားသင့်စေခဲ့သည်။ လူသားသည် ဘုရားသခင်ထံမှ လာခဲ့ခြင်းဖြစ်ပြီး၊ ဘုရားသခင် သူ့အပေါ် ပေးအပ်ခဲ့သော အသက်နှင့် ခန္ဓာကိုသာမက သူမွေးဖွားခဲ့သော နေ့ရက်အတွက် ကျေးဇူးတင်ရှိသင့်ပြီး၊ ယင်းတို့ကို မကျိန်ဆဲသင့်ပေ။ ဤသည်မှာ သာမန်လူများ နားလည်နိုင်ပြီး စိတ်ကူးနိုင်သည့် အရာတစ်ခု ဖြစ်သည်။ ဘုရားသခင် နောက်သို့ လိုက်လျှောက်သောသူ မည်သူအတွက်မဆို၊ ဤသိနားလည်မှုသည် အထွတ်အမြတ်ဖြစ်ပြီး မချိုးဖောက်အပ်ပေ၊ ပြီးလျှင် ယင်းသည် မည်သည့်အခါမျှ မပြောင်းလဲနိုင်သည့် သမ္မာတရားတစ်ခု ဖြစ်သည်။ တစ်နည်းအားဖြင့် ယောဘသည် စည်းမျဉ်းများကို ချိုးဖောက်ခဲ့ပေသည်- သူသည် သူမွေးဖွားခဲ့သော နေ့ရက်ကို ကျိန်ဆဲခဲ့သည်။ ဤသည်မှာ တားမြစ်ထားသော နယ်မြေထဲသို့ ဖြတ်ကူးခြင်း အဖြစ် သာမန်လူများက ယူဆသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။ ယောဘသည် လူတို့၏ နားလည်ခြင်းနှင့် စာနာသနားခြင်းကို ခံစားပိုင်ခွင့်မရှိသည်သာမက၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကိုလည်း ခံစားပိုင်ခွင့် မရှိပေ။ တစ်ချိန်တည်းတွင် သူ့အပေါ် ဘုရားသခင်၏ မျက်နှာသာပေးခြင်းက ယောဘအား မိမိကိုယ်ကိုယ် အလိုလိုက်စေသည်၊ ယင်းသည် သူ့အား အလွန် ရဲတင်းစေပြီး မဆင်မခြင် ဖြစ်စေခဲ့သည်မှာ သူသည် သူ၏ တစ်သက်တာအတောအတွင်း သူ့အား ကောင်းချီးပေးခြင်းနှင့် စောင့်ရှောက်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးမတင်ခဲ့ရုံ သာမကဘဲ၊ သူမွေးဖွားခဲ့သော နေ့ရက်ကိုလည်း ပျက်စီးခြင်းသို့ ရှုတ်ချခဲ့ပုံရသည့်အတွက်၊ သာ၍ပင်များသော လူတို့သည် ယောဘ၏ ဖြောင့်မတ်ခြင်းအပေါ် သံသယ ဖြစ်လာကြလေသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း မဟုတ်ပါက အဘယ်အရာ ဖြစ်သနည်း။ ထိုသို့သော ပေါ့ပြက်မှုများသည် ယောဘ၏ ဤလုပ်ရပ်ကို ပြစ်တင်ရှုတ်ချရန် လူတို့အား အထောက်အထားကို ပေးသော်လည်း၊ ထိုအချိန်က ယောဘသည် မည်သည့်အရာကို အမှန်တကယ် တွေးနေခဲ့သည်ကို မည်သူ သိနိုင်ပါသနည်း။ ယောဘသည် အဘယ်ကြောင့် ထိုသို့ပြုမူခဲ့သည့် အကြောင်းရင်းကို မည်သူသိနိုင်သနည်း။ ဤနေရာတွင် ဘုရားသခင်နှင့် ယောဘ ကိုယ်တိုင်သာ အတွင်းကျကျ အဖြစ်အပျက်နှင့် အကြောင်းရင်းများကို သိနိုင်ပေသည်။
စာတန်သည် ယောဘ၏ အရိုးများကို ဖိစီးနှိပ်စက်ဖို့ ၎င်း၏လက်ကိုဆန့်ခဲ့ချိန်တွင်၊ ယောဘသည် လွတ်မြောက်ရန် နည်းလမ်းများ သို့မဟုတ် ခုခံရန်ခွန်အား မရှိဘဲ၊ ၎င်း၏ လက်ခုပ်တွင်းသို့ ကျဆင်းခဲ့ရသည်။ သူ၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်သည် အလွန်ကြီးစွာသော နာကျင်မှုဝေဒနာကို ခံစားခဲ့ရပြီး ဤနာကျင်မှုသည် သူ့အား ခန္ဓာ၌ ရှင်သန်နေသည့် လူသား၏ အရေးမပါမှု၊ အားနည်းခြင်းနှင့် အစွမ်းတန်ခိုးကင်းမဲ့ခြင်းတို့ကို အလွန်အမင်း သတိပြုမိစေခဲ့သည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည် အဘယ်ကြောင့် လူသားမျိုးနွယ်ကို ဂရုစိုက်ကာ ကြည့်ရှုစောင့်ရှောက်လိုသည့် စိတ်တစ်ခုရှိရသည်ဆိုသည်နှင့် သက်ဆိုင်သည့် နက်နဲသော အသိအမှတ်ပြုခြင်းနှင့် သိနားလည်မှု တစ်ခုကိုလည်း ရရှိခဲ့သည်။ စာတန်၏ လက်တွင်း၌ အသွေးအသား ရှိသော လူသားမှာ အမှန်တကယ် အလွန် အစွမ်းတန်ခိုးမဲ့ပြီး အားနည်းသည်ဟု ယောဘ နားလည်ခဲ့ရသည်။ သူသည် ဒူးထောက်ကာ ဘုရားသခင်ထံ ဆုတောင်းခဲ့ချိန်တွင်၊ ဘုရားသခင်သည် သူ့အား စာတန်၏ လက်ထဲသို့ လုံးလုံးလျားလျား ထားရှိခဲ့ပြီး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် သူ၏မျက်နှာကို ဖုံးထားပြီး ကွယ်ဝှက်နေသည့်အလား သူခံစားခဲ့ရသည်။ တစ်ချိန်တည်းတွင် ဘုရားသခင်သည်လည်း သူ့အတွက် ငိုကြွေးခဲ့သည့်အပြင်၊ သူ့အတွက် စိတ်ထိခိုက်ခဲ့ရသည်။ ဘုရားသခင်သည် သူ၏နာကျင်မှုအားဖြင့် နာကျင်ခဲ့ရပြီး သူ၏ အနာတရဖြစ်ခြင်းအားဖြင့် အနာတရ ဖြစ်ခဲ့ရသည်... ယောဘသည် ဘုရားသခင်၏ နာကျင်မှုကို ခံစားမိခဲ့သည့်အပြင် ဘုရားသခင်အတွက် ယင်းမှာ ဘုရားသခင် အတွက် မည်မျှ မခံမရပ်နိုင်ဖွယ် ဖြစ်သည်ကိုလည်း ခံစားမိခဲ့သည်...ယောဘသည် သူ့အားဖြင့် ဘုရားသခင် နာကျင်ရသည်ကို မြင်လိုရန်မဆိုထားနှင့်၊ ဘုရားသခင်အပေါ် နောက်ထပ် ပူဆွေးမှု တစ်စုံတစ်လေကိုမျှ ရောက်စေလိုခြင်း မရှိသကဲ့သို့၊ ဘုရားသခင်အား သူ့အတွက် မငိုကြွေးစေလိုခဲ့ပေ။ ဤအခိုက်အတန့်တွင်၊ ယောဘသည် သူ၏ နာကျင်မှုအားဖြင့် ဘုရားသခင် ညှဉ်းဆဲခံရခြင်းကို ဤအရာက ရပ်တန့်စေနိုင်မည် ဖြစ်သည့်အတွက်၊ ဤခန္ဓာကိုယ်အားဖြင့် သူ့အပေါ် ကျရောက်ခဲ့သော နာကျင်မှုကို သည်းညည်းမခံတော့ရန် သူ၏ ခန္ဓာကိုယ်ကို အာရုံထဲမှ ဖျောက်ပစ်လိုခဲ့သည်- သို့သော် သူမဖျောက်ပစ်နိုင်ခဲ့သကဲ့သို့ သူသည် ခန္ဓာကိုယ်၏ နာကျင်မှုကို သည်းခံခဲ့ရသည် သာမက၊ ဘုရားသခင်အား မပူပန်စေလိုသည့် ဆန္ဒ၏ ညှဉ်းဆဲခြင်းကိုလည်း ခံခဲ့ရသည်။ နာကျင်မှုတစ်ခုသည် ခန္ဓာကိုယ်မှ လာပြီး နောက်တစ်ခုသည် ဝိညာဉ်မှလာသည့်- ဤနာကျင်မှု နှစ်ခုသည် ယောဘအပေါ် စိတ်နှလုံးကွဲလုမတတ်၊ အူကလီစာများ ဆောင့်ဆွဲခံရသည့် နာကျင်မှုကို ဆောင်ယူလာခဲ့ပြီး အသွေးအသားရှိသော လူသား၏ အားနည်းချက်များသည် တစ်ဦးတစ်ယောက်အား မည်ကဲ့သို့ မချင့်မရဲဖြစ်စေပြီး ခိုကိုးရာမဲ့စေသည်ကို သူ့အား ခံစားရစေခဲ့သည်။ ဤအခြေအနေများအောက်တွင်၊ ဘုရားသခင်ကို သူ၏ တမ်းတခြင်းသည် သာ၍ပြင်းထန်လာခဲ့ပြီး စာတန်အား သူ၏ စက်ဆုပ်ရွံရှာခြင်းသည် သာ၍ ပြင်းပြလာခဲ့သည်။ ဤအချိန်တွင်၊ ယောဘသည် သူ့အတွက် ဘုရားသခင် မျက်ရည်ကျငိုကြွေးသည်ကို မြင်ရသည်ထက် သို့မဟုတ် နာကျင်ခြင်း ခံစားရသည်ကို မြင်ရသည်ထက် လူ့လောကထဲသို့ မည်သည့်အခါကမျှ သူမမွေးဖွားလာခဲ့ရန်၊ သူ မဖြစ်တည်ခဲ့ဖို့ရန် သာ၍ပင် ဆန္ဒရှိခဲ့သည်။ သူသည် သူ၏ ဇာတိပကတိကို စတင်၍ လွန်စွာ စက်ဆုပ်ရွံရှာ လာခဲ့သည်၊ မိမိကိုယ်ကိုယ်၊ သူမွေးဖွားခဲ့သော နေ့ရက်နှင့် သူနှင့်သက်ဆိုင်သမျှ အားလုံးကိုပင် ငြီးငွေ့ပြီး စိတ်ကုန်လာခဲ့သည်။ သူမွေးဖွားခဲ့သော နေ့ရက် သို့မဟုတ် ယင်းနှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ နောက်ထပ် မည်သို့မျှ ဖော်ပြရန် သူအလိုမရှိခဲ့ပေ၊ ထို့ကြောင့် သူသည် သူ၏နှုတ်ကိုဖွင့်ကာ သူ၏မွေးဖွားရာနေ့ရက်ကို ဤသို့ကျိန်ဆဲခဲ့သည်- “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။ ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါစေနှင့်။” (ယောဘ ၃:၃-၄) ယောဘ၏ စကားများသည် သူ့ကိုယ်သူ စက်ဆုပ်ရွံရှာခြင်းဖြစ်သည့် “ငါဖွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျားကို ပဋိသန္ဓေယူပြီဟု သတင်းကြားပြောသော ညဉ့်လည်း ပျက်စီးပါစေ။” ဟူ၍အပြင်၊ မိမိကိုယ်ကိုယ်အပေါ် သူ ခံစားရသည့် အပြစ်တင်မှုနှင့် ဘုရားသခင်ကို နာကျင်စေခြင်းအတွက် အကြွေးတင်ရှိသည့် သူ၏ အသိစိတ်ဖြစ်သော “ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည် မျက်နှာပြုတော်မမူပါစေနှင့်။ အလင်း မပေါ်ထွန်းပါစေနှင့်၊” ဟူသည်ကို ပြပေသည်။ ဤကျမ်းပိုဒ်နှစ်ပိုဒ်သည် ထိုအခါက ယောဘ ခံစားခဲ့ရပုံနှင့် သက်ဆိုင်သည့် အဆုံးစွန် ဖော်ပြချက်ဖြစ်ပြီး၊ အားလုံးထံ သူ၏စုံလင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို အပြည့်အဝ ထင်ရှားစေခဲ့သည်။ တစ်ချိန်တည်းတွင် ယောဘ ဆန္ဒရှိခဲ့သည့်အတိုင်းပင်၊ ဘုရားသခင်အပေါ် သူ၏ယုံကြည်ခြင်းနှင့် နာခံခြင်းအပြင်၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းတို့မှာ အမှန်ပင် ချီးမြှောက်ခြင်း ခံခဲ့ရသည်။ ဟုတ်ပေ၏၊ ဤချီးမြှောက်ခြင်းသည် ဘုရားသခင် မျှော်လင့်ခဲ့ပြီးဖြစ်သည့် အကျိုးဆက် အတိအကျဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ