ဂျန်းဆွီ တောင်ကိုးရီးယားနိုင်ငံ
“ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၄:၃၀) ဟု သမ္မာကျမ်းစာတွင် ပြောထားသည့်အတွက် သခင်ပြန်လာသည့်အခါတွင်၊ ကိုယ်တော်သည် ရှင်ပြန်ထမြောက်သည့် ဝိညာဉ်ခန္ဓာ အနေဖြင့် မိုးတိမ်တိုက်အဖြူပေါ်တွင် ကြွလာကာ၊ လူပုံအလယ်တွင် ပေါ်ထွန်းမည်ဖြစ်ပြီး၊ ကိုယ်တော်က လူသားအနေဖြင့် ဇာတိပကတိအားဖြင့် လာသည်မှာ မဖြစ်နိုင်ဟု ယုံကြည်လျက်၊ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူ့ဇာတိကိုခံယူပြီး တရားစီရင်ခြင်း အမှုတော်ကို ပြုလေပြီဟု လူတစ်ချို့က သက်သေခံသည့်အချိန်တွင်၊ ညီအစ်ကိုမောင်နှမများစွာတို့က လက်မခံနိုင်ပေ။ ယခုအခါတွင် ဘေးဒုက္ခများသည် မကြာခဏ ဖြစ်ပေါ်ပြီး၊ အနီရောင် လကြတ်ခြင်း လေးခု ပေါ်ပေါက်ခဲ့ပြီ။ သခင်၏ ပြန်ကြွလာခြင်းနှင့် ပတ်သက်သည့် ပရောဖက်ပြုခြင်းများသည် အခြေခံအားဖြင့် မှန်ကန်လာပြီး၊ သခင်ပြန်ကြွလာပြီးလောက်ပြီဖြစ်သည်၊ သို့သော်လည်း ကျွန်ုပ်တို့သည် သခင့်ကို အဘယ့်ကြောင့် မကြိုဆိုရသေး သနည်း။ “ကျွန်ုပ်တို့ကို ကောင်းကင်ဘုံသို့ ချီဆောင်ဖို့ မိုးတိမ်တိုက်များဖြင့် သခင်ကြွလာဖို့ကိုသာ စောင့်မျှော်ခြင်း” ရှုထောင့်သည် မှန်ကန်ပါသလား။
အမှန်မှာမူ နောက်ဆုံးသောကာလတွင် သခင် ပေါ်ထွန်းမည့်ပုံသည် ဘုရားသခင် ပြန်ကြွလာသည့် အချိန်တွင် သူဆောင်ရွက်မည့် အမှုတော်နှင့် ရှောင်လွှဲမရသော ဆက်နွှယ်မှု တစ်ခုရှိသည်။ ပညတ်တော်ခေတ်တွင် လူသားအား သူ၏ အပြစ်များကို သတိပြုမိစေဖို့နှင့် ကမ္ဘာမြေကြီးပေါ်တွင် လူ၏ အသက်တာကို ဦးဆောင်လမ်းပြဖို့ ဘုရားသခင်က ပညတ်တော်များကို အဓိကကြေညာခဲ့သည်၊ ထို့ကြောင့် ကိုယ်တော်သည် ကိုယ်တော်တိုင် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ဘဲ၊ သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ မောရှေကို တိုက်ရိုက် အသုံးပြုခဲ့သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှုသည် လူသားမျိုးနွယ်အတွက် ကားစင် တင်ခံခြင်း အမှုတော်ကို ဆောင်ရွက်ခဲ့သည်။ ဖောက်ပြန် ပျက်စီးသည့် ကျွန်ုပ်တို့ လူသားမျိုးနွယ်သည် ထိုအမှုတော်ကို မဆောင်ရွက်နိုင်သကဲ့သို့၊ ဘုရားသခင်၏ ဝိညာဉ် ခန္ဓာသည်လည်း ကားစင်တင်မခံရနိုင်ပါ။ ထို့ကြောင့် သခင်ယေရှုက လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်း အမှုတော်အား ဆောင်ရွက်ဖို့ လူ့ဇာတိခံယူခဲ့သည်။ ထို့နောက်တွင် နောက်ဆုံးသော ကာလတွင် သခင်သည် မည်သည့်အမှုတော်ကို ဆောင်ရွက် မည်နည်း။ သမ္မာကျမ်းစာ ကျမ်းချက်များကို ကြည့်ကြရအောင်။ “သူသည် တိုင်းနိုင်ငံများအလယ်တွင် တရားစီရင်လိမ့်မည်ဖြစ်ပြီး လူများစွာတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။” (ဟေရှာယအနာဂတ္တိကျမ်း ၂:၄). “ငါ့ကိုပယ်၍ငါ့စကားကို နာမခံသောသူအားအပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၈) ဗျာဒိတ်ကျမ်း ၁၄:၇ တွင် “ဘုရားသခင်ကိုကြောက်ရွံ့၍ ချီးမွမ်းကြလော့။ တရားစီရင်တော်မူသော အချိန်ရောက်လာပြီ။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့် စမ်းရေတွင်းတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍ ကောင်းကင်အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။” ဟု ပြောထားသည်။ ၄:၁၇ တွင် “ဘုရားသခင်၏အိမ်တော်သားတို့ကို ရှေ့ဦးစွာစစ်ကြောစီရင်ရသော အချိန်ရှိပြီ။” ဟု ပြောထားသည်။ ဤကျမ်းချက်များ အားလုံးက “တရားစီရင်သည်” သို့မဟုတ် “တရားစီရင်ခြင်း” တို့ကို ဖော်ပြထားပြီး၊ ဤကျမ်းချက်များအပြင်၊ သမ္မာကျမ်းစာတွင် တရားစီရင်ခြင်းအကြောင်း ကျမ်းချက် နှစ်ရာကျော်ရှိပြီး၊ ယင်းကို သမ္မာကျမ်းစာနှင့် ရင်းနှီးသူတိုင်း သိထားကြသည်။ ဤအရာက သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကိုယ်တော်သည် တရားစီရင်ခြင်း အမှုတော်ကို သေချာပေါက် ဆောင်ရွက်မည်ဖြစ်ပြီး၊ လူသားကို တရားစီရင်ဖို့ နှင့် သန့်စင်ဖို့ သမ္မာတရားကို ဖော်ပြလိမ့်မည်။ ဆိုလိုသည်မှာ သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကိုယ်တော်သည် နှုတ်ကပတ်တော် များစွာ ဟောကြားတော်မူမည် ဖြစ်ပြီး၊ အမှန်တကယ် နောင်တရဖို့၊ သန့်ရှင်းခံရပြီး ပြောင်းလဲဖို့ လူသားကို သူ့ကိုယ်သူ ပြန်လည်သုံးသပ်စေကာ၊ လူသား၏ အပြစ်ကို တရားစီရင်ပြီး ဖော်ထုတ်ဖို့ သူဟောကြားခဲ့သည့် နှုတ်ကပတ်တော်ကို အသုံးပြုမည်ဖြစ်သည်။ ဖောက်ပြန် ပျက်စီးသည့် ကျွန်ုပ်တို့ လူသားမျိုးနွယ်သည် စာတန်အားဖြင့် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီး ထားခံရသည်။ ကျွန်ုပ်တို့သည် သခင်၏ ရွေးနှုတ်ခံထားရပြီး၊ ကျွန်ုပ်တို့၏ အပြစ်များမှ လွှတ်ခံရကာ၊ တရားတော်၏ စီရင်မှုကို နောက်ထပ် မခံရတော့သော်လည်း၊ ကျွန်ုပ်တို့ အပြစ်၏ အရင်းအမြစ်သည် ကျွန်ုပ်တို့အတွင်း၌ အမြစ်တွယ်နေဆဲ ဖြစ်သည်။ ကျွန်ုပ်တို့၏ အပြစ်ရှိသော သဘာဝ၏ ထိန်းချုပ်ခံရပြီး၊ ကျွန်ုပ်တို့သည် အပြစ်တွင် ချည်နှောင်ခံရခြင်း၏ ဒုက္ခတွင် မကြာခဏ အသက်ရှင်နေ လေသည်။ နောက်ဆုံးသောကာလတွင် ကျွန်ုပ်တို့သည် အပြစ်တွင် နောက်ထပ် ချည်နှောင်မခံရတော့ဖို့အလို့ငှာ၊ ကျွန်ုပ်တို့ လိုအပ်သည့်အတိုင်း ဘုရားသခင်က ကျွန်ုပ်တို့၏ အပြစ်များကို သန့်ရှင်းပေးဖို့ သမ္မာတရားကို ဖော်ပြပြီး၊ သူ၏ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်လေသည်။ သခင်ယေရှု မိန့်တော်မူသည့်အတိုင်းပင် ဖြစ်ပါသည်၊ “သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ရှင်ယောဟန်ခရစ်ဝင် ၁၇:၁၇တွင် “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။” ဟု ပြောထားသည်။
ယခုအခါတွင် သခင်ပြန်ကြွလာသည့်အချိန်တွင်၊ ကိုယ်တော်သည် သမ္မာတရားကို ဖော်ပြပြီး၊ တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်မည်ဖြစ်သည်မှာ ကျွန်ုပ်တို့ သေချာပါသည်။ သို့ပါက သခင်က သူ၏အမှုတော်ကို မည်သို့ ဆောင်ရွက်မည်နည်း။ သခင်ယေရှုက “ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။...သားတော်သည် လူသားဖြစ်သောကြောင့် တရားစီရင်ခြင်းအခွင့်ကိုလည်း အပ်ပေးတော်မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၅:၂၃-၂၇) ဟု မိန့်တော်မူခဲ့သည်။ “လူသား” ဆိုသည်မှာ သာမာန်လူ့သဘာဝရှိသည့် ဇာတိပကတိ၌ရှိသော ဘုရားသခင်ကို ညွှန်းဆိုသောကြောင့် သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကိုယ်တော်က လူများကို တရားစီရင်ဖို့နှင့် သန့်စင်ဖို့တို့အတွက် သမ္မာတရားကို ဖော်ပြရန် လူ့ဇာတိခံယူလိမ့်မည် ဖြစ်သည်ကို ထိုကျမ်းပိုဒ်များမှနေပြီး ကျွန်ုပ်တို့ တွေ့မြင်နိုင်သည်။ သခင်ယေရှုကို ဥပမာကြည့်ပါ။ ကိုယ်တော်သည် ဇာတိပကတိ ခြုံလွှမ်းထားပြီး၊ လူများအကြားတွင် အမှုတော်ကို ဆောင်ရွက်ဖို့ သာမန်လူတစ်ယောက် အဖြစ်ပြောင်းထားသည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ရှင်ပြန်ထမြောက်သော သခင်ယေရှု၏ ဝိညာဉ်ခန္ဓာသည် လူသား၏ ပုံသဏ္ဌာန်တော် ရှိသော်လည်း၊ သူ၏ ဝိညာဉ်ခန္ဓာသည် သဘာဝလွန်ဖြစ်ပြီး၊ လူများဆီသို့ လေထဲတွင်သာ ပေါ်ထွန်းနိုင်ပြီး၊ နံရံများကို ထိုးဖောက်နိုင် သောကြောင့်၊ သူ့ကို လူသားအဖြစ် ခေါ်ဆို၍ မရနိုင်ပါ။ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွလာ သည့်အခါတွင်၊ ကိုယ်တော်သည် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ဖို့ လူသားအနေဖြင့် လူ့ဇာတိ ခံယူလိမ့်မည်။
ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လူ့ဇာတိ ခံယူသည့် ဘုရားသခင်သာလျှင် အဘယ့်ကြောင့် ဆောင်ရွက်၍ရနိုင်သည်ကို လူတစ်ချို့က နားမလည်ဘဲ ရှိချင်ရှိလိမ့်မည်။ သမ္မာတရား၏ ဤရှုထောင့်အတွက်မူ၊ ဘုရားနှုတ်ကပတ်တော် ကျမ်းပိုဒ် အနည်းငယ်ကို ကြည့်ကြ ရအောင်၊ “အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက၊ သူသည် လူသားအဖို့ မြင်၍မရနိုင်သကဲ့သို့ လက်ဆုပ်လက်ကိုင် ပြ၍လည်း မရနိုင်သည့် ဝိညာဉ်တော်အဖြစ် ကျန်ရှိနေမည် ဖြစ်သည်။ လူသားသည် ဇာတိပကတိရှိသည့် ဖန်ဆင်းခံ ဖြစ်လျက်၊ သူနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး မတူကွဲပြားသော သဘာဝများကို ပိုင်ဆိုင်ကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိရှိသည့် လူသားနှင့် သဟဇာတ မဖြစ်သကဲ့သို့၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း မရှိသည်ကို ပြောစရာပင် မလိုဘဲ၊ ၎င်းတို့အကြားတွင် ဆက်ဆံရေးများ တည်ဆောက်ရန် တကယ့်ကို မဖြစ်နိုင်ပေ။ ဤသို့ဖြစ်ရာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအမှုကို လုပ်ဆောင်ရန်အလို့ငှာ ဖန်ဆင်းခံ သတ္တဝါတစ်ဦး ဖြစ်လာရမည် ဖြစ်သည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွ သွားနိုင်သကဲ့သို့၊ လူသားမျိုးနွယ်အလယ်တွင် အလုပ်လုပ်ရင်းနှင့် ၎င်းတို့အလယ်၌ အသက်ရှင်ရင်း၊ ဖန်ဆင်းခံ လူသားတစ်ဦးဖြစ်လာရန် မိမိကိုယ်ကိုယ် နှိမ့်ချနိုင်သည်၊ သို့သော် လူသားသည် အနိမ့်ဆုံးသော နေရာသို့ ဆင်းသက်နိုင်ဖို့ မဆိုထားနှင့်၊ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်သကဲ့သို့ ဝိညာဉ်တစ်ပါးလည်း မဖြစ်လာနိုင်ပေ။ ဤသည်မှာ ဘုရားသခင်က သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိကို ခံယူရမည့် အကြောင်းရင်း ဖြစ်သည်။”
“ဝိညာဉ်တော်သည် လူတို့ မမြင်နိုင်သကဲ့သို့ လူတို့ တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာအားဖြင့် ဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်း၊ ဝိညာဉ်တော်၏ တို့ထိခြင်းနှင့် ဝိညာဉ်တော်၏ လမ်းပြခြင်းတို့ကိုသာ လုပ်ဆောင်နိုင်သည်၊ သို့ရာတွင် ဉာဏ်ရှိသော လူသားအတွက် ဤအရာတို့သည် မည်သည့် ရှင်းလင်းသော အဓိပ္ပာယ်ကိုမျှ မပေးချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးပြီး၊ နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက် တစ်ခုကို မပေးနိုင်ပေ။ သို့သော် လူ့ဇာတိ၌ ဘုရားသခင်၏အမှုမှာမူ အလွန် ကွာခြား၏။ ယင်းသည် နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းပြမှု ပါဝင်သည်၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ရည်မှန်းချက်ပန်းတိုင်များ ရှိသည်။ သို့ဖြစ်၍ လူသည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် ၎င်း၏ စိတ်ကူးစိတ်သန်းများကို အသုံးပြုစရာ မလိုပေ။ ဤသည်မှာ လူ့ဇာတိ၌ရှိသည့် အမှု၏ ရှင်းလင်းပြတ်သားမှု ဖြစ်ပြီး ဝိညာဉ်တော်၏ အမှုမှ ယင်း၏ ကြီးမားသော ကွာခြားမှု ဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ လူ့ဇာတိ၏အမှုကို အစားမထိုးနိုင်ပေ။ လူ့ဇာတိ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို အလွန်တရာ ပို၍ တိကျပြီး လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များနှင့် များစွာ ပို၍ စစ်မှန်၊ တန်ဖိုးရှိသော အသိပညာကို ပေးလေသည်။ ဖောက်ပြန်ပျက်စီးသော လူသားအဖို့ အကြီးမားဆုံးသော တန်ဖိုးရှိသည့် အမှုသည် လိုက်စားရန် တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်၍ရကာ ထိတွေ့၍ရသော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းပြမှုတို့သည်သာ လူသား၏အကြိုက်များနှင့် ကိုက်ပြီး၊ စစ်မှန်သော အမှုသည်သာ လူကို သူ၏ ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ စွမ်းဆောင် ရရှိနိုင်ပေသည်။ လူ့ဇာတိခံ ဘုရားသခင်သာလျှင် လူသားကို ၎င်း၏ ယခင်က ဖောက်ပြန်ပျက်စီးကာ အကျင့်ပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲ အနှစ်သာရ ဖြစ်သော်လည်း၊ ဤသို့သောအမှုကို သူ၏လူ့ဇာတိဖြင့်သာ လုပ်ဆောင်နိုင်ပေသည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်း အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်မည် မဟုတ်ပေ- ဤသည်မှာ ရှင်းလင်းသော အမှန်တရား ဖြစ်သည်။”
“အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။”
ဘုရားသခင်၏ ဝိညာဉ်ခန္ဓာသည် သာမန်ထက်လွန်ကဲပြီး၊ ပုံသဏ္ဌာန်မရှိသည်ကို ကျွန်ုပ်တို့အားလုံး သိထားကြသည်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ မတွေ့ရပါ၊ သို့မဟုတ် မခံစားရပါ၊ ထို့အပြင် သူ့အနီးသို့ ကျွန်ုပ်တို့ မကပ်နိုင်ပါ။ အသွင်အပြင် အားဖြင့်၊ ရှင်ပြန်ထမြောက်ပြီးနောက် သခင်ယေရှု၏ ဝိညာဉ်ခန္ဓာသည် သူ၏ လူ့ဇာတိခံ ဇာတိခန္ဓာနှင့် များစွာ မကွာခြားသော်လည်း၊ သူ့ဝိညာဉ်ခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာ လောက၊ နေရာ နှင့် အချိန်ကာလ တို့အားဖြင့် ဘောင်ခတ် ထားခြင်း မဟုတ်ဘဲ၊ လူများကို အံ့သြထိတ်လန့်စေလျက် ကိုယ်တော်သည် နံရံများကို ထိုးဖောက်နိုင်ကာ၊ စိတ်ရှိသည့်အတိုင်း ပေါ်နိုင်၊ ပျောက်နိုင်သည်။ ထို့အပြင် ကျွန်ုပ်တို့ လူသားမျိုးနွယ်သည် ရုပ်ပိုင်းဆိုင်ရာ လောကတွင် အသက်ရှင်ပြီး၊ သာမန်လူ့သဘာဝနှင့် အတွေးအခေါ်တို့ ရှိသော သေမျိုးများဖြစ်သည်။ သာမန်ထက်လွန်ကဲပြီး၊ ထူးကဲသော ဝိညာဉ်ခန္ဓာနှင့် ကျွန်ုပ်တို့ ဆက်သွယ်မိပါက၊ အထိတ်တလန့်ဖြစ်ပြီး၊ ကြောက်စိတ်မွှန်ကာ၊ ကျွန်ုပ်တို့၏ အတွေးများသည် ထိန်းမနိုင်ချုပ်မရဖြစ်ပြီး၊ ကြမ်းရမ်းလာ လိမ့်မည်။ လူသား၏ အနှစ်သာရသည် ဘုရား၏ ဝိညာဉ်တော်နှင့် သခင်ယေရှု၏ ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာတို့၏ အနှစ်သာရတို့မှ ကွဲပြားသည်နှင့်အညီ၊ လူသည် ဘုရားသခင်နှင့် သာမန်အားဖြင့် အသက်ရှင် နေထိုင်၍မရသကဲ့သို့၊ ဘုရားသခင်သည်လည်း လူသားမျိုးနွယ်ကြားတွင် သင့်တော်ကောင်းမွန်စွာ စကားပြောဆိုပြီး၊ သူတို့ကို ဦးမဆောင်နိုင်ပါ၊ ပြီးလျှင် လူသည် ဘုရားသခင်၏ ရှင်းလင်းသော နှုတ်ကပတ်တော်များ၏ ရေလောင်းခြင်းနှင့် လမ်းပြမှုတို့ကို မရရှိနိုင်ပါ။ ဘုရားသခင်က သူ့ကိုယ်သူ ဇာတိပကတိဖြင့် လွှမ်းခြုံပြီး၊ သူ၏ သာမန်လူ့သဘာဝ၌ အသက်ရှင် နေထိုင်သည့် အချိန်မှသာလျှင် သမ္မာတရားကို လက်တွေ့ကျကျ ဖော်ပြနိုင်ပြီး၊ ထိုအခါမှသာလျှင် လူသားကို ကယ်တင်သည့် ဘုရားသခင်၏ အမှုတော်သည်လည်း ထိရောက်နိုင်သည်။ ဥပမာအားဖြင့် ကားစင်တင်မခံရမီ၊ သခင်ယေရှုသည် လူ့ဇာတိခံယူပြီး၊ လူများအကြားတွင် အသက်ရှင်နေထိုင်ခဲ့သည်။ ကိုယ်တော်က သူ၏ အမှုတော်ကို ဆောင်ရွက်ပြီး၊ နှုတ်ကပတ်တော်များကို ဟောကြားကာ၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်အမှုများကို ပြသည့်အချိန်တွင် လူများက သူ့ဇာတိပကတိ၏ လက်တွေ့ အရှိတရားနှင့် သာမန်ဖြစ်မှုတို့ကို တွေ့မြင်နိုင်သည်၊ ကိုယ်တော်နှင့် သင့်မြတ်နိုင်ကာ၊ သူတို့ တစ်စုံတစ်ခုကို နားမလည်သည့်အခါတွင် ကိုယ်တော့်ကို ရှာဖွေနိုင်သည်။ သခင်ယေရှုသည် လူများကို သင်ကြားဖို့ ရှင်းလင်းသော နှုတ်ကပတ်တော်များကိုလည်း အသုံးပြုနိုင်ခဲ့သည်။ ဥပမာအားဖြင့် သခင်က လူများ၏ ချို့ယွင်းချက်များကို မြင်သည့်အခါတွင်၊ သူတို့၏ လိုအပ်ချက်များအတိုင်း အခြားသူများကို ခုနှစ်ဆယ့်ခုနှစ်ခေါက် ခွင့်လွှတ်ဖို့၊ သည်းခံပြီး စိတ်ရှည်ဖို့ နှင့် ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ဖို့တို့ကို သူတို့အား သွန်သင်ပေးခဲ့သည်။ အကျိုးဆက်အားဖြင့် လူများသည် သူ၏ သွန်သင်ချက်များ ကို မဆိုင်းမတွ လက်ခံနိုင်ပြီး၊ ၎င်းတို့သည် သခင်၏ အလိုတော်ကို မှန်မှန်ကန်ကန် နားလည်နိုင်ပြီး၊ လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းတစ်ခုရနိုင်ခဲ့သည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သာမန် ဆက်သွယ်မှု ရရှိနိုင်ဖို့၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မှန်ကန်စွာ သိဖို့နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း မိမိကိုယ်ကိုယ် ပြုမူပုံ၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ ရုန်းထွက် လွတ်မြောက်ပုံ နှင့် အပြစ်၏ အချုပ်အနှောင်များကို ဖယ်ရှားပုံတို့ကို နားလည်နိုင်ဖို့အလို့ငှာ လူသားတို့၏ လိုအပ်ချက်များအတိုင်း နောက်ဆုံးသောကာလတွင် ဘုရားသခင်သည် တရားစီရင်ခြင်း အမှုတော်ကို ဇာတိပကတိ၌ ဆောင်ရွက်ပြီး၊ ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖော်ထုတ်ဖို့ နှင့် အပြစ်မှ သန့်ရှင်းခံရဖို့ လမ်းကြောင်းကို ကျွန်ုပ်တို့အား ပြဖို့အတွက် လူသားကို တရားစီရင်ရန် သမ္မာတရားကို ဖော်ပြနေခဲ့သည်။ ထိုကဲ့သို့သော အားထုတ် ကြိုးပမ်းမှုများကို လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ရရှိနိုင်လေသည်။
ဒုတိယအားဖြင့် နောက်ဆုံးသောကာလတွင် ကမ္ဘာမြေကြီးပေါ်တွင် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ ဘုရားသခင်က သာမန် နှင့် ရိုးရိုး ဇာတိပကတိဖြစ်လာ သည့်အချိန်မှသာလျှင်၊ လူ၏ အယူအဆမျိုးစုံ၊ ပြီးလျှင် လူ၏ ပုန်ကန်လိုသောစိတ် နှင့် ခုခံမှုတို့သည် ဖော်ထုတ် ခံရနိုင်သည်။ ယင်းမှာ သခင်ယေရှုက အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံယူသည့် အချိန်ကကဲ့သို့ပင် ဖြစ်သည်။ သခင်ယေရှုက အသွင်အပြင်တွင် သာမန်နှင့် ရိုးရိုးဖြစ်သောကြောင့်၊ ဂျူးလူမျိုးများက လူ့ဇာတိခံ သခင်ယေရှုသည် လာမည့် မေရှိယဖြစ်ကြောင်း မသိခဲ့ကြပေ၊ ထို့ကြောင့် သူတို့သည် သခင်ယေရှုနှင့် ပတ်သက်၍ အယူအဆများ အပြည့်ရှိကာ၊ ကိုယ်တော့်ကို ပြစ်တင်ရှုတ်ချပြီး၊ ခုခံခဲ့ကြသည်။ ထိုအချိန်က ဘုရားသခင်၏ ဝိညာဉ်တော်သည် အမှုတော်ကို တိုက်ရိုက်ဆောင်ရွက်နေခဲ့ကာ၊ မြင်နိုင်စွမ်း သို့မဟုတ် ထိတွေ့နိုင်စွမ်းလည်း မရှိသည့်အပြင်၊ သူ၏ အမှုတော်သည် လူတို့၏ အယူအဆများနှင့် ကိုက်ညီနေပါက၊ လူများသည် ကိုယ်တော့်ကို ကိုးကွယ်ဖို့ မြေကြီးပေါ်သို့ ပြိုလဲခဲ့ကြလိမ့်မည်ဖြစ်ပြီး၊ ဤအမှုတော်သည်လည်း ဂျူးလူမျိုးများ၏ မနာခံခြင်း နှင့် ခုခံခြင်းတို့ကို လုံးဝ ထုတ်ဖော်နိုင်ခဲ့လိမ့်မည် မဟုတ်ပါ။ နောက်ဆုံးသောကာလတွင် ဘုရားသခင်က လူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖော်ထုတ်ပြီး တရားစီရင်ဖို့ လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြသည့်အချိန်တွင်၊ အခြေခံအုတ်မြစ် မပါဘဲ ဆောင်ရွက်ခြင်း မဟုတ်ပါ၊ သို့သော် ကိုယ်တော်သည် လူများ၏ ပုန်ကန်ခြင်းနှင့် ခုခံခြင်းတို့ကို သူ၏ လူ့ဇာတိခံယူခြင်းဖြင့် ဖော်ထုတ်ပြီး၊ ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးမှုအတိုင်း လူများကို တရားစီရင်လေသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကို နာခံပြီး လက်ခံသူများသည် မိမိကိုယ်ကိုယ် အမှန်တကယ် သိမြင်နိုင်သည်၊ စစ်မှန်သော နောင်တကို ရသည်၊ တဖြည်းဖြည်းချင်း သန့်စင်ခံရသည်၊ ဘုရားသခင်နှင့် ပတ်သက်သည့် သိကျွမ်းခြင်းကို ပိုပို ရရှိပြီး၊ နောက်ဆုံးတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် ရှင်ပြန် ထမြောက်သော ဝိညာဉ်ခန္ဓာအနေဖြင့် တရားစီရင်ခြင်း အမှုတော်ကို ဆောင်ရွက်ခဲ့ပါက၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကြီးမြတ်ကာ၊ ဂုဏ်သရေရှိသလို၊ သြဇာအာဏာကို ပိုင်ဆိုင်ပြီး၊ လူ၏ အယူအဆများနှင့်လည်း ကိုက်ညီသောကြောင့် ကျွန်ုပ်တို့၏ ပုန်ကန်လိုမှု နှင့် ခုခံမှုတို့သည် ဖော်ထုတ်ခံရလိမ့်မည် မဟုတ်ပါ။ ဘုရားသခင်က ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရများကို ညွှန်ပြခဲ့လျှင်ပင်၊ ကျွန်ုပ်တို့က ဝန်ခံလိမ့်မည် မဟုတ်ဘဲ၊ သို့ပါက လူသားကို ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် သန့်ရှင်းခြင်း အမှုတော်သည် အကျိုးရလဒ်များ မည်သို့ အောင်မြင်ရရှိနိုင်သနည်း။ ထို့ကြောင့် လူသားတို့၏ မဖြောင့်မတ်ခြင်းကို ထုတ်ဖော်ဖို့ ဘုရားသခင် လူ့ဇာတိခံယူခြင်းသည် အလွန့်အလွန် အမြော်အမြင်ရှိလေသည်။
ထို့အပြင် နောက်ဆုံးသောကာလတွင် သခင်ပြန်ကြွ လာသည့်အချိန်တွင်၊ ကိုယ်တော်သည် ရိတ်သိမ်းခြင်း နှင့် ဆန်ခါစစ်ခြင်း အမှုတော်ကို လုပ်ဆောင်လိမ့်မည်ဟု သမ္မာကျမ်းစာတွင် ပရောဖက်ပြုခြင်းများစွာက ကြိုတင် ဟောကိန်းထုတ်ထားသည်၊ ဆိုလိုသည်မှာ ဆိတ်များထဲမှ သိုးများ၊ တောပင်များထဲမှ စပါးများ၊ ဆိုးယုတ်သော အစေခံများထဲမှ အစေခံကောင်းများကို ဖယ်ထုတ်ခြင်းကဲ့သို့ လူများကို သူတို့အမျိုးအစားအလိုက် သီးသန့်ခွဲခြားခြင်း အမှုတော် ဖြစ်သည်။ ဤအမှုတော်သည် လူ့ဇာတိခံ ဘုရားသခင်အားဖြင့်သာ ဆောင်ရွက်ပြီးစီးနိုင်သည်။ ဥပမာအားဖြင့် သခင်ယေရှုက သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံခြင်းသည် လူမျိုးစုံကို အမှန်တကယ် ဖော်ထုတ်လေသည်။ လူအမျိုးအစားတစ်မျိုးမှာ ပေတရုနှင့် ယောဟန်ကဲ့သို့ ဘုရားသခင်၏ အသံတော်ကို နားထောင်နိုင်ပြီး၊ သူ့နောက်ကို လိုက်နိုင်သူများ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် ဖာရိရှဲတို့သည် သခင့်ကို ငြင်းပယ်ပြီး ခုခံသည့် နောက်ထပ် လူအမျိုးအစား တစ်မျိုးဖြစ်သည်။ သခင့်ကို သူတို့၏ ယုံကြည်မှုတွင် နားဝေတိမ်တောင်ဖြစ်ခဲ့ပြီး၊ ဖာရိရှဲတို့နောက်သို့ မျက်စိစုံမှိတ် လိုက်ကာ၊ သခင့်ကို လက်မခံခဲ့သော ဂျူးလူမျိုးများသည် နောက်ထပ် လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ ဤနည်းအားဖြင့် ဂျုံစပါးနှင့် အဖျင်းတို့ ပေါ်ထွက်လာပြီး သီးသန့်ခွဲခြားခံရသည်။ ထိုနည်းတူစွာပင် နောက်ဆုံးသော ကာလတွင် ဘုရားသခင် လူ့ဇာတိ ခံယူသောအချိန်တွင်၊ ဘုရားသခင်၏ အမှုတော်ကို လက်ခံသူများနှင့် လက်မခံသူများ၊ ဘုရားသခင်ကို နာခံသူများနှင့် ကိုယ်တော်ကို ခုခံသူများ၊ သမ္မာတရားကို ချစ်သူများနှင့် သမ္မာတရားကို မချစ်သူများတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော် လုပ်ငန်းစဉ်တွင် တဖြည်းဖြည်းချင်း ထုတ်ဖော်ခံရသည်၊ ထို့ကြောင့် လူများသည် အမျိုးအစားအလိုက် အုပ်စုခွဲခံရသည်။ သခင်က တန်ခိုးနှင့် ကြီးစွာသော ဘုန်းကျက်သရေတို့ဖြင့် မိုးတိမ်တိုက် တစ်ခုမှ ဆင်းသက်လာခဲ့ပါက၊ ဆိုလိုသည်မှာ ကိုယ်တော်သည် ရှင်ပြန်ထမြောက်သော ဝိညာဉ်ခန္ဓာ အဖြစ်နှင့် လူများထံသို့ ပေါ်ထွန်းခဲ့ပါက၊ သူတို့သည် ဘုရားသခင်ကို ယုံကြည်သူများဖြစ်ပါစေ၊ စာတန်ကို ယုံကြည်သူများဖြစ်ပါစေ လူတိုင်းက ကိုယ်တော်၏ ရှေ့တော်မှောက်တွင် ပြိုလဲဝပ်စင်းလိမ့်မည်။ သို့ပါက ဆိုးယုတ်သူများကို ကောင်းမြတ်သူများထဲမှ သီးသန့်ခွဲခြား နိုင်ပါသလား။ ဘုရားသခင်သည် ဆိတ်များ ထဲမှ သိုးများကို၊ ပြီးလျှင် တောပင်များထဲမှ စပါးများကို သီးသန့်ခွဲခြားခြင်း အမှုတော်ကို မည်သို့ပြုနိုင်သနည်း။ ဤသို့ဖြင့် နောက်ဆုံးသောကာလတွင် ကိုယ်တော်၏ တရားစီရင်ခြင်း အမှုအားဖြင့် လူသားကို လုံးလုံးကယ်တင်ဖို့ နှင့် အမျိုးအစား အလိုက် သတ်မှတ်ဖို့ ဘုရားသခင်သည် လူ့ဇာတိခံယူပြီး၊ သာမန်လူ့သဘာဝ၌ အလုပ်လုပ်ရပါသည်။
ယခုခေတ်တွင် လူတစ်ချို့က “သမ္မာကျမ်းစာက သခင်ဟာ မိုးတိမ်တိုက်တွေနဲ့ ကြွလာမယ်လို့ ပရောဖက်ပြု ထားတယ်။ အဲဒီလို ပရောဖက်ပြုခြင်းတွေက ဘယ်လို ပြည့်စုံမှာလဲ။” ဟု မေးနိုင်ပါသည်။ ဘုရားသခင်သည် သစ္စာစောင့်သိသည်၊ ထို့ကြောင့် သူ၏ ပရောဖက်ပြုခြင်းများ သည် ဧကန်မုချ ပြည့်စုံလိမ့်မည်- ယင်းက အနာဂတ်တွင် သေချာပေါက်ဖြစ်မည့် အရာဖြစ်သည်။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်က ဘေးဒုက္ခမတိုင်မီ တရားစီရင်ခြင်းအမှုတော်ကို ဆောင်ရွက်ဖို့ ပထမဦးစွာ လူ့ဇာတိခံယူပြီး၊ သမ္မာတရားကို ဖော်ပြလေသည်။ လူ့ဇာတိခံ ဘုရားသခင်က သူ၏ အမှုတော်ကို တိတ်တဆိတ် ဆောင်ရွက်နေစဉ်တွင် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်းအမှုတော်ကို လက်ခံသူများသည် ဘုရားသခင်၏ ရှေ့တော်မှောက်သို့ ချီဆောင်ခံရသူများနှင့် ဘုရားသခင်အားဖြင့် သန့်စင်ခြင်းနှင့် ကယ်တင်ခြင်းခံရသူများဖြစ်လေသည်။ ဤလူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံခံစားပြီးနောက် စာတန်အားဖြင့် သူတို့၏ ဖောက်ပြန်ပျက်စီးခြင်းအပြင် သူတို့၏ အပြစ်ရှိသော သဘာဝတို့နှင့် ပတ်သက်သည့် လက်တွေ့အရှိတရားကို စစ်မှန်သော နားလည်မှု ရှိလာပြီး၊ သူတို့၏ နှလုံးသားများ ထဲတွင် မိမိကိုယ်ကိုယ် မုန်းတီးနိုင်ကာ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို စွန့်လွှတ် လိုပြီး၊ နောက်ဆုံးတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် သမ္မာတရားတို့အားဖြင့် အသက်ရှင်သန်ကြသည်။ ဤလူများသည် စာတန်၏ သြဇာလွှမ်းမိုးမှု၏ အချုပ်အနှောင်များမှ တဖြည်းဖြည်းချင်း လွတ်မြောက် နိုင်ပြီး၊ မည်သည့် အခြေအနေတွင်မဆို ဘုရားသခင်ကို နာခံနိုင်ကာ၊ ချစ်နိုင်ပြီး၊ ကိုးကွယ်နိုင်ကြသည်။ ပြီးလျှင် သူတို့သည် ဘုရားသခင်အားဖြင့် အောင်မြင်သူတစ်စုအဖြစ် ပြုလုပ်ခံရသူများဖြစ်ပြီး၊ ဗျာဒိတ်ကျမ်းတွင် ပရောဖက်ပြု ထားသည့် ယောက်ျား ကလေးငယ်လေး ၁၄၄၀၀၀ တို့ဖြစ်ကြသည်၊ ပြီးလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ပြီး၊ ထာဝရအသက်ကို ရရှိသူများလည်း ဖြစ်လေသည်။ ဤအချက်က ဗျာဒိတ်ကျမ်း ၁၄:၄ ကို ပြည့်စုံစေသည်၊ “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသော သူဖြစ်ကြ၏။ သိုးသငယ် သွားလေ ရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ်အဖို့ အဦးသီးသော အသီးဖြစ်ကြ၏။” သို့သော် နောက်ဆုံးသောကာလမှ ဘုရားသခင်၏ အမှုတော်ကို မရှာဖွေ သို့မဟုတ် လက်မခံဘဲ၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ တရားစီရင်ခြင်း အမှုတော်ကို ခုခံ၊ သွားပုပ်လေလွင့်ပြောပြီး၊ ပြစ်မှားစော်ကားသူများမှာမူ ဖော်ထုတ်ခံကြရသည်။ ထိုအချိန်တွင် အစေခံကောင်းများနှင့် ဆိုးယုတ်သော အစေခံများ၊ ပညာရှိသတို့သမီးများနှင့် မိုက်မဲသော သတို့သမီးများ၊ သမ္မာတရားကို ချစ်သူများနှင့် သမ္မာတရားကို မချစ်သူများတို့သည် သူတို့၏ အမျိုးအစား အလိုက် သတ်မှတ်ခံရလိမ့်မည်။ ထို့နောက်တွင် ဘုရားသခင်သည် ဘေးဒုက္ခများနှင့် အပျက်အစီးများကို ဤကမ္ဘာပေါ်တွင် ဖြစ်ပေါ်စေပြီး၊ ကောင်းမြတ်သူများကို ဆုလာဘ်ချီးမြှင့်ကာ၊ ဆိုးယုတ်သူများကို အပြစ်ဒဏ်ခံလျက်၊ မိုးတိမ်တိုက်ဖြူများဖြင့် လူပုံအလယ်တွင် ဆင်းသက် လာကာ၊ လူများအားလုံးထံ ပေါ်ထွန်းလိမ့်မည်၊ ယင်းမှာ သခင်၏ နှုတ်ကပတ်တော်များဖြစ်သည့် “ထိုအခါ လူသား၏နိမိတ်လက္ခဏာသည် ကောင်းကင်၌ ထင်ရှား လိမ့်မည်။ မြေကြီးပေါ်မှာ လူအပေါင်း တို့သည် ငိုကြွေးမြည်တမ်းကြ၍၊ လူသားသည်ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကိုဆောင်လျက်၊ မိုဃ်းတိမ် ကိုစီး၍ ကြွလာတော်မူသည်ကိုမြင်ရကြလိမ့်မည်။” (ရှင်မဿဲ ခရစ်ဝင်ကျမ်း ၂၄:၃၀) ကို ပြည့်စုံစေလိမ့်မည်။ ဘုရားသခင်သည် လူပုံအလယ်တွင် ပေါ်ထွန်းသည့် အချိန်တွင်၊ လူသားကို ကယ်တင်သည့် ဘုရားသခင်၏ အမှုတော်သည် လုံးလုံးလျားလျား အဆုံးသတ်လိမ့်မည်။ သခင်သည် မိုးတိမ်တိုက်တစ်ခုပေါ်မှ ဆင်းသက်လာမည် ဆိုသည့် အယူအဆကိုသာ ဖက်တွယ်ထားပြီး၊ လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော်ကို မရှာဖွေ သို့မဟုတ် စုံစမ်းမေးမြန်းခြင်း မရှိသူများ နှင့် နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ခုခံပြီး ပြစ်တင်ရှုတ်ချသူများသည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုတော်အားဖြင့် ဖော်ထုတ်ခံရသည့် ဖာရိရှဲများနှင့် အန္တိခရစ်များ ဖြစ်လေသည်။ သူတို့သည် ကြီးစွာသော ဘေးဒုက္ခထဲသို့ ကျရောက်ပြီး၊ အပြစ်ဒဏ်ပေးခံရကာ၊ ငိုကြွေးမြည်တမ်းပြီး အံကြိတ်ကြရလိမ့်မည်။ ဘုရားသခင်၏ နှုတ်ကပတ်တော် များက ပြောသည့်အတိုင်းပင် ဖြစ်သည်၊ “ငါပြောသည့် အရာကို များစွာသော လူတို့သည် ဂရုမစိုက်ဘဲနေကောင်းနေနိုင်သည်၊ သို့သော် ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို သင်တို့မျက်စိဖြင့်တွေ့သည့်အခါ၊ ဤသည်မှာ ဖြောင့်မတ်ခြင်း၏နေမင်း လူသိရှင်ကြား ပေါ်ထွက်လာခြင်းဖြစ်လိမ့်မည်ဟု သန့်ရှင်းသူများဟုဆိုသော ယေရှု၏နောက်သို့ လိုက်သူတိုင်းကို ငါပြောလိုသေး၏။ သင့်အတွက် ထိုအချိန်သည် အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့်အချိန်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့သော် ယေရှု ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို သင် မျက်မြင်ကြုံတွေ့ချိန်သည် အပြစ်ပေးခံရရန် သင် ငရဲသို့ ဆင်းသည့်အချိန်လည်း ဖြစ်သည်ကို သင်သိသင့်သည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ် အဆုံးသတ်ချိန် ဖြစ်လိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ကာ ဆိုးယုတ်သောသူများကို အပြစ်ပေးသည့်အချိန် ဖြစ်လိမ့်မည်။ အကြောင်းမှာ သမ္မာတရား၏ ဖော်ပြချက်သာရှိသည့် အချိန်တွင်၊ လူသည် နိမိတ်လက္ခဏာများကို မမြင်မီ ဘုရားသခင်၏ တရားစီရင်ခြင်း အမှု ပြီးဆုံးပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။”
ထို့ကြောင့် ဘုရားသခင်သည် ဘေးဒုက္ခမတိုင်မီ တိတ်တဆိတ် ဆင်းသက်လာပြီးနောက်၊ ဘေးဒုက္ခ ပြီးနောက်တွင် လူပုံအလယ်တွင် ပေါ်ထွန်းလိမ့်မည်။ ဘုရားသခင်သည် အမှုတော်ကို တိတ်တဆိတ် ဆောင်ရွက်နေသည့် ကာလအတွင်းတွင် လူသားကို ကယ်တင်နေသည်၊ ပြီးနောက် ဘုရားသခင်က နောက်ဆုံးသောကာလတွင် သူ၏ တရားစီရင်ခြင်း အမှုတော်အတွင်းတွင် အောင်မြင်သူတစ်စုကို ပြုလုပ်သည်၊ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ အမှုတော်ကို လက်မခံဘဲ၊ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို ခုခံပြီး၊ စွန့်လွှတ်ခဲ့သူများအားလုံးကို ဖျက်ဆီးဖို့ ကိုယ်တော်က ဘေးဒုက္ခများကို ဖြစ်ပေါ်စေလိမ့်မည်။ ဤသည်မှာ လူသား၏ အဆုံးသတ်ကို ဘုရားသခင်က ဆုံးဖြတ်ပေးသည့် အချိန်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလတွင် ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သို့ သဘောထားသင့်သနည်း။ ဤသည်မှာ ကျွန်ုပ်တို့၏ အဆုံးသတ်နှင့် ခရီးပန်းတိုင်တို့နှင့် တိုက်ရိုက်သက်ဆိုင်သည့် အရာတစ်ခုဖြစ်လေတော့သည်။