Read more!
Read more!

ယေရှု၏ဝိညာဉ်ခန္ဓာကို သင်တွေ့မြင်သည့်အချိန်တွင် ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို အသစ်တစ်ဖန် ပြုလုပ်ပြီးဖြစ်လိမ့်မည်

သင်သည် ယေရှုကိုမြင်တွေ့လိုသလော။ ယေရှုနှင့်အတူ အသက်ရှင်လိုသလော။ ယေရှုပြောသည့် နှုတ်ကပတ်တော်များကို ကြားလိုသလော။ သို့ဖြစ်ပါက တစ်ဖန် ပြန်ကြွလာသည့် ယေရှုကို သင်မည်သို့ ကြိုဆိုမည်နည်း။ သင် အပြည့်အဝ ပြင်ဆင်ပြီးပြီလော။ ယေရှု၏ ပြန်ကြွလာခြင်းကို မည်သည့်ပုံစံဖြင့် သင် ကြိုဆိုမည်နည်း။ ယေရှုနောက်သို့လိုက်သည့် ညီအစ်ကိုမောင်နှမတိုင်းသည် ယေရှုကို ကောင်းစွာ ကြိုဆို ချင်ကြလိမ့်မည်ဟု ငါထင်သည်။ သို့သော် ဤအရာကို သင်တို့ စဉ်းစားပြီးပြီလော- ယေရှု ပြန်ကြွလာချိန်တွင် သူ့ကို သင် အမှန်တကယ် သိလိမ့်မည်လော။ သူပြောသည့် အရာတိုင်းကို သင်တို့ အမှန်တကယ် သဘောပေါက်လိမ့်မည်လော။ သူဆောင်ရွက်သည့် အမှုအားလုံးကို သင်တို့ အမှန်တကယ် ခြွင်းချက်မရှိ လက်ခံလိမ့်မည်လော။ သမ္မာကျမ်းစာဖတ်ဖူးသူတိုင်း ယေရှု၏ ပြန်ကြွလာကြခြင်းကို သိရှိကြပြီး၊ ကျမ်းစာဖတ်ဖူးသူတိုင်းက သူ၏ ကြွလာခြင်းကို မမှိတ်မသုန် စောင့်နေကြ၏။ ထိုအခိုက်အတန့် ရောက်ရှိလာခြင်းနှင့်ပတ်သက်၍ သင်တို့အားလုံး အစွဲအလမ်းကြီးကြပြီး၊ သင်တို့၏ ရိုးသားစစ်မှန်မှုသည် ချီးကျူးထိုက်၏၊ သင်တို့၏ ယုံကြည်ခြင်းသည် အမှန်တကယ် အားကျစရာကောင်းသော်လည်း၊ သင်တို့သည် ကြီးလေးသော အမှားတစ်ရပ်ကိုကျူးလွန်မိပြီးဖြစ်သည်ကို နားလည်ကြသလော။ ယေရှုသည် မည်သည့် ပုံစံဖြင့် ပြန်ကြွလာမည်နည်း။ ယေရှုသည် ဖြူသောမိုးတိမ်စီးကာ ပြန်ကြွလာမည်ဟု သင်တို့ ယုံကြည်သည်၊ သို့သော် သင်တို့ကို ငါမေးသည်- ဤဖြူသော မိုးတိမ်သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သူ၏ ပြန်ကြွလာခြင်းကို စောင့်ဆိုင်းနေသည့် ယေရှု၏ နောက်လိုက်များစွာဖြင့်၊ မည်သည့် လူများအလယ်တွင် သူဆင်းသက်မည်နည်း။ သင်တို့သည် ယေရှု ဆင်းသက်သောသူတို့အထဲတွင် ပထမဦးဆုံးဖြစ်ပါက၊ အခြားသူများသည် ဤအရာကို အလွန်အကျွံ မတရားမှုဟု မြင်လိမ့်မည်မဟုတ်လော။ သင်တို့သည် ယေရှုအပေါ် လွန်စွာရိုးသားစစ်မှန်ပြီး သစ္စာစောင့်သိသည်ကို ငါသိသော်လည်း၊ သင်တို့သည် ယေရှုကို မြင်ဖူးသလော။ သူ၏စိတ်သဘောထားကို သင်တို့ သိသလော။ သူနှင့်အတူ နေဖူးသလော။ သူနှင့်ပတ်သက်၍ သင်တို့ အမှန်တကယ် မည်မျှနားလည်သနည်း။ အချို့က ဤစကားများသည် ၎င်းတို့ကို အနေရခက်သည့် စိတ်အကျပ်အတည်းထဲသို့ ရောက်စေသည်ဟု ဆိုလိမ့်မည်။ ၎င်းတို့က၊ “ကျွန်ုပ်သည် ကျမ်းစာကို အစအဆုံး ကြိမ်ဖန်များစွာ ဖတ်ပြီးပါပြီ။ ယေရှုကို ကျွန်ုပ် နားမလည်ဘဲ အဘယ်သို့ ရှိနိုင်မည်နည်း။ ယေရှု၏စိတ်သဘောထားကိုမဆိုနှင့်- ကိုယ်တော် ဝတ်ဆင်လိုသည့် အဝတ်အစား အရောင်ကိုပင် ကျွန်ုပ်သိသည်။ ယေရှုကို ကျွန်ုပ်နားမလည်ဟု သင်ဆိုသည့်အခါ ကျွန်ုပ်ကို သေးသိမ်စေသည် မဟုတ်ပါလား။” ဟု ဆိုလိမ့်မည်။ ဤကိစ္စရပ်များကို သင် အငြင်းမပွားနှင့်ဟု ငါအကြံပြု၏။ စိတ်ငြိမ်စေပြီး အောက်ပါမေးခွန်းများအကြောင်းကို မိတ်သဟာယပြုသင့်သည်။ ဦးစွာပထမ၊ လက်တွေ့အရှိတရားသည် မည်သည့်အရာဖြစ်ပြီး သဘောတရားသည် မည်သည့်အရာ ဖြစ်သည်ကို သင်သိပါသလော။ ဒုတိယအနေဖြင့်၊ အယူအဆများက မည်သည့်အရာများဖြစ်ပြီး၊ သမ္မာတရားသည် မည်သည့်အရာဖြစ်သည်ကို သင်သိပါသလော။ တတိယအနေဖြင့်၊ မည်သည့်အရာသည် စိတ်ကူးထားသည့်အရာ ဖြစ်ပြီး မည်သည့်အရာသည် စစ်မှန်သည်ကို သင်သိပါသလော။

Share