ကျန်းယွီ၊ တရုတ်နိုင်ငံ
အပြစ်ဆိုသည်မှာ ခရစ်ယာန်တစ်ဦးအနေဖြင့် ကျွန်မ အကျွမ်းတဝင်အရှိဆုံးသော အရာတစ်ခုဖြစ်သည်။ ထိုအရာက ကျွန်မ အနီးအနားတွင် နေ့တိုင်း ရစ်ဝဲနေသည်။ အမြဲနီးကပ်နေပြီး ကျွန်မ မဖယ်ရှားပစ်နိုင်ပါ။ အပြစ်ပြုခြင်း၊ ဝန်ချခြင်းတို့၏အတောမသတ်နိုင်သော သံသရာက ကျွန်မကို အမြဲ ဒုက္ခပေးသည်။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သခင်ယေရှု ပြန်ကြွလာခဲ့လျှင် ဒီလိုမျိုးဖြင့် ကျွန်မ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်နိုင်မည်လား။ ကျွန်မသည် အလွန်အမင်း စိတ်ဆင်းရဲလျှက်ဖြင့် ရှင်ပေါလု၏ စကားများကို ကျွန်မ တွေးမိခဲ့သည်။ “ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း။ အပြစ်စီရင်သောသူကား အဘယ်သူနည်း။” (ရောမသြဝါဒစာ ၈း၃၃-၃၄) “ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍။” (ရောမသြဝါဒစာ ၈:၁) ဟုတ်ပါသည်။ ကျွန်မသည် သခင့်၏ အရွေးကောက်ခံများထဲမှ တစ်ဦးဖြစ်သည်။ သခင်သည် ကျွန်မ၏ အပြစ်များအားလုံးကို ခွင့်လွှတ်ပြီးဖြစ်ကာ ယင်းတို့က အတိတ်၊ ပစ္စုပ္ပန် သို့မဟုတ် အနာဂတ် အပြစ်များဖြစ်ပါစေ အားလုံးကို သူ ခွင့်လွှတ်ပါသည်။ ကျွန်မကို အပြစ်သားတစ်ဦးအဖြစ် သူ မမြင်တော့ပါ၊ ပြီးလျှင် သခင် ကြွလာသောအခါ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မ ဝင်ရောက်နိုင်ပါလိမ့်မည်။
နောက်ပိုင်းတွင် တိုက်တိုက်ဆိုင်ဆိုင် အသင်းတော်မှ မိတ်ဆွေတစ်ဦးက ဤမေးခွန်းကို ကျွန်မကို မေးခဲ့သည်။ “သခင်ယေရှုက ငါတို့ရဲ့ အပြစ်တွေကို ခွင့်လွတ်ပြီးပြီ။ ဒါပေမယ့် ငါတို့ အပြစ်ပြုမိနေတုန်းပဲ။ သခင့်ရဲ့ လမ်းကို ငါတို့ မထိန်းသိမ်းနိုင်ဘူး။ ပြီးတော့ ငါတို့ရဲ့ နေ့စဉ် အသက်တာတွေမှာ ငါတို့ လှည့်ဖြားတယ်။ လိမ်လည်တယ်။ မရိုးမဖြောင့် ကောက်ကျစ်တဲ့ နည်းလမ်းတွေနဲ့ ပြုမူတယ်။ မကောင်းကြံပြီး လျှို့ဝှက်ကြံစည်ကြတယ်။ ငါတို့တွေကြားမှာ မနာလိုတွေဖြစ်ပြီး စကားတွေများကြတယ်။ ပြီးတော့ မာနထောင်လွှားကြပြီး ကိုယ့်ကိုယ်ကိုယ် မှန်တယ်လို့ မှတ်ယူကြတယ်လေ။ နေ့တိုင်း အပြစ်ပြုခြင်းနဲ့ ညတိုင်း ဝန်ချခြင်း သံသရာထဲမှာ ငါတို့ အသက်ရှင်ကြပြီး ငါတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝကို မလွတ်မြောက်ကြသလို သန့်စင်မလာကြဘူး။ သခင်ယေရှုက၊ ‘ငါအမှန်အကန်ဆို သည်ကား၊ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်ကျွန်ဖြစ်၏။ ကျွန်သည်ကား အိမ်၌ အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။’ (ရှင်ယောဟန်ခရစ်ဝင် ၈:၃၃-၃၅) လို့ ပြောခဲ့တယ်။ ရှင်ပေတရု သြဝါဒစာ ပထမစောင် ၁:၁၆ မှာ၊ သူက၊ ‘အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူသောကြောင့်၊ သင်တို့သည်လည်း သန့်ရှင်းခြင်းရှိကြလော့ ဟု ကျမ်းစာလာသတည်း။’ လို့လည်း ပြောထားတယ်။ ဒီနှုတ်ကပတ်တော်တွေထဲမှာ၊ အပြစ်ရဲ့ ကျေးကျွန်ဘဝကို မလွတ်မြောက်ကြတဲ့ ငါတို့လိုလူတွေဟာ ကောင်းကင်နိုင်ငံတော်ထဲကို မဝင်နိုင်ဘူးဆိုတာ ငါတို့ တွေ့နိုင်တယ်။ ဘုရားသခင်ဟာ သန့်ရှင်းပြီး ဖြောင့်မတ်တယ်။ ဒါကြောင့် အပြစ်တရားကနေ လွတ်မြောက်ပြီးတဲ့ လူတွေပဲ ကောင်းကင်နိုင်ငံထဲကို ဝင်ရောက်ဖို့ အရည်အချင်းမီတယ်။ ငါတို့ သခင့်ကို လူ့စကားတွေအရ မဟုတ်ဘဲ သခင့်နှုတ်ကပတ်တော်တွေအရ ယုံကြည်သင့်တယ်။ ရှင်ပေါလုက တပည့်တော် တစ်ပါးပါပဲ။ ဖောက်ပြန်ပျက်ဆီးတဲ့ လူတစ်ဦးထက် မပိုပါဘူး။ နင်လည်း အဲဒီလိုပဲ ပြောမယ်မဟုတ်လား။”
ကျွန်မ မိတ်ဆွေ၏ မေးခွန်းက ကျွန်မကို မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်စေခဲ့သည်။ဤအရာနှင့်ပတ်သက်၍ သူမှန်ပါသည်။ ဘုရားသခင်သည် သန့်ရှင်းပြီး ဖြောင့်မတ်သည်။ ထို့ကြောင့် အပြစ်သားများသည် ဘုရားသခင်၏ နိုင်ငံတော်ထဲတွင် ကျန်ရှိနေဖို့ အရည်အချင်းမမီပါ။ ကောင်းကင်နိုင်ငံတော်၏ ဂိတ်တံခါးသော့ကို ဘုရားသခင်က ကိုင်စွဲထားပြီး ရှင်ပေါလုမှာမူ ဖောက်ပြန်ပျက်ဆီးသော လူသားတစ်ဦးမျှသာ ဖြစ်ပါသည်။ အဘယ်သို့ သူ၏ စကားများက ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ခြင်းအတွက် စံဖြစ်နိုင်မည်နည်း။ ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မတို့ ဝင်ရောက်ချင်လျှင် လူတစ်ဦး၏ စကားများမဟုတ်ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များအပေါ် အခြေခံပြီး လမ်းခရီးကို ကျွန်မတို့ ဆုံးဖြတ်ရန်လိုပါသည်။
ကျွန်မသည် အပြစ်သားတစ်ဦးဖြစ်ပြီး ဘုရားသခင်က သန့်ရှင်းပါသည်။ ယင်းမှာ ကျွန်မ ကိုယ်တိုင်နှင့် ဘုရားသခင်ကြားက ကျယ်ပြန့်သည့် ကွာဟချက်တစ်ခုဖြစ်သည်။ ထိုအရာ တည်ရှိနေစဉ်တွင် အဘယ်သို့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့ ကျွန်မ အမြဲမျှော်လင့်နိုင်မည်နည်း။ ကျွန်မဝင်ရောက်နိုင်သည်ဟု တွေးရန်မှာ မိမိကိုယ်ကိုယ် လှည့်ဖြားခြင်းသာ ဖြစ်ခဲ့သည်။ ထို့နောက်တွင် ကျွန်မသည် “သန့်ရှင်းခြင်းပါရမီမရှိလျှင်၊ အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ။” (ဟေဗြဲသြဝါဒစာ ၁၂:၁၄) နှင့် “အပြစ်တရား၏ အခကားသေခြင်းပေတည်း။” (ရောမသြဝါဒစာ ၆:၂၃) တို့ကဲ့သို့သော ကျမ်းပိုဒ်များကို မြင်သည့်အခါတိုင်းတွင် ကျွန်မ၏ စိတ်နှလုံးက ညှင်းပန်းမှုဖြင့် ထိုးဖောက်ခံရလေသည်။ ကျွန်မသည် မကြာခဏ မရည်ရွယ်ဘဲ ဘုရားသခင်ကို အပြစ်ပြုမိပြီး ဆန့်ကျင်မိတတ်သည်။ ကျွန်မသည် အပြစ်ပြုဖို့ ကျေးကျွန်ဘဝထဲတွင် ရှိခဲ့ပြီး လွတ်မြောက်ရန် ခွန်အားကင်းမဲ့ခဲ့သည်။ ပြီးလျှင် ဤသည်မှာ ဘုရားသခင်ကို ကျွန်မ မြင်ရဖို့ ဘယ်တော့မှ ထိုက်တန်လိမ့်မည်မဟုတ်ဟု ဆိုလိုပါသည်။ ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့မှာ ကျွန်မအတွက် အိပ်မက်တစ်ခုမျှသာ ဖြစ်ခဲ့ပါသည်။
အပြစ်တရား၏ ကျေးကျွန်ဘဝနှင့် အချုပ်အချယ်များမှ လွတ်မြောက်ဖို့ နည်းစနစ်အချို့ကို ကျွန်မ ကြိုးစားခဲ့သည်။ တစ်ကြိမ်တွင် ကျွန်မ အစာရှောင်သည်။ တောင်ထိပ်တစ်ခုကို ကျွန်မ တက်ပြီး သခင့်ရှေ့တွင် ကျွန်မ၏ အပြစ်များကို ဝန်ချဖို့ ဆုတောင်းခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျွန်မ အပြစ်ပြုမိနေဆဲ ဖြစ်ခဲ့သည်။ သခင့်နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ဖို့၊ ရိုးသားသောလူတစ်ဦးဖြစ်ဖို့နှင့် လိမ်လည်ခြင်းမှ ကိုယ့်ကိုယ်ကိုယ် ရပ်တန့်ဖို့ကိုလည်း ကျွန်မ အားထုတ်ခဲ့သည်။ သို့သော် ကျွန်မ၏ အကျိုးအမြတ်တို့ကို တစ်စုံတစ်ရာကလာထိသည့်အခိုက်တွင် ကျွန်မသည် မရည်ရွယ်ဘဲ လိမ်လည်မိပြီး ဘုရားသခင်နှင့် အခြားသော လူတို့ကို လှည့်ဖြားနေမိဆဲဖြစ်သည်။ ထိုအရာသာမက ကျွန်မ၏ ညီအစ်ကို မောင်နှများက ပိုကောင်းသော တရားဒေသနာများကို ဟောပြောနေသည် သို့မဟုတ် ကျွန်မကိုယ်တိုင်ထက် ပိုမိုရှင်းလင်းစွာ မိတ်သဟာယပြုနေကြသည်ကို မြင်သောအခါ ကျွန်မ မနာလိုဖြစ်လာခဲ့သည်။ နာခံဖို့ ငြင်းဆန်ခဲ့ပြီး သူတို့နှင့်အတူ ပြိုင်ဆိုင်ရန် တိတ်တဆိတ် ကြိုးစားခဲ့ပါသည်။ အခြားသူများကို မနာလိုခြင်းမှာ ဘုရားသခင် စက်ဆုပ်သောအရာတစ်ခုဖြစ်သည်ကို ကျွန်မ ရှင်းရှင်းလင်းလင်း သိခဲ့ပါသည်။ ကျွန်မသည် ဘုရားသခင်ထံ ကြိမ်ဖန်များစွာ ဆုတောင်းခဲ့ပြီး အပြစ်ပြုခြင်းမှ ကျွန်မကိုယ်ကျွန်မ တားဆီးဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ရန် ကျွန်မ ကြိုးစားခဲ့သည်၊ သို့သော် ကျွန်မ၏ ညီအစ်ကို မောင်နှမများက ချီးမွမ်းခံရသည့် အကြိမ်တိုင်းတွင် သူတို့ကို မနာလိုသည့် ခံစားချက်မှ ကိုယ့်ကိုယ်ကိုယ် ကျွန်မ မတားဆီးနိုင်ခဲ့ပါ...။ ဤအရာက ကျွန်မကို အကြီးအကျယ် ဒုက္ခပေးခဲ့ပြီး၊ “သခင်၊ အပြစ်တရားရဲ့ ကျေးကျွန်ဘဝကနေ ကျွန်မ ဘယ်လိုလွတ်မြောက်ပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်နိုင်မလဲ”ဟု သခင့်ဆီ ကျွန်မ အော်ဟစ်လျှက် သခင့်ရှေ့တွင် မျက်ရည်မည်မျှ ကျခဲ့သည်ကို ကျွန်မ မသိတော့ပါ။
သခင်က ကျွန်မဆုတောင်းချက်များကို ကြားခဲ့ ခြင်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တစ်နေ့တွင် ကျွန်မ၏ အခက်အခဲများကို ပြောပြဖို့ အခြားနယ်က အသင်းတော်မှ မိတ်ဆွေတစ်ဦးထံ ကျွန်မ စာတစ်စောင်ရေးခဲ့ပါသည်။ သူမ၏ ပြန်စာထဲတွင်၊ သူမက၊ “ညီမရေ၊ ငါတို့က အဖန်ဆင်းခံသတ္တဝါတွေပါ။ ကိုယ့်ဖာသာကိုယ်ဆိုရင် ငါတို့က အပြစ်ကို အောင်နိုင်ဖို့ အစွမ်းမဲ့ကြတယ်။ အပြစ်တရားရဲ့ ကျေးကျွန်ဘဝကို ငါတို့ လွတ်မြောက်ပြီး အသန့်စင်ခံချင်တယ်ဆိုရင် ငါတို့အပေါ် အမှုပြုဖို့နဲ့ အစ်မတို့ကို ကယ်တင်ဖို့ ဘုရားသခင်ကို တောင်းလျှောက်ရမယ်။ ပညတ်တော်ခေတ်နှောင်းပိုင်းမှာ အသက်ရှင်ခဲ့ကြသူတွေဟာ သူတို့က အရင်ထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ဖောက်ပြန်ပျက်ဆီးခဲ့ကြတာကြောင့်၊ သူတို့ အပြစ်တွေကို ရွေးနုတ်ဖို့ လုံလောက်တဲ့ ယဇ်ပူဇော်ခြင်းတွေ မရှိခဲ့ဘူးလေ။ ပြီးတော့ ပညတ်တော်ကို ချိုးဖောက်ခြင်းအတွက် သေခြင်း အဖြစ် စီရင်ခံရမယ့် အန္တရာယ်က သူတို့မှာ အမြဲ ရှိခဲ့ကြတယ်။ သူတို့အနေနဲ့ ဘုရားသခင်ဆီ အော်ဟစ်ပြီး သူတို့ကို ကယ်တင်ဖို့ တောင်းလျှောက်ရုံသာ တတ်နိုင်ခဲ့ကြတယ်။ ဘုရားသခင်က သူတို့ရဲ့ ဆုတောင်းချက်တွေကို ကြားခဲ့ပြီး လူတွေကို ပညတ်တရားတွေကနေ ရွေးနုတ်ဖို့ ဘုရားသခင်က လူ့ဇာတိခံ သခင်ယေရှု ဖြစ်လာခဲ့တယ်။ လူတွေကို ကြွယ်ဝပြီး အလျှံပယ်ဖြစ်တဲ့ ကျေးဇူးတော်ကို အပ်နှင်းခဲ့တယ်။ လူတွေကို သူတို့ရဲ့ အပြစ်တွေ ဝန်ခံပြီး နောင်တရဖို့ သွန်သင်ခဲ့တယ်။ ပြီးတော့ လူသားမျိုးနွယ်ကို အပြစ်ကနေ ရွေးနုတ်ဖို့ သူ့ကိုယ်သူ ကားတိုင်မှာ လူသားအတွက် သံမှိုရိုက်နှက်ခံရဖို့ ခွင့်ပြုခဲ့တယ်။ သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို အစ်မတို့ လက်ခံသရွေ့ အစ်မတို့အပြစ်အတွက် ပညတ်တရားအားဖြင့် သေခြင်းကို စီရင်ခံရတော့မှာ မဟုတ်ဘူး။ အဲဒီအစား၊ ဘုရားသခင်ဆီ ငါတို့ တကယ်ကို ဆုတောင်းနိုင်တယ်။ သခင်ယေရှုရဲ့ ကျေးဇူးတော်နဲ့ ကောင်းကြီးမင်္ဂလာတွေကို မွေ့လျော်နိုင်ပြီး ငါတို့ရဲ့ အပြစ်တွေ ခွင့်လွတ်ခံရတယ်။ ဒါပေမယ့် ငါတို့ရဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေက ငါတို့အထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး အချိန်မကျရောက်သေးတာကြောင့် ငါတို့ရဲ့ အပြစ်ကို ဖယ်ရှားတဲ့ အမှုတော်ကို သခင်က မပြီးမြောက်သေးဘူး။ ငါတို့ ကိုယ့်ကိုယ်ကိုယ် အပြစ်နဲ့ပြည့်တဲ့သဘာဝတွေကနေ လုံးဝ မဖယ်ရှားနိုင်ခင်မှာ ကယ်တင်ခြင်းအမှုတော်ကို ဆက်ဖို့၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ဖို့ သူ့ရဲ့ နောက်ထပ်အမှုတော်အတွက် သခင့်ရဲ့ ပြန်ကြွလာခြင်းကို ငါတို့ စောင့်ရမယ်။ သခင်ယေရှုက၊ ‘သင်တို့အား ငါပြောစရာ စကားအများ ရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ‘ငါ့စကားကို ကြားသောသူသည် မယုံကြည်ဘဲနေလျှင် ထိုသူကို ငါသည်အပြစ်မစီရင်။ လောကီသား တို့ကို အပြစ်စီရင်အံ့သောငှါ ငါလာသည်မဟုတ်၊ လောကီသား တို့ကို ကယ်တင်အံ့သောငှါငါလာ၏။ ငါ့ကိုပယ်၍ ငါ့စကားကို နာမခံသောသူအား အပြစ်စီရင်သောသူရှိသေး၏။ ငါဟောပြောသော စကား ပင် နောက်ဆုံးသောနေ့၌ ထိုသူအားအပြစ်စီရင်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၁၂:၄၇-၄၈) လို့ ပရောဖက်ပြုထားတဲ့အတိုင်းပါပဲ။ ဒီအရာကနေ၊ သခင်ဟာ သမ္မာတရားများစွာကို ဖော်ပြဖို့အပြင် ငါတို့ရဲ့ အပြစ်တွေကို တရားစီရင်ပြီး သန့်စင်စေဖို့ နောက်ဆုံးသော ကာလမှာ ပြန်ကြွလာမယ်ဆိုတာ ငါတို့ မြင်နိုင်တယ်။ ငါတို့အနေနဲ့ ငါတို့ရဲ့ အပြစ်နဲ့ပြည့်ဝမှုကနေ လွတ်မြောက်ဖို့၊ ငါတို့ရဲ့ဆိုးယုတ်တဲ့ သဘာဝတွေကနေ ကိုယ့်ကိုယ်ကိုယ် လုံးဝ သန့်စင်ဖို့နဲ့ ကောင်းကင်နိုင်ငံတော်ထဲ ဝင်ရောက်ဖို့အတွက် ဘုရားသခင်အားဖြင့် လုံးဝ ကယ်တင်ခံရဖို့ နောက်ဆုံးသော ကာလမှာ ခရစ်တော် ဖော်ပြတဲ့ သမ္မာတရားအားလုံးကို ငါတို့ လက်ခံရမယ်”ဟု ပြောခဲ့သည်။
ဤအချက်အထိ ဖတ်ချိန်တွင် ကျွန်မ၏ အပြစ်နှင့်ပြည့်ဝမှုနှင့်ဆိုင်သော ကျေးကျွန်ဘဝနှင့် ထိန်းချုပ်မှုတို့ကို ကျွန်မ မလွတ်မြောက်နိုင်ခဲ့ရသည့် အကြောင်းရင်းမှာ သခင်ယေရှုက ကျွန်မတို့၏ စိတ်သဘောထားများကို သန့်စင်ခြင်းနှင့် ပြောင်းလဲခြင်း အမှုတော်ကို မလုပ်ဆောင်ခဲ့ဘဲ၊ ရွေးနုတ်ခြင်း အမှုတော်ကိုသာ လုပ်ဆောင်ခဲ့သောကြောင့်ဖြစ်သည်က ကျွန်မ နားလည်ခဲ့ရသည်။ သခင်က လူတို့ကို ပညတ်တရားများမှ ရွေးနုတ်ရုံသာ ရွေးနုတ်ခဲ့ပြီး ဘုရားသခင်ရှေ့မှောက်လာကာ၊ သူ့ဆီ ဆုတောင်းပြီး သူ၏ ကယ်တင်ခြင်းကို ရရှိဖို့ အခွင့်အရေးကို ပေးခဲ့ပါသည်။ သခင့်နှုတ်ကပတ်တော်များကို ကြားပြီး လက်တွေ့မလုပ်ဆောင်နိုင်ကြသလို အပြစ်ပြုခြင်းနှင့် နောက်တရခြင်း သံသရာထဲတွင် ခိုကိုးရာမဲ့ ပိတ်မိကာ ရှင်သန်နေကြသော ကျွန်မတို့အတွက် သခင်က ကျွန်မတို့ကို မစီရင်ပါ သို့မဟုတ် မရှုတ်ချပါ။ နောက်ဆုံးသော ကာလတွင်၊ သခင် ပြန်ကြွလာမည်။ နှုတ်ကပတ်တော်အသစ်များစွာ ပြောဆိုမည့်အပြင် ကျွန်မတို့ကို အပြစ်၏ ကျေးကျွန်ဘဝမှ လုံးဝ လွတ်မြောက်ရန် နှင့် စစ်မှန်သော လူသားပုံသဏ္ဍာန်ကို အသက်ရှင်ရန် အခွင့်ပေးရင်း ကျွန်မတို့ကို တရားစီရင်မည်၊ သန့်စင်စေပြီး ပြောင်းလဲစေပါလိမ့်မည်။ ဤအခိုက်အတန့်တွင် ကျွန်မ ရုတ်တရက် ဉာဏ်အလင်းပွင့်သလို ခံစားခဲ့ရပါသည်။ “သခင်၊ ကျွန်မကို ဦးဆောင်ခြင်း၊ လမ်းပြခြင်းနဲ့ အပြစ်တရားရဲ့ ကျေးကျွန်ဘဝကို ဘယ်လိုလွတ်မြောက်ရမယ်ဆိုတာကို နားလည်စေခြင်းတို့အတွက် ကိုယ်တော့်ကို ကျေးဇူးတင်ပါတယ်။”
ထို့နောက် အောက်ပါကျမ်းပိုဒ်ကို သူမ၏ စာထဲတွင် ကျွန်မ ဖတ်ခဲ့ရပါသည်။ “နောက်ဆုံးသောကာလတွင် ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထား ပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အား တစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းလမ်းများကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ထိန်းချုပ်ခံရနိုင်ပြီး၊ ဘုရားသခင်ထံ ကျိုးနွံနာခံခြင်းအဖြစ်သို့ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံးခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းက ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။” (ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏)
သူမက ဤသို့ဆက်လက် ရေးသားခဲ့သည်။ “တရားစီရင်ခြင်းနဲ့ ပြစ်တင်ဆုံးမခြင်း အမှုတော်ကို လုပ်ဆောင်ဖို့ နောက်ဆုံးသော ကာလမှာ ဘုရားသခင် ပြန်ကြွလာတဲ့အခါ ငါတို့ရဲ့ ဆိုးယုတ်တဲ့ သဘာဝတွေကို ဖော်ပြဖို့အပြင်၊ ဘုရားသခင်ကို ဆန့်ကျင်ပြီး သမ္မာတရားကို သစ္စာဖောက်ရာမှာ အသုံးပြုတဲ့ စကားတွေနဲ့ လုပ်ရပ်တွေကို စိစစ်ဖို့ သူက ဒီနှုတ်ကပတ်တော်တွေနဲ့ဆိုင်တဲ့ ဖော်ပြချက်ကို အဓိက အသုံးပြုလိမ့်မယ်။ အပြစ်ရဲ့ ကျေးကျွန်ဘဝကို လွတ်မြောက်ဖို့အပြင်၊ အသက်ရဲ့ သမ္မာတရားတွေ တစ်ခုစီတိုင်းကို ငါတို့ဆီ ထုတ်ဖော်ပြဖို့ ငါတို့အတွက် လမ်းကြောင်းတစ်ခုကိုလည်း သူ ညွှန်ပြလိမ့်မယ်။ ဘုရားသခင်ဆီကလာတဲ့ ဒီနှုတ်ကပတ်တော်တွေထဲက လမ်းညွှန်မှုနဲ့အတူ၊ ငါတို့ရဲ့ ဖောက်ပြန်ပျက်ဆီးတဲ့ စိတ်သဘောထားတွေနဲ့ အပြစ်နဲ့ပြည့်တဲ့ သဘာဝတွေနဲ့ဆိုင်တဲ့ စစ်မှန်တဲ့ အသိပညာကို နောက်ဆုံးမှာ ငါတို့ ရနိုင်ကြလိမ့်မယ်၊ ပြီးတော့ ဘုရားသခင်က ဖြောင့်မတ်ပြီး သန့်ရှင်းတယ်ဆိုတာလည်း ငါတို့ သိကြမယ်၊ဘုရားသခင် နှစ်သက်တဲ့အရာနဲ့ စက်ဆုပ်တဲ့အရာကို ငါတို့ သိမှာဖြစ်ပြီး ဘုရားရဲ့ လက်ခံမှုကို ရဖို့ ဘယ်လို လက်တွေ့လုပ်ဆောင်ရမယ်ဆိုတာကို ငါတို့ သိကြမှာပါ။ ဒီလိုနဲ့၊ ငါတို့အတွင်းထဲမှာ ဘယ်လောက်ပဲ ဘုရားသခင်ကို ပုန်ကန်မှု ဒါမှမဟုတ် ဆန့်ကျင်မှု ရှိပါစေ၊ နောက်ဆုံးသော ကာလ ဘုရားသခင်ရဲ့ အမှုတော်ကို ငါတို့ လက်ခံသရွေ့၊ ခရစ်တော်ရဲ့ နောက်ဆုံးသောကာလ တရားစီရင်ခြင်း နှုတ်ကပတ်တော်တွေအားဖြင့် ငါတို့ သန့်စင်ခံရမှာပါ။ နောက်ဆုံးမှာ ဘုရားသခင်အားဖြင့် လုံးဝ ကယ်တင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲကို ဝင်ရောက်နိုင်ကြမှာပါ။”
နောက်ဆုံးတွင် အသင်းတော်မှ ကျွန်မ မိတ်ဆွေက ရက်အနည်းငယ်တွင် သူမ ပြန်လာပြီး သမ္မာတရား၏ ဤရှုထောင့်နှင့် ပတ်သက်၍ ကျွန်မနှင့်အတူ ဆက်လက် မိတ်သဟာယပြုမည်ဟု ပြောခဲ့သည်။ ကျွန်မ ကျေနပ်နှစ်သိမ့်မိပြီး သက်ပြင်းမချပဲ မနေနိုင်ခဲ့သလို၊ “ဘုရားရဲ့ လမ်းပြမှုကြောင့်ပါပဲလေ၊ နောက်ဆုံးတော့ အပြစ်တရားရဲ့ ကျေးကျွန်ဘဝကနေ လွတ်မြောက်ဖို့ ကျွန်မအတွက် မျှော်လင့်ချက် ရှိပြီ”ဟု တွေးမိပါသည်။ ဘုန်းအသရေအားလုံး ဘုရားသခင် ပိုင်ဆိုင်ပါစေ။ အာမင်။