အသင်းတော် ခြောက်သွေ့ခြင်းကို ဖြေရှင်းရန် နည်းလမ်းကို ကျွန်ုပ်ရှာတွေ့သည် (၁)
- အမြန်လမ်းညွှန်
- အသင်းတော် ခြောက်ကပ်လာပြီး နာကျင်စွာ မင်တက်မိလျက် ကျွန်မ ရှာဖွေသည်
- အသင်းတော်များထဲက ခြောက်ကပ်ခြင်းအတွက် အကြောင်းရင်းများကို ကျွန်မ ရှာတွေ့သည်
အင်ဒိုင်း၊ တောင်ကိုရီးယား
ပထမဆုံးအကြိမ် သခင့်ကို ကျွန်မ တွေ့ဆုံရပြီး ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို တွေ့ကြုံရသည်
၂၀၁၀ ခုနှစ်တွင်၊ ကျွန်မသည် ကျွန်မ၏ ခင်ပွန်းနှင့်အတူ တောင်ကိုရီးယားသို့ ပြောင်းလာခဲ့ကြပြီး အိမ်အနီးတွင်ရှိသည့် ဘုရားကျောင်းတစ်ခုတွင် သခင်ယေရှုကို စတင်ယုံကြည်ခဲ့သည်။ ဝတ်ပြုအစည်းအဝေးများတွင်၊ သင်းအုပ်ဆရာက “ကားတိုင်၏ ကယ်တင်ခြင်း” လမ်းခရီး နှင့် “လောကလူတို့ကို ဘုရားသခင် ချစ်တော်မူသည်”တို့ကို မကြာခဏ ဟောပြောခဲ့ပြီး သခင်ယေရှု၏ ကြီးမြတ်သော ချစ်ခြင်းမေတ္တာကြောင့် ကျွန်မ၏ စိတ်နှလုံး အလွန်အမင်း လှုပ်ရှားခဲ့သည်။ သခင့်ကို ကျွန်မ ဆုတောင်းသည့်အခါတိုင်းတွင်၊ သူ ကျွန်မဘေးတွင် ရှိသကဲ့သို့ ခံစားရပြီး ကျွန်မ၏ စိတ်နှလုံးက ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်း ခံစားချက်တို့ဖြင့် ပြည့်လျှမ်းခဲ့ပါသည်။ ထိုအချိန်က၊ သင်းအုပ်ဆရာ၏ တရားဒေသနာများကို ကြားနာဖို့ ဘုရားကျောင်းကို အပတ်တိုင်း အချိန်မီ ကျွန်မတက်ရောက်ခဲ့ပြီး ကျမ်းစာကို နေ့တိုင်း စေ့စေ့စပ်စပ် ဖတ်ရှုခဲ့ကာ တစ်နှစ်အတွင်း တစ်အုပ်လုံးပြီးအောင် လုပ်နိုင်ခဲ့သည်။ နောက်ဆုံးသောကာလတွင် ကျွန်မတို့ကို ကောင်းကင်နိုင်ငံတော်ထဲသို့ ချီမဖို့ရန် သူပြန်လာမည်ဟူသော သခင်ယေရှု၏ ပရောဖက်ပြုချက်များကို ကျွန်မ ဖတ်ခဲ့ရပါသည်၊ ထို့ကြောင့် ကျွန်မ ကိုယ်ပိုင်ဘဝတစ်သက်တာအတွင်း သခင်၏ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မည်ဟု ကျွန်မ မျှော်လင့်ခဲ့သည်။
အသင်းတော် ခြောက်ကပ်လာပြီး နာကျင်စွာ မင်တက်မိလျက် ကျွန်မ ရှာဖွေသည်
နှစ်အတန်ကြာ လွန်သွားခဲ့ပြီး သခင်ယေရှု ပြန်ကြွလာဖို့အတွက် ကျွန်မ၏ တောင့်တမှုမှာ လျှော့မသွားခဲ့ပါ၊ သို့သော် အသင်းတော်ထဲက အခြေအနေသည် အရင်ကဖြစ်ခဲ့သည်နှင့်မတူ အလွန်ကွဲပြားလာခဲ့သည်ကို ကျွန်မ ခံစားမိခဲ့သည်။ သင်းအုပ်ဆရာက မကွဲပြားသည့် ဟောင်းသည့်အရာများကို အမြဲ ဟောပြောခဲ့ပြီး သူ၏ တရားဒေသနာများမှာ သူတို့အဖို့ အလင်းသစ်လုံးဝ မရှိခဲ့ပါ။ မနက်ဆုတောင်းရာတွင်၊ ညီအစ်ကို မောင်နှမအချို့သည် အဆက်မပြတ် အာသမ်းနေကြပြီး အချို့မှာ တကယ်ပင် အိပ်မောကျသွားကြသည်။ ကျွန်မသည်လည်း မတင်မကျ စိတ်ရှုတ်ထွေးမှုအခြေအနေတစ်ခုတွင် ရှိခဲ့ပြီး ကျွန်မ၏ ဆုတောင်းခြင်းများမှာ ခြောက်ကပ်ကပ်နှင့် ပေါ့ရွှတ်ရွှတ်ဖြစ်ခဲ့သည်။ ထို့အပြင်၊ ဘုရားကျောင်းလာသည့် လူအရေအတွက်မှာ အယောက် ၄၀၊ ၅၀ မှ တစ်ဒါဇင်ခန့်အထိ တစ်စတစ်စလျှော့ကျသွားခဲ့ပြီး၊ သူတို့ မြန်မြန်ဝင်လာပြီးနောက် မြန်မြန်ပြန်ထွက်သွားကြကာ ဝတ်ပြုအစည်းအဝေးများအတွင်းတွင် တစ်မှေးအိပ်ကြလေသည်။ ထိုမျှသာမက၊ သင်းအုပ်ဆရာသည်လည်း ဝတ်ပြုအစည်းအဝေးများတွင် အလှူအတန်းများ လုပ်ဖို့ လူတို့ကို အမြဲ ဆုံးမသြဝါဒပေးတတ်လေသည်။ သခင်ယေရှုက၊ “သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည့် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။” (ရှင်မဿဲခရစ်ဝင် ၆:၃-၄) ဟု ရှင်းရှင်းလင်းလင်း မိန့်ဆိုထားခဲ့ပါသည်။ သို့သော်၊ ဝတ်ပြုအစည်းအဝေးများတွင်၊ သင်းအုပ်ဆရာက လူတွေ မည်မျှလှူဒါန်းခဲ့ကြပြီကို လူသိရှင်ကြား အမြဲကြေငြာပြီး၊ အလှူဒါန်းဆုံးသူများကို သူ အမြဲ အဖော်ရွေဆုံး ဖြစ်လေသည်။ လှူဒါန်းမှုအများအပြားကို သင်းအုပ်ဆရာနှင့် သူ၏ သင်းထောက်များ၏ လစာများကို ပေးဖို့သုံးကြပြီး သူတို့၏ သားသမီးများအဖို့ပင် သုံးကြလေသည်။ ဓမ္မဟောင်းကျမ်းထဲက ဧလိ၏ သားများအကြောင်းကို ကျွန်မ စဉ်းစားမိခဲ့သည်။ ယေဟောဝါအတွက် ရည်ရွယ်သည့် ယဇ်ပူဇော်မှုများကို သူတို့ အရှက်မရှိ ခိုးယူခဲ့ကြသောကြောင့်၊ ဘုရားသခင်၏ ပြစ်ဒဏ်ပေးခြင်းကို သူတို့ခံခဲ့ကြရသည်။ သင်းအုပ်ဆရာ၏ အလေ့အကျင့်များကြောင့် ကျွန်မ တုန်လှုပ်သွားခဲ့သည်။ ညီအစ်မောင်နှမများ လှူဒါန်းသည့် ငွေများမှာ ဘုရားသခင်အတွက် ဖြစ်ပြီး ယင်းမှာ ယဇ်ပူဇော်မှုတစ်ခု ဖြစ်ပါသည်။ သင်းအုပ်ဆရာသည် ဤငွေများကို ယူပြီး သူ၏ ကိုယ်ပိုင်မိသားစုအဖို့ မည်သို့ အလွန်ပေါ့ပေါ့ပါးပါး သုံးနိုင်ရသနည်း။ အသင်းတော်ထဲတွင် တရားမဝင်သည့်အရာများစွာ အားလုံး ဖြစ်ပျက်နေသည်ကို ကျွန်မမြင်လျက်၊ တကယ်ကို မပျော်မရွှင်ခံစားခဲ့ရပြီး၊ ကျွန်မ တွေးမိခဲ့သည်မှာ- ကျွန်မ၏ အသင်းတော်သည် ဘယ့်နှယ် ဤသို့ဖြစ်နိုင်ရသနည်း၊ အရင်ရက်များက အောင်မြင်တိုးတက်နေခဲ့သည့် အသင်းတော် အဘယ်မှာ ရောက်သွားခဲ့သနည်း၊ ကျွန်မတို့နှင့် သခင် အတူရှိတုန်းပဲလား ဟူ၍ဖြစ်သည်။ အခြားနေရာတွင် အခြားအသင်းတော်ကို သွားရှာဖို့ ကျွန်မ စတွေးလာခဲ့သည်။
ထို့နောက် သိပ်မကြာမီအချိန်တွင်၊ အိမ်သစ်တစ်ခုဆီ ကျွန်မ ရွေ့ပြောင်းခဲ့သည်။ အသင်းတော်ကောင်းတစ်ခုကို ကျွန်မတွေ့ချင်ခဲ့ပြီး သခင့်ကို ကျွန်မ ပထမဆုံး စယုံကြည်ခဲ့သည့်အချိန်က ရှိခဲ့သည့် စိတ်အားထက်သန်မှုကို ပြန်ရှာတွေ့ချင်ခဲ့သည်။ ထို့ကြောင့်၊ ဟိုဟိုသည်သည် ကျွန်မ မေးခဲ့ပြီး၊ ကျွန်မ အိမ်နီးချင်းတစ်ဦး၏ မိတ်ဆက်ပေးမှုမှတဆင့်၊ ဘုရားကျောင်းတစ်ခုဆီ ကျွန်မလာခဲ့သည်၊ ယင်းမှာ ကြီးမားသော အဆောက်အဦတစ်ခုဖြစ်ပြီး ဝတ်ပြုအစည်းအဝေးများကို လူများစွာ လာကြသည်ကို တွေ့ခဲ့ရသည်။ သို့သော်၊ ထို့နောက်တွင် ဆုတောင်းရန် နှင့် ဝတ်ပြုအစည်းအဝေးတက်ရန် လာကြသည့် လူအများစုသည် အခြားသော ဘာသာစကားများဖြင့် ပြောဆိုရန် မျှော်လင့်နေကြပြီး သခင့်နှုတ်ကပတ်တော်များ မိတ်သဟာယပြုခြင်းအား သိပ်အလေးမထားကြသည်ကို ကျွန်မ ရှာတွေ့ခဲ့သည်။ သူတို့ ပြောဆိုနေကြသည့် အရာကို ကျွန်မ နားမလည်ခဲ့သောကြောင့်၊ နောက်တစ်ဖန် ကျွန်မ မအိပ်ငိုက်ဘဲ မနေနိုင်ခဲ့ပါ၊ ပြီးလျှင် ဤသည်သာ အလွန်ရှည်ကြာစွာ ဖြစ်နေလျှင် သခင်၏ စွန့်ပစ်ခြင်းခံရမည်ကို ကျွန်မစိုးရိမ်လာခဲ့သည်။ ထို့နောက် သခင်ယေရှု၏ နှုတ်ကပတ်တော်များကို ကျွန်မ တွေးမိခဲ့သည်၊ “ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလို့ငှါ ထွက်သော စမ်းရေဖြစ်လိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၄:၁၄) သခင်ယေရှု၏ နှုတ်ကပတ်တော်များသည် အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ကျွန်မ ပိုမိုနားလည်နိုင်သရွေ့၊ သခင့်၌ ကျွန်မ၏ ယုံကြည်ခြင်းခွန်အား မုချ တိုးတက်လာမည်ဖြစ်သည်။ ထို့ကြောင့်၊ အသင်းတော်က ကျမ်းစာသင်တန်းကို ကျွန်မ တက်ရောက်ခဲ့သည်။ သို့သော်၊ တစ်နှစ် သင်တန်းတက်ပြီးနောက်တွင် ကျမ်းစာကို ပိုမိုနှောကျေလာသည့်အဖြစ်နှင့်စာလျှင်၊ ယင်းမှ များများစားစား ကျွန်မ မရရှိခဲ့ပါ။ နှစ်နှစ်ကြာသွားခဲ့ပြီး သခင်၏ မျက်မှောက်တော်ကို ကျွန်မ မခံစားနိုင်သေးပါ၊ နောက်တစ်ဖန် ဤအသင်းတော်ကို စိတ်ပျက်လက်ပျက် စွန့်ခွာရန်မှတပါး ကျွန်မတွင် ရွေးချယ်စရာမရှိခဲ့ပါ။ နောက်တွင်၊ ထူးကဲသော တရားဒေသနာများကို ဝေငှသည့် အသင်းတော်တစ်ခုအကြောင်း ကျွန်မ၏ အိမ်နီးချင်းက ကျွန်မကို ပြောပြခဲ့ပြီး သွားနားထောင်ဖို့ ကျွန်မကို ပြောခဲ့သည်။ အလွန်နည်းပါးသည့် မျှော်လင့်ချက် အနည်းငယ်မျှဖြင့်၊ သူ ကျွန်မကို ပြောခဲ့သည့် အသင်းတော်ကို ကျွန်မ သွားခဲ့သည်။ သို့သော်၊ ကျွန်မ၏ မျှော်လင့်ချက်များနှင့် ဆန့်ကျင်လျက်ဖြင့်၊ ဤအသင်းတော်ထဲက အခြေအနေများက ကျွန်မ တက်ခဲ့သည့် အရင်အသင်းတော်နှစ်ပါးနှင့် များစွာတူနေခဲ့သည်။ အလင်းတစ်ခုတစ်လေမျှရှိသည့်အရာ ဘာကိုမျှ သင်းအုပ်ဆရာက မပြောခဲ့ပါ၊ ပြီးလျှင် လူတို့က ဘုရားကျောင်း စင်္ကြန်လမ်းများတွင် ပျားရည်၊ ဟင်းသီးဟင်းရွက်များ နှင့် ဆီများ စသဖြင့် ရောင်းနေကြလေသည်။ ဘုရားကျောင်းကို အစားအသောက်စျေးတစ်ခုလို သဘောထားခံရသည့်အဖြစ်ကို ကျွန်မမြင်ရင်း၊ သခင်ယေရှုက ဖာရိရှဲများ၊ ယဇ်ပရောဟိတ်အကြီးအကဲများ နှင့် ကျမ်းတတ်ဆရာများကို ပြစ်တင်မောင်းမဲခဲ့သည့်အချိန်တွင် ပြောခဲ့သည့်အရာကို ကျွန်မ တွေးမိခဲ့သည်- “ငါ့အိမ်သည် ဆုတောင်းရာအိမ်ဖြစ်၏ဟု ကျမ်းစာ၌ လာသော်လည်း၊ သင်တို့သည် ထိုအိမ်ကို ဓားပြတွင်းဖြစ်စေကြပြီတကား။” (ရှင်လုကာခရစ်ဝင် ၁၉:၄၆) ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သည့်နေရာ ဖြစ်ပါသည်— ဘုရားကျောင်းထဲတွင် ရောင်းဝယ်ခြင်းအားဖြင့် ထိုသို့သော ပုံသက်သေကို သူတို့ အဘယ်သို့ ပြနိုင်ကြမည်နည်း။ ယင်းမှာ လွန်ခဲ့သည့် နှစ်နှစ်ထောင်က ဗိမာန်တော်နှင့် တစ်ထေရာတည်းဖြစ်သည်။
ကျွန်မတက်ခဲ့သည့် အသင်းတော်များကို ပြန်ကြည့်ရာတွင်၊ ၎င်းတို့အားလုံး အတော်လေးတူကြသည်ကို ကျွန်မ တွေ့ခဲ့ရသည်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် လမ်းပြမှုမပါဘဲ၊ လူအများစုက အပျက်သဘောဆောင်ခြင်းနှင့် တိုးတက်မှု ဆိတ်သုဉ်းခြင်း အခြေအနေတွင် ရှိခဲ့ကြသည်။ ထိုသို့သော အခြေအနေကို ရင်ဆိုင်ရလျက်၊ ကျွန်မ စိတ်နှလုံးထဲတွင် ကြီးမားသည့် နာကျင်မှု ခံစားခဲ့ရပြီး မည်သည့်လမ်းကြောင်းနောက်လိုက်ရမည်ကို မသိခဲ့ပါ။ အစတွင်၊ သခင်ယေရှုကို သူ၏ ချီးမွမ်းခြင်းကို ရရှိရန်နှင့် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ဖို့ရန်အလို့ငှာ ကျွန်မ ယုံကြည်ခဲ့သော်လည်း ယခုတွင် သခင့်အတွက် ကျွန်မ၏ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ပြန်မရနိုင်ခဲ့ပါ၊ ထို့ကြောင့် အမှုအရာများသည် ဤသို့ဆက်ဖြစ်လျှင် ကောင်းကင်နိုင်ငံတော်ထဲသို့ ကျွန်မ မည်သို့ဝင်ရောက်လိမ့်မည်နည်း။ သို့သော် လက်တွေ့လုပ်ဆောင်ရန် အခြားနည်းလမ်း ကျွန်မတွင် မရှိခဲ့ဘဲ၊ ကျွန်မ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သခင် မြန်မြန် နှင့် ပြန်လာဖို့အတွက် ဖြစ်သည်။ “အို သခင်၊ ကိုယ်တော် ဘယ်အချိန် ပြန်လာမှာလဲ”ဟု ကျွန်မနှလုံးသားထဲတွင် မကြာခဏ သခင့်ကို တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။
အသင်းတော်များထဲက ခြောက်ကပ်ခြင်းအတွက် အကြောင်းရင်းများကို ကျွန်မ ရှာတွေ့သည်
၂၀၁၆ ခုနှစ် သြဂုတ်လ ရက်တစ်ရက်တွင်၊ ညီမ ကာအိုဟု ခေါ်သည့် ခရစ်ယာန်မိတ်ဆွေတစ်ဦးက ကျွန်မအိမ်သို့ ညီမ ဂျင်ဟုအမည်ရသည့် လူတစ်ဦးကို ခေါ်လာခဲ့သည်။အသင်းတော်များထဲက ခြောက်သွေ့မှုအကြောင်း ကျွန်မတို့ ဆွေးနွေးကြသည့်အချိန်တွင်၊ ကျွန်မက စိတ်လှုပ်ရှားစွာဖြင့်၊ “သခင့်ကို ကျွန်မ ပထမဆုံး စယုံကြည်ခဲ့ချိန်က အမှုအရာတွေဖြစ်ခဲ့ပုံကို ကျွန်မ တကယ်လွမ်းမိတယ်။ နေ့တိုင်း သခင်က ကျွန်မနဲ့အတူရှိခဲ့တယ်၊ ပြီးတော့ ကျွန်မရဲ့ စိတ်နှလုံးက ငြိမ်သက်ခြင်း၊ ဝမ်းမြောက်မှုတွေနဲ့ ပြည့်ခဲ့တယ်။ အခုချိန်မှာတော့၊ ကျမ်းစာကို ကျွန်မ ဖတ်ပေမယ့် ဉာဏ်အလင်းပေးတာဖြစ်ဖြစ် အလင်းပြတာဖြစ်ဖြစ် မတွေ့ရဘူး၊ ကျွန်မရဲ့ ဆုတောင်းချက်တွေက ခြောက်ကပ်ပြီး ပေါ့ပျက်ပျက်နိုင်လှတယ်၊ အသင်းတော် ဝတ်ပြုအစည်းအဝေးတွေမှာ အမြဲ အိပ်ငိုက်ပြီး သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို ကျွန်မ လက်တွေ့မလုပ်နိုင်ဘူး။ အသင်းတော်အချို့ကို ကျွန်မတက်ရောက်ပြီးပြီ၊ ဒါပေမယ့် အရင်ကရှိခဲ့တဲ့ ယုံကြည်ခြင်းကို ပြန်မရနိုင်ခဲ့ဘူး။ အာ၊ ဘာဖြစ်နေတာလဲဆိုတာ ကျွန်မ တကယ်မသိပါဘူး။ ဗျာဒိတ်ကျမ်းထဲမှာ၊ လောဒိကိမြို့မှာရှိတဲ့ အသင်းတော်က ကောင်းကင်တမန်ဆီကို ဘုရားသခင်က၊ ‘သင်၏အကျင့်ကိုငါသိ၏။ သင်သည် အအေးမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ အေးခြင်းဖြစ်စေ။ ပူခြင်းဖြစ်စေ၊ တစ်ခုခုကို ငါအလိုရှိ၏။ ထိုသို့ အအေးမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။’ (ဗျာဒိတ်ကျမ်း ၃:၁၅-၁၆) ဒီနေ့ခတ် အသင်းတော်တွေက လောဒိကိမြို့ရဲ့ အသင်းတော်နဲ့ တစ်ထေရာတည်းပဲ မဟုတ်လား။ ဒီလိုသာ ဆက်ဖြစ်ရင်၊ ဘုရားသခင်ရဲ့ စွန့်ပစ်တာကို ကျွန်မတို့ သေချာပေါက် ခံရမှာပဲ” ဟု ပြောသည်။ ကျွန်မ လေးလေးပင်ပင် သက်ပြင်းချလိုက်မိပါသည်။
ထို့နောက် ညီမ ဂျင်က၊ “အစ်မ၊ အစ်မ ဖော်ပြတဲ့ ပြဿနာက နေရာတိုင်းက အသင်းတော်တွေအနှံ့မှာ ဖြစ်နေတဲ့ မဆန်းတော့တဲ့အရာပါ။ သခင်ယေရှုက၊ ‘ရေငတ် သောသူရှိလျှင် ငါ့ထံသို့လာ၍ သောက်လော့။ ငါ့ကိုယုံကြည်သောသူသည် ကျမ်းစာလာသည်အတိုင်း အသက်ရေတွက်ရာ စမ်းရေတွင်းဖြစ်လိမ့်မည်။’ (ရှင်ယောဟန်ခရစ်ဝင် ၇:၃၇-၃၈) ဘုရားသခင်သာ အသက်မုန့်၊ အသက်ရေစီးရာ စမ်းရေတွင်းဖြစ်ပါတယ်၊ ဘုရားသခင် ရှိတဲ့နေရာတိုင်းမှာ အသက်မုန့်လည်း ရှိတယ်။ အရင်က၊ သခင့်ဆီ ကျွန်မတို့ ဆုတောင်းတဲ့အခါ ဒါမှမဟုတ် သူ့နှုတ်ကပတ်တော်တွေကို ဖတ်တဲ့အခါ၊ သူ့ရဲ့ မျက်မှောက်တော်ကို ကျွန်မတို့ ခံစားရပြီး ဝတ်ပြုအစည်းအဝေးတက်တဲ့အကြိမ်တိုင်းမှာ အလင်းနဲ့ လက်တွေ့လုပ်ဆောင်ရမယ့် လမ်းကြောင်းတစ်ခုကို ရကြတယ်။ ဒါပေမယ့် အခု၊ သခင့်ရဲ့ မျက်မှောက်တော်ကို ကျွန်မတို့ မခံစားနိုင်တော့သလို ကျွန်မတို့ ရဲ့ ဝိညာဉ်တွေက အမှောင်တိုးပွားပြီး ထိုင်းနေပြီ။ ဒါက သခင်ဟာ ကျွန်မတို့ဆီကနေ စွန့်ခွာသွားပြီဆိုတာကိုပဲ ပြနိုင်ပါတယ်၊ အဲဒါက သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်မတို့အလယ်မှာ အလုပ်မလုပ်တော့ဘူးဆိုတာပဲ။ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့လုပ်ဆောင်ချက်ရှိရင် အသင်းတော်တစ်ပါးက ဘယ်လိုဖြစ်ပြီး ခြောက်ကပ်လာနိုင်မှာလဲ”ဟု ဆိုလေသည်။
ညီမ၏ မိတ်သဟာယက ဆန်းသစ်သည့်အရာတစ်ခုကို ကျွန်မ ကြားလိုက်ရပြီး ကျွန်မ၏ စိတ်ဝင်စားမှု ရုတ်တရက် ထွက်ပေါ်လာသည့် အာရုံတစ်ခုကို ရစေခဲ့သည်။ ပြီးခဲ့သည့် နှစ်များတွင် အမှုအရာများ ဖြစ်ခဲ့ပုံ အလုံးစုံကို ပြန်တွေးကြည့်သည့်အခါ၊ ညီမက ယင်းကို အတိအကျ ဖော်ပြခဲ့ပြီး အမှုအရာများ ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို ကျွန်မ တကယ်သိချင်ခဲ့ပါသည်။ ထို့ကြောင့် ညီမကို ကျွန်မက၊ “ဧဖက်သြဝါဒစာ ၁:၂၃ မှာ၊ ‘ထိုအသင်းတော်ကား၊ အလုံးစုံတို့ကို အလုံးစုံတို့နှင့် ပြည့်စုံတော်မူသော သူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ်တော်၏ကိုယ် ဖြစ်သတည်း။’ လို့ ပြောတယ်။ ဒီတော့ ဘာလို့ သခင်က အသင်းတော်ကနေ စွန့်ခွားမှာလဲ။ ဒါတွေအားလုံးက ဘာလဲဆိုတာ ရှင်သိလား” ဟု မေးခဲ့ပါသည်။
ညီမ ဂျင်က သူမ၏ မိတ်သဟာယကို ဆက်ခဲ့ပြီး၊ “ကျွန်မတို့ သခင့်ရဲ့ ပြန်ကြွလာခြင်းကို ကြိုဆိုနိုင်မလား၊ မကြိုဆိုနိုင်ဘူးလားဆိုတာနဲ့ ဆက်နွယ်တာနဲ့အတွက် ဒီမေးခွန်းက အဓိကသော့ချက်ဖြစ်ပါတယ်။ ပထမဆုံး၊ ပညတ်တော်ခေတ်အဆုံးသတ်မှာ ဗိမာန်တော် ခြောက်ကပ်ခြင်းကို ပြန်စဉ်းစားကြည့်ကြရအောင်။ ကျွန်မတို့အားလုံး သိကြတဲ့အတိုင်း၊ ကနဦး ဗိမာန်တော်က ယေဟောဝါ ဘုရားသခင်ရဲ့ ဘုန်းအသရေနဲ့ ပြည့်ခဲ့တယ်၊ သူက ရှောလုမုန်ကို၊ ‘ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကို ငါရွေးချယ်၍ သန့်ရှင်းစေပြီ။’ (ရာဇဝင်ချုပ် ဒုတိယစောင် ၇:၁၆) လို့ ပြောခဲ့တဲ့အတိုင်းပဲဖြစ်ပါတယ်။ အဲဒီအချိန်က၊ဗိမာန်တော်မှာ ယေဟောဝါ ဘုရားသခင်ကို အစေခံတဲ့သူတွေဟာ ရိုသေလေးစားမှုရှိကြပြီး ကြည်ညိုမှုရှိကြတယ်၊ ပြီးတော့ ဘယ်သူမှ ဘယ်နည်းနဲ့မဆို လက်လွတ်စပယ် မပြုမူရဲကြဘူးလေ။ ယဇ်ပရောဟိတ်တွေက ဗိမာန်တော်ထဲကို ဝင်တဲ့အခါ၊ သူတို့ဟာ ဗိမာန်တော် အထွတ်ကနေ ကျဆင်းလာတဲ့ မီးနဲ့ သေတဲ့အထိ အလောင်ကျွမ်းမခံရစေဖို့ ပထမဆုံး ယေဟောဝါရဲ့ အမိန့်တွေကို လိုက်နာရတယ်။ ဒီတော့ ဘာလို့ ပညတ်တော်ခေတ် အဆုံးသတ်မှာ၊ ယဇ်ပရောဟိတ်တွေက မမှန်ကန်တဲ့ ယဇ်ပူဇော်ခြင်းတွေလုပ်ပြီး၊ သာမန်လူတွေက ငွေလဲလှယ်တာ၊ ကျွဲနွားတိရစ္ဆာန်၊ သိုးတွေနဲ့ ခိုတွေကို ဗိမာန်တော်ထဲမှာ ရောင်းဝယ်ကြတဲ့အချိန်မှာ လူတွေက ဘုရားသခင်ရဲ့ ပဲ့ပြင်ဆုံးမတာဖြစ်ဖြစ်၊ ပြစ်ဒဏ်ပေးတာဖြစ်ဖြစ် မခံခဲ့ရတာလဲ။ အဲဒါက ယေဟောဝါဟာ ဗိမာန်တော်ကနေ စွန့်ခွာနှင့်ပြီးပြီဆိုတာကို ပြတာပဲ၊ ပြီးတော့ အဲဒါက လူတွေဟာ အဲဒီမှာ စိတ်လိုလက်ရ ပြုမူနိုင်ကြရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ဒီအရာကနေ၊ ဗိမာန်တော်ထဲက ခြောက်ကပ်ခြင်းအတွက် အကြောင်းရင်းနှစ်ခုရှိတယ်ဆိုတာ ကျွန်မတို့ မြင်နိုင်တယ်။ ပထမက ဂျူးလူမျိုးခေါင်းဆောင်တွေက ယေဟောဝါရဲ့ ပညတ်တရားကို မစောင့်ထိန်းကြဘူး၊ သူတို့မှာ ဘုရားကို ကြောက်ရွံ့တဲ့ စိတ်နှလုံးတွေ မရှိကြသလို၊ ဘုရားသခင်ရဲ့ လမ်းကနေ သူတို့ သွေဖည်သွားခဲ့ကြပြီဖြစ်တယ်၊ ဒီအကြောင်းကြောင့် သန့်ရှင်းသော ဝိညာဉ်တော်က ဗိမာန်တော်ကနေ စွန့်ခွာခဲ့ပြီး အဲဒီမှာ အလုပ်မလုပ်တော့တာပါပဲ။ ဒုတိယအကြောင်းရင်းက၊ ဘာလို့လဲဆိုတော့ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ သူ့ရဲ့ အစီအစဉ်အရ နဲ့ အဲဒီအချိန်တုန်းက လူသားမျိုးနွယ်ရဲ့ လိုအပ်ချက်တွေနဲ့အညီ၊ ဘုရားသခင်က လူသားမျိုးနွယ်ကို ရွေးနုတ်ဖို့ ကားစင်တင်ခံရဖို့ဆိုတဲ့ အမှုတော်အဆင့်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံခဲ့လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်၊ အဲဒီအချိန်က သခင်ယေရှေုနောက်ကို လိုက်ခဲ့ကြသူတွေအားလုံးက သန့်ရှင်းသော ဝိညာဉ်တော် ယူဆောင်ခဲ့တဲ့ ငြိမ်သက်ခြင်းနဲ့ ဝမ်းမြောက်ခြင်းတွေကို မွေ့လျော်လာခဲ့ကြတာပါ၊ အသက်ရေရဲ့ အထောက်အပံ့ကို သူတို့ ရရှိခဲ့ကြပြီး လက်တွေ့လုပ်ဆောင်ဖို့ လမ်းကြောင်းသစ်ကို သူတို့ ရှာတွေ့ခဲ့ကြတယ်။ ဒါပေမယ့် ဂျူးလူမျိုး ယဇ်ပရောဟိတ်တွေ၊ ဖာရိရှဲတွေနဲ့ သာမန်လူတွေက ပညတ်တရားကို သူတို့ ဖက်တွယ်ပြီး သခင်ယေရှုရဲ့ ကယ်တင်ခြင်းကို လက်ခံဖို့ ငြင်းခဲ့ကြတာကြောင့် ဒီလိုနဲ့ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကို သူတို့ ဆုံးရှုံးခဲ့ကြတယ်။ အဲဒါက ယေဟောဝါ ဘုရားသခင်က၊ ‘မြေပေါ်သို့ ငတ်မွတ်ခြင်းဘေးကြီး ငါစေလွှတ်မည့်ကာလ ရောက်လာပြီ၊ အစာငတ်မွတ်ခြင်းဘေး မဟုတ်သကဲ့သို့ ရေငတ်ခြင်းဘေးလည်း မဟုတ်၊ သို့သော် ယေဟာဝါ၏ နှုတ်ကပတ်တော်များ ကြားရခြင်းကို ငတ်မွတ်သော ဘေးဖြစ်လိမ့်မည်။’ (အာမုတ်အနာဂတ္တိကျမ်း ၈:၁၁) လို့ ပြောတဲ့အတိုင်းပဲဖြစ်ပါတယ်။”
ညီမ ဂျင်၏ မိတ်သဟာယသည် ကျမ်းစာနှင့် အမှန်တကယ် ကိုက်ညီပြီး ကျွန်မမှာ နက်နက်နဲနဲ မတွေးပဲ မနေနိုင်အောင် ဖြစ်ခဲ့ရသည်။ သို့ဆိုလျှင် ဗိမာန်တော်ထဲက ခြောက်ကပ်ခြင်းမှာ ဘုရားသခင်၏ ပညတ်ချက်များကို မလိုက်နာကြသည့် ဘာသာရေး ခေါင်းဆောင်းများအားဖြင့် ဖြစ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖြင့် ဘုရားသခင်၏ မုန်းတီးခြင်းနှင့် ငြင်းပယ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပေသည်၊ ယင်းက ဗိမာန်တော်မှ ဘုရားသခင် စွန့်ခွာခြင်းကို ဖြစ်စေခဲ့သည်။ ယင်းမှာ ဘုရားသခင်က ဗိမာန်တော်ကိုလွန်၍ အမှုတော်၏ အဆင့်သစ်ကို ဆောင်ရွက်ခြင်းကြောင့်လည်း ဖြစ်ခဲ့ရခြင်းဖြစ်သည်။ ဤသည်သာ မှန်လျှင်၊ ယခု ဘာသာရေးလောကထဲက ခြောက်ကပ်ခြင်းမှာ ထပ်တူညီသော အကြောင်းတရားများကြောင့် မုချဖြစ်ပါသလား။ ဤအတွေးများကို စဉ်းစားရင်းဖြင့်၊ ညီမ ဂျင်၏ မိတ်သဟာယကို ကျွန်မ ဆက်လက်နားထောင်ခဲ့သည်။
ညီမ ဂျင်က၊ “ဗိမာန်တော်ကနေ ဘုရားသခင် စွန့်ခွာခဲ့တဲ့အချိန်မှာ၊ အဲဒါက ပရမ်းပတာဖြစ်ပြီး ခြောက်ကပ်လာခဲ့တယ်။ အဲဒီလိုပဲ၊ ဒီနေ့ ဘာသာရေးလောကရထဲက ခြောက်ကပ်မှုအတွက် အကြောင်းရင်းက သင်းအုပ်ဆရာတွေနဲ့ အကြီးအကဲတွေက အခု ဘုရားသခင်ရဲ့အလိုတော်ကို သွားဆန့်ကျင်ကြပြီး သူတို့ကိုယ်ပိုင်ကိစ္စတွေကို လုပ်ကြလို့ပဲဖြစ်တယ်။ ညီအစ်ကို မောင်နှမတွေရဲ့ အသက်တာတွေကို သူတို့ ဂရုမစိုက်ကြဘူးလေ။ သူတို့ကိုယ်ပိုင် နာမည်ဂုဏ်သတင်းနဲ့ ရာထူးတွေအပေါ်ပဲ သူတို့ အာရုံစိုက်ကြတယ်။ အသင်းတော်ထဲမှာ၊ သူတို့က အာဏာနဲ့ အကျိုးအမြတ်အတွက် အချင်းချင်း ပြိုင်ဆိုင်ကြတယ်၊ ပြီးတော့ သူတို့ကိုယ်သူတို့ ကြွားဝါဖို့နဲ့ သက်သေခံဖို့ ကျမ်းစားနဲ့ဆိုင်တဲ့ သူတို့ အသိပညာတွေကို ဟောပြောကြတယ်။ သူတို့က ညီအစ်ကို မောင်နှမတွေကို သူတို့ရှေ့ ရောက်စေကြပြီး ဘုရားသခင်အတွက် သက်သေမခံကြဘူး၊ ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ဘယ်လိုနည်းနဲ့မဆို ဘုရားသခင်ကို မချီးမြောက်ကြသလို၊ သခင့်နှုတ်ကပတ်တော်တွေ လက်တွေ့လုပ်ဆောင်ဖို့ဖြစ်ဖြစ် တွေ့ကြုံဖို့ဖြစ်ဖြစ် ညီအစ်ကို မောင်နှမတွေကို မဦးဆောင်ကြဘူး။ သူတို့က သခင့်ရဲ့ လမ်းကနေ လုံးဝ သွေဖည်သွားကြပြီဖြစ်သလို၊ ဒါဟာ ဘာသာရေးလောကက သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်ကို ဆုံးရှုံးရခြင်း အဓိကအကြောင်းရင်းဖြစ်ပါတယ်။ တခြားအကြောင်းရင်းကတော့၊ ဘုရားသခင်ဟာ ခေတ်သစ်ကို စတင်ခဲ့ပြီး အမှုတော်ရဲ့ အဆင့်သစ်ကို နောက်တစ်ဖန် ဆောင်ရွက်နေလို့ပဲဖြစ်ပါတယ်။ အမှုတော်အဆင့်သစ် စတင်တဲ့အချိန်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကလည်း အဲဒီလိုပဲ ဘုရားသခင်ရဲ့ အမှုသစ်ဆီကို ရွေ့ပြောင်းသွားပါတယ်။ ဒါက၊ ‘စပါးရိတ်ရာကာလမရောက်မှီ သုံးလအထက်က၊ မိုးမရွာစေခြင်းငှါ မိုးကိုငါဆီးတားပြီ။ မြို့တမြို့ပေါ်မှာ ရွာစေခြင်းငှါ၎င်း၊ တမြို့ပေါ်မှာမရွာစေခြင်းငှါ၎င်းပြုလျက်၊ မြေတကွက်သည် မိုးရေကိုခံရ၍ တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။ ထိုသို့မြို့နှစ်မြို့သုံးမြို့သားတို့သည် ရေသောက်ခြင်းငှါ မြို့တမြို့သို့သွားရ၍ မဝရကြ။ သို့သော်လည်း၊ သင်တို့သည် ငါ့ထံသို့ ပြန်၍မလာကြသေးဟု ယေဟောဝါ မိန့်တော်မူ၏။’ (အာမုတ်အနာဂတ္တိကျမ်း ၄:၇-၈) လို့ ဖော်ပြတဲ့ ကျမ်းစာထဲက ပရောဖက်ပြုချက်ကို အတိအကျ ပြည့်စုံစေပါတယ်။ ‘မြေတကွက်သည် မိုးရေကိုခံရ၍’ ဆိုတဲ့ စကားတွေက ဘုရားသခင်ရဲ့ အသစ်သော အမှုတော်ကို လက်ခံပြီး နာခံကြတဲ့ အသင်းတော်တွေကို ဆိုလိုတာပါ။ ဘာလို့လဲဆိုတော့ သူတို့က ဘုရားသခင်ရဲ့ မိန့်မြွက်ချက်အသစ်တွေကို လက်ခံကြလို့ပါပဲ၊ သူတို့ဟာ ဘုရားသခင်ရဲ့ ပလ္လင်တော်ကနေ စီးဆင်းတဲ့ အသက်ရေရဲ့ အထောက်အပံ့နဲ့ အဟာရဓါတ်တွေကို မွေ့လျော်ကြရတယ်။ ‘တကွက်သည် မခံရ၊ သွေ့ခြောက်လျက် နေရ၏။’ ဆိုတာကတော့ သင်းအုပ်ဆရာတွေနဲ့ ဘာသာရေးလောကရဲ့ ခေါင်းဆောင်တွေက သခင့်ရဲ့ နှုတ်ကပတ်တော်တွေကို လက်တွေ့မလုပ်ဆောင်ကြသလို သခင့်ရဲ့ ပညတ်ချက်တွေကို မလိုက်လျှောက်ကြဘဲ၊ အဲဒီအစား ဘုရားသခင်ရဲ့ အမှုတော်သစ်ကို ငြင်းပယ်တယ်၊ အာခံပြီး ရှုတ်ချကြတာကြောင့် သူတို့ဟာ ဘုရားသခင်ရဲ့ မုန်းတီးတာ၊ ငြင်းပယ်တာနဲ့ ကျိန်ဆဲတာတွေခံရတာကို ဆိုလိုပါတယ်။ သူတို့က သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်ချက်ကို လုံးဝ ဆုံးရှုံးကြတယ်၊ အသက်ရေရဲ့ အထောက်အပံ့ကို သူတို့ မရနိုင်ကြသလို၊ ခြောက်ကပ်မှုထဲကို သူတို့ သက်ဆင်းကြရတယ်။”
ဆက်ရန် ...
အပိုင်း နှစ်-