ကျွန်မ ဘုရားကျောင်းသို့ သွားပြီး သင်းအုပ်ဆရာက ဒေသနာဟောကြားသည်ကို နားထောင်သည့် ပထမဆုံး အချိန်ကို သတိရမိသည်၊ ထို့နောက်တွင် ကျွန်မက သခင်ယေရှု၏ ကယ်တင်ခြင်း အကြောင်း သိကျွမ်းခြင်း အချို့ ရရှိလာခဲ့ပြီး၊ သခင့်ကို ယုံကြည်လိုသည့် ကျွန်မ ဆန္ဒကို ချက်ချင်း ထုတ်ဖော်ခဲ့သည်။ ကျွန်မထွက်ခွာလာစဉ် သင်းအုပ်ဆရာက “ခရစ်ယာန်တစ်ယောက်လို နေဖို့ဆို တာက၊ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင် ရမယ်” ဟု ကျွန်မ့ကို သတိပေးခဲ့သည်။ ကျွန်မက သင်းအုပ်ဆရာကို “ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းဆိုတာ ဘာလဲ၊ ဆရာ။ ကျွန်မတို့ ဘယ်လို လက်တွေ့ လုပ်ဆောင်ရမလဲ” ဟု မေးခဲ့သည်။ ထို့နောက်တွင် သင်းအုပ်ဆရာက ကျွန်တော့်ကို “ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း ဆိုတာ နေ့စဉ်နေ့တိုင်း သမ္မာကျမ်းစာကို ဖတ်ရှုခြင်း၊ ဆုတောင်းခြင်းနဲ့ ဓမ္မသီချင်းတွေကို သီဆိုခြင်း တို့ဖြစ်တယ်။ ကျွန်မတို့ ဆုတောင်းတဲ့အချိန်မှာ ကျွန်မတို့က ကျွန်မတို့ မိသားစုတွေအတွက် ဆုတောင်းရမယ်၊ ကျွန်မတို့ အသင်းတော်က အားနည်းတဲ့ ညီအစ်ကိုမောင်နှမတွေ အတွက် ဆုတောင်းရမယ်၊ ပြီးတော့ ဘုရားသခင်ရဲ့ အစေခံတွေအတွက် ဆုတောင်းရမယ်။ ကျွန်မတို့က နေ့စဉ် သမ္မာကျမ်းစာကို လုံ့လဝီရိယနဲ့ ဖတ်ရှုပြီး ဓမ္မသီချင်းတွေကိုလည်း နေ့တိုင်းသီဆိုရမယ်၊ ပြီးတော့ ကျွန်မတို့က အနှောင့်အယှက် မရှိပဲ ဆက်ပြီး လုပ်ရမယ်။ ကျွန်မတို့က ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို နေ့စဉ် လုံ့လဝီရိယနဲ့ လက်တွေ့လုပ်ဆောင် သမျှ ကာလပတ်လုံး အစ်ကို့ရဲ့ ဝိညာဉ်အနှစ်သာရ ပြည့်ဝခြင်း က တိုးတက်လာပြီး၊ အစ်ကိုလည်း သခင့်ဆီကို ပိုပို နီးကပ်လာမယ်၊ ပြီးတော့ ဘုရားသခင်ကလည်း ဝမ်းမြောက်ဝမ်းသာဖြစ်လိမ့်မယ်”ဟု ပြောခဲ့ပါ သည်။
ထို့ကြောင့် ကျွန်မသည် သင်းအုပ်ဆရာပြောခဲ့ သည့်အတိုင်း စတင် လက်တွေ့လုပ်ဆောင်ပါသည်။ ကျွန်မ နံနက် ၅နာရီတိုင်း အချိန်မှန် အိပ်ရာမှထပြီး၊ ကျွန်မ့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို စတင်သည်။ ပထမတွင် ကျွန်မက သမ္မာကျမ်းစာ၏ အခန်းကြီးနှစ်ခုကို ဖတ်ရှုသည်၊ ထို့နောက် ကျွန်မ ဓမ္မသီချင်းများ သီဆိုသည်။ ပြီးနောက်တွင် ကျွန်မကို သင်းအုပ်ဆရာ ပြောခဲ့သည့်အတိုင်း ဆုတောင်းသည်။ ဤလုပ်ရိုးလုပ်စဉ်ကို ရာသီတစ်လျှောက် ထိန်းသိမ်းကျင့်ကြံလာခဲ့သည်၊ ပြီးလျှင် တစ်ခါတစ်ရံတွင် ကျွန်မမှာ အချိန်ကြာမြင့်စွာ ဒူးထောက်ရ၍ ခြေထောက်များကျင် သော်လည်း ကျွန်မဆုတောင်းခြင်း များတွင် လုံ့လဝီရိယ ရှိခဲ့သည်။ နှစ်အနည်းငယ် ကျော်ဖြတ်ခဲ့ပြီး၊ ကျွန်မသည် ကျွန်မ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းမှတစ်ဆင့် ဉာဏ် အလင်းပေးခြင်း ပို၍ရရှိလာနိုင်မည်၊ သခင့်နှုတ်ကပတ်တော် များကို ပိုပို၍ နားလည် သဘောပေါက်လာ မည်၊ ကျွန်မသည် သခင့်နှင့် ပို၍ရင်းနှီး လာမည်ဟူ၍ ယုံကြည်ခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်မူ သမ္မာကျမ်းစာထဲမှ စံနမူနာ ကျမ်းချက်အချို့ကို ရွတ်ဆိုပြနိုင်ပြီး၊ ဆုတောင်းခြင်း တွင် ကျွန်မမကြာခဏ အသုံးပြုခဲ့သည့် နှုတ်ကပတ်တော်အချို့ကို အမှတ်ရသော်ငြားလည်း၊ ကျွန်မသည် သခင့်နှုတ်ကပတ်တော် များ၊ သခင့်အလိုတော် သို့မဟုတ် ကိုယ်တော်၏ သတ်မှတ်ချက်များအကြောင်း လုံးဝ နားမလည်နိုင်ဆဲသာ ဖြစ်သည်။ ယင်းမှာ ကျွန်မသည် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကာလအတွင်း ခဏတာ အိပ်ပျော်သွားခြင်း သို့မဟုတ် ငိုက်မျဉ်းခြင်းအထိပင် ဖြစ်လာခဲ့ပြီး ကျွန်မသည် သခင်၏တည်ရှိမှု ကို အနည်းငယ်မျှပင် မခံစားနိုင်ခဲ့ပါ။
ကျွန်မသည် သခင့်ကို တိုးဝင်နီးကပ်ရန် လူတစ်ယောက် အနေဖြင့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင် နည်းအကြောင်း သင်းအုပ်ဆရာများအပြင်၊ ကျွန်မ ညီအစ်ကိုမောင်နှမ များကိုပါ မေးမြန်းခဲ့ သော်လည်း၊ သူတို့ ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းသည် ကျွန်မ လက်တွေ့လုပ်ဆောင်ခဲ့သည့် နည်းလမ်းနှင့် အတူတူနီးပါး ရှိနေခဲ့သည်။ သူတို့သည် လည်း မြင်သာသည့်ရလဒ်တစ်ခုမျှ အောင်မြင် ရရှိခြင်း မရှိပဲ၊ ဆုတောင်းဖို့၊ သမ္မာကျမ်းစာကို ဖတ်ရှုဖို့ နှင့် သခင့်ကို ချီးမွမ်းခြင်း ဓမ္မသီချင်းများကို သီဆိုရန် စောစီးစွာ အိပ်ရာထကြသည်။ အချို့က သူတို့ ဆုတောင်းနေစဉ်ပင် အိပ်ပျော်သွားကြသည်။ ဤအချက်က ကျွန်မကို ကြီးစွာသော အံ့သြတုန်လှုပ်ခြင်းဖြစ်စေသည်၊ ကျွန်မသည် သင်းအုပ်ဆရာ ကျွန်မ့ကို ပြောခဲ့သည့်အတိုင်း လွန်ခဲ့သည့်နှစ် အနည်းငယ် အတွင်း ကျွန်မ၏ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့ လုပ်ဆောင်ခဲ့သည်။ ဤသို့ဆိုလျင် ကျွန်မက အဘယ့်ကြောင့် ရလဒ်ကောင်းတစ်ခုတစ်လေမျှ ရရှိခြင်း မရှိသေးသနည်း။ ဤနည်းဖြင့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့ လုပ်ဆောင်သည့် နည်းလမ်းသည် သခင့်အတွက် ချီးကျူးဖွယ်မဖြစ်နေပါသလား။ သခင့်အလိုတော် အတိအကျမှာ အဘယ်နည်း။
တစ်နေ့တွင် ကျွန်မက သမ္မာကျမ်းစာ လေ့လာခြင်း အတွက် အစ်မဆောင်း၏အိမ်သို့ သွားရောက်လည်ပတ် ခဲ့သည်။ သခင့်ချီးမွမ်းခြင်းကို ထိုက်တန်စွာ ရရှိဖို့ ဝိညာဉ်ရေးရာဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင်နည်းကို ကျွန်မ မေးမြန်းသည့်အချိန်တွင် အစ်မဆောင်းက သိုးသငယ် ဖွင့်သည့် စာစောင် ဆိုသည့် ခေါင်းစီးရှိသည့် စာအုပ်တစ်အုပ်ကို ယူဆောင်လာပြီး၊ ယင်းမှ ကျမ်းပိုဒ် တစ်ပိုဒ်ကို ဖတ်ပြခဲ့သည်။ “ပုံမှန်ဝိညာဉ်အသက်တာကို ဆုတောင်းခြင်း၊ ဓမ္မသီချင်းသီဆိုခြင်း၊ အသင်းတော်အသက်တာ၌ ပါဝင်ခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းကဲ့သို့သော အလေ့အထများ၌သာ ကန့်သတ်မထားပေ။ ယင်းထက်၊ သစ်လွင်ပြီး ဖျတ်လတ်တက်ကြွသော ဝိညာဉ်အသက်တာကို အသက်ရှင်ခြင်း ပါဝင်လေသည်။ အရေးကြီးသည်မှာ သင် မည်သို့ လက်တွေ့လုပ်ဆောင်သည်မဟုတ်ဘဲ၊ သင်၏ လက်တွေ့လုပ်ဆောင်ခြင်းက မည်သည့် အသီးအပွင့် သီးပွင့်သည်ဆိုသည့်အရာ ဖြစ်သည်။ ထိုသို့သော လက်တွေ့လုပ်ဆောင်မှုများက တစ်စုံတစ်ရာ သက်ရောက်မှုရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ သို့မဟုတ် စစ်မှန်သော သိနားလည်မှုဆီသို့ လမ်းပြသည်ဖြစ်စေ မပြသည်ဖြစ်စေ ပုံမှန်ဝိညာဉ်အသက်တာတွင် ဆုတောင်းခြင်း၊ ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်း သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များကို တွေးဆခြင်းတို့ သေချာပေါက် ပါဝင်သည်ဟု လူအများစုက ယုံကြည်ကြလေသည်။ ဤလူတို့သည် အပေါ်ယံ လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်သာ အာရုံစိုက်ကြပြီး မိမိတို့၏ ရလဒ်များကို မစဉ်းစားကြချေ။ ၎င်းတို့သည် ဘာသာရေး ဓလေ့များထဲ နေထိုင်ကြသူများဖြစ်ပြီး၊ အသင်းတော်အတွင်း နေထိုင်သူများ မဟုတ်ကြသကဲ့သို့ ဘုရားသခင်၏ နိုင်ငံတော်သားများ သာ၍ပင် မဟုတ်ကြချေ။ ၎င်းတို့၏ ဆုတောင်းပတ္ထနာများ၊ ဓမ္မသီချင်း သီဆိုခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းအားလုံးသည် စည်းမျဉ်းလိုက်နာခြင်းသာဖြစ်သည်၊ မလုပ်မနေရ လုပ်ဆောင်ခြင်းဖြစ်ပြီး ရေပန်းစားမှုများကို အမီလိုက်ဖို့ လုပ်ဆောင်ခြင်းဖြစ်ကာ လိုအင်ဆန္ဒရှိခြင်းမှ လုပ်ဆောင်ခြင်း မဟုတ်သကဲ့သို့ စိတ်နှလုံးမှ လုပ်ဆောင်ခြင်း မဟုတ်ချေ။ ဤလူတို့ မည်မျှ ဆုတောင်းပါစေ သို့မဟုတ် သီဆိုပါစေ၊ ၎င်းတို့ လက်တွေ့လုပ်ဆောင်သည့်အရာသည် စည်းမျဉ်းများနှင့် ဘာသာရေး ဓလေ့များသာ ဖြစ်သည့်အတွက် ၎င်းတို့၏ အားထုတ်မှုများက မည်သည့်အကျိုးမျှ ဖြစ်ထွန်းလိမ့်မည်မဟုတ်။ ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် လက်တွေ့လုပ်ဆောင်ခြင်း မရှိကြ။ ၎င်းတို့သည် မိမိတို့ အဘယ်သို့ လက်တွေ့လုပ်ဆောင်သည်ဆိုသည်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လိုက်လျှောက်ဖို့ စည်းမျဉ်းများအဖြစ် ၎င်းတို့ အဘယ်သို့ သဘောထားကြသည်တို့အပေါ် ရေးကြီးခွင်ကျယ် လုပ်ခြင်းကိုသာ အာရုံစိုက်ကြလေသည်။ ထိုသို့သော လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင် နေကြခြင်း မဟုတ်ချေ။ ၎င်းတို့သည် ဇာတိပကတိကိုသာ အလိုဖြည့်နေကြပြီး အခြားသူများ မြင်ဖို့ရန်သာ ဆောင်ရွက် နေကြလေသည်။ ဤဘာသာရေးထုံးတမ်းနှင့် စည်းမျဉ်းများသည် လူသားထံမှလာသည်၊ ဘုရားသခင်ထံမှလာခြင်း မဟုတ်ပေ။ ဘုရားသခင်သည် စည်းမျဉ်းများကို လိုက်နာခြင်းမရှိသကဲ့သို့ မည်သည့် စည်းမျဉ်းကိုမျှ လိုက်နာရခြင်းလည်း မရှိပေ။ ယင်းထက်၊ သူသည် နေ့စဉ် လက်တွေ့ကျသော အလုပ်များကို ပြီးမြောက်လျက် အသစ်သောအရာများကို လုပ်ဆောင်သည်။...လူတို့သည် စည်းမျဉ်းများအလယ် အသက်ရှင်ပြီး သူတို့၏ စိတ်နှလုံးများသည် လက်တွေ့လုပ်ဆောင်မှု နည်းစနစ်များအပေါ် အာရုံစိုက်သည့်အခါ၊ ၎င်းတို့၏ စိတ်နှလုံးကို စည်းမျဉ်းများနှင့် လူသားအယူအဆတို့က နေရာယူထားသောကြောင့် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်မလုပ်နိုင်ချေ၊ သို့ဖြစ်ရာ ဘုရားသခင်သည် ၎င်းတို့အပေါ် ကြားဝင်ပြီး အလုပ်မလုပ်နိုင်သကဲ့သို့ ၎င်းတို့သည် စည်းမျဉ်းများ၏ ထိန်းချုပ်မှုအောက်တွင်သာ ဆက်လက်အသက်ရှင်နိုင်ကြလေသည်။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရနိုင်စွမ်း အစဉ်ထာဝရ မရှိချေ။” (ပုံမှန်ဝိညာဉ်ရေးရာ အသက်တာနှင့် စပ်လျဉ်း၍)
ထိုအစ်မ ဖတ်ပြသည့် ကျမ်းပိုဒ်က ကျွန်မနှလုံးသားကို ကိုင်လှုပ်ခဲ့သည်။ ကျွန်မ ယခင်က ဓမ္မပညာ ကို လေ့လာခဲ့ပြီး၊ ခေတ်ဟောင်း နှင့် ခေတ်သစ် နှစ်မျိုးလုံး၊ တရုတ်နှင့် နိုင်ငံခြားဘာသာစကား ဝိညာဉ်ရေးရာ စာအုပ်များစွာကို ဖတ်ရှုခဲ့သည်၊ ပြီးလျှင် ကျွန်မသည် ထင်ရှားသည့် တရားဟောဆရာများ ဟောကြားသည့် အသံသွင်းထားသည့် ဒေသနာများစွာကို နားထောင်ခဲ့သည်၊ သို့သော်လည်း စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း နှင့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် ရရှိလာ သည့် ရလဒ်များပါဝင်သည့် ဤကဲ့သို့သော ရှင်းလင်း ပြတ်သားမှုမျိုးဖြင့် ရှင်းပြနိုင်သည့် သူတစ်ယောက်မျှ မြင်တွေ့ဖူးခြင်း သို့မဟုတ် ကြားဖူးခြင်း မရှိခဲ့ပါ။ ထို့အပြင် ထိုကျမ်းပိုဒ်က ကျွန်မတို့၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း၏ အခြေအနေမှာ မည်သည့်အရာ ဖြစ်ခဲ့ကြောင်းကိုလည်း ဖော်ထုတ်ခဲ့သည်၊ ကျွန်မတို့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် အတိအကျတည်ရှိသည့် စည်းမျဉ်းအချို့နှင့် သွေဖည်ခြင်း များကို ဖော်ထုတ်ခဲ့ပါသည်။
ထို့နောက်တွင် ထိုအစ်မ၏ မိတ်သဟာယပြုခြင်းမှ တစ်ဆင့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းဆိုသည်မှာ နေ့စဉ် နေ့တိုင်း သမ္မာကျမ်းစာဖတ်ရှုခြင်း၊ ဓမ္မသီချင်းများ ကို သီဆိုခြင်းနှင့် ဆုတောင်းခြင်း တို့ကို ဆိုလိုခြင်း မဟုတ်ကြောင်း၊ စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းအတွက် လူတစ်ယောက်၏ အပြင်ပန်း လက်တွေ့လုပ်ဆောင်ခြင်းများက မည်သို့ရှိသည် သို့မဟုတ် လူတစ်ယောက်က ဘာသာရေး ရိုးရာထုံးတမ်းဓလေ့များကို မည်သို့ ကောင်းမွန်စွာကျင့်ကြံစောင့်ထိန်းသည် သို့မဟုတ် လူတစ်ယောက်သည် နေ့တိုင်း မည်မျှကြာအောင် လက်တွေ့လုပ်ဆောင်သည် တို့ကို မဆိုလိုကြောင်း ကို ကျွန်မ နားလည်လာခဲ့ရသည်၊ ထိုအစား အရေးကြီးသည့်အရာမှာ အကျိုးရလဒ်ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်မတို့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းက သန့်ရှင်းသော ဝိညာဉ်တော်ထံမှ ဉာဏ်အလင်း ဖွင့်ပြခြင်းနှင့် အလင်းပေးခြင်း ပိုမိုရရှိစေနိုင်ခြင်းရှိမရှိ၊ ၎င်းက ကျွန်မတို့အား ဘုရားသခင်၏ အလိုတော်ကို ပို၍ နားလည်သဘောပေါက်နိုင်စေခြင်း ရှိမရှိနှင့် ဘုရားသခင်ဆီကို တိုးဝင်ချဉ်းကပ်စေနိုင်ခြင်း ရှိမရှိ တို့ပေါ်တွင် မူတည်သည်။ ဥပမာအားဖြင့် ကျွန်မတို့သည် စိတ်မပါဘဲ ရေလိုက်ငါးလိုက်သာ ဓမ္မသီချင်းများကို သီဆိုခြင်းမဟုတ်ပဲ၊ ထိုအစား ဘုရားသခင် ရှေ့တော်မှောက်တွင် ကျွန်မတို့နှလုံးသားများ ဆိတ်ငြိမ်ခြင်း အတွက် လက်တွေ့လုပ်ဆောင်ဖို့ ဖြစ်သည်။ ကျွန်မတို့ ဓမ္မသီချင်းများ သီဆိုသည့်အခါတွင် ကျွန်မတို့က သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း နှင့် လမ်းပြမှုတို့ကို ရရှိနိုင်ပြီး၊ ထိုသို့ဖြင့် ကျွန်မတို့သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သဘောပေါက် နိုင်သည်။ ဆုတောင်းခြင်းသည် တူညီသည့် စကားလုံး များကို အထပ်ထပ်အခါခါ၊ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ရွတ်ဆိုနေခြင်း သို့မဟုတ် လူတစ်ယောက်က ကြာကြာဆုတောင်းပြီး၊ ဆုတောင်းခြင်း တွင် ပိုပြီးပြောဆိုလေ၊ ဘုရားသခင်၏ အလိုတော်နှင့်ပို၍ ကိုက်ညီသည်ဟု ယုံကြည်ခြင်းသက်သက် မဟုတ်ပါ။ ထိုအစား ဆုတောင်းခြင်းဆိုသည်မှာ လူတစ်ယောက်၏ နှလုံးသားနှင့် သူ၏ လက်တွေ့အခက်အခဲများအားလုံးတွင် ရှိသည့် အရာအားလုံးအကြောင်းအား ဘုရားသခင်ဆီကို ဖွင့်ဟခြင်းနှင့် ယုံကြည်စွာ ပြောပြခြင်းတို့ ဖြစ်သည်။ ဆုတောင်းခြင်းက ဘုရားသခင် ရှေ့တော်မှောက်ကို လာပြီး၊ ကိုယ်တော်၏ အလိုတော်ကို ရှာဖွေခြင်း၊ နှင့် လက်တွေ့လုပ်ဆောင်ရန်လမ်းကြောင်းကို ရှာဖွေခြင်းတို့ဖြစ်သည်။ သခင့်နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပါယ် ပြန်ဆိုခြင်းကို နားလည်ရန်နှင့်၊ အခြားသူများကို တရားဟောကြားနိုင်ရန် သို့မဟုတ် ကျွန်မတို့ ညီအစ်ကိုမောင်နှမများ၏ ပြဿနာများကို ဖြေရှင်းရန် ကျွန်မတို့ကိုယ် ကျွန်မတို့ ဝိညာဉ်ရေးရာ အသိပညာနှင့် ်အယူဝါဒတို့ဖြင့် တန်ဆာဆင်ခြင်းတို့ အတွက်သာ မဟုတ်ပါ။ ထိုအစား ကျွန်မတို့က သခင့်နှုတ်ကပတ်တော်များကို ချင့်ချိန်စဉ်းစားရန်၊ သခင့်အလိုတော်နှင့် ကျွန်မတို့အတွက် သတ်မှတ်ချက် များကို နားလည်ရန်၊ သခင့်နှုတ်ကပတ်တော်များကို ပို၍ ကောင်းမွန်စွာ လက်တွေ့ လုပ်ဆောင်နိုင်ရန် နှင့် သခင့်အလိုတော်နှင့်အညီ လက်တွေ့ကျင့်သုံးရန် တို့အတွက် ဖြစ်သည်။
ကျွန်မဝိညာဉ်ရေးရာ ဝတ်ပြုခြင်းတွင် ကျွန်မ ရလဒ်များကို လုံးဝမရှာဖွေဖူးခဲ့သော်လည်း၊ ထိုအစား တာဝန်တစ်ခုကို ပြီးမြောက်စေရန် အနေဖြင့်သာ နေ့စဉ် လက်တွေ့လုပ်ဆောင်ခဲ့ပါသည်။ ကျွန်မ ဓမ္မသီချင်း သီဆိုသောအခါတွင်၊ ကျွန်မ ရောက်တတ်ရာရာ သီဆိုသည်၊ ကျွန်မ ဆုတောင်းချိန်တွင်၊ တူညီသောစကား များကို ထပ်ခါထပ်ခါ ပြောပြီး ဤပုံစံအတိုင်းသာ အစဉ် ပြုလုပ်ခဲ့သည်။ ကျွန်မ သမ္မာကျမ်းစာ ဖတ်ရှုသည့်အချိန်တွင် နှုတ်ကပတ်တော်များ၏ တိုက်ရိုက်အဓိပ္ပါယ် အချို့ကိုသာ နားလည် သဘောပေါက်ပြီး၊ မိမိကိုယ်ကို ဝိညာဉ်ရေးရာ အယူအဆ အနည်းငယ်ဖြင့် တန်ဆာဆင်လေ့ရှိသည်။ ကျွန်မသခင်မိန့်မြွက်ခဲ့သည့်အရာများကို သခင်က အဘယ်ကြောင့်မိန့်မြွက်ခဲ့ခြင်းဖြစ်သည်၊ သခင်မိန့်မြွက်ခဲ့သည့် အရာတို့နောက်ကွယ်တွင်ရှိသည့် သခင်၏အလိုတော်နှင့် သတ်မှတ်ချက်များက မည်သည့်အရာများဖြစ်သည်၊ သခင်၏ နှုတ်ကပတ်တော်အတွင်းမှ မည်သည့်သမ္မာတရားတို့ကို ကျွန်မနားလည်သည် စသည်တို့ကို ကျွန်မ လုံးဝ မည်သည့်အခါမှ ဆင်ခြင်စဉ်းစားခြင်းမရှိခဲ့ပါ။ အစ်မဆောင်းဖတ်ပြခဲ့သည့် ကျမ်းပိုဒ်ဖြင့် မိမိကိုယ်ကို နှိုင်းယှဉ်ပြီး၊ ကျွန်မ၏ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းသည် စည်းမျဉ်းများ နောက်လိုက်ပြီး၊ ဘာသာရေး ရိုးရာထုံးတမ်းဓလေ့များတွင် ပါဝင်ခြင်းကလွဲပြီး မည်သည့်အရာမျှ မဟုတ်သည်ကို ကျွန်မ နောက်ဆုံးတွင် တွေ့မြင်ခဲ့ရသည်၊ ယင်းမှာ စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုခြင်း မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ချီးကျူးခြင်းကို ထိုက်တန်စွာ မရရှိနိုင်ခြင်ပင် ဖြစ်သည်။ ကျွန်မက ဤကျမ်းပိုဒ်ကို အလေးအနက် ချင့်ချိန်စဉ်းစားပြီး ၎င်းက ကျွန်မတို့ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းနှင့် မည်သည့်အရာမျှ မရရှိနိုင်သည့် အကြောင်းအရင်း အခြေအမြစ်ကို ထုတ်ဖော်ရုံမျှမက၊ ကျွန်မတို့ကို လက်တွေ့ လုပ်ဆောင်ခြင်းအတွက် လမ်းကြောင်း ကိုလည်း ပြခဲ့ကြောင်းကို ကျွန်မတွေ့မြင်ခဲ့ရသည်။ ဤကျမ်းပိုဒ်က အလွန်ပင် ကျွန်မအတွက် အမှန်တကယ် အထောက်အကူ ဖြစ်ပြီး အကျိုးကျေးဇူးခံစားရရှိစေသည်။ ကျွန်မက နောက်ထပ် ထပ်ဖတ်ချင်သောကြောင့် အစ်မဆောင်းထံမှ ထိုစာအုပ်ကို ငှားရမ်းခဲ့ပါသည်။
ကျွန်မ အိမ်သို့ပြန်ရောက်ပြီးနောက် ကျမ်းပိုဒ်အချို့ကို တစ်ခုပြီးတစ်ခု ဖတ်ရှုခဲ့သည်၊ ကျမ်းပိုဒ်များထဲမှ တစ်ခုက ဤသို့ဆိုသည်။ “ဘုရားသခင်ကို လူတို့ယုံကြည်ပုံ၊ လူတို့ချစ်မြတ်နိုးပုံနှင့် စိတ်ကျေနပ်စေပုံသည် ဘုရားသခင်၏ဝိညာဉ်တော်ကို ၎င်းတို့၏နှလုံးသားဖြင့် ထိတွေ့ပြီး ထိုသို့အားဖြင့် သူ၏ စိတ်ကျေနပ်ခြင်းကို ရရှိပြီး၊ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် ချိတ်ဆက်ရန် ၎င်းတို့၏နှလုံးသားကိုအသုံးပြုခြင်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်၏ တို့ထိမှုကို ခံရခြင်း ဖြစ်သည်။ အကယ်၍ သင်သည် ပုံမှန်ဝိညာဉ်ရေး အသက်တာကို ရရှိလိုပြီး ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ရပ်ကို ထူထောင်လိုပါက သင်သည် ပထမဦးစွာ သင်၏နှလုံးသားကို သူ့အား ပေးအပ်ရမည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် သင်၏နှလုံးသားကို ငြိမ်သက်စေပြီး သင်၏ နှလုံးသားတစ်ခုလုံးကို ကိုယ်တော်ထံ၌ သွန်းလောင်းပြီးမှသာ သင်သည် ပုံမှန်ဝိညာဉ်ရေးအသက်တာကို တဖြည်းဖြည်း ဖြစ်ပေါ်စေနိုင်လိမ့်မည်။...သင်၏စိတ်နှလုံးကို ဘုရားသခင်ထံတွင် သွန်းလောင်းနိုင်ပြီး သူ၏ရှေ့မှောက်တွင် ငြိမ်သက်နေနိုင်ပါက သင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသုံးပြုခံရရန်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် အလင်းပေးမှုကို ရရှိရန် အခွင့်အရေးနှင့် အရည်အချင်းများ သင်၌ ရှိလိမ့်မည်ဖြစ်ပြီး၊ ထို့ထက်မက သင်၏ အားနည်းချက်များကို သန့်ရှင်းသော ဝိညာဉ်တော်က ကောင်းအောင်ပြုပေးရန် အခွင့်အရေး ရရှိလိမ့်မည်။ သင်၏ စိတ်နှလုံးကို ဘုရားသခင်အား သင်ပေးအပ်လိုက်သောအခါ အပြုသဘောဆောင်သည့်ဘက်တွင်၊ သင်သည် ပိုမိုနက်ရှိုင်းသော ဝင်ရောက်မှုနှင့် ပိုမို မြင့်မားသော ထိုးထွင်းသိမြင်မှုကို ရရှိနိုင်သည်။ အပျက်သဘောဆောင်သည့်ဘက်တွင်၊ သင်သည် သင်ကိုယ်တိုင်၏ အမှားများနှင့် အားနည်းချက်များကို ပိုမိုနားလည်လာလိမ့်မည်၊ ဘုရားသခင်၏အလိုတော်ကို ဖြည့်ဆည်းပေးရန်အတွက် ကြိုးစားရန် ပို၍ စိတ်အားထက်သန်လိမ့်မည်ဖြစ်ပြီး၊ သင်သည် မတုန်မလှုပ်မဖြစ်ဘဲ တက်တက်ကြွကြွ ဝင်ရောက်လိမ့်မည်ဖြစ်သည်။ ဤသို့ဖြင့်၊ သင်သည် မှန်ကန်သော လူတစ်ယောက်ဖြစ်လာလိမ့်မည်။” (ဘုရားသခင်နှင့် ပုံမှန်ဆက်ဆံရေးတစ်ခုတည်ဆောက်ရန် အလွန်အရေးကြီး၏)
ဤကျမ်းပိုဒ်ကို ကျွန်မချင့်ချိန်စဉ်းစားကြည့်သည့် အခါတွင် ကျွန်မက သာမာန် ဝိညာဉ်ရေးရာ အသက်တာကို လိုချင်ပါက၊ ပထမဆုံး အတိတ်မှ ထိုစည်းမျဉ်းဟောင်း များနှင့် လက်တွေ့လုပ်ဆောင်မှုများ အားလုံးကို လက်လွှတ်ရမည်၊ ကျွန်မနှလုံးသားကို ပြင်ပလောကမှ လူများ၊ အဖြစ်အပျက်များနှင့် အရေးကိစ္စများ အားလုံးမှ စွန့်ခွာ ပြီး ဘုရားသခင် ရှေ့မှောက်တွင် ငြိမ်သက်ခြင်းရှိစေရမည်။ ပြီးလျှင် ဘုရားသခင်ကို ဆုတောင်းကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး၊ ဘုရားသခင့် နှုတ်ကပတ်တော် များကို ရိုးသားသည့် နှလုံးသား တစ်စုံဖြင့် ချင့်ချိန်စဉ်းစားရမည်ဆိုသည်တို့ကို ကျွန်မနားလည်ခဲ့သည်။ ကျွန်မနားမလည်ခဲ့သည့် အရာများအားလုံး နှင့် ပတ်သက်ပြီး ကျွန်မသည် ပို၍ဆုတောင်းပြီး၊ ဘုရားသခင် နှင့်အတူ ပို၍ရှာဖွေရမည်ကို သိရှိခဲ့သည်၊ ကျွန်မ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သာမာန်ကာလျှံကာ တစ်ချက်မျှကြည့်ပြီး၊ ကျော်လိုက်ခြင်းမျိုးပြုလုပ်၍မရပါ။ ဤနည်းဖြင့် လက်တွေ့လုပ်ဆောင်ခြင်းဖြင့်သာလျှင် ကျွန်မသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြခြင်းနှင့် အလင်းပေးခြင်းတို့ကို ရရှိနိုင်ပြီး၊ ဘုရားသခင်နှင့် သာမာန်ပေါင်းသင်း ဆက်ဆံရေးကို တည်ထောင်နိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲသို့ ကျွန်မတို့ နှလုံးသားများ ဖွင့်ဟသည့် အခါတွင်၊ ကျွန်မတို့အသက်တာတွင် ကျွန်မတို့ ကြုံတွေ့ရသည့် အရာများနှင့်ပတ်သက်ပြီး ကျွန်မတို့ ဆန္ဒများအတိုင်း လုပ်ဆောင်ခြင်းဟုတ်မဟုတ်၊ သို့မဟုတ် ကျွန်မတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်း ဟုတ်မဟုတ် ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိခဲ့ရသည်၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျွန်မတို့ အလုံးစုံ လက်တွေ့လုပ်ဆောင်ခြင်းမရှိသည့် အရာအချို့ရှိသည်ကို ကျွန်မတို့ ရှာဖွေတွေ့ရှိရသည်။ ပြီးလျှင် ကျွန်မတို့ထဲတွင် လမ်းလွဲခြင်းများနှင့် ချွတ်ယွင်းချက်အချို့ တည်ရှိနေသေး ကြောင်း စသဖြင့် ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်မတို့သည် ဤအရာများကို ပြန်လည်သုံးသပ်သည့်အခါတွင် ဘုရားသခင့်နှုတ်ကပတ်တော်များကို လက်တွေ့ လုပ်ဆောင်ခြင်း လမ်းကြောင်းကို ကျွန်မတို့ ရှာဖွေသည်၊ ထို့နောက် ကျွန်မတို့အသက်တာများတွင် ယင်းကို မိတ်ဆက်ကာ၊ ကျွန်မတို့၏ စစ်မှန်သည့် ပြဿနာများကို ဖြေရှင်းရန်အတွက် ၎င်းကို လက်တွေ့လုပ်ဆောင်ပြီး ဝင်ရောကဲ့သည်။ ဤကဲ့သို့သော ရလဒ်မျိုးကိုရရှိနိုင်သည့် ဝိညာဉ်ရေးရာ အသက်တာသာလျှင် စစ်မှန်သည့် ဝိညာဉ်ရေးရာ ဝတ်ပြုကိုးကွယ်ခြင်း ပါဝင်သည်။ ဤအချက်ကို ကျွန်မ နားလည်သဘောပေါက်သည်နှင့် တပြိုင်နက်၊ ကျွန်မသည် ယင်းကို စတင်လက်တွေ့ လုပ်ဆောင်ပြီး ဝင်ရောက်သည်၊ ကျွန်မ ဝိညာဉ်ရေးရာ ဝတ်ပြုခြင်းကို ကျွန်မ လက်တွေ့လုပ်ဆောင် သည့်အချိန်တွင်၊ ကျွန်မသည် နေ့စဉ် ကြုံတွေ့နေရသည့် ပြဿနာများနှင့် အခက်အခဲများအားလုံးကို သခင့်ထံသို့ ဆုတောင်းပြီး၊ သခင့်နှုတ်ကပတ်တော်များအကြားမှ လက်တွေ့ လုပ်ဆောငရန် လမ်းကြောင်းကို ရှာဖွေသည်။ ကျွန်မဆုတောင်းသည့်အချိန်တွင် သခင့်ကို ကျွန်မ့နှလုံးသားထဲမှ အရာအားလုံးကို ပြောပြပြီး၊ ကိုယ်တော့်ကို မှန်မှန်ကန်ကန်ပြောပြပါသည်၊ ပြီးလျှင် ကျွန်မ၏ လက်တွေ့ အခက်အခဲများအားလုံးကို ယုံကြည်စွာအပ်နှံပြီး၊ ကိုယ်တော့်အကူအညီကို တောင်းလျှောက်ခဲ့သည်၊ ကျွန်မ၏ ဆုတောင်းခြင်း များသည် စည်းကမ်းစည်းမျဉ်းများကို လိုက်နာခြင်းနှင့် ဘာသာရေး ရိုးရာထုံးတမ်းဓလေ့များတွင် ပါဝင်ခြင်း သို့မဟုတ် ဆုတောင်းခြင်းတွင် တူညီသော စကားလုံး အဟောင်းများကိုသာ ရွတ်ဆိုခြင်းများ မဟုတ်တော့ပါ။ ကျွန်မသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသည့်အခါတွင် ကျွန်မမည်မျှဖတ်ရှုသည် သို့မဟုတ် မည်မျှ အလွတ်ကျက်သည်က အရေးမပါတော့ပါ။ ထိုအစား ကျွန်မသည် သခင့် အလိုတော်နှင့် သတ်မှတ်ချက်များကို ချင့်ချိန်စဉ်းစားခြင်းနှင့် ရှာဖွေခြင်း ကိုသာ အာရုံစိုက်ခဲ့သည်၊ ကျွန်မက ပြဿနာများ ကြုံတွေ့သည့်အခါတွင် သခင့်နှုတ်ကပတ်တော် များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းရှိမရှိ ဆင်ခြင်သုံးသပ်သည်။ လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက အဘယ့်ကြောင့်နည်း၊ ကျွန်မထိုကဲ့သို့သော ပြဿနာတစ်ခုကို နောက်တစ်ကြိမ် ကြုံတွေ့ရသည့် အခါတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း စသဖြင့် ပြန်လည်သုံးသပ်ခဲ့သည်။ ဤနည်းဖြင့် အချိန်အတန်ကြာ လက်တွေ့လုပ်ဆောင်ပြီးနောက် သခင်နှင့် ကျွန်မ၏ ပေါင်းသင်းဆက်ဆံရေး မိတ်သဟာယသည် ပိုပို၍ သာမာန်ဖြစ်လာခဲ့သည်၊ ကျွန်မက သခင့်နှုတ်ကပတ်တော်များကို ဖတ်ရှုသည့် အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်းနှင့် လမ်းပြမှုတို့ကို မကြာခဏ ခံစားခဲ့ရသည်၊ ပြီးလျှင် ကျွန်မ ဆုတောင်းသည့်အချိန်တွင်၊ ကျွန်မသည် စိတ်လှုပ်ရှားပြီး သခင်က ကျွန်မ၏ ဆုတောင်းခြင်းများကို နားထောင်နေသည်ဟု ခံစားရသည်။ သခင့်ကို ကျေးဇူးတော်ချီးမွမ်းပါသည်။
သိုးသငယ် ဖွင့်သည့် စာစောင် ဆိုသည့် စာအုပ်သည် စစ်မှန်သည့် ဝိညာဉ်ရေးရာ အသက်တာတွင် ပါဝင်သည့်အရာအကြောင်း၊ ဘုရားသခင်နှင့် သာမာန်ပေါင်းသင်းဆက်ဆံရေး တည်ထောင်နည်း၊ စစ်မှန်သည့် အသင်းတော် အသက်တာတစ်ခုတွင် ပါဝင်သည့်အရာတို့ အကြောင်းကိုလည်း မိတ်သဟာယပြုထားသည်။ ကျွန်မက ပို၍ ဖတ်ရှုလေ၊ ၎င်းတို့အားလုံးက ပို၍ ရှင်းလင်းလေဖြစ်ပြီး၊ ကျွန်မပို၍ ပျော်မွေ့လေဖြစ်သည်။ ထို့အပြင် ဤစာအုပ်သည် သမ္မာကျမ်းစာထဲတွင် ကျွန်မ ယခင်က လုံးဝနားမလည်ခဲ့သည့် အရာများစွာကို ရှင်းပြထားသည်။ ဤစာအုပ်ကို ဖတ်ရှုခြင်းမှတစ်ဆင့် ယခင်က ကျွန်မကို ဦးနှောက်ခြောက်စေခဲ့သည့် ပြဿနာများ ပြေလည်သွားခဲ့သည်၊ ထို့အပြင် ကျွန်မ ရုတ်တရက် အလင်းကို တွေ့မြင်ခဲ့သည်။ တိမ်များ လွင့်မျောသွားပြီး နေ၏ အလင်းကို ထုတ်ဖော်ပြခဲ့သကဲ့သို့ပင် ဖြစ်ပါသည်။ ဤစာအုပ်သည် စာရိတ္တကို အလွန်မြှင့်တင်ပြီး၊ အလွန်အကျိုးခံစားရသည့်အတွက် မည်သည့် သာမာန် လူပုဂ္ဂိုလ်တစ်ယောက်ကမျှ ရေးသားထားခြင်းမဖြစ်နိုင်ဟု ကျွန်မခံစားရ သည်၊ ပြီးလျှင် ကျွန်မက သခင်ယေရှု၏နှုတ်ကပတ်တော်များဖြစ်သည့် "သင်တို့အား ငါပြောစရာစကားအများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။ သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။” (ရှင်ယောဟန်ခရစ်ဝင် ၁၆:၁၂-၁၃) ဆိုသည်တို့ကိုသာ တွေးမိနေပါသည်။ သခင်က ပြန်ကြွလာသည့်အချိန်တွင် ကျွန်မတို့ နားမလည်သေးသည့် သမ္မာတရားများအားလုံးကို ကျွန်မတို့အား ပြောပြတော်မူမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြခဲ့သည်။ ဤစာအုပ်က ၎င်းတို့အားလုံးကို အလွန်ရှင်းလင်းစွာ ရှင်းပြနိုင်ခဲ့သည်၊ ဤစာအုပ်တွင် ပါသည့် နှုတ်ကပတ်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ မိန့်မြွက်ချက်များမှ ပေါ်ထွက်လာခြင်းဖြစ်နိုင်ပါသလား။ ကျွန်မ ထိုစာအုပ်ကို သေချာစွာလေ့လာပြီး သိုးသငယ် ဖွင့်သည့် စာစောင် ဆိုသည့် ခေါင်းစီးကို ဖတ်ရှုခဲ့သည်၊ ကျွန်မက “ဒီစာအုပ်က ဗျာဒိတ်ကျမ်းထဲမှာ ကြိမ်ဖန်များစွာ ပရောဖက်ပြုထားတဲ့ စာစောင်ငယ်များ ဖြစ်နေမလား” ဟု ရုတ်တရက်တွေးမိပြီး စိတ်လှုပ်ရှားခဲ့ရသည်။ သို့သော်လည်း ချိတ်ပိတ်ထားသည့် စာစောင်ငယ်ကို သိုးသငယ်သာ ဖွင့်နိုင်သည်။… ဤအတွေးများကို တွေးရင်းဖြင့် ကျွန်မသည် တခဏကြာအောင်ပင် ငြိမ်ငြိမ် မထိုင်နိုင်ခဲ့ပဲ၊ သခင့်ကို ဆုတောင်းပြီးနောက်တွင် ထိုစာအုပ်ကို ယူကာ၊ အစ်မဆောင်းနေအိမ်သို့ ကမန်းကတန်းသွားခဲ့ပါသည်။…