ဇောင်ကျင်း၊ တရုတ်နိုင်ငံ
“အဒေါ်၊ ရှောင်ဝေ ဦးနှောက်သွေးယိုစီးမှု ဖြစ်တယ်။ သူ ခုချိန်မှာ ဆေးရုံရောက်နေတယ်၊ ပြီးတော့ ဆရာဝန်က ချက်ချင်း ခွဲစိတ်ဖို့လိုတယ်တဲ့...” ထိုင်းနိုင်ငံက ကျွန်မ သမီး သူငယ်ချင်းထံမှ ဖုန်းခေါ်ဆိုမှု ရရှိချိန်တွင် ကျွန်မ ထိတ်လန့်တုန်လှုပ်ခဲ့ရသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်က ကျွန်မ သမီးကို ဖုန်းအဆက်အသွယ်မရနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်ပါ။ ကျွန်မ သမီးက နားမကျန်းဖြစ်ခဲ့ပြီး လွန်စွာအသည်းအသန်ဖြစ်နေခဲ့သည်။
တဒင်္ဂခဏ၊ ကျွန်မ ဘာလုပ်ရမည်မသိခဲ့။ ဖုန်းကို ကျွန်မ ချလိုက်သည့်အချိန်တွင် ဘုရားသခင်ရှေ့ ကျွန်မ အလျင်အမြန်သွားပြီး၊ “ဘုရားရှင်၊ ကျွန်မ သမီးက ထိုင်းမှာ ဦးနှောက်သွေးယိုစီးမှု ဖြစ်ပြီး ခွဲစိတ်ကုသမှု လိုအပ်ပါတယ်။ ကျွန်မ ဝိညာဉ်ရေးအသက်တာမှာ အားနည်းတာ ကိုယ်တော် သိပါတယ်၊ ပြီးတော့ အဲဒီလိုအရာ ကျွန်မဆီ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ ကျွန်မ မသိပါဘူး။ ကိုယ်တော့်ကိုပဲ ကျွန်မ မျှော်ကြည့်နိုင်ပြီး ဒါကို ကိုယ်တော့်ဆီ အပ်နှံနိုင်ပါတယ်။ ကျွန်မ သမီးလေးရဲ့ အသက်နဲ့ သေခြင်းက ကိုယ်တော့်လက်ထဲမှာပါ။ ကိုယ်တော့်ကို ကျွန်မ မှီခိုတာနဲ့အမျှ ကျေးဇူးပြု၍ ကျွန်မကို ဉာဏ်အလင်းပေးပြီး ဦးဆောင်လမ်းပြတော်မူပါ” ဟု ဆုတောင်းခဲ့သည်။
မကြာခင်မှာ၊ ကျွန်မ၏ ဖုန်း ထပ်မံ အသံမြည်လာပြီး ကျွန်မ သမီး၏ သူငယ်ချင်းက၊ “အဒေါ်၊ ရှောင်ဝေ့အခြေအနေက အရမ်းစိုးရိမ်ရတယ်၊ ပြီးတော့ ခွဲစိတ်ကုသတာကို သူ ကျော်နိုင်မှာမဟုတ်ဘူး။ အဒေါ် နောက်ဆုံးအကြိမ် သူ့ကိုမြင်ဖို့ WeChat ဖွင့်လိုက်ပါနော်” ဟု ကမန်းကတန်း ဆိုခဲ့သည်။
ဤသည်မှာ ကျွန်မသမီးကို တွေ့ရသည့် နောက်ဆုံးအကြိမ် ဖြစ်နိုင်သည်ဟု သူမပြောသည်ကို ကျွန်မ ကြားရသည့်အချိန်တွင်၊ ရုတ်တရက် ကျွန်မ ခြောက်ခြားသွားခဲ့သည်။ ကျွန်မ ကိုယ့်ကိုယ်ကို ခွေယိုင်သွားသည်ကို ခံစားခဲ့ရပြီး ကျွန်မ မျက်လုံးများမှ မျက်ရည်များ စီးဆင်းလာခဲ့သည်။ ဖုန်းပေါ်က WeChat ကို အလျင်အမြန် ကျွန်မ ဖွင့်လိုက်ပြီး ဆေးရုံတွင် အောက်ဆီဂျင်စက်နှင့် ချိတ်ဆက်လျက် လဲလျောင်းနေသည့် ကျွန်မ သမီးလေးကို မြင်တွေ့ခဲ့ရသည်။ ကျွန်မ ကြက်သေသေသွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး စတင် တုန်ခါလာခဲ့သည်။ “ဒါက တကယ်ပဲ ငါ့သမီးလေးကို တွေ့ရမယ့် နောက်ဆုံးအကြိမ်ပဲလား” ဟု ကိုယ့်ကိုယ်ကို ကျွန်မ မေးနေမိခဲ့သည်။
နောက်နေ့တွင် နိုင်ငံကူးလက်မှတ် လျှောက်ရန် ကျွန်မ တူလေးနှင့် သွားခဲ့သည်။ ဇန်နဝါရီ ၃၁ရက်နေ့ ညနေတွင်၊ တရုတ်နိုင်ငံမှာ ထိုင်းနိုင်ငံသို့ လေယာဉ်စီးပြီးသွားခဲ့ကြသည်။ ကျွန်မ စိတ်ရှုတ်ထွေးခဲ့ပြီး ဘုရားသခင်ထံ၊ “ဘုရားရှင်၊ ကျွန်မ သမီးလေးအတွက် ကျွန်မ စိတ်ပူပါတယ်။သူ့ရဲ့ ခွဲစိတ်မှု အောင်မြင်ရဲ့လား။ ကျွန်မ သမီးလေးကို အသက်ရှင်ရက် တွေ့ရဖို့ ကျွန်မ ရောက်ပါ့မလား။ ဘုရားသခင်၊ ခုချိန်မှာ ကျွန်မ အရမ်းစိတ်ရှုတ်ထွေးနေပါတယ်။ ကိုယ်တော်ရဲ့ မျက်မှောက်တော်ထဲမှာ ကျွန်မ စိတ်နှလုံးကို ကျေးဇူးပြုပြီး ငြိမ်သက်စေတော်မူပါ” ဟု တိတ်တဆိတ် ဆုတောင်ခဲ့သည်။
ဆုတောင်းပြီးနောက်၊ ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို ကျွန်မ စဉ်းစားခဲ့သည်- “အကြောင်းမှာ ငါသည် သင်တို့၏ ဖခင်ဖြစ်၏၊ ငါသည် သင်တို့၏ ခိုင်ခံ့သော မျှော်စင်ဖြစ်၏၊ ငါသည် သင်တို့၏ အကွယ်အကာနှင့် သင်တို့၏ အထောက်အပံ့ ဖြစ်ပေသည်။ ထို့အပြင်၊ ငါသည် သင်တို့၏ အနန္တတန်ခိုးရှင်တစ်ပါး ဖြစ်သည်။ ငါသည် သင်တို့၏ အရာခပ်သိမ်း ဖြစ်သည်။” ဟုတ်ပါသည်။ ဘုရားသခင်သည် ကျွန်မ၏ အထောက်အပံ့နှင့် အကြီးမားဆုံးေသော အထောက်အကူဖြစ်သည်။ ကျွန်မ၏ သမီးလေး ကျန်းမာသည် ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ သူ၏ အသက်နှင့် သေခြင်းသည် ဘုရားသခင်၏ လက်ထဲတွင် ရှိသည်။ ဘုရားသခင်သည် အရာအားလုံး တတ်စွမ်းနိုင်သူဖြစ်ပြီး ကျွန်မ၏ သမီးလေးကို ဘုရားသခင်ဆီ ကျွန်မ အပ်နှံသင့်ပါသည်။ တဖြည်းဖြည်းနှင့်၊ ခြောက်ခြားနေသည့် ကျွန်မ၏ စိတ်နှလုံး သူ့ဘာသာသူ တည်ငြိမ်လာခဲ့သည်။
ဖေဖော်ဝါရီ ပထမရက် နံနက်စောစောတွင်၊ ထိုင်းနိုင်ငံရှိ ဆေးရုံသို့ ကျွန်မတို့ ရောက်ရှိသွားခဲ့ကြသည်။ ကျွန်မ သမီးလေးမှာ အိပ်ရာပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေသည်၊ သူမ၏ မျက်လုံးများ မှိတ်ထားသည်၊ သူမ၏ မျက်နာမှာ ဝါကာ ပိန်နေခဲ့သည်၊ သူမ၏ ဆံပင်များမှာ လုံးဝ ရိတ်သင်ထားပြီး ခွဲထားသည့် နေရာဖြစ်သည့် ဒဏ်ရာကို သိပ်သည်းသည့် ချုပ်ရိုးများဖြင့် ပိတ်ချုပ်ထားသည်။ သူမ၏ မြင်ကွင်းက ကျွန်မ နှလုံးသားကို ဆို့နှင့်စေသည်။ ကျွန်မ၏လက်ဖြင့် သူမ၏ လက်ကို ကျွန်မ ထိလိုက်သည်၊ သူမ မတုန့်ပြန်သောအခါ ကျွန်မ၏ မျက်လုံးများမှ မျက်ရည်များ ပြည့်လျှံလာခဲ့သည်။ ကျွန်မ သမီး၏ သူငယ်ချင်းက ကျွန်မကို နှစ်သိမ့်ဖို့ ညင်သာစွာဖြင့်၊ “ဆရာဝန်က ရှောင်ဝေရဲ့ ခွဲစိတ်မှု အရမ်းအောင်မြင်တယ်လို့ ပြောတယ်။ သူက ဆိုးဝါးတဲ့ ခေါင်းကိုက်ဝေဒနာကို သက်သက် ခံစားရတာပါ၊ ပြီးတော့ မနေ့က သူ မအိပ်ခဲ့ရဘူးလေ၊ ဒါကြောင့် ခဏတော့ သူ အိပ်ဖို့လိုတယ်၊ အဒေါ်လည်း နည်းနည်း သွားအနားယူသင့်တယ်” ဟု ပြောခဲ့သည်။ ကျွန်မ သမီးလေး၏ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည့် သတင်းကို ကြားရခြင်းက နောက်ဆုံးတွင် ကျွန်မ နှလုံးသားထဲရှိ ပူပန်သောကကို ပြေပျောက်စေခဲ့သည်။
နှစ်နာရီကျော်မျှ အနည်းငယ်ကြာပြီးနောက်၊ ဆေးရုံကို ကျွန်မ ပြန်သွားခဲ့သည်။ ကျွန်မ သမီးလေးက နိုးနေခဲ့ပါပြီ။ သူမက ကျွန်မကို မြင်ပြီး အားနည်းသည့် အသံဖြင့်၊ “အမေ၊ ဒီမှာ ဘာလုပ်နေတာလဲ။ သမီး အိပ်မက်မက်နေတာ မဟုတ်ပါဘူးနော်၊ ဟုတ်လား။ အမေ၊ ကျေးဇူးပြုပြီး သမီးကို ကူပါဦး၊ သမီး အရမ်းနာတယ်” ဟု ပြောလေသည်။ သမီးလေး ၏ ဘေးတွင် ကျွန်မ လဲလိုက်ပြီး ဂရုတစိုက်ဖြင့်၊ “ချစ်သည်းရေ၊ လူတွေရဲ့ဘဝတွေက ဘုရားရဲ့ လက်ထဲမှာ ရှိပါတယ်။ ဘုရားကို ခေါ်လိုက်ပါ၊ သူ အမေတို့ကို ကူညီပါလိမ့်မယ်” ဟု ပြောခဲ့သည်။
ထို့နောက်တွင်၊ ကျွန်မအတွက် လွန်စွာ စိတ်မချမ်းမသာဖြစ်ရသည့် နာကျင်မှု ကြီးကြီးမားမား ခံစားနေရဆဲဖြစ်ပုံရသည့် ကျွန်မ သမီးလေးကို ကျွန်မ ကြည့်လိုက်သည်။ ကျွန်မက၊ “ငါ့မှာ သမီးလေး တစ်ယောက်ပဲ ရှိတာ။ ငါနဲ့ ငါ့ယောက်ျားနှစ်ယောက်လုံးက ဘုရားသခင်ကို ယုံကြည်ပြီး ငါတို့ တာဝန်တွေကို လုပ်ဆောင်တယ်၊ ပြီးတော့ ညီအစ်ကို မောင်နှမတွေ ဘယ်လောက်ပဲ လက်ခံဖို့ လိုအပ်ပါစေ၊ အသုံးခံဖို့နဲ့ အဖိုးအခပေးဖို့ ငါတို့ ပျော်တယ်၊ ဒီတော့ ဘာလို့ အဲဒီလို ကပ်ဘေးဒုက္ခက ငါတို့ဆီမှာ ဖြစ်နိုင်ရတာလဲ။ ငါ့သမီး တစ်ခုခုဖြစ်ပြီး ဒီမှာ သေရင်၊ ငါ့ဘဝ အဓိပ္ပါယ်ရှိတော့မှာ မဟုတ်ဘူး၊ ဒါကြောင့် ငါလည်း ဒီမှာ သေလိုက်တော့မယ်” ဟု ကိုယ့်ကိုယ်ကို တွေးခဲ့သည်။ အတွေးရှိသည့် အခိုက်တွင်၊ ကျွန်မသည် မှားယွင်းသော အခြေအနေတွင် ရှိသည်ကို ခံစားခဲ့ရသည်။ ဤသည်မှာ ဘုရားသခင်ကို အပြစ်တင်ခြင်း နှင့် နားလည်မှုလွဲခြင်းဖြစ်ပြီး စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ထောင်ချောက်ထဲ ကျဆင်းခြင်းဖြစ်သည်ကို ကျွန်မ နားလည်ခဲ့သည်။ ဘုရားသခင်ရှေ့ အလျင်အမြန် ကျွန်မ လာပြီး၊ “ဘုရားရှင်၊ ကျေးဇူးပြုပြီး ကိုယ်တော်ရှေ့မှာ ကျွန်မနှလုံးသား တည်ငြိမ်နိုင်ဖို့ ကျွန်မကို စောင့်ထိန်းတော်မူပါ။ ကျွန်မ သမီး ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ အရာအားလုံး ကိုယ်တော့်လက်ထဲမှာဆိုတာ ကျွန်မ ယုံကြည်ပါတယ်။ ကိုယ်တော် ဘာကိုပဲလုပ်လုပ်၊ အဲဒါ တရားပါတယ်။ ဒီကိစ္စနောက်မှာ ကိုယ်တော့်ရဲ့ ကောင်းမြတ်တဲ့ ရည်ရွယ်ချက်တွေ ရှိတယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါကြောင့် ဒီအရာကနေ ကျွန်မ ဘာသင်ခန်းစာ ယူရမလဲဆိုတာ နားလည်နိုင်ဖို့ ကိုယ်တော်ရဲ့ ဉာဏ်အလင်းပေးမှုနဲ့ အလင်းပြမှုတွေကို ကျွန်မ တောင်းလျှောက်ပါတယ်” ဟု အော်ခေါ်ခဲ့သည်။
နောက်တွင်၊ ဘုရားသခင်ထံမှ ဤနှုတ်ကပတ်တော်များကို ကျွန်မ တွေ့မြင်ခဲ့ရသည်- “ဘုရားသခင်၌ သင်၏ ယုံကြည်ခြင်းသည် မည်သည့်စိန်ခေါ်မှုများ သို့မဟုတ် အတိဒုက္ခများ သို့မဟုတ် ဆင်းရဲဒုက္ခ အနည်းငယ်ကိုမျှ ဖြစ်ပေါ်စေမည်မဟုတ်ဟု သင်မျှော်လင့်သည်။ သင်သည် အသုံးမကျသော ထိုအရာများကို အမြဲလိုက်စားပြီး၊ ဘဝကို တန်ဖိုးမထားပေ၊ ထိုအစား သင်၏ ကိုယ်ပိုင် လွန်ကဲသော အတွေးများကို သမ္မာတရားရှေ့မှောက်သို့ ထားရှိလေသည်။ သင်သည် အလွန် အသုံးမကျပါတကား။...သင်၏သားသမီးများ နာမကျန်းဖြစ်ခြင်း ကင်းရန်အတွက်၊ သင်၏ခင်ပွန်းက အလုပ်ကောင်း ရှိရန်အတွက်၊ သင်၏သားက ဇနီးကောင်း တစ်ဦးကို ရရန်အတွက်၊ သင့်သမီးက ရည်မွန်သော ခင်ပွန်းတစ်ဦးကို ရရန်အတွက်၊ သင့် နွားများနှင့် မြင်းများက မြေကိုကောင်းစွာ ထွန်ယက်ရန်အတွက်၊ သင်၏ ကောက်ပဲသီးနှံများ အတွက် တစ်နှစ်ပတ်လုံး ရာသီဥတု ကောင်းမွန်ရန်အတွက်၊ သင် လိုက်စားသည့်အရာမှာ ဘုရားသခင်ကို ယုံကြည်ပြီးနောက် ငြိမ်သက်ခြင်း ရရှိနိုင်ရန်ဖြစ်သည်။ ဤသည်မှာ သင် ရှာဖွေသောအရာ ဖြစ်သည်။ သင်၏ လိုက်စားခြင်းမှာ သက်သောင့်သက်သာဖြင့် အသက်ရှင်ရန်၊ သင့်မိသားစုပေါ်သို့ မတော်တဆမှုများ မကျရောက်ရန်အတွက်၊ သင့်အနား လေပြည်ဖြတ်သွားရန်အတွက်၊ သင့်မျက်နှာကို မြေမှုန် မထိစေရန်အတွက်၊ သင့်မိသားစု၏ ကောက်ပဲသီးနှံများ ရေလွှမ်းမိုးခြင်း မခံရစေရန်အတွက်၊ မည်သည့် သဘာဝဘေးအန္တရာယ်ကမျှ သင့်ကို မထိခိုက်စေရန်အတွက်၊ ဘုရားသခင်၏ ထွေးပိုက်မှုထဲတွင် အသက်ရှင်ရန်၊ ဇိမ်ရှိသော အသိုက်အမြုံထဲတွင် နေထိုင်ရန် ဖြစ်သည်။...အပြန်အလှန်အနေဖြင့် မည်သည့်အရာကိုမျှ မတောင်းဆိုဘဲ၊ စစ်မှန်သော လမ်းခရီးကို သင့်အား ငါပေးခဲ့သည်၊ သို့သော် သင်သည် မလိုက်စားပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သော သူများထဲမှ တစ်ဦးလော။”
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီးနောက်တွင်၊ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုတွင် ကျွန်မ ရှာဖွေနေခဲ့သည့်အရာမှာ ဘုရားသခင်ထံမှ ကောင်းကြီးမင်္ဂလာဖြစ်ကြောင်း ကျွန်မ နားလည်ခဲ့ရသည်။ ကျွန်မက ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာများကို လဲလှယ်ဖို့ရန် ကျွန်မ၏ တာဝန်များကို ထမ်းဆောင်ခြင်း၊ စွန့်လွတ်ခြင်းနှင့် အသုံးတော်ခံခြင်းများကို အသုံးပြုချင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ရန် ကြိုးစားခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့်၊ အရာရာ အဆင်ပြေသည့်အချိန်၊ ကျွန်မ၏ မိသားစု လုံခြုံစိတ်ချမှုရှိချိန်၊ ပြီးလျှင် ကျွန်မ၏ သမီးက ကျန်းမာပြီး အန္တရာယ်ထဲ မရှိသည့်အချိန်တွင် ကျွန်မ ဘုရားသခင်အတွက် အသုံးတော်ခံခဲ့သည်နှင့်အညီ လုံးဝ စောဒက မတက်ခဲ့ဖူးပါ၊ ပြီးလျှင် ဘုရားသခင်အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာနှင့် နာခံမှု ကျွန်မပိုင်ဆိုင်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင်၊ ကျွန်မ သမီးလေး အန္တရာယ်ထဲရှိသည်ကို မြင်ရင်း၊ ကျွန်မ သမီးလေးကို ဆုံးရှုံးလိုက်ရမည်ကို ကျွန်မ စိုးရိမ်ခဲ့သည်၊ ထို့ကြောင့် သမီးလေးကို ကျန်းကျန်းမာမာ မရှိစေသည့်အတွက် ဘုရားသခင်ကို ကျွန်မ နားလည်မှုလွဲခဲ့သည်၊ အပြစ်တင်ခဲ့ပြီး၊ ကျွန်မ သမီးလေး သေဆုံးခဲ့လျှင် ကျွန်မ၏ ဘဝကိုလည်း အဆုံးသတ်လိုက်မည်ဟုပင် ကျွန်မ တွေးခဲ့မိသည်။ ဘုရားသခင်၏ လက်တော်ကို အကျပ်ကိုင်ဖို့ သေခြင်းအဓိဋ္ဌာန်တစ်ခုကို တိုင်တည်ခဲ့သည်။ ကျွန်မ လုံးဝကို မလျော်ကန်ခဲ့ပါ။ တစ်ချိန်တည်းတွင်၊ ကျွန်မတွင် ဘုရားသခင်ကို စစ်မှန်သည့် ယုံကြည်ခြင်း နှင့် နာခံမှု ကင်းမဲ့သည်ကိုလည်း မြင်ခဲ့ရသည်။ ဤနည်းဖြင့် ဘုရားသခင်ကို ယုံကြည်ရင်း၊ ဘုရားသခင်၏ ထောက်ခံမှုကို ဘယ်တော့မှ ကျွန်မ ရရှိလိမ့်မည်မဟုတ်ပါ။ နောက်ဆုံးသော ကာလတွင် ဘုရားသခင်သည် ကျွန်မတို့အတွင်းရှိ ဖောက်ပြန်ပျက်ဆီးသော စိတ်သဘောထားများကို သန့်စင်ပြီး ပြောင်းလဲစေဖို့၊ ဘုရားသခင်ကို ကျွန်မတို့ စစ်မှန်စွာ နာခံပြီး ချစ်တတ်စေဖို့နှင့် နောက်ဆုံးတွင် ဘုရားသခင်အားဖြင့် လုံးဝ ကယ်တင်ခံရကြဖို့ရန် စကားပြောတော်မူသည်။ သို့သော်၊ ဘုရားသခင်ကို ကျွန်မ ယုံကြည်သော်လည်း ဘုရားသခင်ကို မသိခဲ့သလို ဘုရားသခင်နှင့် အပေးအယူလုပ်ဖို့ ကျွန်မ ကြိုးစားနေခဲ့သေးသည်။ ဘုရားသခင်အားဖြင့် ထုတ်ဖော်ပြမခံရဘဲနှင့်၊ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် ပတ်သက်သည့် ကျွန်မ၏ မှားယွင်းသော အမြင်များနှင့် စိတ်ကူးများ သို့မဟုတ် ကျွန်မ၏ ယုံကြည်မှုကို အချည်းနှီးအဖြစ်သို့ ပျက်ဆီးကိန်းကြုံစေမည့် ကျွန်မ၏ ကိုယ်ပိုင် တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာ ဆိုးယုတ်သည့် သဘာဝကို ဘယ်သောအခါမျှ ကျွန်မ နားလည်ခဲ့လိမ့်မည် မဟုတ်ပါ။ ဤအရာများကို ကျွန်မ သတိပြုမိသည့်အချိန်တွင်၊ ကျွန်မ သမီးလေး၏ အသက်ကို ဘုရားသခင်ဆီ အပ်နှံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ နှင့် စီမံမှုများကိုသာ နာခံဖို့ အဓိဠာန်တစ်ခုကို ကျွန်မ နှလုံးသားထဲတွင် တိတ်တဆိတ် တိုင်တည်ခဲ့သည်။
ဤအရာနောက်ပိုင်းတွင်၊ နေ့တိုင်း ဘုရားသခင်ဆီ ကျွန်မ ဆုတောင်းခဲ့ပြီး ကျွန်မ သမီးလေးကိုလည်း ဘုရားနှုတ်ကပတ်တော်နှင့်ဆိုင်သော ဓမ္မသီချင်းများ သီဆိုဖို့ သင်ပေးခဲ့သည်၊ ကောင်းကင် နှင့် မြေကြီးထဲက အရာအားလုံးကို ဖန်ဆင်းရာတွင် ဘုရားသခင်၏ သြဇာအာဏာအကြောင်းကို သူမကို ကျွန်မ ပြောပြခဲ့သည်၊ ပြီးလျှင် လေးရက်သေဆုံးပြီးနောက် သခင်ယေရှုအားဖြင့် လာဇရု၏ ရှင်ပြန်ထမြောက်ခြင်း နမိတ်လက္ခဏာအကြောင်းကို သူမအား ပြောပြခဲ့သည်။ ကျွန်မ သမီးက ငြိမ်သက်စွာ နားထောင်ခဲ့ပြီး ဘုရားသခင်ဆီ ဆုတောင်းဖို့ကိုလည်း သင်ယူခဲ့သည်။ နေ့တိုင်း ကျွန်မ သမီးလေး၏ နာမကျန်းဖြစ်ခြင်းက တိုးတက်လာနေသည်ကို မြင်ရရင်း၊ သူမ၏ ခေါင်းကိုက်ဝေဒနာ လွင့်ပါးသွားကာ၊ ပုံမှန်အတိုင်း သူမ စကားပြောနိုင်ပြီး ပြန်စားနိုင်သည်ကို မြင်ရရင်း၊ ကျွန်မ အလွန် ပျော်ရွှင်ခဲ့ပြီး ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်ကို ကျေးဇူးတင်ခဲ့သည်။ ကျွန်မ သမီးလေး အသက်ဆက်နိုင်လိမ့်မည်ဟု ကျွန်မ မျှော်လင့်ခဲ့သည်။
ရက်သတ္တတစ်ပတ်ပြီးနောက်၊ ဆရာဝန်က ကျွန်မ သမီး၏ ချုပ်ရိုးများကို ဖယ်ရှားဖို့ လာခဲ့သည်၊ သူမမှာ နာကျင်မှု ကြီးကြီးမားမား ခံစားခဲ့ရသည်။ မမျှော်လင့်ဘဲ၊ ချုပ်ရိုးများ ဖယ်ရှားပြီးနောက်တွင် ကျွန်မ သမီးလေးမှာ ဆိုးသထက် ဆိုးလာသည့် အဖျားတစ်ခု စတင်ရှိလေသည်။ အလွန်ပြင်းပြသော အပူကို မခံစားရဘဲ သူမ၏ မျက်နှာကို ထိဖို့ရန် မဖြစ်နိုင်ပါ။ ဆရာဝန်များက သူမကို ၂၄ နာရီ IV ဒရစ် ပုလင်းချိတ်ပြီး အဖျားကို ချုပ်ထိန်းရန် ရေခဲကို အသုံးပြုခဲ့သော်လည်း သူမ၏ မြင့်မားသော အဖျားမှာ မလျော့ကျခဲ့ပါ။ သူမ၏ ခန္ဓာကိုယ်မှာ အနီအမှတ်များဖြင့် ဖုံးနေခဲ့ပြီး သူမတွင် ခေါင်းကိုက်ဝေဒနာရှိပြီး အသံက ကွဲအက်နေခဲ့သည်။ အားမပါပဲ သူမက၊ “သမီး ဒီမှာ မသေချင်ဘူး၊ အိမ်ပြန်ချင်တယ်။ ကျေးဇူးပြုပြီး သမီးကို ပြန်ခေါ်သွားပါ” ဟု အော်ဟစ်နေခဲ့သည်။ နောက်ဆုံးတွင်၊ စကားပြောဖို့ရန်ပင် သူမတွင် အားမရှိတော့ပါ။
နှစ်ရက်မတိုင်မီက၊ သူမ နာမကျန်ဖြစ်ခြင်းကို ကျော်လွှားနိုင်လိမ့်မည်ဟု ကျွန်မ ပျော်ရွှင်စွာမျှော်လင့်ခဲ့သည်။ အလွန်ရုတ်တရက် သူမ၏ အခြေအနေ ဆိုးသွားဖို့ ကျွန်မ လုံးဝ မမျှော်လင့်ခဲ့ပါ။ ကျွန်မ၏ သမီးလေး သေခြင်းချောက်ကမ်းပါးစွန်းတွင် ရှိကာ၊ သူမ၏ နာကျင်မှုဖြင့် ညှင်းဆဲခံနေရသည်ကို ကျွန်မ စောင့်ကြည့်နေစဉ်၊ ကျွန်မ ခံစားခဲ့ရသည့် ဒုက္ခဝေဒနာမှာ ပြောမပြနိုင်လောက်အောင်ဖြစ်ခဲ့သည်။ ကျွန်မ သမီးလေး မကျော်ဖြတ်နိုင်မည်ကို၊ တိုင်းတပါးနိုင်ငံတွင် သေဆုံးလိမ့်မည်ကို ကျွန်မ အလွန် စိုးရိမ်ခဲ့ပြီး လွန်စွာ ဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ “ဘုရားရှင်၊ ကျွန်မ သမီးလေးကို ကယ်တော်မူပါ။ ကျွန်မသမီးလေးကို ကိုယ်တော့်လက်တော်ထဲ ကျွန်မ အပ်နှံပါတယ်” ဟု ဘုရားသခင်ဆီ ကျွန်မ အဆက်မပြတ် ဟစ်အော်ခဲ့သည်။
သို့သော် ကျွန်မ ဘယ်လိုပဲ အော်ခေါ်ခဲ့ပါစေ၊ ကျွန်မ သမီး၏ နာမကျန်းဖြစ်ခြင်းက မတိုးတက်ခဲ့ပါ။ ယင်းအစား၊ ပိုပိုပြီး ဆိုးရွားလာခဲ့သည်။ ကျွန်မ တဖန် အားနည်းလာခဲ့ပြီး ဘုရားသခင်ကို တဖန် နားလည်မှုလွဲကာ အပြစ်တင်ခဲ့သည်။ ကျွန်မ သမီးလေးက နိုင်ငံရပ်ခြားတွင် သေဆုံးခဲ့လျှင် ကျွန်မ ဘာလုပ်ရမည်ကို တကယ်မသိပါ။ ဘုရားသခင်ကို ကျွန်မက၊ “ဘုရားရှင်၊ ကျွန်မသမီး အသက်ဆက်ဖို့ မျှော်လင့်ချက် ကျွန်မ မြင်ခဲ့ရတဲ့အခါ ကိုယ်တော့်ကို ကျွန်မ ကျေးဇူးတင်ခဲ့တယ်၊ ဒါပေမယ့် အခု သူ့အခြေအနေက ရုတ်တရက် ဆိုးလာခဲ့ပြီး ကျွန်မ ကိုယ်တော့်ထဲမှာ ယုံကြည်ချက် ပျောက်ဆုံးခဲ့တယ်။ အရာခပ်သိမ်းကို အုပ်စိုးရာမှာ ကိုယ်တော်ရဲ့ သြဇာအာဏာနဲ့ တန်ခိုးတို့ကို ကျွန်မ သတိမပြုမိခဲ့ဘူး၊ ပြီးတော့ စစ်မှန်တဲ့ နာခံမှု ကျွန်မ ကင်းမဲ့ခဲ့တယ်။ အရင်က ကိုယ်တော့်ကို ကျွန်မ သိနားလည်ခဲ့တာက အလွတ်ရထားတဲ့ စာတွေနဲ့ အယူဝါဒတွေနဲ့ ဆိုင်တဲ့ သိနားလည်မှုတစ်ခုမျှသာ ဖြစ်တယ်ဆိုတာ ကျွန်မ မြင်ရတယ်။ အချက်အလက်တွေက ကျွန်မရဲ့ စစ်မှန်တဲ့ ဝိညာဉ်ရေးရာ အသက်တာကို ကျွန်မဆီ ထုတ်ဖော်ပြပါတယ်။ ဘုရားရှင်၊ ကျွန်မကို ယုံကြည်ခြင်းနဲ့ ခွန်အားပေးဖို့သာ ကိုယ်တော့်ကို တောင်းလျှောက်ပါတယ်...။”ဟု တိတ်တဆိတ် ဆုတောင်းခဲ့ပါသည်။
ကျွန်မ သမီးလေး၏ အခြေအနေမှာ တိုးတက်ခြင်းထက် ဆက်လက်ဆိုးရွားလာခဲ့သည်။ လျှပ်စစ်နှလုံးကြွက်သား ခုန်နှုန်းမှတ်တမ်းများက အလွန့်အလွန် မတည်မငြိမ်ဖြစ်နေသည်၊ သူမ၏ အသက်ညွှန်းကိန်းများက ဆက်လက် ကျဆင်းနေပြီး ဆရာဝန်များက အဆောင်သို့ မလာနိုင်ကြသေးချေ။ ဆရာဝန်များထံ ကျွန်မ သွားခဲ့သည်၊ သို့သော် ကျွန်မ ပြောသည့်အရာကို သူတို့ နားမလည်နိုင်ခဲ့ကြ။ ကျွန်မမှာ အလွန် စိတ်ပူပန်ကာ ဆေးရုံတွင် ဟိုသည် လှည့်ပတ်ပြေးလွှားနေခဲ့သည်။ နောက်ပိုင်းတွင်၊ သူနာပြုတစ်ဦးကို ကျွန်မတို့ တွေ့ပြီး ကျွန်မတို့၏ ဖုန်းများဖြင့် တရုတ်မှ ထိုင်းစကား ဘာသာပြန်ခြင်းအားဖြင့် ဆရာဝန်နှင့် ကျွန်မတို့ စကားပြောနိုင်ခဲ့ကြသည်။ ဆရာဝန်က ကျွန်မ သမီးလေးကို ကယ်၍မရနိုင်ပါ၊ ပြီးလျှင် သူတို့ အကောင်းဆုံး ကြိုးစားခဲ့ပြီးဖြစ်သည်ဟု ပြောသည်။ သူနာပြုကလည်း သူမ၏ အကူအညီ ကျွန်မတို့ လို၊ မလို မေးသည်။ မျက်ရည်များဖြင့် ကျွန်မက၊ “ကျွန်မ သမီးလေးမှာ ဝင်သက်ထွက်သက်ရှိနေသရွေ့၊ ကျွန်မ လက်လျှော့မှာမဟုတ်ဘူး၊ ဒီတော့ သူ စောင့်ရှောက်မှု လိုလိမ့်မယ်”ဟု ပြောခဲ့သည်။ ဆေးရုံကုတင်ပေါ်တွင် သေခြင်းခြောက်ကမ်းပါးစွန်း၌ သူမ အားနည်း၊ ဖျော့တော့စွာ လဲလျောင်းနေပြီး နေ့စဉ် IV ဒရစ် ပုလင်းချိတ်နေရသည်နှင့်အညီ၊ သွေးလည်ပတ်မှု ကောင်းမွန်လာဖို့ သူမ၏ ခန္ဓာကိုယ်ကို ကျွန်မ နှိပ်နယ်ပေးနေခဲ့သည်။ အသက်ကို ဖက်တွယ်ရုံမျှ ဖက်တွယ်ထားရသည့် ကျွန်မ သမီးလေးကို မြင်ရသည့်အခါ၊ ကျွန်မ မစားနိုင်ခဲ့ပါ၊ ကျွန်မ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ ပြိုလဲခဲ့ပြီး ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့ခြင်းတို့က ကျွန်မကို အနိုင်ယူသွားခဲ့သည်။
ကျွန်မ သမီးလေးက ကျွန်မကို “အမေ” ဟု ခေါ်သည်ကို တစ်ဖန်လုံးဝ ပြန်ကြားရတော့မည်မဟုတ်ဟု ကျွန်မ နားလည်ခဲ့ရပြီး၊ အတွေးက ကျွန်မကို နက်နက်ရှိုင်းရှိုင်း မချိတင်ကဲဝေဒနာ ခံစားစေခဲ့သည်။ သို့သော်၊ IV ပုလင်းမှ အရည်စက်များ စီးကျနေသည့် မြင်ကွင်းက ကျွန်မသမီးလေး အသက်ရှင်နေသေးသည်ကို သက်သေပြနေခဲ့ပြီး ကျွန်မ နှလုံးသားထဲတွင် မျှော်လင့်ချက် တစ်စွန်းတစ်စ ခံစားရဆဲဖြစ်သည်။ နေ့တိုင်း၊ သူမ နဘေးတွင် ကျွန်မ သူမကို နှိပ်နယ်ပေးသည်နှင့်အညီ ကျွန်မ မျက်လုံးများမှ မျက်ရည်များကို သုတ်နေမိခဲ့သည်။ ညတွင် ကျွန်မ မအိပ်ဝံ့ပါ၊ အဘယ့်ကြောင့်ဆိုသော် အချိန်မရွေး ကျွန်မကို သူမစွန့်ခွားသွားမည် စိုးသောကြောင့် ဖြစ်သည်။
ကျွန်မ၏ အလွန်အမင်းစိတ်ဆင်းရဲခြင်းအလယ်တွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်မ သတိရခဲ့သည်- “စမ်းသပ်မှုများကို ကြုံရစဉ်တွင် လူတို့အနေဖြင့် အားနည်းခြင်း သို့မဟုတ် ယင်းတို့အထဲတွင် အပျက်သဘောရှိတတ်ခြင်း၊ သို့မဟုတ် ဘုရားသခင်၏ အလိုတော် သို့မဟုတ် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအပေါ် ရှင်းလင်းမှုကင်းမဲ့ခြင်းမှာ ပုံမှန်ဖြစ်ပါသည်။ သို့သော် မည်သည့်ကိစ္စ၌မဆို သင်သည် ယောဘကဲ့သို့ပင် ဘုရားသခင်၏အမှုထဲတွင် ယုံကြည်ခြင်း ရှိရမည်ဖြစ်ပြီး ဘုရားသခင်ကို မငြင်းပယ်ရပေ။ ယောဘသည် ခွန်အားနည်းပြီး သူ၏မွေးဖွားသည့်နေ့ရက်ကို ကျိန်ဆဲခဲ့သော်လည်း၊ လူ့ဘဝထဲရှိ အရာခပ်သိမ်းကို ယေဟောဝါ အပ်နှင်းထားကြောင်းနှင့် ယေဟောဝါသည် ယင်းတို့အားလုံးကို နုတ်ယူမည့် အရှင်လည်းဖြစ်ကြောင်း သူမငြင်းခဲ့ပါ။ မည်သို့ပင် စမ်းသပ်ခံခဲ့ရစေကာမူ ဤယုံကြည်ချက်ကို သူဆုပ်ကိုင်ခဲ့သည်။ သင်၏ အတွေ့အကြုံထဲတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များအားဖြင့် မည်သည့်စစ်ဆေးခြင်းကိုမဆို သင်ကြုံရပါစေ၊ လူသားမျိုးနွယ်အား ဘုရားသခင်တောင်းဆိုသည့်အရာမှာ အချုပ်အားဖြင့် ၎င်းတို့၏ ယုံကြည်ခြင်းနှင့် သူ့အပေါ် ၎င်းတို့၏ချစ်ခြင်းပင် ဖြစ်သည်။ ဤနည်းအတိုင်း အမှုပြုခြင်းအားဖြင့် သူစုံလင်စေသောအရာမှာ လူတို့၏ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့် ပြင်းပြသော ဆန္ဒများ ဖြစ်သည်။ ဘုရားသခင်သည် လူတို့အပေါ် စုံလင်စေခြင်းအမှုကို ပြုပြီး၊ ယင်းကို ၎င်းတို့ မမြင်တွေ့နိုင်၊ သတိမပြုနိုင်ပေ။ ထိုကဲ့သို့သော အခြေအနေများအောက်တွင် သင်၏ယုံကြည်ခြင်း လိုအပ်သည်။ တစ်စုံတစ်ရာကို ပကတိမျက်စိဖြင့် မမြင်နိုင်သည့်အခါ လူတို့၏ယုံကြည်ခြင်း လိုအပ်ပြီး သင်၏ကိုယ်ပိုင် အယူအဆများကို သင်လက်မလွှတ်နိုင်သည့်အခါ သင်၏ယုံကြည်ခြင်း လိုအပ်သည်။ သင်သည် ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ ရှင်းလင်းမှုမရှိသည့်အခါ သင့်အား တောင်းဆိုသောအရာမှာ ယုံကြည်ခြင်း ရှိရန်နှင့် ခိုင်ခံ့သောရပ်တည်ချက်ရှိပြီး သက်သေရပ်တည်ရန် ဖြစ်သည်။” ဘုရားနှုတ်ကပတ်တော်ထဲတွင် ကျွန်မ တွေ့ရသည့် ဦးဆောင်လမ်းပြမှုက ယောဘနှင့်ဆိုင်သော စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်းကို သတိရစေသည်၊ အရာအားလုံးကို သူ ဆုံးရှုံးလိုက်ရချိန်တွင် ယောဘသည် စောဒကမတက်ခဲ့ပါ။ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို သူ ထိန်းသိမ်းခဲ့ပြီး၊ “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘ ဝတ္ထု ၁:၂၁) ဟု သက်သေဖြင့် ဆိုခဲ့သည်၊ ယင်းက စာတန်ကို အရှက်ရစေခဲ့သည်။ နောက်ဆုံးတွင်၊ ယောဘသည် ဘုရားသခင်၏ ထောက်ခံမှုနှင့် ကောင်းကြီးမင်္ဂလာများကို ရရှိခဲ့ပြီး ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းမှာ ယခင်ထက် ပိုပြီး ကြီးမားခဲ့သည်။ သူ့ကို စုံစမ်းရန် စာတန်ကို ဘုရားသခင် ခွင့်ပြုခြင်းက အဓိပ္ပါယ်ရှိခဲ့သည်ကို ကျွန် မြင်ခဲ့ရသည်။ ယင်းမှာ သူ၏ ယုံကြည့်ခြင်းကို စုံလင်စေရန် ဖြစ်သည်။ ထို့အတူပင်၊ ဘုရားသခင်၌ ကျွန်မ၏ ယုံကြည်ခြင်းက စစ်မှန်သည်၊ မစစ်မှန်သည်ကို စစ်ဆေးဖို့၊ ပြီးလျှင် ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပြီး ဘုရားသခင်အတွက် သက်သေခံကာ စာတန်ကို အနိုင်ယူနိုင်၊ မယူနိုင်ဆိုသည်ကို စစ်ဆေးရန် ဘုရားသခင်က ကျွန်မ သမီးလေးကို လွန်စွာ အသည်းအသည် နာမကျန်းဖြစ်ခွင့်ပေးခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ကျွန်မ နားလည်သည့်အခါ၊ ကျွန်မက၊ “ဘုရားရှင်၊ ကျွန်မ မိုက်မဲပြီး မာနထောင်လွှားမိပါပြီ။ ကျွန်မက ကိုယ်တော့်အထဲမှာ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိပါဘူး။ ကျွန်မ သမီးလေးက ကိုယ်တော့်လက်ထဲမှာရှိပါတယ်၊ ဒါကြောင့် သူ့ကို ကိုယ်တော့်ဆီ အပ်နှံပါတယ်။ သူ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ကိုယ်တော်ရဲ့ အစီအမံတွေကို ကျွန်မ နာခံပါ့မယ်။ ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ချင်တယ်၊ သက်သေခံပြီး ကိုယ်တော့်ကို ဘုန်းထင်ရှားစေချင်ပါတယ်” ဟု မျက်ရည်များဖြင့် ကိုယ်တော့်ထံ ဆုတောင်းခဲ့ပါသည်။ ကျွန်မ ဆုတောင်းပြီးနောက်တွင်၊ ကျွန်မ နှလုံးသားထဲတွင် ယုံကြည်ခြင်းနှင့် ခွန်အားတို့ကို ကျွန်မ ခံစားခဲ့ရပါသည်။
ကျွန်မ ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘုရားသခင်အတွက် သက်သေခံဖို့ လိုလားလာခဲ့သည်နှင့်တပြိုင်နက်၊ ဘုရားသခင်၏ အံ့ဖွယ် အမှုတော်ကို ကျွန်မ မြင်ခဲ့ရသည်- ကျွန်မ သမီးလေး၏ မြင့်မားသည့် အဖျားမှာ ရုတ်တရက် ယုတ်လျော့သွားပြီး၊ သူမ ပြန်လည် သတိရလာခဲ့သည်။ ကျွန်မ အလွန်စိတ်လှုပ်ရှားသည်မှာ ကျွန်မ၏ မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံသွားခဲ့ပြီး၊ နှုတ်ကပတ်တော်များက လုံလောက်ခဲ့သည့်အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိခဲ့ပါသည်။ ဆရာဝန်က ကျွန်မ သမီးလေးကို ကြည့်ဖို့ လာခဲ့ပြီး၊ “သူ့ရဲ့ ဆိုးရွားတဲ့ အခြေအနေကို ထောက်ရရင်၊ သူ တိုးတက်လာခဲ့ပေမယ့် လမ်းလျှောက်နိုင်မှာမဟုတ်ဘူး။ ဘီးတပ်ကုလားထိုင်မှာ သူ ထိုင်ရမယ်” ဟု ပြောခဲ့သည်။ ဆရာဝန်ပြောသည်ကို ကျွန်မကြားပြီးနောက်၊ ဘုရားသခင်ထံ၊ “ဘုရားရှင်၊ ကျွန်မ သမီးလေးက သူ့ဘဝရဲ့ ကျန်တဲ့အချိန်တွေမှာ ဘီတပ်ကုလားထိုင်မှာ ရှိမယ်ဆိုရင်တောင်၊ ကိုယ်တော်ရဲ့ အစီအမံတွေကို ကျွန်မ နာခံမှာပါ။ ကိုယ်တော်ဟာ ဖြောင့်မတ်တဲ့ ဘုရားသခင်ဖြစ်တယ်ဆိုတာ ကျွန်မ ယုံကြည်ပါတယ်၊ ကျွန်မမှာ စောဒကတက်စရာမရှိပါဘူး” ဟု တိတ်တဆိတ် ဆုတောင်းခဲ့သည်။ ကျွန်မ သမီးလေးက ဘီးတပ်ကုလားထိုင်တစ်ခု ဝယ်ဖို့ တိုက်တွန်းခဲ့သည်၊ သို့သော် ကျွန်မက ကျွန်မ သမီးလေးကို၊ “သမီး အကြောသေတာ ဒါမှမဟုတ် ဘီးတပ်ကုလားထိုင်မှာ ပတ်လှောင်ခံရတာ၊ မခံရတာက ဆရာဝန်နဲ့ မဆိုင်ဘူး၊ ဘုရားသခင်ရဲ့ သဘောပဲဖြစ်တယ်။ နောက်ဆုံးမှာ၊ အမေတို့အတွက် ဘုရားသခင်က အရာအားလုံးကို အုပ်စိုးပြီး အမေတို့အနေနဲ့ အချိန်တိုင်း ဘုရားသခင်အပေါ် မှီခိုသင့်တယ်။ အမေတို့ အိမ်မပြန်ခင်အထိ ဘီးတပ်ကုလားထိုင်ကို မဝယ်ဘူး” ဟု ပြောခဲ့သည်။
နောက်ထပ်နှစ်ရက်ပြီးနောက်တွင်၊ အခြားသော နမိတ်လက္ခဏာကို ကျွန်မ မြင်ခဲ့ရသည်။ ကျွန်မ သမီးလေးမှာ အိပ်ရာမှ ဆင်းနိုင်ခဲ့ပြီး ကျွန်မ အလွန့်အလွန် ပျော်ရွင်ခဲ့သည်။ ကျွန်မ သမီးလေးတွင် အတတ်ပညာ၏ ဆုံးဖြတ်ချက်ကို အစိတ်စိတ်အမွှာမွှာခွဲခဲ့ပြီး ဆရာဝန်၏ ရှုထောင့်အမြင်ကို ပြစ်တင်မောင်းမဲခဲ့သည့် ဘုရားသခင်၏ သြဇာအာဏာ နှင့် တန်ခိုးကို ကျွန်မ မြင်ခဲ့ရသည်။ ကောင်းကင်နှင့် မြေကြီးထဲက အရာအားလုံးသည် ဘုရားသခင်၏ လက်တော်ထဲတွင် ရှိသောကြောင့်၊ အရာခပ်သိမ်းအပေါ်တွင် ဘုရားသခင် အဆုံးအဖြတ်ပေးပိုင်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်က ပြောသကဲ့သို့ ဖြစ်သည်၊ “ခပ်သိမ်းသော အရာတို့၏ ဦးသျှောင် ဖြစ်သော အနန္တတန်ခိုးရှင် ဘုရားသခင်သည် သူ၏ ရှင်ဘုရင်တန်ခိုးအာဏာကို သူ၏ပလ္လင်ထက်မှ စွဲကိုင်၏။ သူသည် စကြဝဠာနှင့် ခပ်သိမ်းသော အရာများအပေါ် အုပ်စိုးပြီး၊ ကမ္ဘာမြေ တစ်ခုလုံးပေါ်၌ ငါတို့အား လမ်းပြလျက်ရှိသည်။” တစ်နေ့ပြီးတစ်နေ့ သူ၏ အခြေအနေ တိုးတက်လာသည့်နှင့်အညီ၊ သူနာပြုများနှင့် ဆရာဝန်များက ကျွန်မတို့ကို လက်မထောင်ပြခဲ့ကြပြီး ကျွန်မ နှလုံးသားတစ်ခုလုံးဖြင့် ဘုရားသခင်ကို ကျွန်မ ကျေးဇူးတင်ခဲ့ပါသည်။ ဤအရာအားလုံးဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အံ့ဖွယ်အမှုများ နှင့် ကောင်းကြီးမင်္ဂလာများကြောင့် ဖြစ်သည်ကို ကျွန်မ သိခဲ့ပါသည်။
ကျွန်မ သမီးလေက သူမ၏ ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းများကို လုပ်သည့်အချိန်တွင်၊ ဆေးရုံတက်ခဲ့ရသည့် အခြားလူနာတစ်ဦးကို သူမ ဆုံခဲ့သည်။ ထိုလူနာက သူမကိုယ်သူမ လမ်းမလျှောက်နိုင်စဉ်တွင် ကျွန်မသမီးလေး လမ်းလျှောက်နိုင်သည်ကို မြင်ရသည့်အခါ အားကျစွာဖြင့်၊ “ရှင့် သမီးလေး အခြေအနေက ပြီးခဲ့တဲ့ ရက်အနည်းငယ်က အရမ်းဆိုးခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး အချိန်တိုတိုလေးနောက်မှာ သူ ရုတ်တရက် လမ်းလျှောက်နိုင်ရတာလဲ” ဟု ပြောခဲ့သည်။ ဘုရားသခင်၏ အံ့ဖွယ် အမှုများကို သူမထံ ကျွန်မ သက်သေခံခဲ့ပါသည်။ သေခြင်း၏ ခြောက်ကမ်းပါးမှ ကျွန်မ သမီးလေးကို ပြန်ဆောင်ယူခဲ့သည်မှာ ဘုရားသခင်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျွန်မ သမီးလေး ဆေးရုံမှ ဆင်းခွင့်ပေးခဲ့ပြီး၊ လူနာများအားလုံးက အားကျသည့် မျက်လုံးများဖြင့် သူမကို ကြည့်နေခဲ့ကြသည်။ ကျွန်မသမီးလေး သေခြင်း၏ ခြောက်ကမ်းပါးစွန်းမှ လွတ်မြောက်ပြီး အလွန်လျင်မြန်စွာ နာလံထူနိုင်ခဲ့သည်မှာ နမိတ်လက္ခဏာတစ်ခုထက် တစ်ပြားမှမလျှော့ပါ။
ဤထူးခြားသည့် အတွေ့အကြုံက ကောင်းကြီးမင်္ဂလာများ ရှာဖွေဖို့ရန်သာ ဘုရားသခင်ကို ကျွန်မ ယုံကြည်ခဲ့သည်ဆိုသည်နှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းသည် မှားယွင်းသည့် စိတ်ကူးတစ်ခုဖြစ်ခဲ့သည်ကို ကျွန်မကို မြင်ခွင့်ပေးခဲ့သည်၊ ပြီးလျှင် ဤနည်းအတိုင်း ယုံကြည်ခြင်းဖြင့်၊ ဘုရားသခင်၏ ထောက်ခံချက်ကို ကျွန်မ လုံးဝ ရရှိနိုင်လိမ့်မည် မဟုတ်ပါ။ ကျွန်မ၏ ဘုရားသခင်ကို ယုံကြည်ခြင်းထဲက မမှန်ကန်သော ရည်ရွယ်ချက်များကို နည်းနည်းစီ ကျွန်မ စွန့်ပစ်ခဲ့ပြီး၊ ကျွန်မ သမီးလေးကို ဘုရားသခင်ဆီ လုံးဝ အပ်နှံကာ ကျွန်မ သမီးလေး ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားသခင်ကို စောဒကမတက်ဖို့ လိုလားလာခဲ့ပြီးနောက်တွင်၊ ဘုရားသခင်ထံမှ နမိတ်လက္ခဏာတစ်ကို ကျွန်မ မျက်မြင်ကြုံတွေ့ခဲ့ရပြီး ကျွန်မ သမီးလေးက အံ့ဖွယ်ရာ နာလံထူလာခဲ့သည်။ အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသည့် တန်ခိုးနှင့် သြဇာအာဏာတို့ကို ကျွန်မ အမှန်တကယ် တွေ့ကြုံခဲ့ရသည်။ ယခုချိန်မှစ၍၊ ဖန်ဆင်းရှင်၏ စီစဉ်ညွှန်ကြားချက်များ နှင့် စီမံမှုများကို ကျွန်မ လိုက်နာပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရန် အဖန်ဆင်းခံတစ်ဦး၏ တာဝန်များကို ဖြည့်ဆည်းဖို့ ကျွန်မ ဆန္ဒရှိပါသည်။
သင်နှစ်သက်နိုင်သည့် အရာများ-