ခရစ်ယာန်များအနေဖြင့် ကျွန်ုပ်တို့ မည်သူတစ်ဦးတစ်ယောက်မျှ စမ်းသပ်မှုများ နှင့် သူစိမ်းပြင်ပြင်မဟုတ်ကြပါ။ သမ္မာကျမ်းစာတွင် “တတိယအပိုင်းကို မီးကိုဖြတ်၍ ငါယူဆောင်လာပြီး ငွေကို သန့်စင်သကဲ့သို့ သူတို့ကို သန့်စင်မည်။ ရွှေကို စစ်သကဲ့သို့ သူတို့ကို ငါစစ်မည်။ သူတို့သည် ငါ့နာမကို ပဌနာပြုကြလိမ့်မည်ဖြစ်ပြီး သူတို့ကို ငါ နားညောင်းမည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါပြောမည်။ သူတို့ကလည်း၊ ယေဟောဝါသည် ငါ၏ဘုရားသခင် ဖြစ်တော်မူ၏ဟု ဆိုကြလိမ့်မည်။” (ဇာခရိအနာဂတ္တိကျမ်း ၁၃:၉) ဟု ဆိုထားပါသည်။ သမ္မာကျမ်းစာတွင် “ငါ့ညီအစ်ကိုတို့၊...အထူးထူးအပြားပြား စုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။” (ရှင်ယာကုပ်ဩဝါဒစာ ၁:၂-၃) ဟုလည်းဆိုထားပါသည်။ ဘုရားသခင်သည် ကိုယ်တော်၏ ရွေးကောက်ခံလူများကို ကျွန်ုပ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သို့မဟုတ် ကျွန်ုပ်တို့၏ ယုံကြည်မှုများမှ အမည်းစက်များကို ဖြေရှင်းရန်၊ ကျွန်ုပ်တို့၏ မှားယွင်းသော အမြင်ရှုထောင့်များကို ကုစားပြီး၊ ကျွန်ုပ်တို့ သန့်စင်ခြင်းကို ခံရစေရန် တို့အတွက် စစ်ဆေးခြင်းနှင့် စမ်းသပ်မှုများကို ပေးလိုကြောင်း ဤအချက်မှနေပြီး ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မိမိတို့အယူအဆများနှင့် မကိုက်ညီသည့် ပတ်ဝန်းကျင်အမျိုးအစား အားလုံးကို ကြုံတွေ့နိုင်ပါသည်။ ဤပတ်ဝန်းကျင်များ၏ နမူနာများ၌ တစ်ခါတစ်ရံ နာမကျန်းခြင်းဖြင့် စစ်ဆေးခြင်းကို ကြုံတွေ့ရခြင်းနှင့် တစ်ခါတစ်ရံ ကျွန်ုပ်တို့ မိသားစုများသည် ဆွေမျိုးတစ်ယောက် သို့မဟုတ် မိမိနေအိမ်တွင် ခိုးယူခံရခြင်းကဲ့သို့ ဆင်းရဲဒုက္ခကို ခံစားရခြင်းမျိုး ကံမကောင်း အကြောင်းမလှခြင်းဖြင့် ကြုံတွေ့ရနိုင်ပါသည်။ တစ်ခါတစ်ရံတွင် ကျွန်ုပ်တို့ အလုပ်များတွင် အခက်အခဲများ ကြုံတွေ့ရခြင်း သို့မဟုတ် ကျွန်ုပ်တို့ ၏ အသက်တာများသည် ကျွန်ုပ်တို့ ဆန္ဒရှိသကဲ့သို့ မဖြစ်လာခြင်းအပြင်၊ နောက်ထပ် နမူနာတစ်ခုမှာ ကျွန်ုပ်တို့ ဇာတိပကတိ၏ အကျိုးစီးပွားများသည် အသင်းတော်၏ အကျိုးစီးပွားများ နှင့် လာရောက်တိုက်ဆိုင်နေသည့် အခါတွင် ကျွန်ုပ်တို့သည် မည်သည့်အရာကိုဆောင်ရွက်မည်ကို ဆုံးဖြတ်သည့် ဆုံးဖြတ်ချက် ဖြစ်ပါသည်။ ထိုနမူနာများအားလုံးသည် ကျွန်ုပ်တို့အတွက် စမ်းသပ်မှုများဖြစ်သည်မှာ သံသယရှိစရာပင် မလိုပါ။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် ဘုရားသခင် သတ်မှတ်ပေးသည့် စမ်းသပ်မှုများအတွက် ကျွန်ုပ်တို့သည် မည်သည့်နည်းလမ်းဖြင့် ချဉ်းကပ်သင့် သနည်း။ ပြီးနောက် ကျွန်ုပ်တို့ကို စမ်းသပ်မှုများ ကျရောက်သည့်အခါတွင် ဘုရားသခင်၏ အလိုတော်မှာ အဘယ်နည်း။
မကြာသေးမီက ကျွန်ုပ်သည် သမ္မာကျမ်းစာကို လေးလေးနက်နက်ဆင်ခြင် ရာတွင် စမ်းသပ်မှုများ ကျရောက်လာချိန်တွင် ယောဘနှင့် အာဗြဟံတို့၏ အတွေ့အကြုံများ၏ နှိုးဆော်ခြင်းကို ခံရပြီး၊ ဤအကြောင်းကို လူတိုင်းနှင့် ဝေငှလိုပါသည်။
ပထမအနေဖြင့် ကျွန်ုပ်တို့သည် ယောဘဆိုသည့် အမည်ဖြင့် သမ္မာကျမ်းစာ ထဲမှ လူတစ်ယောက်တစ်ကြောင်းကို ပြောရမည် ဖြစ်ပါသည်။ ယောဘသည် သူ၏ အသက်တာတစ်ခုလုံးတွင် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကိုရှောင်ကာ ဘုရားသခင်ကို မကြာခဏ ပူဇော်မှုများ ပြုလုပ်သောကြောင့် ဘုရားသခင်သည် သူ့အား သိုးနွားများ တောင်ပုံရာပုံနှင့် များစွာသော ကြွယ်ဝမှုတို့ဖြင့် ကောင်းကြီး မင်္ဂလာပေးခဲ့သည်။ ကျွန်ုပ်တို့အနေဖြင့် သမ္မာကျမ်းစာထဲတွင် မှတ်တမ်းတင် ထားသည့်အရာမှ ယောဘသည် မည်သည့်အတိုင်းအတာအထိ ကောင်းကြီး မင်္ဂလာပေးခြင်း ခံရသည်ကို တွေ့မြင်နိုင်ပါ သည်။ “သားခုနစ်ယောက်နှင့် သမီးသုံးယောက်ရှိ၏။ သူ၏ဥစ္စာကား၊ သိုးခုနစ်ထောင်၊ ကုလားအုပ် သုံးထောင်၊ နွားယှဉ်ငါးရာ၊ မြည်းမငါးရာ၊ ငယ်သား အတိုင်းမသိ များသည်ဖြစ်၍၊ ထိုသူသည် အရှေ့မျက်နှာအရပ်သား တကာတို့ထက် သာ၍ကြီးသောသူဖြစ်၏။” (ယောဘဝတ္ထု ၁:၂-၃) သို့သော်လည်း နောက်ပိုင်းတွင် ယောဘထံသို့ စမ်းသပ်မှုများ ကျရောက်လာခဲ့ကာ၊ သူ၏ နွား၊ သိုးနှင့် ကုလားအုတ်များတို့ကို လုယက်သူများက ခိုးယူ မီးရှို့သည်ကို ခံခဲ့ရပြီးလျှင်၊ သူ၏ အစေခံများက အသတ်ခံကြရပြီး၊ သူ၏ သားသမီးများသည်လည်း အိမ်ပြိုကျသည့်အထဲတွင် ပိကာသေဆုံးကုန် ကြသည်။ ကျွန်ုပ်တို့ ခေါ်ဆိုသည့် ကံဆိုးမိုးမှောင်ကျမှုကြီး ယောဘပေါ်သို့ တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်ခဲ့ပါသည်။ ပြီးနောက် ယောဘသည် ထိုအရာများကို မည်သည့် နည်းလမ်းဖြင့် ရင်ဆိုင်ခဲ့သနည်း။ ထိုအချိန်တွင် ယောဘသည် ဘုရားသခင် ၏ သန့်ရှင်းသောနာမတော်ကို ချီးမွမ်းဆဲဖြစ်ပြီး၊ သူက “ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နူတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘဝတ္ထု ၁:၂၁) ဟု ပြောခဲ့ပါသည်။ ထို့နောက် သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် နာကျင်လှသည့် အနာစိမ်းများ စွဲကပ်ကာ ပြာများကြားတွင် ထိုင်ပြီး သူ့ အနာစိမ်းများကို ကျိုးပဲ့နေသည့် အိုးကွဲစ အနည်းငယ်ဖြင့် ဖဲ့ထုတ်နေခဲ့လေသည်။ အရှေ့တိုင်းတွင် အချမ်းသာဆုံး လူတစ်ယောက်သည် သူတောင်းစား တစ်ယောက် ကဲ့သို့ ဖြစ်လာကာ၊ ယောဘထံ ကျရောက်သည့် ဤ စမ်းသပ်မှုများသည် ကျွန်ုပ်တို့သာဆိုပါက သည်းခံနိုင်ရန် အလွန်ပင် ခက်ခဲပေလိမ့်မည်။သို့သော်လည်း သူသည် ဘုရားသခင်ကို မည်သည့်အခါမျှ အပြစ်မတင်ခဲ့သည့်အပြင်၊ ထိုသို့အပြစ်တင်ရမည့်အစား ဘုရားသခင်ကို အပြည့်အဝဆက်လက် ယုံကြည်ပြီး၊ ဘုရားသခင်ကို ချီးမွမ်းခဲ့ကာ၊ စာတန်သည် အလုံးစုံ အရှက်ကွဲပြီး ထွက်ပြေးခဲ့ရသည်။
ယောဘသည် ဘုရားသခင်အတွက် ခိုင်မာပြီး ပျံ့နှံ့ကျော်ကြားသော သက်သေခံချက်တစ်ခုကို ပေးခဲ့ပြီး၊ ဘုရားသခင်၏ စမ်းသပ်မှုများကြားမှ ချောမွေ့စွာ အောင်မြင်ကျော်ဖြတ်ခဲ့သည်။ ထိုစမ်းသပ်မှုများနောက်မှ လိုက်ပါ လာသည့်အရာမှာ ဘုရားသခင်ထံမှ တိုးပွားသည့် ကောင်းကြီးမင်္ဂလာများ ဖြစ်ပါသည်။ ယောဘ၏ ကြွယ်ဝမှုနှင့် နွားများသည် နှစ်ဆတိုးပွားလာကာ၊ သူ၏ သားသမီးတစ်ယောက်ချင်းစီသည် ထင်ရှားစွာပင် လှပပြီး၊ ဘုရားသခင်က ယောဘကို နောက်ထပ် အသက် ၁၄၀ အသက်ရှင် နေထိုင်ခွင့်ပြု၍ သူသည် အသက် ၂၁၀ အထိ အသက်ရှင်နေထိုင်ခဲ့ရပါသည်။ ဘုရားသခင်၏ စမ်းသပ်မှုများကို ကြုံတွေ့ခံစားပြီးနောက် ဘုရားသခင်က လူများကို စစ်ကြောသည်နှင့်အညီ ယောဘသည်လည်း ဘုရားသခင်၏ အလိုတော်ကို ပိုမိုကြီးမားစွာ နားလည်သဘောပေါက်ခဲ့သည်မှာ ယောဘ ပြောသည့်အတိုင်း “သို့သော်လည်းငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။” (ယောဘဝတ္ထု ၂၃:၁၀) ဟုပင် ဖြစ်ပါသည်။ ယောဘသည် ဤစမ်းသပ်မှုများ အကြားတွင် သူ၏ သက်သေခံချက်ကို ခိုင်မာစွာ ရပ်တည်ပြီး၊ သူသက်သေခံသည့် အရာများသည် စာတန်ကို အရှက်ရစေခဲ့ကာ၊ အခြားလူများထံမှလည်း များစွာသော ချီးမွမ်းမှုကို ထိုက်တန်စွာ ရရှိခဲ့ပါသည်။ ထို့နောက် စာတန်သည် ယောဘကို မည်သည့်အခါမျှ ထပ်မံ စုံစမ်းသွေးမဆောင်ဝံ့တော့သည့်အပြင်၊ ယောဘသည် အမှန်တကယ်ပင် လွတ်လပ်သူတစ်ယောက်ဖြစ်လာကာ၊ ဘုရားသခင်၏ ချီးမွမ်းခြင်းကိုလည်း ထိုက်တန်စွာရရှိခဲ့ပါသည်။
ထို့ထက်ပိုပြီးလျှင် ဤစမ်းသပ်မှုများကို တွေ့ကြုံခံစား ပြီးနောက် ယောဘလက်ခံရရှိသည့် ပို၍ပင် ကြီးမားသည့် ကောင်းကြီး မင်္ဂလာမှာ ဘုရားသခင်သည် သူ့ထံသို့လေပွေကြားမှ ပေါ်ထွန်းလာခဲ့ကာ၊ ဘုရားသခင်က သူ့အား စကားပြောသောကြောင့် ယောဘအနေဖြင့် ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့် အချုပ်အခြာတို့ကို ပိုမိုနက်နဲစွာ နားလည် သဘောပေါက်ခဲ့ရခြင်းပင် ဖြစ်ပါသည်။ ယောဘက “သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။” (ယောဘဝတ္ထု ၄၂:၅) ဟု ဆိုခဲ့သည်။ ဘုရားသခင် ပေါ်ထွန်း ခြင်းကို တွေ့မြင်နိုင်စွမ်း ရှိသည့် ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်ရန်မှာ ကြီးစွာသော ကောင်းကြီးမင်္ဂလာ တစ်ပါးပင် ဖြစ်ပါသည်။
ယောဘ၏ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ထိုက်တန်စွာ ရရှိအောင် လုပ်နိုင်စွမ်းသည် စမ်းသပ်မှုများ ကျရောက်ချိန်တွင် သူ၏ လုပ်ရပ်များနှင့် ခွဲခြား၍မရနိုင်သည်ကို သူ၏ အတွေ့အကြုံများမှ မြင်နိုင်ပါသည်။ သူ၏ ကိုယ်ပိုင်အယူအဆများနှင့် အလွန်သဘောထားကွဲလွဲသည့် ထိုစမ်းသပ်မှုများ အကြားတွင် သူသည် သာမာန်လူများ မရှိသည့် ဆင်ခြင်တုံတရားတစ်ခုကို ပိုင်ဆိုင်ခဲ့သည်။ ပထမဦးစွာ သူသည် ဘုရားသခင်ကို အပြစ်မတင် သည့်အပြင်၊ လုယက်သူများထံမှ သူ၏ ကြွယ်ဝမှုများကို ပြန်လည်ရယူရန် လူသားတို့၏ နည်းလမ်းများ အသုံးပြုခဲ့ မရှိပါ။ ထိုအစား ၎င်းသည် ဘုရားသခင်မျက်မှောက်တော်တွင် သူ့ကိုယ်သူ တိတ်ဆိတ်ငြိမ်သက်စေပြီး၊ သူက ကျွန်ုပ်တို့ လူသားများသည် ဘုရားသခင်ထံမှ ကျွန်ုပ်တို့၏ ကောင်းကြီးမင်္ဂလာများကို ရရှိသည်ဟု ယုံကြည်ခဲ့ပါသည်။ သို့သော်လည်း ထိုနည်းတူစွာပင် ကျွန်ုပ်တို့သည်လည်း ကံဆိုးမိုးမှောင် ကျမှုကြီးကို ဒုက္ခခံစားကြရသောကြောင့် သူ့ပေါ်သို့ ကျရောက်သည့် အခြေအနေတစ်ခု အပေါ် သူ၏ အယူအဆများနှင့် မည်သို့ပင် သဘောထားကွဲလွဲနေပါစေ၊ သူသည် ဘုရားသခင်၏ နာမတော်ကို ဆက်လက် ချီးမွမ်းခဲ့ပါသည်။
ယခုအခါတွင် ကျွန်ုပ်အနေဖြင့် သမ္မာကျမ်းစာထဲမှ ဒုတိယမြောက်လူဖြစ်သည့် ယုံကြည်မှု၏ ဖခင်ကြီး အာဗြဟံအကြောင်းကို ပြောလိုပါသည်။ ညီအစ်ကို မောင်နှမများသိကြပြီး ဖြစ်သည့်အတိုင်း အာဗြဟံသည် အသက် ၁၀၀ ရှိသည့်အချိန်တွင် ဘုရားသခင်က သူ့အား သားတစ်ယောက်ပေးခဲ့ပြီး၊ အာဗြဟံသည် ဣဇက်ကို အလွန်ပင် ချစ်မြတ်နိုးခဲ့ပါသည်။ သို့သော်လည်း တစ်နေ့တွင် ဘုရားသခင်၏ စမ်းသပ်မှုသည် အာဗြဟံထံသို့ ကျရောက်ကာ၊ ဘုရားသခင်က “သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့။” (ကမ္ဘာဦးကျမ်း ၂၂:၂) ဟု မိန့်တော်မူခဲ့သည်။ တွေးကြည့်ပါ၊ ထိုသို့သော စမ်းသပ်မှုအမျိုးအစားသည် မည်သူ့အတွက်မဆို သည်းခံရန် ခက်ခဲမည်သာ ဖြစ်သည်။ အလွန်ခက်ခဲလှသောကြောင့် အချို့သော သူများသည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်ကာ၊ အထင်လွဲမှားမှုများ ပြည့်နှက် နေမည်သာ ဖြစ်ပါသည်။သို့သော်လည်း အာဗြဟံသည် မည်သည့် နည်းလမ်းကို ယူခဲ့သနည်း။ သူသည် များစွာသော ပူပင်သောက နှင့် နာကျင်မှုတို့ကို ခံစားခဲ့ရသော်လည်း ဘုရားသခင်ကို နာခံကာ ကိုယ်တော်နှင့် ငြင်းခုံရန် ကြိုးစားခြင်း သို့မဟုတ် မည်သည့်ဆင်ခြေမျှလည်း မပေးခဲ့ပါ။ သူသည် ဣဇက်ကို တောင်သို့တစ်ယောက်တည်း ခေါ်ဆောင် သွားပြီး၊ ဣဇက်ကို သတ်ရန် အဆင်သင့် ဓါးရွယ်လိုက်ပြီးသည့်အချိန်မှ သာလျှင် ဘုရားသခင်က အာဗြဟံ လက်တွင် နေရန် ကောင်းကင်တမန် တစ်ပါးကို စေလွှတ်တော်မူခဲ့သောကြောင့် စမ်းသပ်မှုလည်း ပြီးဆုံးသွားခဲ့သည်။ ထို့ထက်ပိုပြီးလျှင် ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူပြီး အာဗြဟံပေါ်သို့ ကြီးစွာသော ကောင်းကြီးမင်္ဂလာများကို ပေးသနား တော်မူခဲ့ပါသည်။ ဘုရားသခင်က “ကောင်းကြီးမင်္ဂလာဖြင့် သင့်ကို ငါကောင်းကြီးပေးမည်၊ တိုးပွားများပြားခြင်း၌ သင်၏ အမျိုးအနွယ်ကို မိုးကောင်းကင် ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေပေါ်မှ သဲလုံးနှင့်အမျှလည်းကောင်း ငါတိုးပွားများပြားစေမည်။ သင်၏ အမျိုးအနွယ်သည် သူ့ရန်သူတို့၏ တံခါးတို့ကို အပိုင်ရလိမ့်မည်၊ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံတို့သည် သင်၏အမျိုးအနွယ်အားဖြင့် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ သင်သည် ငါ၏စကားသံကို နာခံသောကြောင့် ဖြစ်သည်။” (ကမ္ဘာဦးကျမ်း ၂၂:၁၇-၁၈) ဟု မိန့်တော်မူခဲ့သည်။
ကျွန်ုပ်သည် အခြားစာအုပ်တစ်အုပ်တွင်လည်း ကျမ်းပိုဒ်တစ်ပိုဒ်ကို ဖတ်ရှုခဲ့ရပါသည်။ “လူသားအဖို့ ဘုရားသခင်သည် နားမလည်နိုင်ဖွယ်ဖြစ်သကဲ့သို့၊ မယုံကြည်နိုင်ဖွယ်ပင်ဖြစ်သည့် အရာများစွာ လုပ်ဆောင်သည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို စီစဉ်ညွှန်ကြားလိုသောအခါ၊ ဤစီစဉ်ညွှန်ကြားခြင်းသည် လူသား၏ အယူအဆများနှင့် မကြာခဏ သဘောကွဲလွဲပြီး၊ လူသားအဖို့ နားမလည်နိုင်ဖွယ် ဖြစ်သော်လည်း၊ လူနှင့်သက်ဆိုင်သည့် ဘုရားသခင်၏ စမ်းသပ်မှုနှင့် စစ်ဆေးခြင်းသည် ဤသဘောထား ကွဲလွဲမှုနှင့် နားမလည်နိုင်ဖွယ်ခြင်းတို့ အတိအကျ ဖြစ်ပေသည်။ ထိုအတောအတွင်းတွင် အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အခြေခံအကျဆုံး အခြေအနေဖြစ်သည့် ဘုရားသခင်အား နာခံမှုကို သူ့ကိုယ်တိုင်အတွင်း၌ ပြနိုင်ခဲ့သည်။ ထို့နောက်တွင်မှ အာဗြဟံသည် ဘုရားသခင်၏ သတ်မှတ်ချက်ကို နာခံနိုင်သောအခါ၊ ဣဇာက်ကို ပူဇော်လိုက်သည့်အခါတွင်၊ ဘုရားသခင်သည် လူသားမျိုးနွယ်အပေါ်- သူရွေးချယ်ထားသည့် အာဗြဟံအပေါ်- စိတ်ချမှုနှင့် လက်ခံမှုတို့ကို အမှန်တကယ် ခံစားခဲ့ရသည်။ ထို့နောက်မှသာ ဘုရားသခင်သည် သူရွေးချယ်ထားသည့် ဤလူမှာ သူ၏ကတိတော်နှင့် သူ၏နောက်ဆက်တွဲ စီမံခန့်ခွဲမှု အစီအစဉ်ကို လက်ခံဆောင်ရွက်နိုင်မည့် မရှိမဖြစ် ခေါင်းဆောင်ဖြစ်သည်ဟု သေချာခဲ့သည်။” (ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂))
ထိုကျမ်းပိုဒ်မှနေပြီး ဘုရားသခင်သည် ကျွန်ုပ်တို့ကို စစ်ကြောရန် ပတ်ဝန်းကျင်များကို စီစဉ်နေသည်ကို တွေ့မြင်နိုင်ပါသည်။ အပြင်ပန်းမှ ကြည့်လျှင် ဤစမ်းသပ်မှုများသည် ကျွန်ုပ်တို့ အယူအဆများနှင့် သဘောထား ကွဲလွဲနေကာ၊ ကျွန်ုပ်တို့ နားလည်သဘောပေါက်ရန် ခက်ခဲလွန်း လှသောကြောင့် ဤပတ်ဝန်းကျင်များတွင် ကျွန်ုပ်တို့သည် နာကျင်မှုနှင့် ညှင်းပန်းမှုဒဏ်တို့ကို ခံစားနေရသည်ဟု သဘောရသော်လည်း၊ ထိုစမ်းသပ်မှု များသည် ဘုရားသခင်၏ ဒုက္ခခံသော ကြိုးစားအားထုတ်မှုများဖြင့် ပြည့်လျှံ နေပါသည်။ အာဗြဟံသည် သူ၏ စမ်းသပ်မှုတွင် သူ၏ သက်သေခံချက်၌ ခိုင်မာစွာ ရပ်တည်ခဲ့သကဲ့သို့ပင်၊ ဘုရားသခင်သည် အာဗြဟံ၏ ရိုးသားမှုကို တွေ့မြင်ခဲ့ကာ၊ ဘုရားသခင်သည် သူ၏ သားကို မယူဆောင်ရုံမျှမကပဲနှင့်၊ အာဗြဟံ၏ ဆွေစဉ်မျိုးဆက်သည် ကမ်းခြေမှ သဲမှုန့်များကဲ့သို့လည်းကောင်း၊ ကောင်းကင်မှ ကြယ်များကဲ့သို့လည်းကောင်း မရေမတွက်နိုင်အောင် များပြား စေအောင် ကောင်းကြီးမင်္ဂလာပေးခဲ့ပါသည်။ ဤအရာနောက်တွင် ဘုရား သခင်က အာဗြဟံအား လူသားမျိုးနွယ်ကို စီမံခန့်ခွဲသည့် ကိုယ်တော်၏ အမှုတော်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည့်အတွက် ဘုရားသခင်၏ အလိုတော်သည် ပိုမိုနက်နဲသည့် အဆင့်ကို ရောက်ရှိ သွားခဲ့ပါသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ကိုယ်တော်၏ စီမံခန့်ခွဲခြင်းအမှုတော်ကို အာဗြဟံ၏ ဆွေစဉ်မျိုးဆက်မှတစ်ဆင့် ဆောင်ရွက် ရန်၊ ဘုရားသခင်သည် ထိုလူများမှတစ်ဆင့် ကိုယ်တော်၏ အမှုတော်များ၊ ဉာဏ်ပညာ၊ သြဇာအာဏာ နှင့် တန်ခိုးတော်တို့ကို ပေါ်လွင် ထင်ရှားစေရန် တို့ကို ရည်ရွယ်ခဲ့ပါသည်။ ဓမ္မဟောင်းကျမ်းတွင် ပညတ်တော်ခေတ်၌ ဘုရားသခင်၏ အမှုတော်သည် ဣသရေလ၌သာ တရားတော်များကို ကြေငြာခြင်း နှင့် ကမ္ဘာပေါ်ရှိ ၎င်းတို့အသက်တာများ၌ လူများကို ဦးဆောင် ခြင်းတို့ကို အဓိကအားဖြင့် ပြီးမြောက်စေခဲ့သည်ကို ကျွန်ုပ်တို့ တွေ့မြင်ရန် မခက်ခဲပါ ဣသရေလသည် ကမ္ဘာကြီးပေါ်တွင် စမ်းသပ်ရာနယ်မြေတစ်ခု နှင့် ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော် မွေးဖွာရာ နယ်မြေ ဖြစ်ခဲ့ပါသည်။ ဘုရားသခင်၏ ပထမဆုံး လူ့ဇာတိခံယူသူသည်လည်း ဣသရေလတွင် ကိုယ်တော်၏ အမှုတော်ကို ပြုခဲ့ပါသည်။ ဘုရားသခင်သည် ဂျူးလူမျိုး တစ်ယောက်၏ ပုံသဏ္ဌာန်ကို ယူကာ ကိုယ်တော်သည် လူသားမျိုးနွယ်ကို ရွေးနှုတ်တော်မူခဲ့ပြီး၊ ဤမှ ရလဒ်အနေဖြင့် ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနှုတ်ခြင်း ဧဝံဂေလိတရားတော်သည် ယုဒပြည် မှနေ တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါသည်။
ဤအချက်မှ အာဗြဟံ လက်ခံရရှိသည့် ကောင်းကြီးမင်္ဂလာ၏ ကြီးမြတ်မှုကို ကျွန်ုပ်တို့ တွေ့မြင်နိုင်ပါသည်။ တိုင်းနိုင်ငံများစွာ၏ ဖခင်ကြီးဖြစ်လာသည့် သူ၏ စွမ်းရည်အပြင်၊ သူ၏ ဆွေစဉ်မျိုးဆက်များက ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရခြင်း တို့သည် ထိုအစောပိုင်းရက်များ၌ သူ့အပေါ်ကျရောက်သည် ဘုရားသခင်၏ စမ်းသပ်မှု နှင့် ဆက်စပ်နေသည်ဟု ကျွန်ုပ်တို့ ဆိုနိုင်ပါသည်။
အာဗြဟံ နှင့် ယောဘတို့ပေါ်သို့ ကျရောက်သည့် စမ်းသပ်မှုများမှ ကျွန်ုပ်တို့ ကြုံတွေ့ရသည့် စမ်းသပ်မှုတိုင်းသည် ဘုရားသခင်၏ ကောင်းမွန်သော အလိုတော် ပါရှိနေကြောင်း ကျွန်ုပ်တို့အနေဖြင့် တွေ့မြင်ရန် မခက်ခဲလှပါ။ ထိုစမ်းသပ်မှုများသည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ များကို ရရှိစေရုံသာမက၊ ပို၍ပင် အရေးကြီးသည်မှာ ၎င်းတို့သည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာများကို အရှိန်အဟုန်မြင့်မားစွာဖြင့် ရင့်ကျက်လာစေရုံမျှမက၊ ဘုရားသခင်ကို ပိုမိုသိကျွမ်းလာခဲ့ပြီး၊ ဘုရားသခင် ကို ယုံကြည်ခြင်း လမ်းကြောင်းကို ပိုမိုအားကောင်းစွာ၊ ပိုမိုတည်ငြိမ်စွာဖြင့် လိုက်လျှောက်နိုင်သည်။ အာဗြဟံ နှင့် ယောဘတို့အပေါ်ကျရောက်သည့် စမ်းသပ်မှုများသည် ကျွန်ုပ်တို့ သာမာန်လူများ တွေ့ကြုံခံစားရမည့် စမ်းသပ်မှုများ မဟုတ်သော်ငြားလည်း၊ ကျွန်ုပ်တို့တွင် ၎င်းတို့၏ ဝိညာဉ်အသက်တာ မရှိသည့်အပြင်၊ ထိုသို့သော စမ်းသပ်မှုမျိုးကိုပါ သည်းခံရန် အရည်အချင်းမပြည့်ဝ ကြသော်လည်း၊ ကျွန်ုပ်တို့ အသက်တာများတွင် စမ်းသပ်မှုများ အကြီးအငယ်မရွေး အမျိုးအစား အားလုံးကို ကြုံတွေ့နိုင်ပါသေးသည်။ နာမကျန်းခြင်း၏ ညှင်းပန်းမှုဒဏ် ခံစားနေရပြီး၊ သူမ၏ အသက်တာသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသော်လည်း၊ သူမသည် ဘုရားသခင်ကို အပြည့်အဝ ဆက်လက် ယုံကြည်ပြီး၊ သူမ၏ သေရေးရှင်ရေးကို ဘုရားသခင်၏ လက်တော်တွင် ထားရှိလိုသည့် အစ်မတစ်ယောက်ကို ကျွန်ုပ် တွေ့ဖူးပါသည်။ သူမ၏ နာမကျန်းဖြစ်ခြင်း ပိုမိုကောင်းမွန်လာသည်ဖြစ်စေ၊ မလာသည်ဖြစ်စေ သူမသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားခြင်းများနှင့် စီစဉ်ခြင်းများကို အပ်နှံလိုဆဲပင် ဖြစ်ပါသည်။ အဆုံးသတ်တွင် သူမသည် ဘုရားသခင်၏ အမှုတော်များကို သက်သေခံခဲ့ကာ၊ သူမ၏ နာမကျန်းဖြစ်ခြင်းသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် သက်သာကောင်းမွန်လာခဲ့ပါသည်။ ထိုလုပ်ငန်းစဉ်အတွင်း ထိုအစ်မ၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် တိုးပွားလာပြီး၊ ဘုရားသခင်၏ အနန္တတန်ခိုး နှင့် အချုပ်အခြာတို့ကို ပိုမိုလက်တွေ့ကျစွာ နားလည်သဘောပေါက်လာခဲ့ပါသည်။ အချို့သော ညီအစ်ကိုမောင်နှမများ၏ အသက်မွေးဝမ်းကြောင်းတွင် အရာအားလုံး အဆင်ပြေချောမွေ့နေသည့်အခါ၊ ၎င်းတို့က ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာများ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြသည်။ သို့သော်လည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများသည် အခက်အခဲများကြုံရပြီး၊ ၎င်းတို့မိသားစုများအတွင်း ငွေကြေးကျပ်တည်းလာသည့် အချိန်တွင် သူတို့နှလုံးသားထဲမှ ညဉ်းတွားခြင်းများ ထွက်လာကာ၊ သူတို့ကို ကောင်းကြီးမင်္ဂလာမပေးသည့်အတွက် ဘုရားသခင်ကို အပြစ်တင်ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များဆိုင်ရာ ထုတ်ဖော်ခြင်းများမှတစ်ဆင့် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားသခင်နှင့် အပေးအယူလုပ်ခြင်းမျှသာ ဖြစ်ပြီး၊ ၎င်းတို့သည် ဘုရားသခင်ကို ပြည့်လျှံပေါများသည့် အထောက်အပံ့တစ်ခုအဖြစ်သာ သတ်မှတ်ကြ ကြောင်းကို ၎င်းတို့အနေဖြင့် နားလည်သဘောပေါက်ခဲ့ ကြသည်။ ဘုရားသခင်ကို သူတို့၏ ယုံကြည်ခြင်းနောက်ကွယ်မှ မှားယွင်း သည့် လှုံ့ဆော်ချက်ကို နားလည်လာခဲ့သောကြောင့် ယုံကြည်မှု၌ ၎င်းတို့၏ မှားယွင်းသော အမြင်ရှုထောင့်များကို အမှားပြင်ဆင်ကာ၊ ၎င်းတို့သည် ဖန်ဆင်းခံသတ္တဝါများအဖြစ် သူတို့၏ မှန်ကန်သည့် နေရာကို ယူခဲ့ပါသည်။ လူများသည် မှန်ကန်သည့် လှုံ့ဆော်ချက်ကို တွေ့ကြုံခံစား ရသည့်အချိန်တွင်၊ သူတို့၏ အသက်တာများသည် အခြေအနေ တိုးတက် ကောင်းမွန် လာရုံမျှမက၊ သူတို့၏ စီးပွားရေးလုပ်ငန်းများ သည်လည်း ပြန်လည် ကောင်းမွန် လာခဲ့ပါသည်။ ညီအစ်ကိုမောင်နှမများသည် ဤစမ်းသပ်မှုများကို ကြုံတွေ့ရသည့်အချိန်တွင် ၎င်းတို့၏ ဇာတိပကတိသည် အတိုင်းအတာ အမျိုးမျိုးဖြင့် များစွာ ဆင်းရဲဒုက္ခခံစားကြရသော်လည်း သူတို့သည် ဤစမ်းသပ်မှုများမှုမှ ရရှိသည့် အရာမှာ ပို၍ပင် အဖိုးတန်လှသည်၊ သူတို့သည် လူကို ကယ်တင်ရန် ဘုရားသခင်၏ အလိုတော်အကြောင်း ပို၍ ပို၍ နားလည်သဘောပေါက်လာသည့် အပြင်၊ သူတို့၏ ဘုရားသခင်ကို သိကျွမ်းမှုသည် ပိုမိုစစ်မှန်လာကာ၊ သူတို့သည် သမ္မာတရားများကို ပိုမိုရရှိလာခဲ့ကြသည်။ ထို့ကြောင့် ထိုစမ်းသပ်မှုများသည် ကျွန်ုပ်တို့ ခရစ်ယာန်များအတွက် နောက်ထပ် ကောင်းကြီးမင်္ဂလာ အမျိုးအစားများ ဖြစ်ပြီး၊ ၎င်းတို့သည် ကျွန်ုပ်တို့ အသက်တာ ပိုမိုရင့်ကျက်ပြီး ဘုရားသခင်၏ ချီးမွမ်းမှုကို ပိုမိုရရှိစေရန် ဖြတ်သန်းရမည့် လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်ဟု ဆိုကြပါသည်။
စမ်းသပ်မှုများသည် ခရစ်ယာန် တစ်ဦးတစ်ယောက်ချင်းစီတိုင်းအတွက် အလွန်ပင် ကောင်းကျိုးဖြစ်ထွန်းသည့် အားလျော်စွာ ကျွန်ုပ်တို့ကို စမ်းသပ်မှုများနှင့် ဘေးဒုက္ခများ ကျရောက်လာပါက မည်သည့်အကြောင်း အရင်းကြောင့်များ ကျွန်ုပ်တို့ ညဉ်းတွားနေကြမည်နည်း။ ကျွန်ုပ်မိတ်ဆွေ များရော သဘောမတူကြပါလား။