စာရင်း

နောက်လာမည့်အရာ

Christian Movie - ဘုရားသခင်၌ ယုံကြည်ခြင်း ၂ | ဘုရားကျောင်း ပြိုလဲပြီးနောက် (Myanmar Subtitles)

9,598 22/03/2020

တရုတ်ကွန်မြူနစ်ပါတီ အာဏာရလာကတည်းက၊ ဘာသာရေး ယုံကြည်မှုအားလုံးကို လုံးဝ ချေမှုန်းရှင်းလင်းရန်နှင့် တရုတ်နိုင်ငံကို ဘုရားမဲ့ဝါဒ နယ်မြေတစ်ခုအဖြစ် တည်ထောင်ဖို့ရန်အလို့ငှာ ခရစ်ယာန်ဘာသာနှင့် ကက်သလစ်ဝါဒတို့ကို မရပ်မနား ဖိနှိပ်ကာ နှိပ်ကွပ်လာခဲ့သည်။ အထူးသဖြင့် ရှီကျင်းဖျင့် သမ္မတ ဖြစ်လာကတည်းက၊ ယုံကြည်မှုအပေါ် စီစီပီ၏ တိုက်ခိုက်မှုများက အထွတ်အထိပ်သို့ ရောက်လာခဲ့ပြီး၊ တရားဝင် ခွင့်ပြုထားသည့် ကိုယ်ပိုင်မူသုံးရပ်သုံး အသင်းတော်သည်ပင်လျှင် ချေမှုန်းခံနေရကာ၊ လက်ဝါးကပ်တိုင်များလည်း ဖြိုချခံနေရသည်။

ယုကွန်ဂေါင်သည် စီစီပီ၏ အစုအပြုံလိုက် ဖမ်းဆီးမှုတစ်ခုတွင် အန္တရာယ်ကြားမှ လွတ်မြောက်လာသော ဧဝံဂေလိဆရာတစ်ယောက် ဖြစ်သည်။ နောက်ပိုင်းတွင် ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်လှုပ်ရှားမှု ခရစ်ယာန်ဖြစ်သော ချန်ဆုန်အန်း၏ အိမ်သို့ သူ ရောက်သွားသည်။ ချန်ဆုန်အန်း၏ ကိုယ်ပိုင်မူသုံးရပ်သုံး မျိုးချစ်လှုပ်ရှားမှု ဘုရားကျောင်းမှာ စီစီပီ၏ ဖြိုဖျက်မှုကို ခံခဲ့ရသည်။ အသင်းတော်ထဲမှ တချို့သည် သူတို့၏ သင်းအုပ်များ၊ အကြီးအကဲများ၏ သွန်သင်ချက်များကို နာကြားပြီး၊ စီစီပီအစိုးရအတွက် ဆုတောင်းပေးကြသည်။ ထိုသို့ လုပ်ဆောင်ခြင်းအားဖြင့်၊ “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို နှောင့်ယှက်ညှဉ်းဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့။(ရှင်မဿဲခရစ်ဝင် ၅:၄၄) ဟူသည့် သခင်ယေရှု၏ စကားများကို စောင့်ထိန်းနေခြင်းဖြစ်သည်ဟု ယုံကြည်နေကြလေသည်။ သို့သော် ယုံကြည်သူများစွာတို့သည် မရှင်းမလင်းဖြစ်နေကြသည်။ အဘယ်ကြောင့်ဆိုသော် စီစီပီအတွက် ကောင်းကြီးမင်္ဂလာများကို သူတို့က ဆုတောင်းပေးကြသော်လည်း၊ စီစီပီသည် နောင်တမရခဲ့ရုံသာမက၊ သူတို့၏ ဘုရားကျောင်းပင် အဖြိုခံခဲ့ရလေသည်။ သူတို့ တွေးကြသည်၊ စီစီပီအတွက် ဆုတောင်းခြင်းသည် ဘုရားအလိုတော်နှင့် အမှန်တကယ် ကိုက်ညီပါသလား။ အသင်းသားများက ထိုမေးခွန်းအကြောင်း ဆွေးနွေးကြသော်လည်း ကောက်ချက်တစ်ခု မချနိုင်ခဲ့ကြပါ။ နောက်ဆုံးတွင်မူ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ယုကွန်ဂေါင်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်တို့၏ မိတ်သဟာယမှတစ်ဆင့်၊ ချန်ဆုန်အန်းနှင့် အခြားသူတို့သည် “သင်တို့၏ရန်သူတို့ကို ချစ်ကြလော့” ဟူသော သခင်ယေရှု၏ သွန်သင်မှုမှ မှန်ကန်သော အဓိပ္ပါယ်ကို သဘောပေါက်ကြရသည်။ ဘုရားသခင်ကို အာခံရန်၊ သမ္မာတရားကို ရွံရှာရန်ဟူသော စီစီပီ၏ ဆိုးယုတ်သည့် အနှစ်သာရကို ခွဲခြားသိမြင်မှု ရရှိကြသည်။ ကိုယ်ပိုင်မူ သုံးရပ်သုံး လမ်းကြောင်းအတိုင်း သင်းအုပ်များ၊ အကြီးအကဲများနောက် လိုက်ခြင်းနှင့် ဆိုးယုတ်သော အုပ်စိုးသူ အာဏာစက်၏ ကာကွယ်ပေးခြင်းကို မှီခိုခြင်းတို့၏ အန္တရာယ်များသော အကျိုးဆက်များကိုလည်း ရှင်းရှင်းလင်းလင်း မြင်ကြလေသည်...

ဤဗီဒီယိုမှ တစ်ချို့အကြောင်းအရာများသည် အင်တာနက်မှ ဖြစ်သည်။

www.stockfootage.com

Excavator motor (https://freesound.org/people/laspaziale/sounds/92739/) by laspaziale/CC BY 3.0 (https://creativecommons.org/licenses/by/3.0/)

အမှာစကား ချန်ခဲ့မည်