သခင်ယေရှုဟာ ခရစ်တော်ဖြစ်တယ်၊ သူဟာ ဘုရားသခင်ရဲ့သားတော် ဖြစ်တယ်လို့ သမ္မာကျမ်းမှာ ရှင်းလင်းစွာ မှတ်တမ်းပြုထားပါတယ်။ ဒါပေမဲ့ လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့ထင်ရှားပြခြင်းဖြစ်တယ်၊ သူဟာ ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်တယ်လို့ အရှေ့အရပ်မှလျှပ်ပြက်ခြင်းက သက်သေခံပါတယ်။ ဒါဆိုရင် လူ့ဇာတိခံခရစ်တော်ဟာ ဘုရားသခင်ရဲ့သားတော်လား၊ ဒါမှမဟုတ် သူဟာ ဘုရားသခင်ကိုယ်တော်တိုင်လား။ အနန္တတန်ခိုးရှင် ပြောသည် “‘ယေရှုသည် ဘုရားသခင်နှစ်သက်မြတ်နိုးရာ သူ၏ချစ်သားပေတည်း’... ယင်းမှာ ဘုရားသခင်သည် သူ့ကိုယ်သူ သက်သေ ခံနေခြင်းပင်ဖြစ်သည်၊ သို့သော် ကောင်းကင်ဘုံမှ ဝိညာဉ်တော်သည် သူကိုယ်တိုင်၏ လူ့ဇာတိခံယူခြင်းကို သက်သေခံနေခြင်းဟူသည့် ကွဲပြားခြားနားသော ရှုထောင့်မှသာ ဖြစ်သည်။ ယေရှုသည် သူ၏ လူ့ဇာတိ ခံယူခြင်းပင် ဖြစ်ပြီး၊ ကောင်းကင်ဘုံမှ သူ၏ သားတော်မဟုတ်ပါ။ သင်နားလည် ပါ၏လော။ ‘ခမည်းတော် သည် ငါ၌ရှိတော်မူ၍ ငါသည်လည်း ခမည်းတော်၌ ရှိ၏’ ဟူသော ယေရှု၏ စကားများသည် သူတို့မှာ ဝိညာဉ်တော် တစ်ပါးတည်းသာဖြစ်သည်ကို ညွှန်းဆိုနေခြင်းပင် မဟုတ်လော။ လူ့ဇာတိခံယူခြင်းကြောင့်သာ သူတို့သည် ကောင်းကင်နှင့် မြေကြီးကြားတွင် ကွဲပြားနေရခြင်းပင် မဟုတ်လော။ လက်တွေ့တွင်မူ သူတို့သည် တစ်ပါးတည်းသာ ဖြစ်သေးသည်၊ မည်သို့ပင်ဖြစ်စေကာမူ၊ ယင်းသည် ဘုရားသခင်မှ သူကိုယ်တိုင်အား ရိုးစင်းစွာ သက်သေခံနေခြင်းပင် ဖြစ်သည်။”
ဘုရားသခင်၏ နိုင်ငံတော်သည် ဤလောကသို့ ရောက်လာပြီဖြစ်သည်။ ရားသခင်၏ နိုင်ငံတော်သို့ သင်ဝင်ရောက်ချင်ပါသလား။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။ကျွန်ုပ်တို့အကြောင်း | အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ | ကျေးဇူးတင်ရှိခြင်း
Copyright © 2024 ယေရှုခရစ်တော်ပြန်ကြွလာခြင်းလုပ်ပိုင်ခွင့်အားလုံး မူပိုင်ဖြစ်သည်။