လီရူ တရုတ်ပြည်
၂၀၀၈ ခုနှစ် မေလတွင် တစ်ရက်၌ မီးစတစ်ခုက ပြင်းထန်သည့် မီးတောက်များကို ဖြစ်စေခဲ့သည်၊ ၎င်းကြောင့် ကျွန်မမှာ အလွန်မှင်တက်အံ့အားသင်ရပြီး စိတ်ဒဏ်ရာရဆဲဖြစ်သည်။ သို့သော်လည်း ကျွန်မအား အနန္တတန်ခိုးရှင် ဘုရားသခင်၏ အံ့သြဖွယ် လုပ်ဆောင်ချက်များ ကို ကိုယ်တိုင်မျက်မြင်တွေ့စေ သည်မှာ လည်း ထိုမီးပင် ဖြစ်ပါသည်။ ယခုအချိန်ထိ ကျွန်မ၏ ထိုအမှတ်ရစရာများသည် မနေ့တနေ့ကလိုပင် ဖြစ်နေပါတော့သည်။
ထိုနေ့က ကျွန်မသည် နေ့လည်စာစားပြီးခဏတွင် ပုံမှန်အတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စတင်ဖတ်ရှုခဲ့သည်။ အပြင်တွင် မီးသတ်ကားများ၏ အချက်ပေးဉသြသံကို ကျွန်မကြားသည့်အချိန်တွင် ကျွန်မ စဖတ်ခါစသာ ရှိသေးသည်။ မီးသတ်ကား ဥသြ ဆွဲသံသည် ကျွန်မကို အလွန်စိတ်ပူစေသည့်အတွက် ကျွန်မက ပြတင်းပေါက်အပြင်သို့ အလျင်စလို ထွက်ကြည့်လိုက်လေသည်။ ကျွန်မ နေအိမ်၏ မီတာ ၂၀၀ အကွာတွင် အိမ်များမှ ကြီးမားသည့် မီးခိုးထုကြီး တစ်ခု တလိပ်လိပ် တက်လာပြီး၊ မီးတောက်များသည် နေအိမ်များထက် ပိုမိုမြင့်မားစွာ တောက်လောင်နေ သည်ကို တွေ့လိုက်သည်။ ကျွန်မသည် အားနည်းပြီး၊ တဆတ်ဆတ်တုန်ကာ “ဪ၊ သွားပါပြီ။ ကြီးလိုက်တဲ့ မီးတောက်ကြီးတစ်ခုပဲ။ နီးလွန်းလို့ ငါ့အိမ်ပါ မီးထဲပါ တော့မယ်”ဟု တွေးမိသည်။ ကျွန်မသည် မိမိနှလုံးသား ထဲမှ ဘုရားသခင်ကို “အိုး ဘုရားသခင်၊ မီးက တော်တော်များပါတယ်၊ ပြီးတော့ ကျွန်မအိမ်ရှိရာ ကိုလည်း လာနေပါပြီ။ ကျွန်မ ဘာလုပ်သင့်သလဲ” ဟု ဆုတောင်း၍သာ နေမိပါတော့သည်။ ကျွန်မသည် ဘုရားသခင်ကို ဆုတောင်းခဲ့သည်နှင့် အညီ ကျွန်မခုတင် ပေါ်တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များစာအုပ်ကို တင်ထားမိခဲ့သည်။ ပြီးနောက် ကျွန်မက ခြံဝင်းထဲသို့ အလျင်စလို သွားလိုက်သည်။ မီးသတ်ကားများက ထိုနေရာတွင် ရောက်နေပြီး၊ မီးသတ်သမားများစွာက လည်း မီးတောက်ထဲသို့ ရေများပက်ဖြန်းနေသည်ကို ကျွန်မမြင်တွေ့ခဲ့ပါသည်။ သို့သော်လည်း မီးတောက်များ သည် ငြိမ်းရမည့်အစား ပိုမိုမြင့်မားလာခဲ့သည်။ ထိုနေ့တွင် လေပြင်း၏ အရှိန်မှာ ၅ မှ ၆ အထိ အနည်းဆုံးရှိခဲ့ပြီး၊ ကျွန်မတို့သည် အိမ်များ တွဲဆောက် ထားသည့် လယ်ကွင်းပေါ်တွင် နေထိုင်နေခဲ့ကြသည်။ ထို့ကြောင့် ရုတ်တရက်ကြီး၊ ကောင်းကင်ပေါ်တွင် မီးစများဖြင့် လေဝဲဖြစ်ပေါ်နေသည်။ မီးတောက်ကျသည့် နေရာတိုင်းတွင် မီးတောက်လောင်ပါတော့ သည်။ မီးတောက်များသည် ပို၍တိုးပွားနေသည့် စွမ်းအားဖြင့် တောက်လောင်နေခဲ့သည်။ မကြာမီပင် အရှေ့တန်းမှ အိမ်များသည် တစ်အိမ်ပြီး တစ်အိမ် လဲပြိုကျလာ ခဲ့သည်။ လေက တရွှီရွှီမြည်ပြီး၊ မီးတောက်များကလည်း နေရာတိုင်းကို လွင့်ပျံ့ကုန်ကြသည်။ လမ်းပေါ်မှာ အသံမှာ ကျယ်လောင်ပြီး၊ လူများအားလုံးသည် စိတ်ပူပင်လှုပ်ရှားနေသော အခြေအနေတစ်ခု ဖြစ်သွား သည်။ တစ်စုံတစ်ယောက် ငိုလိုက် သည်။ “မီးသတ် ကားတွေက အများကြီးပဲ၊ ဒါပေမဲ့လည်း မီးကို မထိန်းနိုင်ကြဘူး။ မီးက ဘယ်လောက်ကြောက်ဖို့ ကောင်းလိုက်လဲ”
ထိုအချိန်က လေသည် အနောက်မြောက်သို့ တိုက်နေခဲ့ သည်။ မီးခိုးထုကြီးဖြင့် မီးတောက်များသည် ပို၍ တိုးပွားနေသည့် စွမ်းအားဖြင့် တောက်လောက်ပြီး၊ ကျွန်မအိမ်ရှိရာသို့ ခုန်လာ၍ ကျွန်မကို ကြောင်တောင် တောင် ဖြစ်စေခဲ့ပါသည်။ အချို့မီးတောက်များက နွားမစင်အချို့ပေါ်သို့ တည့်တည့်ကျရောက်ကာ၊ ရုတ်တရက်ကြီး နွားမစင်ပုံတစ်ခုလုံး စတင်မီးတောက် လာခဲ့သည်။ မီးက ကျွန်မနေအိမ်မှနေပြီး မီတာတစ်ဒါဇင် လောက်သာ ကွာဝေးတော့သည်။ မီးက ကျွန်မအိမ်ရှိရာ သို့ တလိမ့်လိမ့်ဖြင့် လာနေသည်ကို တွေ့ရင်းဖြင့်၊ ကျွန်မနှလုံးသားသည် ဆို့နင်လာသည်ဟု ခံစားရပြီး၊ ကျွန်မက “ဒီတစ်ခါတော့ အားလုံးသွားပါပြီ၊ ငါတို့ စုဆောင်းထားခဲ့သမျှ ပိုင်ဆိုင်မှုအားလုံးကတော့ မီးလောင်ကုန်တော့မှာပါပဲ” ဟု တွေးမိပါသည်။ လူအချို့က ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ၎င်းတို့နေအိမ်မှ ရွှေ့ထုတ်နေကြသည်ကို တွေ့ရသော်လည်း၊ ကျွန်မမှာမူ မိမိခင်ပွန်းနှင့် ကလေးက နေအိမ်တွင် မရှိသောကြောင့် ထိုသို့မလုပ်နိုင်ခဲ့ပါ။ ကျွန်မမှာ စိုးရိမ်ကြောင့်ကျ သော်လည်း၊ လုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိခဲ့ပါ။ ထို့နောက် ကျွန်မသည် ဘုရားသခင်ထံသို့သာ ဆုတောင်း ၍သာနေခဲ့သည်။ ကျွန်မ ဆုတောင်းခြင်းကာလအတွင်း ကျွန်မသည် ယောဘ၏ စမ်းသပ်မှုများကို သတိရမိ သည်။ သူ၏ပိုင်ဆိုင်မှုများအားလုံးကို သိမ်းယူခံရပြီး၊ သူ၏ သားသမီးများအပေါ် ဘေးဒုက္ခ ကျရောက်ခဲ့ သည်။ သို့သော်လည်း ယောဘသည် ဘုရားသခင်ကို အပြစ်တင်ရမည့်အစား “...ယေဟောဝါသည် ပေးတော်မူ၏၊ ပြီးလျှင် ယေဟောဝါသည် ပြန်နုတ်သိမ်းတော်မူ၏၊ ယေဟောဝါ၏ နာမတော်သည် မင်္ဂလာရှိပါစေဟု ဆိုလေ၏။” (ယောဘဝတ္တု ၁:၂၁) “ငါတို့သည် ဘုရားသခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊ ဒုက္ခဆင်းရဲကို မခံမယူရာသလော။” (ယောဘဝတ္တု ၂:၁၀) ဟု ပြောခဲ့သည်။ ဘုရားသခင်၏ ဉာဏ်အလင်းပေးခြင်း နှင့် လမ်းပြမှုတို့က ကျွန်မအား ဘုရားသခင်၏ အလိုတော် ကို နားလည်သဘောပေါက် စေပါသည်။ ယောဘသည် ကျွန်မ လိုက်လျှောက်သင့်သည့် နမူနာတစ်ခု ဖြစ်ပါ သည်။ စမ်းသပ်မှုကို ရင်ဆိုင်ရာတွင် ကျွန်မသည် ဘုရားသခင်ရှေ့တော်မှောက်တွင် နာခံကာ၊ မညည်းတွား ပဲနေမည်။ ထို့နောက်တွင် ကျွန်မနှလုံးသားထဲမှနေပြီး “အိုဘုရားသခင်၊ ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေအားလုံးက ကိုယ်တော်ပေးသနားခဲ့တာပါ။ အဲဒီမီးကလည်း ကိုယ်တော့်လက်တော်ထဲမှာပဲ ရှိပါတယ်။ ကျွန်မဘယ်လိုပတ်ဝန်းကျင်ကိုပဲ တွေ့ကြုံရပါစေ၊ ကျွန်မ ကိုယ်တော်ရဲ့ စီစဉ်မှုကို နာခံဖို့ လိုလားပါတယ်။” ဟု ဘုရားသခင်ကို ဆုတောင်းခဲ့သည်။
ကျွန်မ၏ နေအိမ်နှင့် အရာအားလုံးတို့ကို ဘုရားသခင် ကို ယုံကြည်စွာအပ်နှံလိုက်သည့်အချိန်တွင်၊ ကျွန်မ နှလုံးသားတွင်း၌ ငြိမ်သက်မှုကို ခံစားရပါသည်။ ထိုအချိန်တွင်ပင် မီးသတ်သမား အချို့က ကျွန်မအိမ် ခြံဝင်းထဲသို့ လာကြသည်။ မင်းတို့က ဉယျာဉ် ပတ်ပတ်လည် မှ ဘုတ်ပြားများကို ဖြိုချပြီးနောက် အဝေးကို ယူသွားကြကာ၊ အိမ်နှင့် မီးလောင်နေသည့် အရာများကို သီးသန့်ခွဲလိုက်သည်။ နွားမစင်သည် မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး၊ မီးက ကျွန်မနေအိမ်ပေါ်မှ ခုန်ကျော်လိုက်ပြီး၊ ကျွန်မ၏အိမ် အနောက်မှ အိမ်တန်း များသို့ ပျံဝဲသွားသည်။ မကြာမီပင် ထိုနေရာမှ ထင်းပုံ များက မီးစတင်လောင်ကျွမ်းပါတော့သည်။ မီးလောင် နေသည့် အရာနှစ်ခုကြားတွင် ညှပ်နေခြင်းဖြင့် ကျွန်မအိမ်သည်လည်း အချိန်မရွေး မီးလောင် နိုင်ပါသည်။ ငွေထုပ်စာအုပ်နှင့် တကွ ဘုရားသခင့် နှုတ်ကပတ်တော်များ စာအုပ်ကို ယူရန် ကျွန်မသည် အိမ်ထဲကို အလျင်စလို ဝင်သွားလိုက် သည်။ ထိတ်လန့်တကြားဖြင့် “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထက် ပိုပြီး တန်ဖိုးရှိတာ ဘာမှ မရှိဘူး။ ဒါတွေက ငါ့ရဲ့ အသက်သွေးပဲ။ ဒီစာအုပ်ကို မီးမလောင် အောင် ငါကာကွယ်ရမယ်”ဟု တွေးကာ ထိုစာအုပ်ကို ပတ်ရန် အဝတ်အထည်အချို့ကိုလည်း ယူလာခဲ့သည်။ တံခါးတွင် အခန်းထဲမှ အရာများကို ပြန်လှည့်ကြည့်ကာ၊ ကျွန်မနှလုံးသားထဲတွင် “အိုဘုရားသခင်၊ ဒီအိမ်ထဲမှာ ရှိသမျှအရာအားလုံးကို ကိုယ်တော့်ကို ယုံကြည်စွာ အပ်နှံ ပါတယ်” ဟု ဘုရားသခင်ကို ဆုတောင်းခဲ့ပါသည်။ မီးခိုးတိမ်တိုက်များတွင် ကျွန်မသည် မီးထဲမှ ထွက်ပြေးပြီး ရွာသားအများစု မီးထဲမှ ထွက်ပြေး ပြီးနောက် နေနေကြသည့် ရွာအပြင်မှ သစ်တောထဲသို့ ပြေးဝင်သွားခဲ့သည်။ လမ်းပေါ်မှ လူများအားလုံးသည် ထိတ်လန့်တကြားဖြစ်ခဲ့ကြသည်။ ၎င်းတို့၏ နေအိမ်များ နှင့် အခြားသောပိုင်ဆိုင်မှုများသည် မီး၏ ဝါးမြိုခြင်းကို ခံရပြီး၊ ပြာဖြစ်လာသည်ကို ကူညီရာမဲ့စွာဖြင့် ကြည့်ကြ ကာ၊ မဆုံးနိုင်အောင် ငိုကြွေးနေခဲ့ကြပါသည်။ ထိုမြင်ကွင်းသည် ကြည့်ရှုရန်အလွန်ဆိုးရွားလှပါသည်။ ထိုလူများသည် ၎င်းတို့၏ တန်ဖိုးကြီးသောအရာများကို ၎င်းတို့အိမ်များမှ ဆွဲထုတ်လာကြသည်ကို ကျွန်မမြင်ရ သည့်အချိန်တွင် ကျွန်မ အနည်းငယ် ဝမ်းနည်ခဲ့ရ ပါသည်။ ကျွန်မ ခင်ပွန်းက အဝေးတွင် အလုပ်လုပ် နေပြီး၊ ကျွန်မသားက အဝေးတွင် စာသင်ယူလေ့လာ နေသည်နှင့် အညီ ကျွန်မမှာတော့ ထိုသို့ မလုပ်ဆောင် နိုင်ခဲ့ပါ။ ရွာထဲမှ မီးကို ကြည့်ရင်းဖြင့် ကျွန်မသည် ဘုရားသခင်ကို “အိုဘုရားသခင်။ ကျွန်မ ကိုယ်တော့်ကို အရာအားလုံးပေးဖို့ လိုလားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်တော်က လူတစ်ယောက်ရဲ့ မွေးဖွားခြင်း နှင့် သေခြင်းတရား၊ ကောင်းကြီးမင်္ဂလာတွေ၊ ဘေးဒုက္ခတွေ အပြင်၊ စကြာဝဠာတစ်ခုလုံးကိုတောင် ထိန်းချုပ်ထားလို့ ဖြစ်ပါတယ်။ ကျွန်မအပေါ်ကျ ရောက်သမျှက ကိုယ်တော်ရဲ့ အုပ်စိုးမှု ဖြစ်ပါတယ်။ ကျွန်မအိမ်မီးလောင်သွားရင်တောင် ကျွန်မကိုယ်တော်ကို နာခံပြီးတော့ မညည်းတွားပါဘူး” ဟု မိမိနှလုံးသား ထဲမှဆုတောင်းရုံသာ တတ်နိုင်ပါသည်။
ဆုတောင်းပြီးနောက်၊ ကျွန်မ အလွန်အမင်း စိတ်အေးပြီး၊ ငြိမ်သက်သွားခဲ့သည်။ ကျွန်မအိမ်ကို အဝေးမှ ကြည့်သည့်အချိန်တွင်၊ မီးခိုးနည်းသွား ကြောင်းကို ကျွန်မ ရုတ်တရက် တွေ့လိုက်ရသည်။ ကျွန်မ မျက်လုံးများကိုပင် ယုံကြည်ရဲခြင်း မရှိခဲ့ပဲနှင့်၊ မီးက အမှန်တကယ် ငြိမ်းသွားခြင်း ဟုတ်မဟုတ်ကို စူးစမ်းမိသည်။ ထိုအချိန်က လူအုပ်ထဲမှ တစ်စုံ တစ်ယောက်က “ကြည့်ပါဦး။ လေတိုက်တဲ့ လမ်းကြောင်းပြောင်းသွားပြီ။ လေက အရှေ့ကို တိုက်နေတယ်” ဟု အော်ဟစ် လိုက်သည်။ ထိုစကားများကို ကြားပြီး လူတိုင်း အံ့သြကြလေသည်။ လူတိုင်းက ရွာဆီသို့ လမ်းကြောင်းကို တပြိုင်နက်တည်း ကြည့်ကြသည်။ တစ်ဖန် ကျွန်မ သေချာစွာ ကြည့်လိုက် သည်။ ၎င်းမှာ မှန်ကန်ပါသည်။ လေထုသည် အမှန်တကယ် လမ်းကြောင်းပြောင်းသွားပြီး၊ မီးက လေနှင့်အတူ အရှေ့ဘက်သို့ ဦးတည်ရွေ့လျားသွား ခဲ့သည်။ အရှေ့ပိုင်းမှ အိမ်တစ်တန်းကြီး စတင်မီးလောင် ခဲ့ပါတော့သည်။ မီးတောက်သည် တဟုန်းဟုန်း အသံပေးပြီး အိမ်များကို စတင် လောင်ကျွမ်း ပြိုကျစေခဲ့သည်။ ရွာသားများအားလုံးသည် သူတို့ ပိုင်ဆိုင်မှုများ၏ကျန်ရှိသည့် အရာများကို ကြည့်ရန် ကျေးရွာသို့ ပြေးသွားကြလေသည်။ ကျွန်မက “ငါ့အိမ်လဲ မီးလောင်ပြာကျသွားလောက်ပါပြီ”ဟု မိမိဘာသာ တွေးမိသည်။ သို့သော်လည်း ကျွန်မအိမ်သို့ရောက်သည့် အချိန်တွင်၊ ကျွန်မအိမ်နှင့် အဖီသည် မီးလုံးဝ မထိခဲ့သည့်အပြင်၊ ခြံဝင်းထဲမှ နွားမစင်ပုံမှသာလျှင် မီးခိုးများ ထွက်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ကျွန်အိမ် ဘယ်ဘက်မှ အိမ်များအားလုံး အနည်းနှင့် အများ မီးလောင်ကျွမ်းကုန်စဉ်တွင်၊ ကျွန်မအိမ်၏ ညာဘက်မှ အိမ်များကမူ လုံးဝ မီးမလောင်ပါ။ ကျွန်မသည် မိမိနှလုံးသားထဲ နက်ရှိုင်းသော နေရာမှနေပြီး “ဘုရားသခင်။ ကျွန်မ ကိုယ်တော့်ကို အမှန်တကယ်ကို ကျေးဇူးတင်ပါတယ်။ ကျွန်မ အိမ်က လုံခြုံစွာနဲ့ ကျန်ခဲ့လိမ့်မယ်လို့ ကျွန်မ လုံးဝ အတွေးမပေါက် ခဲ့မိဘူး”ဟု စစ်မှန်သည့် ကျေးဇူးတင်ရှိခြင်းနှင့် ချီးမွမ်းခြင်း တို့ကို ရေရွတ်ခဲ့ပါသည်။ ကျွန်မအိမ်ထဲသို့ အလျင်စလို ဝင်သွားပြီး၊ အပ်ချုပ်စက်နှင့် တီဗီ တစ်စုံလုံး မရှိတော့သည်ကို တွေ့ခဲ့ရသည်။ ထိုအချိန်က ကမောက်ကမ ထဲတွင် ၎င်းတို့ကို အခိုးခံလိုက်ရ သည်ဟုသာ ကျွန်မ တွေးမိခဲ့သည်။ ထို့နောက် စိတ်ပူရမည့်အစား ကျွန်မက “အဲဒါတွေလည်း မရှိမှ တော့၊ ထားလိုက်ပါတော့လေ”ဟု တွေးခဲ့ပါသည်။ ကျွန်မအိမ်ကို ဘုရားသခင်က ကာကွယ်ခဲ့သည့် အားလျော်စွာ ကျွန်မသည် မည်သည့်အရာကိုမျှ ပို၍ မတောင်းဆိုနိုင်တော့ပါ။ ထို့နောက် အိမ်နီးချင်း တစ်ယောက် ရောက်လာပြီး “ဘယ်လောက် အန္တရာယ် ရှိလိုက်လဲ။ နင့်အဖီရဲ့ အမိုးက ကတ္တရာစေးအညိုရောင် တွေသုတ်ထားတဲ့ စာရွက်တွေနဲ့ ဖုံးနေတာ။ အဲဒါသာ မီးစွဲလိုက်ရင်၊ နင့်အိမ်ဘာမှကျန်မှာမဟုတ်ဘူး။ အရမ်း အန္တရာယ်ကြီးတယ်”ဟု ကျွန်မကို ပြောလိုက်သည်။ သူမ၏ စကားများကို ကြားရင်းဖြင့် ကျွန်မနှလုံးသား ထဲမှ ဘုရားသခင်ကို ဆုတောင်း၍သာနေမိတော့သည်။ ဘုရားသခင်၏ ကာကွယ်ခြင်းကြောင့် ကျွန်မအိမ်လေး ကျန်ရစ်ခဲ့ခြင်းသာ ဖြစ်ပါသည်။
နောက်ပိုင်းတွင် အဖိုးအိုတစ်ယောက်က ဆေးလိပ်ပြာချွေ လိုက်၍၊ မီးစလောင်စေခဲ့ကြောင်းကို သိခဲ့ရသည်။ မီးက နေ့လည် ၁၂ နာရီခန့်တွင် စတင်ပြီး၊ ညနေ ၅ နာရီအထိ မငြိမ်းခဲ့ပါ။ ရွာတစ်ရွာလုံးလည်း ကမောက်ကမ ဖြစ်ခဲ့ရပါသည်။ မိသားစု ၃၀ ကျော်တို့သည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို မီးထဲတွင် ဆုံးရှုံးခဲ့ရသည်။ အိမ်ပေါင်း ၃၀၀ နီးပါး အနည်းနဲ့အများ ပျက်စီးခဲ့ရသည်။ မီးက လူများကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့သည်။ ဘုရားသခင် ၏ ကာကွယ်မှုကြောင့်သာ မဟုတ်ပါက၊ ကျွန်မမိသားစု သည်လည်း ထိုမိသားစုများကဲ့သို့ တစ်ပုံစံတည်းသာ ဖြစ်မည်ပင်။ ကျွန်မ အံ့သြရသည်မှာ ကျွန်မနေအိမ်မှ ထွက်ခွာနေချိန်တွင်၊ ကျွန်မ လုပ်ဖော်ကိုင်ဖက်များက အပ်ချုပ်စက်နှင့် တီဗီတစ်စုံလုံးကို ယူသွားကြခြင်း ဖြစ်ပါသည်။ ထို့နောက် သူတို့က မီးလောင်အပြီးတွင် ၎င်းတို့အား ပြန်လာပေးကြပါသည်။ ကျွန်မသည် မိမိနှလုံးသားထဲမှ ဘုရားသခင်ကို ကျေးဇူးသာတင်နေမိ တော့သည်။ လူများ၊ အဖြစ်အပျက်များနှင့် အရာများ အားလုံးတို့သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှု အောက်တွင် ရှိပြီး၊ ဘုရားသခင်၏ အနန္တတန်ခိုးတော် နှင့် သြဇာအာဏာတို့သည် နေရာတိုင်းနှင့် အချိန်တိုင်း တွင် တည်ရှိနေကြောင်းကို ကျွန်မ အမှန်တကယ်ပင် ကြုံတွေ့ခံစားခဲ့ရပါသည်။
မီးထဲတွင် ကျွန်မ၏ တစ်ခုတည်းသော ဆုံးရှုံးမှုမှာ နွားမစင်တစ်ချို့ မီးလောင်သွားခြင်းသာ ဖြစ်ပါသည်။ ကျွန်မအိမ်နှင့် အခြားပိုင်ဆိုင်မှုများ အပျက်အစီး မရှိခဲ့ပါ။ ကျွန်မတို့ ရွာတွင် အနန္တတန်ခိုးရှင် ဘုရားသခင်ကို မကြာသေးမီကမှ လက်ခံခဲ့သူ ယုံကြည်သူအသစ်တစ်ယောက် ရှိသည်။ သူမက ကျွန်မအိမ် အနောက်တွင် နေပါသည်။ သူမ၏ ပိုင်ဆိုင်မှု သည်လည်း မီးထဲတွင် ပျက်စီးခြင်း မရှိခဲ့သောကြောင့် သူမအား ဘုရားသခင်၏ အမှုတော်ကို ပိုပြီး သေချာစေခဲ့ပါသည်။ သူမ၏ ခင်ပွန်းကပင် “အဲဒီအစ်မ ယုံကြည်တဲ့ ဘုရားသခင်က စစ်မှန်တဲ့ ဘုရားသခင် ဖြစ်တဲ့ သဘောမှာရှိတယ်။ ငါတို့ တံခါးဝကို မီးရောက် လာတဲ့အချိန်မှာမှ လေက လမ်းကြောင်းပြောင်း ရတယ်ဆိုတာကတော့ အရမ်းကို အံ့သြဖို့ကောင်းတာပဲ” ဟု ပြောခဲ့သည်။ ကျန်းမာရေး ညံ့ဖျင်းသည့် အစ်မကြီးတစ်ယောက်က လည်း ရှိသေးသည်။ သူမ၏ ခြံဝင်းထဲတွင် ပဲပင်အချို့ရှိလေသည်။ သို့သော်လည်း မီးက သူမ၏ ပဲပင်များကို ကွင်းရှောင်သွားပြီး၊ ၎င်းတို့ ဘေးပတ်လည်တွင် ရှိသည့် ထင်းများအားလုံးကို လောင်ကျွမ်းသွားခဲ့သည်။ တစ်စုံတစ်ယောက်က “အဲဒါက အရမ်းထူးဆန်းတာပဲ။ သူ့ပဲပင်တွေက ဘာဖြစ်လို့ မီးမလောင်ရတာလဲ” ဟု ပြောခဲ့သည်။ ကျွန်မတို့ ကျေးရွာထဲမှ အခြားသော အနန္တတန်ခိုးရှင် ဘုရားသခင်ကို ယုံကြည်သူ ၁၀ ယောက်ကျော်ကလည်း ဘုရားသခင် ၏ ကာကွယ်ခြင်းကို ခံရပါသည်။ သူတို့၏ နေအိမ်များနှင့် ပိုင်ဆိုင်မှုများသည် လုံးဝ ထိခိုက်ပျက်စီးခြင်း မရှိပါ။ ၎င်းတို့အားလုံးတို့သည် ဘုရားသခင်၏ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များကို တွေ့မြင်ခဲ့သည်။
ကျေးရွာတစ်ခုလုံးက မီးမှနေပြီး ဤအံ့သြဖွယ်ရာ အရာများကို တွေ့မြင်သည့်အချိန်တွင် ၎င်းတို့က ဆွေးနွေးချက် များစွာ ပြုလုပ်ခဲ့ကြသည်။ အချို့က “အဲဒါက ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဘုရားသခင်ကို ယုံကြည်ကြတော့ အိမ်နီးချင်းတွေရဲ့ အိမ်တွေပါ ကာကွယ်ခံရတာပေါ့။ ပြီးတော့ သူတို့ အိမ်တွေက လည်း မီးမလောင်ဘူးလေ။” ဟု ပြောကြသည်။ အချို့က “ကောင်းကင်က အဘိုးကြီးရဲ့ ကာကွယ်မှုကြောင့် သူတို့ အိမ်တွေ မီးမလောင်တာပေါ့” ဟု ပြောကြသည်။ သူတို့စကားများကို ကြားရင်းဖြင့် ကျွန်မနှလုံးသားထဲတွင် ဘုရားသခင်ကို ဆုတောင်းပြီး ချီးမွမ်း၍သာ နေမိတော့သည်။ ထိုအချိန်တွင် သမ္မာကျမ်းစာထဲတွင် မောရှေက ဣသရေလလူမျိုးများကို ပင်လယ်နီကို ကျော်ဖြတ်ပြီး လမ်းပြသွားခဲ့ကြောင်း မှတ်တမ်းတင်ထားသည့် လုပ်ဆောင်ချက်ကို ကျွန်မ အမှတ်ရမိခဲ့ပါသည်။ ဣသရေလလူမျိုးများသည် အဲဂုတ္တုလူမျိုး ဖါရောဘုရင်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသည်။ ၎င်းတို့သည် အဲဂုတ္တုလူမျိုးများက ပင်လယ်နီအထိ အလိုက်ခံကြရပါသည်။ သူတို့မှာ မည်သည့် ထွက်ပေါက်မှ မတွေ့သည့်အချိန်တွင်၊ ပင်လယ်ကို နှစ်ခြမ်းခွဲလိုက်သူမှာ ယေဟောဝါ ဖြစ်သည်။ ယခင်က ထိုမှတ်တမ်းများကို ကျွန်မ ဖတ်ခဲ့သည့် အချိန်တစ်ခုချင်းစီတိုင်းတွင်၊ ကျွန်မက ၎င်းတို့ကို ဇတ်လမ်းများအဖြစ်သာ ဆင်ခြင်သုံးသပ်ခဲ့သည်။ ကျွန်မက ထိုဇတ်လမ်းကို ယုံကြည်သည်ဟု သတ်မှတ်သော်လည်း၊ ကျွန်မနှလုံးသားတွင်မူ သိပ်မသေချာခဲ့ပါ။ မီးလောင်သည့်နေ့တွင် ဘုရားသခင်၏ အနန္တတန်ခိုးတော်နှင့် သြဇာအာဏာတို့သည် နေရာတိုင်းတွင် ရှိကြောင်း အမှန်တကယ် တွေ့ကြုံခံစားပြီး မြင်တွေ့ခဲ့ရသောကြောင့် ကျွန်မကို အမြင်ကျယ်စေခဲ့ပါသည်။ ကျွန်မ၏ ဘုရားသခင်ကို ချီးမွမ်းခြင်းအား ဖော်ပြရန် မည်သည့်စကားလုံးကို မျှ အသုံးမပြုနိုင်ခဲ့ပါ။ အနန္တတန်ခိုးရှင်ဘုရားသခင်က မိန့်တော်မူသကဲ့သို့ပင် “သူ၏ လုပ်ဆောင်ချက်များသည် နေရာတိုင်းတွင်ရှိ၏၊ သူ၏တန်ခိုးသည် နေရာတိုင်းတွင် ရှိ၏၊ သူ၏ ဉာဏ်ပညာသည် နေရာတိုင်းတွင်ရှိပြီး၊ သူ၏ ဩဇာအာဏာသည် နေရာတိုင်းတွင်ရှိ၏။” (ဘုရားသခင်၏ စီမံခန့်ခွဲမှုအလယ်၌သာ လူသားသည် ကယ်တင်ခြင်း ခံရနိုင်သည်) “လူသား၏ နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ဘုရားသခင်သည် လက်၌ကိုင်ဆောင်ထားပြီး၊ လူသား၏ ဘဝတစ်ခုလုံးကို ဘုရားသခင်သည် သူ၏မျက်လုံးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သင်သည် ဤအချက်ကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ သက်ရှိဖြစ်ဖြစ်၊ သက်မဲ့ဖြစ်ဖြစ် အရာအားလုံးသည် ဘုရားသခင်၏ အကြံအစည်များနှင့်အညီ ရွေ့လျားပြောင်းလဲကာ ပြန်လည်စတင်ပြီး ကွယ်ပျောက်သွားရမည်ဖြစ်သည်။ ဤသည်မှာ အရာအားလုံးကို ဘုရားသခင်တာဝန်ယူသည့် နည်းလမ်းဖြစ်သည်။” (ဘုရားသခင်သည် လူ့အသက်၏ အရင်းအမြစ်ဖြစ်သည်) ဟု ဖြစ်ပါသည်။ ထိုမီးထဲ အတွေ့အကြုံမှ တစ်ဆင့် အရေးကိစ္စအားလုံးနှင့် အရာအားလုံးတို့သည် ဘုရားသခင်က ဆုံးဖြတ်ပေးကြောင်းကို ကျွန်မ တွေ့ကြုံခံစားခဲ့ရသည်။ ထိုအရာများသည် အသက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဘုရားသခင်၏ ဆုပ်ကိုင်မှုထဲတွင် ရှိသည်။ ဘေးဒုက္ခများရှေ့တွင် လူသည် မည်မျှ အရေးမပါပဲနှင့် အကူညီမဲ့သည့်အသွင်ပေါက်သနည်း။ ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်မှု မရှိပါက၊ မည်သူကမျှ သဘာဝ နှင့် လူလုပ်သည့် ကပ်ဘေးများကို ရုန်းထွက်လွတ်မြောက်နိုင်ခြင်း မရှိပါ။
ယခုအတွေ့အကြုံအပြီးနောက်တွင်၊ ကျွန်မကို ဘုရားသခင်နှင့် သီးသန့်ခွဲထုတ်၍ မရနိုင်သကဲ့သို့၊ ကျွန်မသည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းတွင် ပို၍ ယုံကြည်မှုရှိလာသည်။ ဘုရားသခင်ကို ကျွန်မ၏ ယုံကြည်မှုသည် မရှင်းမလင်း မဖြစ်တော့ပဲနှင့် စစ်မှန်သည်။ ကျွန်မသည် ဘုရားသခင်၏ အမှုတော်တွင် ပူးပေါင်းပါဝင်လိုပြီး၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်လည်ပေးဆပ်ရန် ကျွန်မ၏ တာဝန်ကို ပြည့်စုံစေသည်။ ခပ်သိမ်းသောအမှုကိစ္စတွင် အနန္တတန်ခိုးရှင်ဘုရားသခင် ဘုန်းတော်ထင်ရှားပါစေ။