အဓိကဇာတ်ကောင်သည် ဘုရားသခင်အပေါ် သူမ၏ ယုံကြည်မှုကြောင့် အဖမ်းခံရသောအခါ စီစီပီရဲများသည် ဘုရားသခင်အပေါ် သူမ သစ္စာဖောက်ပြီး သူမ၏ ညီအစ်ကိုမောင်နှမများအကြောင်း ထုတ်ဖော်ပြောစေဖို့် အားထုတ်ရာတွင် သူမအား ညှဉ်းဆဲနှိပ်စက်ခဲ့ကြသည်။ သူတို့သည် သူမ၏လက်တို့ကို သူမနောက်တွင် တင်းကျပ်စွာချည်နှောင်သည်။ သူမ၏လက်နှင့် ကိုယ်ခန္ဓာကြားတွင် သစ်သားချောင်းတစ်ခုကို ထားပြီးနောက်၊ သူမ၏ ခြေထောက်များသည် လေထဲတွင် တွဲလောင်းဖြစ်နေပြီး သူမ၏ လက်က သူမ၏ ကိုယ်ခန္ဓာတစ်ခုလုံးအား မတင်ပေးထားစေရန်အတွက် သူမ၏ လက်နဲ့ ကိုယ်ခန္ဓာကြားတွင် သစ်သားချောင်းတစ်ခုကိုထည့်ပြီး ထိုသစ်သားချောင်းဖြင့် သူမအား ချိတ်ဆွဲထားခဲ့ကြသည်။ ဤညှဉ်းဆဲနှိပ်စက်မှုကို အကြိမ်အနည်းငယ်ခံရပြီးနောက် သူမ၏ ပခုံးတို့သည် အဆစ်လွဲသွားပြီး လက်များက ထုံထိုင်းသွားသည်။ ရဲများသည် သူမ၏ နှာခေါင်းထဲသို့ မုန်ညင်းဆီများ အတင်းထည့်သွင်းလျက်၊ သူမအား ဆက်လက် စစ်ဆေးမေးမြန်းခဲ့ကြသည်။ သူမ၏ လက်သည်းများအောက်သို့ သွားကြားထိုးတံဖြင့် ထိုးသည်။ ၎င်းတို့သည် သူမကို ကျင်စက်ဖြင့်လည်း တို့သည်။ မျက်နှာကို ရိုက်သည်။ နောက်ပိုင်းတွင် သူမအား အလုပ်ကြမ်းဖြင့် ပြုပြင်မွမ်းမံခြင်းထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့သည်။ သူမ၏ ဒုက္ခနှင့် အားနည်းခြင်းတို့အလယ်တွင် ဘုရားနှုတ်ကပတ်တော်တို့သည် သူမအား လမ်းပြခဲ့ပြီး သူမကို ယုံကြည်ခြင်းပေးခဲ့သည်။ သူမသည် စီစီပီ၏ ဘုရားကိုဆန့်ကျင်သည့်၊ နတ်ဆိုးဆန်သည့် အနှစ်သာရအပေါ် ပိုင်းခြားသိမြင်မှုကိုလည်း ရရှိခဲ့သည်။ ငါးလကြာပြီးနောက်တွင် သူမ၏ လက်များသည် ဆန်းကြယ်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူမသည် ဘုရားနှုတ်ကပတ်တော်တို့၏ ဩဇာအာဏာနှင့် ကြီးကျယ်ခမ်းနားမှုတို့အပြင် ဘုရားသခင်၏ အနန္တတန်ခိုးနှင့် အချုပ်အခြာအာဏာတို့ကို အလေးအနက် အသိအမှတ်ပြုမိခဲ့သည်။ ဤအတွေ့အကြုံသည် ဘုရားသခင်နောက်တော်သို့လိုက်ရန် သူမ၏ ယုံကြည်ခြင်းနှင့် ဆုံးဖြတ်ချက်ကို မြှင့်တက်စေခဲ့သည်။