ဘုရားသခင်က အာဗြဟံကို သားတစ်ဦးပေးမည်ဟု ကတိပေးသည်
ကမ္ဘာ ၁၇:၁၅-၁၇ တစ်ဖန် ဘုရားသခင်က သင်၏မယား စာရဲကိုမူကား စာရဲဟူသောအမည်ဖြင့် မခေါ်ရ၊ စာရာဟူသောအမည်ဖြင့် ခေါ်ရ၏။ သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။ အကယ်စင်စစ် သူ့ကိုကောင်းကြီးပေး၍ သူသည် တိုင်းနိုင်ငံအမျိုးမျိုး၏ မိခင်ဖြစ်လိမ့်မည်။ သူ၏ အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင် ဖြစ်ရကြလိမ့်မည်ဟု အာဗြဟံအားမိန့်တော်မူ၏။ ထိုအခါ အာဗြဟံသည် ပျပ်ဝပ်လျက် အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကို ဖွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။
ကမ္ဘာ ၁၇:၂၁-၂၂ သို့သော်လည်း နောင်နှစ်ချိန်းချက်သော အချိန်တွင် စာရာသည် သင့်အားဖွားလတံ့သော သားဣဇ်က်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံထံမှ တက်ကြွတော်မူ၏။
၂။ အာဗြဟံက ဣဇာက်ကို ပူဇော်ဆက်ကပ်သည်
ကမ္ဘာ ၂၂:၂-၃ သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသော သားဣဇာက်ကို ယူ၍ မောရိပြည်သို့ သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူ့ကို မီးရှို့ရာယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ အာဗြဟံသည် နံနက်စောစောထ၍ မြည်းကို ကုန်းနှီးတင်ပြီးလျှင် မိမိသားဣဇာက်နှင့် ငယ်သားနှစ်ယောက်ကို ခေါ်၍ ယဇ်ရှို့စရာထင်းကို ခွဲပြီးမှ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။
ကမ္ဘာ ၂၂:၉-၁၀ ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံသည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကို ချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။ မိမိလက်ကိုဆန့်၍ သားကိုသတ်ခြင်းငှါ ဓါးကို ကိုင်ယူလေ၏။
ဘုရားသခင် လုပ်ဆောင်ဖို့ ဆုံးဖြတ်ထားသည့် အမှုကို မည်သူမျှ မတားဆီးနိုင်
သို့ဆိုလျှင် သင်တို့အားလုံး အာဗြဟံ၏ အဖြစ်အပျက်ကို ယခုပင် ကြားကြပေပြီ။ ရေလွှမ်းမိုးခြင်းက ကမ္ဘာလောကကို ဖျက်ဆီးပြီးသည့်နောက်တွင် သူသည် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံခဲ့ရလေသည်၊ သူ၏ နာမည်မှာ အာဗြဟံဖြစ်ပြီး၊ သူ အသက်တစ်ရာရှိပြီး သူ၏မိန်းမစာရာက အသက်ကိုးဆယ်ရှိသည့် အချိန်တွင်၊ ဘုရားသခင်၏ ကတိတော်သည် သူ့ထံ ရောက်ရှိ လာခဲ့သည်။ ဘုရားသခင်သည် သူ့ကို မည်သည့်ကတိ ပြုခဲ့ပါသနည်း။ ဘုရားသခင်က၊ “သူ့ကို ငါကောင်းကြီးပေး၍ သူ့အားဖြင့်လည်း သင့်အား သားကိုပေးမည်။” ဟူသည့် ကျမ်းစာထဲတွင် ကိုးကားထားသည့်အရာကို ကတိပေးခဲ့သည်။ သူ့ကို သားပေးမည့် ဘုရားကတိတော်၏ နောက်ခံအကြောင်းရာမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ကျမ်းစာက အောက်ပါ ဖြစ်စဉ်ကို ပံ့ပိုးပေးထားသည်- “အာဗြဟံသည် ပျပ်ဝပ်လျက် အသက်တစ်ရာ ရှိသောသူသည် သားကို ရလိမ့်မည်လော။ အသက်ကိုးဆယ်ရှိသော စာရာသည် သားကို ဖွားလိမ့်မည်လောဟု ရယ်လျက် စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်။” တစ်နည်းအားဖြင့်၊ ဤအရွယ်အို ဇနီးမောင်နှံသည် ကလေးမွေးဖို့ရန် အသက်ကြီးလွန်း ခဲ့ပေသည်။ ဘုရားသခင်က သူ့ကို ကတိပြုပြီးနောက် အာဗြဟံ မည်သည့်အရာကို လုပ်ခဲ့သနည်း။ သူသည် ရယ်မောရင်း ပျပ်ဝပ်ခဲ့ပြီး၊ “အသက်တစ်ရာရှိသောသူသည် သားကို ရလိမ့်မည်လော။” ဟု သူ့ကိုယ်သူပြောခဲ့သည်။ ယင်းမှာ မဖြစ်နိုင်ဟု အာဗြဟံက ယုံကြည်ခဲ့သည်- ဆိုလိုသည်မှာ သူ့ကိုပြုခဲ့သည့် ဘုရားသခင်၏ ကတိတော်ကို ဟာသတစ်ခုထက် ဘာမျှမပိုဟု သူ ယုံကြည်ခဲ့ပေသည်။ လူ၏ ရှုထောင့်မှကြည့်ပါက၊ ဤသည်မှာ လူက စွမ်းဆောင်မရရှိနိုင်သည့် အရာတစ်ခုဖြစ်သကဲ့သို့၊ ထိုနည်းတူ ဘုရားသခင်အတွက် စွမ်းဆောင်မရနိုင်သကဲ့သို့ မဖြစ်နိုင်ခြင်းတစ်ခု ဖြစ်သည်။ အာဗြဟံအဖို့ ယင်းမှာ ရယ်စရာဖြစ်ကောင်း ဖြစ်ခဲ့ပေမည်- ဘုရားသခင်က လူသားကို ဖန်ဆင်းခဲ့သော်လည်း၊ အရွယ်အလွန် အိုသူတစ်ဦးက ကလေးမွေးနိုင်စွမ်းမရှိသည်ကို တစ်နည်းနည်းဖြင့် ကိုယ်တော် မသိရှိပုံပေါ်၏။ ကျွန်ုပ်ကို ကလေးမွေးခွင့် ပေးနိုင်လိမ့်မည်ဟု ဘုရားသခင် ထင်နေသည်၊ ကျွန်ုပ်ကို သားတစ်ယောက်ပေးမည်ဟု ကိုယ်တော်ပြောသည်- ယင်းမှာ ဧကန်မုချ မဖြစ်နိုင်။ ထို့ကြောင့်၊ အာဗြဟံက ပျပ်ဝပ်ပြီး ရယ်သည်၊ သူ့ဘာသာသူ တွေးသည်မှာ- မဖြစ်နိုင်၊ ဘုရားသခင် ကျွန်ုပ်ကို ရယ်စရာပြောနေခြင်းဖြစ်သည်၊ ဤသည်မှာ မမှန်နိုင်ဟူ၍ဖြစ်သည်။ သူသည် ဘုရားသခင် နှုတ်ကပတ်တော်များကို အလေးအနက်မထားခဲ့ပေ။ ထို့ကြောင့်ဘုရားသခင်၏အမြင်တွင် အာဗြဟံသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်ခဲ့သနည်း။ (ဖြောင့်မတ်သောသူ ဖြစ်ပါသည်။) သူသည် ဖြောင့်မတ်သောသူ ဖြစ်သည်ဟု မည်သည့်နေရာတွင် ဖော်ပြထားပါသနည်း။ ဘုရားသခင် ခေါ်သောသူအားလုံးကို ဖြောင့်မတ်သူ၊ စုံလင်သောသူ ဖြစ်သည်၊ ဘုရားသခင်နှင့် လျှောက်လှမ်းသူ အားလုံးဖြစ်သည်ဟု သင်တို့ထင်ကြသည်။ သင်တို့သည် အယူဝါဒ စောင့်ထိန်းကြပေသည်။ ဘုရားသခင်က တစ်စုံတစ်ယောက်ကို သတ်မှတ်သောအခါတွင်၊ စိတ်ကူးပေါက်ရာ ထိုသို့ မလုပ်ဆောင်သည်ကို သင်တို့ရှင်းလင်းစွာ မြင်ရမည်။ ဤနေရာတွင် ဘုရားသခင်က အာဗြဟံကို ဖြောင့်မတ်သည်ဟု မပြောခဲ့ပေ။ သူ၏ စိတ်နှလုံးထဲတွင်၊ ဘုရားသခင်သည် လူတိုင်းကို တိုင်းတာသည့် စံနှုန်းများရှိသည်။ ဘုရားသခင်က အာဗြဟံသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို မပြောခဲ့သော်လည်း၊ သူ၏အပြုအမူအရ၊ အာဗြဟံသည် ဘုရားသခင်၌ မည်သို့သော ယုံကြည်ခြင်းမျိုး ရှိခဲ့သနည်း။ အနည်းငယ် ယေဘုယျဆန်သလော။ သို့မဟုတ် ကြီးမားသော ယုံကြည်ခြင်း သူရှိခဲ့သလော။ မဟုတ်ပေ၊ မရှိခဲ့ချေ။ သူ၏ရယ်သံနှင့် အတွေးများသည် သူမည်သူဆိုသည်ကို ပြသခဲ့သည်၊ ထို့ကြောင့် သူက ဖြောင့်မတ်သည်ဟု သင်တို့၏ ယုံကြည်မှုသည် သင်တို့၏စိတ်ကူးအထင်တစ်ခုသာဖြစ်သည်၊ ယင်းသည် အယူဝါဒကို ကျိုးကြောင်းမမြင်သည့် ကျင့်သုံးမှု ဖြစ်ပြီး၊ နမော်နမဲ့ ဆန်းစစ်ချက်ဖြစ်သည်။ အာဗြဟံ ရယ်ခြင်းနှင့် သူ၏မျက်နှာ အမူအရာလေးများကို ဘုရားသခင် မြင်ခဲ့သလော။ ယင်းတို့ကို ဘုရားသခင် သိခဲ့ပါသလော။ ဘုရားသခင်သိခဲ့သည်။ သို့သော် ဘုရားသခင်သည် သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာကို ပြောင်းမည်လော။ မပြောင်းပေ။ ဤလူကို ရွေးမည်ဟု ဘုရားသခင် စီစဉ်ခဲ့ပြီး ဆုံးဖြတ်ခဲ့ချိန်တွင်၊ ယင်းသည် ဖြစ်မြောက်ခဲ့ပေသည်။ လူသားအတွေးအခေါ်ရော သူ၏အပြုအမူကပါ ဘုရားသခင်ကို စိုးစဉ်းမျှပင် မလွှမ်းမိုးနိုင် သို့မဟုတ် အနှောင့်အယှက် မပေးနိုင်ပေ။ မသိနားမလည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည့် အပြုအမူဖြစ်သော၊ လူသား၏ အပြုအမူကြောင့် ဘုရားသခင်သည် သူ၏အစီအစဉ်ကို စိတ်ကူးပေါက်ရာ ပြောင်းမည်မဟုတ်သကဲ့သို့ သူ၏အစီအစဉ်ကို လွှတ်ခနဲ မပြောင်းပေ သို့မဟုတ် ကမောက်ကမ ဖြစ်စေမည် မဟုတ်ပေ။ သို့ဆိုလျှင် ကမ္ဘာဦးကျမ်း ၁၇:၂၁-၂၂ ထဲ၌ အဘယ်အရာ ရေးထားသနည်း။ “သို့သော်လည်း နောင်နှစ်ချိန်းချက်သော အချိန်တွင် စာရာသည် သင့်အားဖွားလတံ့သော သားဣဇာက်၌ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင် မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြဟံထံမှ တက်ကြွတော်မူ၏။” ဘုရားသခင်သည် အာဗြဟံ တွေးခဲ့သည့်အရာ သို့မဟုတ် ပြောခဲ့သည့်အရာကို စိုးစဉ်းမျှ အာရုံမစိုက်ခဲ့ပေ။ သူ၏ အရေးမလုပ်ခြင်းအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ဘုရားသခင်သည် လူသားကို ကြီးမားသည့် ယုံကြည်ခြင်းရှိဖို့ သို့မဟုတ် ဘုရားသခင်နှင့် သက်ဆိုင်သည့် ကြီးမားသော အသိပညာရှိနိုင်စွမ်းရှိဖို့ သို့မဟုတ်၊ သည့်အပြင်၊ ဘုရားသခင် လုပ်ဆောင်ပြီး ပြောခဲ့သည့်အရာကို နားလည်နိုင်ဖို့ မတောင်းဆိုခဲ့သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသား၏ ဝိညာဉ်ရင့်ကျက်မှုမှာ တကယ်ကို မလုံလောက်သည့် အတွက်၊ သူလုပ်ဖို့ရန် ဆုံးဖြတ်ထားသည့်အရာ၊ သို့မဟုတ် ရွေးချယ်ရန် သူဆုံးဖြတ်ထားသည့် လူများ၊ သို့မဟုတ် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများကို အပြည့်အဝ နားလည်ဖို့ လူသားကို သူမတောင်းဆိုခဲ့ချေ။ ထိုအချိန်က အာဗြဟံ အဘယ်အရာပင်လုပ်ခဲ့သည်ဖြစ်စေ မိမိကိုယ်ကိုယ် မည်သို့ ပြုမူခဲ့သည် ဖြစ်စေ ဘုရားသခင်က ပုံမှန်အဖြစ် မှတ်ယူခဲ့သည်။ သူသည် မရှုတ်ချခဲ့ သို့မဟုတ် အပြစ်ဖော်ကာ မဆုံးမခဲ့ဘဲ၊ “နောင်နှစ်ချိန်းချက်သောအချိန်တွင် စာရာက သင့်အား ဣဇာက်ကိုဘွားလတံ့” ဟု မျှသာ ပြောခဲ့သည်။ ဘုရားသခင်အဖို့ ဤနှုတ်ကပတ်တော်များကို ကြေငြာပြီးသည့်နောက်တွင်၊ ဤကိစ္စသည် တစ်ဆင့်ပြီးတစ်ဆင့် အမှန်တကယ်ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ အမြင်တွင်၊ သူ၏အစီအစဉ်အားဖြင့် ဖြစ်မြောက်ရမည့်အရာသည် စွမ်းဆောင်ရရှိခဲ့နှင့်ပြီးဖြစ်သည်။ ဤအတွက် အစီအစဉ်များကို ပြီးစီးသည့်နောက်တွင်၊ ဘုရားသခင် ထွက်ခွာသွားခဲ့သည်။ လူသား လုပ်သည့်အရာ သို့မဟုတ် တွေးသည့်အရာ၊ လူသား နားလည်သည့်အရာ၊ လူသား၏ အစီအစဉ်များ- ဤအရာထဲမှ မည်သည့်အရာမျှ ဘုရားသခင်နှင့် မည်သို့မျှ ဆက်နွှယ်ယ်မှုမရှိပေ။ အရာရာတိုင်းက ဘုရားသခင်၏ အစီအစဉ်အတိုင်း၊ ဘုရားသခင် ချမှတ်ထားသော အချိန်ကာလများနှင့် အဆင့်များနှင့်အညီ ရှေ့ဆက်လေသည်။ ယင်းမှာ ဘုရားအမှုတော်၏ အခြေခံသဘောတရားဖြစ်သည်။ ဘုရားသခင်သည် လူသားက အဘယ်အရာတွေးတွေး၊ အဘယ်အရာသိသိ ဝင်ရောက်မစွက်ဖက်ပေ၊ သို့သော် လူသားက မယုံကြည်၊ နားမလည်ရုံမျှကြောင့် သူ၏အစီအစဉ်ကိုလည်း မစွန့်လွှတ်ပေ သို့မဟုတ် သူ၏အမှုတော်ကိုလည်း မစွန့်လွှတ်ပေ။ ထို့ကြောင့် အဖြစ်မှန်များသည် ဘုရားသခင်၏ အစီအစဉ်နှင့် အတွေးများအရ ဖြစ်မြောက်သည်။ ဤသည်မှာ ကျမ်းစာထဲ၌ ငါတို့ အတိအကျ တွေ့ရသည့်အရာဖြစ်သည်- ဘုရားသခင်သည် သူချိန်းချက်ထားသောအချိန်၌ ဣဇာက်ကို မွေးဖွားစေခဲ့သည်။ လူသား ပြုမူနေထိုင်မှုနှင့် အပြုအမူက ဘုရားသခင်၏ အမှုတော်ကို တားဆီးသည်ဟု အချက်အလက်များက သက်သေပြပါသလော။ ယင်းတို့သည် ဘုရားသခင်၏ အမှုတော်ကို မတားဆီးခဲ့ချေ။ ဘုရားသခင်၌ရှိသည့် လူသား၏ သေးငယ်သော ယုံကြည်ခြင်း၊ ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများနှင့် စိတ်ကူးတို့သည် ဘုရားသခင်၏ အမှုတော်ကို ထိခိုက်စေခဲ့ပါသလော။ မထိခိုက်စေခဲ့။ နည်းနည်းလေးမျှ မထိခိုက်စေခဲ့ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်ကို မည်သည့်လူသား၊ မည်သည့်ကိစ္စ၊ သို့မဟုတ် မည်သည့်ဝန်းကျင်ကမျှ မထိခိုက်စေပေ။ သူလုပ်မည်ဟု ဆုံးဖြတ်ထားသည့်အရာ အားလုံးသည် အချိန်မီနှင့် သူ၏အစီအစဉ်အတိုင်း ပြီးပြည့်စုံကာ ဖြစ်မြောက်လိမ့်မည် ဖြစ်သကဲ့သို့၊ သူ၏အမှုကို မည်သည့်လူသားမျှ မနှောင့်ယှက်နိုင်ပေ။ ဘုရားသခင်သည် လူသား၏မိုက်မဲမှုနှင့် မသိနားမလည်မှုနှင့် သက်ဆိုင်သည့် အချို့သော ရှုထောင့်များနှင့် သူ့အပေါ် လူသား၏ ခုခံမှုနှင့် အယူအဆအချို့ကိုပင် လျစ်လျူရှုပြီး၊ ဂရုမထားဘဲ သူလုပ်ရမည့်အမှုကို လုပ်ဆောင်လေသည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်း၏ ထင်ဟပ်မှုတစ်ခု ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” မှ