၁
အောင်နိုင်သူရှင်ဘုရင်သူ၏ပလ္လင်၌ထိုင်တော်မူ၊
ရွေးနုတ်ကယ်တင်ခြင်းအမှုပြီးမြောက်ခဲ့ပြီ၊
သူသည်သူ့ လူမျိုးတို့ကို လမ်းပြကာဘုန်းတော်ဖြင့် ထင်ရှားစေသည်။
စကြဝဠာကြီးကိုသူ၏လက်ဖြင့်ဆုပ်ကိုင်
ဉာဏ်ပညာ၊ ခွန်အားတို့ဖြင့်သူသည်ဇိအုန်ကိုတည်၍မြဲမြံစေ၊
သူ၏ဘုန်းအာနုဘော်ဖြင့်သူသည်ဒုစရိုက်ကမ္ဘာ…
လူမျိုးနွယ်အားလုံး၊ ကမ္ဘာမြေကြီး၊ပင်လယ်၊ အထဲ၌ရှိသမျှသက်ရှိအရာအားလုံးကိုအပြစ်စီရင်၊
ကာမ၌ယစ်မူးသူတို့ကိုအပြစ်စီရင်
၂
ထိုသူတို့ကြောင့်သူသည်ဒေါသအမျက်ထွက်၍ သူ့ဘုန်းအာနုဘော်ကိုဖော်ပြလိမ့်မည်
ချက်ချင်းတရားစီရင်ခြင်းဖြင့် သူ၏အမျက်ဒေါသသည် သူတို့ပြစ်မှုများကိုလောင်ကျွမ်းစေမည်။
ထိုသူတို့အပေါ်အချိန်မရွေးဘေးဒုက္ခကျရောက်လိမ့်မည်
ပုန်းရှောင်ရန်သော်လည်းကောင်း၊ ထွက်ပြေးလွှတ်မြောက်ရန်သော်လည်းကောင်းနေရာမရှိ၊
ထိုသူတို့ငိုကြွေး၊ အံသွားခဲကြိတ်၍ပျက်စီးခြင်းသို့ရောက်လိမ့်မည်
ဘုရား၏အောင်နိုင်သူချစ်သားများ
ဇိအုန်၌မုချနေရကာ၊ ဘယ်တော့မှစွန့်ခွာသွားကြမည်မဟုတ်
အားလုံးသူ၏အသံကိုနားထောင် ၍သူ၏အမှုတို့ကိုအလေးထားကြလိမ့်မည်
သူတို့ချီးမွမ်းသံများဘယ်တော့မှရပ်တန့်သွားမည်မဟုတ်
တစ်ပါးတည်းသောစစ်မှန်သည့်ဘုရားပေါ်ထွန်းခဲ့ပြီ
ကမ္ဘာလောက၏အဆုံးသတ်သည်ကျွန်ုပ်တို့ ရှေ့မှောက်၌ဖြစ်ပေါ်လျက်ရှိ
နောက်ဆုံးသောနေ့ရက်ကာလ၌ တရားစီရင်ခြင်းသည် စတင်ခဲ့ပြီးလေပြီ။
အားလုံးသူ၏အသံကိုနားထောင် ၍သူ၏အမှုတို့ကိုအလေးထားကြလိမ့်မည်
သူတို့ချီးမွမ်းသံများဘယ်တော့မှရပ်တန့်သွားမည်မဟုတ်
အားလုံးသူ၏အသံကိုနားထောင် ၍သူ၏အမှုတို့ကိုအလေးထားကြလိမ့်မည်
သူတို့ချီးမွမ်းသံများဘယ်တော့မှရပ်တန့်သွားမည်မဟုတ်
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ