ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ရည်ရွယ်ကာ နောဧကို သင်္ဘောဆောက်ရန် ညွှန်ကြားသည်
ကမ္ဘာဦး ၆:၉-၁၄ နောဧအတ္ထုပ္ပတ္တိဟူမူကား၊ နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။ ဘုရားသခင်နှင့် အတူသွားလာ၏။ နောဧသည် ရှေမ၊ ဟာမ၊ ယာဖက်တည်းဟူသော သားသုံးယောက်ကို မြင်လေ၏။ ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။ ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောခါ၊ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။ ထိုအခါ ဘုရားသခင်သည်၊ နောဧအား မိန့်တော်မူသည်ကား၊ သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။ ဂေါဖရသစ်သားဖြင့် သင်္ဘောကို ကိုယ်ဘို့ တည်လုပ်လော့။ အထဲ၌လည်း အခန်းများကို လုပ်လော့။ အတွင်း၊ ပြင်၊ ပတ်လည်ကို ထင်းရူးစေးနှင့်သုတ်လော့။
ကမ္ဘာဦး ၆:၁၈-၂၂ သင်၌မူကား၊ ငါ့ပဋိညာဉ်ကို ငါတည်စေမည်။ သင်သည် သား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ ဝင်ရမည်။ အသက်ရှင်သော တိရစ္ဆာန် အမျိုးမျိုးထဲက၊ အထီးအမ၊ အစုံတို့ကိုယူ၍၊ သင်နှင့်အတူ အသက်ချမ်းသာစေခြင်းငှါ၊ သင်္ဘောထဲသို့ သွင်းရမည်။ ငှက်လည်းအမျိုးအလိုက်၊ သားလည်း အမျိုးအလိုက်၊ တွားတက်သော တိရစ္ဆာန်အပေါင်းလည်း အမျိုးအလိုက်၊ အထီးအမ၊ အစုံတို့သည် အသက်ချမ်းသာ စေခြင်းငှါ၊ သင့်ထံသို့ လာကြလိမ့်မည်။ ကိုယ်စားစရာအဘို့၊ တိရစ္ဆာန်တို့ စားစရာအဘို့၊ စားအပ်သော အစာအမျိုးမျိုးကို ယူ၍ သိုထားရမည်ဟု၊ ဘုရားသခင် မှာထားတော်မူ၏။ မှာထားတော်မူသည် အတိုင်းလည်း နောဧ ပြုလေ၏။
ဤကျမ်းပိုဒ်များကိုဖတ်ပြီးသည့်နောက် နောဧ မည်သူဖြစ်သည်ကို သင်တို့အနေဖြင့် အကြမ်းဖျင်း သိနားလည်ခြင်း တစ်ခု ယခု ရှိကြသလော။ နောဧက မည်သို့သောပုဂ္ဂိုလ်မျိုးဖြစ်ခဲ့သနည်း။ မူရင်းစာက၊ “နောဧသည် ဖြောင့်မတ်သောသူ၊ မိမိအမျိုး၌ စုံလင်သောသူဖြစ်၏။” ဟုဆိုထားသည်။ ခေတ်သစ်လူများ၏ နားလည်မှုအရ၊ ထိုအချိန်အခါက “ဖြောင့်မတ်သောသူ” ဆိုသည်မှာ မည်သို့သော လူမျိုးနည်း။ ဖြောင့်မတ်သောသူသည် စုံလင်သည့်သူ ဖြစ်ရပေမည်။ ဤစုံလင်သည့်လူသည် လူ့အမြင်၌ စုံလင်သည်၊ သို့တည်းမဟုတ် ဘုရားသခင်၏ အမြင်၌ စုံလင်ခြင်းသည် ဆိုသည်ကို သင်တို့သိသလော။ ဤစုံလင်သည့် လူသည် လူ့အမြင်တွင် မဟုတ်ဘဲ၊ ဘုရားသခင်၏အမြင်၌ စုံလင်သည့်သူ ဖြစ်သည်မှာ ယုံမှားဖွယ်ရာမရှိပေ။ ဤအရာသည် သေချာ၏။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် လူသားသည် မျက်စိကန်းပြီး မမြင်နိုင်သောကြောင့်ဖြစ်ပြီး ဘုရားသခင်သည်သာ ကမ္ဘာတစ်ခုလုံးနှင့် လူတစ်ဦးချင်းစီတိုင်း အပေါ် ကြည့်ရှုကာ နောဧသည် စုံလင်သောသူဖြစ်သည်ကို ဘုရားသခင် တစ်ပါးတည်းသာ သိသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန် ဖြစ်သော ဘုရားသခင်၏အစီအစဉ်သည် နောဧကို သူခေါ်သည့် အခိုက်အတန့်မှ စတင်ခဲ့သည်။
ထိုခေတ်တွင် ဘုရားသခင်သည် အင်မတန် အရေးကြီးသည့် အရာတစ်ခုကိုလုပ်ဆောင်ဖို့ နောဧကို ခေါ်ရန် ရည်ရွယ်ခဲ့သည်။ အဘယ်ကြောင့် ဤအလုပ်ကို လုပ်ဆောင်ခဲ့ရသနည်း။ ထိုအခိုက်အတန့်တွင် ဘုရားသခင်သည် သူ၏ စိတ်နှလုံးထဲတွင် ဘုရားသခင်သည် အစီအစဉ်တစ်ခု ရှိခဲ့သောကြောင့် ဖြစ်သည်။ သူ၏အစီအစဉ်မှာ ကမ္ဘာကြီးကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးရန်ဖြစ်သည်။ ကမ္ဘာကြီးကို သူ အဘယ်ကြောင့် ဖျက်ဆီးသနည်း။ ဤတွင် ပြောထားသည်မှာ- “ထိုအခါ မြေကြီးသည် ဘုရားသခင့်ရှေ့မှာ ပုပ်စပ်လျက်ရှိ၏။ မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” ဟူ၍ဖြစ်သည်။ “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဟူသည့် စကားရပ်မှ သင်တို့ မည်သည့်အရာကို နားလည်ကြသနည်း။ ယင်းမှာ ကမ္ဘာလောကနှင့် ကမ္ဘာသူကမ္ဘာသားများသည် အဆုံးစွန်အထိ ဖောက်ပြန်ပျက်စီးလာပြီးဖြစ်သည့် ကမ္ဘာမြေပေါ်က ဖြစ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် “မြေကြီးသည် အဓမ္မအမှုနှင့် ပြည့်စုံလေ၏။” ယနေ့ခေတ်စကားဖြင့်၊ “အဓမ္မအမှုနှင့် ပြည့်စုံလေ၏” ဆိုသည်မှာ အရာအားလုံး ကမောက်ကမဖြစ်နေခြင်းကို ဆိုလိုသည်။ လူသားအဖို့ ဘဝ၏ ကဏ္ဍတိုင်းတွင် စနစ်ကျသည့် ပုံစံအားလုံး ပျောက်ဆုံးသွားပြီး အရာရာသည် ဖရိုဖရဲဖြစ်ကာ စီမံခန့်ခွဲ၍မရနိုင်ဖြစ်လာသည်ဟု ဆိုလိုသည်။ ဘုရားသခင်၏အမြင်တွင်၊ ယင်းမှာ ကမ္ဘာသူ ကမ္ဘာသားများ အလွန် ဖောက်ပြန်ပျက်စီးလာခဲ့ကြပြီဟု ဆိုလိုသည်။ သို့သော် မည်သည့်အတိုင်းအတာထိ ဖောက်ပြန်ပျက်စီး ကြသနည်း။ ဘုရားသခင်က မကြည့်နိုင်တော့သည့်အထိ၊ သို့မဟုတ် ၎င်းတို့နှင့်ပတ်သက်၍ သည်းမခံနိုင်တော့သည်အထိ ဖောက်ပြန်ပျက်စီးကြသည်။ ဘုရားသခင်က ၎င်းတို့ကို ဖျက်ဆီးပစ်ရန် ရည်ရွယ်သည်အထိ ဖောက်ပြန်ပျက်စီး ကြလေသည်။ ကမ္ဘာလောကို ဖျက်ဆီးရန် ဘုရားသခင် ဆုံးဖြတ်ခဲ့ချိန်တွင်၊ သင်္ဘောတစ်စီး တည်ဆောက်ဖို့ တစ်စုံတစ်ဦးကို ရှာဖွေရန် သူ စီစဉ်ခဲ့သည်။ ဘုရားသခင်က ဤအလုပ်ကို ဆောင်ရွက်ရန် နောဧကို ရွေးချယ်ခဲ့သည်။ ဆိုလိုသည်မှာ နောဧကို သင်္ဘောဆောက် စေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် နောဧကို သူရွေးချယ်ခဲ့သနည်း။ ဘုရားသခင်၏ အမြင်တွင် နောဧသည် ဖြောင့်မတ်သည့် လူတစ်ဦး ဖြစ်သည်။ ဘုရားသခင်က သူ့ကို လုပ်ဆောင်ဖို့ မည်သည့်အရာ ညွှန်ကြားသည်ဖြစ်စေ လျော်ညီစွာ နောဧက လုပ်ဆောင်ခဲ့ပေသည်။ ယင်းမှာ နောဧသည် သူ့ကို ဘုရားသခင် လုပ်ဆောင်ရန် ပြောသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် လိုလားလျက် ရှိခဲ့သည်ဟု ဆိုရပေမည်။ ဘုရားသခင်သည် သူနှင့်အတူ အမှုပြုဖို့၊ သူပေးအပ်ထားသည့်အရာကို ပြည့်စုံစေဖို့- ကမ္ဘာမြေပေါ်က သူ၏ အမှုကို ပြည့်စုံစေဖို့- ဤကဲ့သို့သော တစ်စုံတစ်ဦးကို ရှာတွေ့လိုခဲ့ပေသည်။ ထိုအချိန်အခါက ထိုသို့သော အလုပ်ကို ပြည့်စုံစေနိုင်မည့်သူ နောဧအပြင် အခြားလူ ရှိခဲ့ပါသလော။ သေချာပေါက် မရှိခဲ့ပေ။ နောဧသည် တစ်ဦးတည်းသော သင့်တော်သူ၊ ဘုရားသခင် ပေးအပ်သည့်အရာကို ပြည့်စုံစေနိုင်မည့် တစ်ဦးတည်းသော လူ ဖြစ်ခဲ့ပြီး၊ ထို့ကြောင့် ဘုရားသခင်က သူ့ကို ရွေးချယ်ခဲ့လေသည်။ သို့ရာတွင် လူတို့ကို ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ အကန့်အသတ်များနှင့် စံသတ်မှတ်ချက်များမှာ ထိုအချိန်ကကဲ့သို့ ယခု အတူတူဖြစ်ပါသလော။ အဖြေမှာ တကယ်ကို ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ အဘယ်ကြောင့် ဤအရာကို ငါမေးသနည်း။ ထိုအချိန် အတောအတွင်းတွင် ဘုရားသခင်၏အမြင်၌ နောဧသည် တစ်ဦးတည်းသော ဖြောင့်မတ်သည့်လူဖြစ်ခဲ့သည်၊ ယင်းက သူ၏ မိန်းမ၊ သူ၏သားများ သို့မဟုတ် ချွေးမများထဲမှ မည်သူမျှ ဖြောင့်မတ်သည့်လူများ မဟုတ်ခဲ့ဟု သွယ်ဝိုက် ညွှန်းဆိုပေသည်၊ သို့ရာတွင် ဘုရားသခင်သည် နောဧကြောင့် ၎င်းတို့ကို ချမ်းသာပေးဆဲဖြစ်ခဲ့ပေသည်။ ဘုရားသခင်သည် ယခု သူတောင်းဆိုသကဲ့သို့၊ ၎င်းတို့အပေါ် တောင်းဆိုမှုများ မထားခဲ့ဘဲ၊ ယင်းအစား နောဧ၏မိသားစု ရှစ်ယောက်လုံးကို အသက်ရှင်မြဲ ရှင်စေခဲ့သည်။ နောဧ၏ ဖြောင့်မတ်မှုကြောင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာကို ၎င်းတို့ ရရှိခဲ့ကြသည်။ နောဧ မရှိဘဲနှင့်၊ ဘုရားသခင် ပေးအပ်ခဲ့သည့်အရာကို ၎င်းတို့ထဲမှမည်သူမျှ ပြည့်စုံစေနိုင်ခဲ့မည်မဟုတ်ပေ။ ထို့ကြောင့် နောဧသည် ထိုသို့ ကမ္ဘာကို ဖျက်ဆီးခြင်းမှ အသက်ရှင်ကျန်သင့်သည့် တစ်ဦးတည်းသောလူဖြစ်ခဲ့ပြီး၊ အခြားသူများမှာ ဆက်စပ်အကျိုးခံစားရသည့်သူများ ဖြစ်ခဲ့သည်။ ဤအရာက ဘုရားသခင်သည် သူ၏ စီမံခန့်ခွဲသည့်အမှုကို တရားဝင် မစတင်မီ ခေတ်ကာလထဲတွင်၊ လူတို့ကို သူဆက်ဆံခဲ့ပြီး တောင်းဆိုခဲ့သည့် အခြေခံသဘောတရားများနှင့် စံနှုန်းများသည် အတော်အတန် သက်သာမှုရှိခဲ့သည်ကို ပြပေသည်။ ယနေ့ခေတ်လူများအဖို့ နောဧ၏မိသားစု ရှစ်ယောက်ကို ဘုရားသခင် ဆက်ဆံခဲ့သည့်ပုံစံသည် “မျှတမှု” မရှိဟု ထင်ရသည်။ သို့သော် ယခု လူတို့အပေါ် သူလုပ်ဆောင်သည့် ကြီးမားသော အမှုပမာဏနှင့် ယခု သူ သိရှိစေသည့် ကြီးမားသော သူ၏နှုတ်ကပတ်တော် ပမာဏနှင့် ယှဉ်ကြည့်လျှင်၊ နောဧ၏ မိသားစု ရှစ်ယောက်ကို ဘုရားသခင်၏ ဆက်ဆံမှုသည် ထိုအချိန်က သူ၏အမှု နောက်ခံအကြောင်းအရာကို ပေးထားသည့် အမှု၏ အခြေခံသဘောတရားတစ်ခုသာ ဖြစ်သည်။ ယှဉ်ကြည့်ခြင်းဖြင့် နောဧ၏ မိသားစု ရှစ်ယောက်သည် ဘုရားသခင်ထံမှ သာ၍ရရှိသလော သို့မဟုတ် ယနေ့ခေတ် လူများက သာ၍ရရှိသလော။
နောဧသည် ခေါ်ခြင်းခံရသည်မှာ ရိုးရှင်းသည့် အချက်တစ်ခုဖြစ်သော်လည်း၊ ဤမှတ်တမ်းထဲက ဘုရားသခင်၏ စိတ်သဘောထား၊ သူ၏အလိုတော်နှင့် သူ၏အနှစ်သာရဖြစ်သည့် ငါတို့ပြောဆိုနေသည့် အဓိကအချက်ဖြစ်မှာ မရိုးရှင်းပေ။ ဘုရားသခင်၏ ဤသွင်ပြင်လက္ခဏာအချို့ကို နားလည်ရန်၊ ပထမဦးစွာ ဘုရားသခင် ခေါ်လိုသည့် လူစားမျိုးကို ငါတို့ နားလည်ရမည်၊ ပြီးလျှင် ဤအရာမှတစ်ဆင့် သူ၏စိတ်သဘောထား၊ အလိုနှင့် အနှစ်သာရတို့ကို နားလည်ရမည် ဖြစ်သည်။ ဤသည်မှာ အရေးကြီးလှပေသည်။ သို့ဆိုလျှင် ဘုရားသခင်၏ အမြင်တွင်၊ သူခေါ်သည့် ဤလူသည် မည်သို့သော လူစားမျိုး ဖြစ်ပါသနည်း။ ဤသူမှာ သူ၏ နှုတ်ကပတ်တော်များကို နားထောင်နိုင်သူနှင့် သူ၏ညွှန်ကြားချက်များကို လိုက်လျှောက်နိုင်သူ ဖြစ်ရပေမည်။ တစ်ချိန်တည်းတွင် ဤသူသည် တာဝန်သိစိတ် ရှိသူ၊ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ၎င်းတို့ ဖြည့်ဆည်းရမည့် တာဝန်နှင့် ဝတ္တရားအဖြစ် သဘောထားခြင်းဖြင့် ဆောင်ရွက်မည့်သူတစ်ဦးလည်း ဖြစ်ရပေမည်။ သို့ဆိုလျှင် ဤလူသည် ဘုရားသခင်ကို သိရှိသောသူတစ်ဦး ဖြစ်ဖို့ လိုအပ်ပါသလော။ မလိုအပ်ပေ။ ထိုအချိန်အခါက နောဧသည် ဘုရားသခင်၏ သွန်သင်မှုများကို သိပ်မကြားဖူးခဲ့ပေ သို့မဟုတ် ဘုရားသခင်၏အမှုကို မတွေ့ကြုံဖူးခဲ့ပေ။ ထို့ကြောင့် နောဧသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာ အလွန် နည်းပါးခဲ့သည်။ နောဧသည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခဲ့သည်ဟု ဤနေရာတွင် မှတ်တမ်းတင် ထားသော်လည်း၊ ဘုရားသခင်၏ ဇာတိအဖြစ်တော်ကို သူ မြင်ခဲ့ဖူးပါသလော။ အဖြေမှာ လုံးဝ မမြင်ဖူးပေ။ အဘယ်ကြောင့်ဆိုသော် ထိုနေ့ရက်များတွင် ဘုရားသခင်၏ စေတမန်များသာ လူတို့အလယ် လာခဲ့ပေသည်။ ၎င်းတို့သည် အမှုအရာများကို ပြောဆိုခြင်းနှင့် လုပ်ဆောင်ရာတွင်၊ ဘုရားသခင်ကို ကိုယ်စားပြုနိုင်ခဲ့သော်လည်း၊ ၎င်းတို့သည် ဘုရားသခင်၏အလိုနှင့် ရည်ရွယ်ချက်များကို သယ်ဆောင်ပေးရုံမျှသာ ဖြစ်ခဲ့သည်။ ဘုရားသခင်၏ ဇာတိအဖြစ်တော်သည် လူသားကို မျက်နှာချင်းဆိုင် ထုတ်ဖော်ပြခြင်း မရှိခဲ့ပေ။ ကျမ်းစာ၏ ဤအပိုင်း၌ ငါတို့ အခြေခံအားဖြင့် မြင်ကြရသည်မှာ နောဧ လုပ်ဆောင်ဖို့ရှိခဲ့သည့်အရာနှင့် သူ့အဖို့ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်ခဲ့သည်ဆိုသည်တို့ ဖြစ်သည်။ သို့ဆိုလျှင် ဤနေရာတွင် ဘုရားသခင်ဖော်ပြခဲ့သည့် အနှစ်သာရမှာ မည်သည့်အရာ ဖြစ်ခဲ့သနည်း။ ဘုရားသခင်လုပ်ဆောင်သည့် အရာအားလုံးသည် တိတိကျကျ စီစဉ်ထားခြင်းဖြစ်သည်။ ဘုရားသခင်သည် အမှုအရာတစ်ခုကို မြင်သည့်အခါ၊ သို့မဟုတ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သည့်အခါ၊ သူ၏ အမြင်တွင် ယင်းကို တိုင်းတာဖို့ စံတစ်ခု ရှိပြီး၊ ဤစံနှုန်းက ယင်းကို ကိုင်တွယ်ဖြေရှင်းဖို့ အစီအစဉ် တစ်ခု သူ စတင်သည် မစတင်သည်၊ သို့မဟုတ် ဤအရာ သို့မဟုတ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းရာတွင် မည်သည့်နည်းလမ်း ခံယူရမည်ဆိုသည်ကို အကြောင်းအရာများကို ဆုံးဖြတ်ပေးလေသည်။ သူသည် အရာရာအပေါ် စိတ်မဝင်စားခြင်း သို့မဟုတ် ခံစားချက်မရှိခြင်း မဟုတ်ပေ။ ယင်းသည် အမှန်တကယ်တွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်က နောဧကိုပြောခဲ့သည့် အရာကို ဖော်ပြသည့် ကျမ်းတစ်ချက် ရှိသည်- “သတ္တဝါအပေါင်းတို့၏ အဆုံးသည် ငါ့မျက်မှောက်တွင် ပေါ်လာပြီ။ သူတို့ကြောင့် မြေကြီးသည် အဓမ္မမှုနှင့် ပြည့်စုံလေ၏။ အကယ်စင်စစ် မြေကြီးနှင့်တကွ သူတို့ကို ငါဖျက်ဆီးမည်။” ဤအရာကို ဘုရားသခင် ပြောဆိုခဲ့ချိန်တွင်၊ သူသည် လူသားများကိုသာ ဖျက်ဆီးမည်ဟု ဆိုလိုခဲ့ပါသလော။ မဟုတ်ပေ။ ဘုရားသခင်က သူသည် အသွေးအသားရှိသည့် သက်ရှိသတ္တဝါအားလုံးကို ဖျက်ဆီးမည်ဟု ပြောခဲ့ပေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဖျက်ဆီးခြင်းကို လိုချင်ခဲ့သနည်း။ ဤနေရာတွင် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် နောက်ထပ် ဖွင့်ပြချက်ရှိပေသည်။ ဘုရားသခင်၏ အမြင်တွင် လူသား၏ ဖောက်ပြန်ပျက်စီးမှု၊ သတ္တဝါ အားလုံးတို့၏ ညစ်ညမ်းမှု၊ အဓမ္မအမှုနှင့် မနာခံမှုတို့အပေါ် သူ၏သည်းခံမှု အကန့်အသတ် တစ်ခုရှိပေသည်။ သူ၏ အကန့်အသတ်သည် မည်သည့်အရာဖြစ်သနည်း။ ဘုရားသခင်၊ “ဘုရားသခင်သည် မြေကြီးကို ကြည့်ရှုသောအခါ ပုပ်စပ်လျက်ရှိသည်ကို မြင်တော်မူ၏။ အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ။” ဟု ပြောခဲ့သကဲ့သို့ ဖြစ်သည်။ “အကြောင်းမူကား မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဖေါက်ပြန်ခြင်းသို့ ရောက်ကြပြီ” ဟူသည့် စကားရပ်သည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းက ဘုရားသခင်နောက် လိုက်ခဲ့ကြသူများ၊ ဘုရားသခင်၏ နာမကို ခေါ်ဆိုခဲ့ကြသူများ၊ တစ်ချိန်က ဘုရားသခင်ထံ မီးရှို့ရာယဇ်ကို ပူဇော်ခဲ့ကြသူများ၊ ဘုရားသခင်ကို နှုတ်အားဖြင့် ဝန်ခံပြီး ချီးမွမ်းပင် ချီးမွမ်းခဲ့ကြသူများအပါအဝင် မည်သည့် သက်ရှိ သတ္တဝါကိုမဆို ဆိုလိုပေသည်- ၎င်းတို့၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးမှုတို့နှင့်ပြည့်ပြီး ဘုရားသခင်၏ မျက်မှောက်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့ကို ဘုရားသခင် ဖျက်ဆီးရမည် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏ အကန့်အသတ် ဖြစ်၏။ သို့ဆိုလျှင် ဘုရားသခင်သည် လူသားနှင့် သတ္တဝါအားလုံး၏ ဖောက်ပြန်ပျက်စီးခြင်းနှင့်ပတ်သက်၍ မည်မျှ အတိုင်းအတာထိ သည်းခံမြဲ သည်းခံခဲ့သနည်း။ ဘုရားသခင်၏ နောက်လိုက်များ ဖြစ်စေ သို့မဟုတ် မယုံကြည်သူများဖြစ်စေ လူအားလုံးသည် လမ်းမှန်ကို လျှောက်မနေခဲ့သည့် အတိုင်းအတာထိဖြစ်သည်။ လူသားသည် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ဖောက်ပြန်ပျက်စီးကာ မကောင်းမှုနှင့်ပြည့်ရုံသာမက၊ ကမ္ဘာလောကကို ဘုရားသခင်က အုပ်စိုးပြီး၊ ဘုရားသခင်သည် လူတို့ကို အလင်းနှင့် မှန်ကန်သည့်လမ်းကြောင်းကို ယူဆောင်ပေးနိုင်သည်ဟု ယုံကြည်သူ တစ်ဦးတစ်လေ ရှိဖို့မဆိုထားနှင့်၊ ဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်ခဲ့သူ တစ်ဦးမျှ မရှိခဲ့သည့် အတိုင်းအတာအထိ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တည်ရှိမှုကို စက်ဆုပ်ရွံရှာပြီး ဘုရားသခင်ကို တည်ရှိခွင့်မပေးသည့် အတိုင်းအတာထိ ဖြစ်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် ဤအခြေအနေကိုရောက်သည်နှင့်တစ်ပြိုင်နက်၊ ဘုရားသခင်သည် နောက်ထပ် သည်းမခံနိုင်တော့ပေ။ ယင်းကို မည်သည့်အရာက အစားထိုး မည်နည်း။ ဘုရားသခင်၏ အမျက်ဒေါသနှင့် ဘုရားသခင်၏ အပြစ်ဒဏ်ခတ်ခြင်းတို့ ကျရောက်လာခြင်း ဖြစ်သည်။ ယင်းမှာ ဘုရားသခင်၏စိတ်သဘောထား နှင့်သက်ဆိုင်သည့် တစ်ဝက်တစ်ပျက် ဖွင့်ပြခြင်းတစ်ခု မဟုတ်ခဲ့ပါသလော။ ဤလက်ရှိခေတ်ကာလတွင်၊ ဘုရားသခင်၏အမြင်၌ ဖြောင့်မတ်သည့်လူ မည်သူမျှ မရှိသလော။ ဘုရားသခင်၏အမြင်၌ စုံလင်သည့်လူ မည်သူမျှမရှိသလော။ ဤခေတ်သည် ကမ္ဘာပေါ်ရှိ သတ္တဝါအားလုံး၏ အပြုအမူက ဘုရားသခင်၏အမြင်တွင် ဖောက်ပြန်ပျက်စီးသည့် ခေတ်တစ်ခေတ်ဖြစ်သလော။ ဤနေ့ရက်နှင့် ခေတ်ကာလတွင်၊ ဘုရားသခင်က စုံလင်စေလိုသူများ၊ ဘုရားသခင်၏နောက်လိုက်နိုင်ပြီး သူ၏ကယ်တင်ခြင်းကို လက်ခံနိုင်သည့်သူများမှလွဲ၍- အသွေးအသားရှိသည့် လူအားလုံးသည် ဘုရားသခင်၏ သည်းခံမှုအကန့်အသတ်ကို စိန်ခေါ်နေကြသည် မဟုတ်လော။ သင်တို့၏ဘေးတွင် ဖြစ်ပျက်သည့်အရာရာတိုင်း- သင်တို့၏ မျက်စိများဖြင့် မြင်သည့်အရာနှင့် နားများဖြင့် ကြားရသည့်အရာများ၊ ပြီးလျှင် ဤလောကတွင် နေ့စဉ် သင်တို့ ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရသည့်အရာများသည် အဓမ္မ အမှုနှင့် ပြည့်သည် မဟုတ်လော။ ဘုရားသခင်၏ အမြင်တွင်၊ ထိုသို့သောကမ္ဘာ၊ ထိုသို့သောခေတ်သည် အဆုံးသတ်သင့်သည် မဟုတ်လော။ လက်ရှိခေတ်ကာလ၏ နောက်ခံသည် နောဧ၏ အချိန်ကာလ နောက်ခံနှင့် လုံးဝ မကွဲပြားသော်လည်း၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုအပေါ် ဘုရားသခင်၏ ခံစားမှုများနှင့် အမျက်ဒေါသသည် အတိအကျ တူညီဆဲဖြစ်ပေသည်။ ဘုရားသခင်သည် သူ၏အမှုကြောင့် စိတ်ရှည်သည်းခံနိုင်သော်လည်း၊ အခြေအနေများနှင့် အနေအထားများအရ၊ ဘုရားသခင်၏ အမြင်တွင် ဤကမ္ဘာလောကသည် အချိန်ကြာမြင့်စွာက ဖျက်ဆီးခြင်းခံရသင့်ပြီး ဖြစ်သည်။ အခြေအနေများသည် ကမ္ဘာကြီးက ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခံခဲ့ရသည့် အချိန်ထက် များစွာ ကျော်လွန်ပေသည်။ သို့ရာတွင် ကွာခြားချက်မှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်၏ စိတ်နှလုံးကို ဝမ်းအနည်းစေဆုံးသော အရာတစ်ခုလည်း ဖြစ်ပြီး သင်တို့ထဲမှ မည်သူမျှ နားမလည်နိုင်သည့် အရာတစ်ခုလည်း ဖြစ်ကောင်းဖြစ်ပေမည်။
ဘုရားသခင်သည် ကမ္ဘာကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးခဲ့ချိန်တွင်၊ သင်္ဘောဆောက်ပြီး ပြင်ဆင်ခြင်း အလုပ်တစ်ချို့ လုပ်ဆောင်ရန် နောဧကို ဘုရားသခင် ခေါ်နိုင်ခဲ့သည်။ ဘုရားသခင်သည် ဤအမှုအရာများ တသီတတန်းကို လုပ်ဆောင်ဖို့ နောဧဟူသည့် လူတစ်ဦးကို ခေါ်ယူနိုင်ခဲ့သည်။ သို့ရာတွင် လက်ရှိခေတ်ကာလတွင် ခေါ်ယူရန် ဘုရားသခင်ထံတွင် မည်သူမျှ မရှိပေ။ အဘယ်ကြောင့်နည်း။ ဤနေရာတွင် ထိုင်နေကြသည့် လူတစ်ဦးချင်းစီတိုင်းသည် အကြောင်းရင်းကို အလွန်ကောင်းစွာ နားလည်ပြီး သိသည်မှာ သေချာသလောက်ဖြစ်သည်။ သင်တို့သည် ငါ့ကို ထုတ်ဖော်ပြောစေလိုသလော။ ယင်းကို ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုခြင်းက သင်တို့ကို အရှက်ရစေပြီး အယောက်တိုင်းကို စိတ်ပျက်သွား စေနိုင်သည်။ လူအချို့က၊ “ဘုရားသခင်၏အမြင်တွင် ကျွန်ုပ်တို့သည် ဖြောင့်မတ်သည့်လူများနှင့် စုံလင်သည့် လူများ မဟုတ်သော်လည်း၊ ဘုရားသခင်က ကျွန်ုပ်တို့ကို တစ်စုံတစ်ခုပြုလုပ်ရန် ညွှန်ကြားပါက၊ ကျွန်ုပ်တို့သည် ထိုအရာကို လုပ်နိုင်စွမ်းရှိဦးမည် ဖြစ်သည်။ ယခင်က၊ ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ဘုရားသခင် ပြောခဲ့ချိန်တွင်၊ ကျွန်ုပ်တို့သည် ကပ်ဘေးထဲတွင် လိုအပ်မည့် အစားအစာများနှင့် ပစ္စည်းများကို စတင်ပြင်ဆင်ခဲ့ကြပါသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့်အညီ လုပ်ဆောင်ခဲ့ကြသည် မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုနှင့် အမှန်တကယ် ပူးပေါင်း လုပ်ဆောင်နေခဲ့ကြသည် မဟုတ်ပါလား။ ကျွန်ုပ်တို့ လုပ်ခဲ့သည့် ဤအရာများသည် နောဧ လုပ်ဆောင်ခဲ့သည့်အရာနှင့် ယှဉ်၍ မရနိုင်ပါသလား။ ကျွန်ုပ်တို့ လုပ်ခဲ့သည့်အရာကို လုပ်ဆောင်ခြင်းသည် စစ်မှန်သည့် နာခံမှု မဟုတ်ပါလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ညွှန်ကြားချက်များကို လိုက်နာ နေခဲ့ကြသည် မဟုတ်ပါလား။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ ကျွန်ုပ်တို့ ယုံကြည်ချက် ရှိကြသောကြောင့် ဘုရားသခင်ပြောသည့်အရာကို ကျွန်ုပ်တို့ လုပ်ခဲ့ကြသည် မဟုတ်ပါလား။ သို့ဆိုလျှင် ဘုရားသခင်သည် အဘယ်ကြောင့် ဝမ်းနည်း နေသေးသနည်း။ သူခေါ်စရာ မည်သူမျှမရှိဟု အဘယ်ကြောင့် ဘုရားသခင် ပြောသနည်း” ဟု ပြောကောင်းပြောကြပေမည်။ သင်တို့၏လုပ်ရပ်များနှင့် နောဧ၏လုပ်ရပ်ကြားတွင် ကွာခြားချက်တစ်ခုတစ်လေ ရှိသလော။ ကွာခြားချက်မှာ အဘယ်နည်း။ (ကပ်ဘေးအတွက် ယနေ့တွင် အစားအစာ ပြင်ဆင်ခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ပိုင် ရည်ရွယ်ချက် ဖြစ်ပါသည်။) (ကျွန်ုပ်တို့၏ လုပ်ရပ်များသည် “ဖြောင့်မတ်သောသူ” ဖြစ်ခြင်းနှင့် မညီမျှနိုင်ပါ၊ နောဧမှာမူ ဘုရားသခင်၏အမြင်တွင် ဖြောင့်မတ်သူ တစ်ဦး ဖြစ်ပါသည်။) သင်တို့ပြောသည့် အရာများသည် သိပ်အလှမ်းမကွာခြားလှပေ။ နောဧလုပ်ခဲ့သည့်အရာမှာ ယခု လူများလုပ်နေသည့်အရာနှင့် အခြေခံအားဖြင့် ကွဲပြားပေသည်။ ဘုရားသခင် ညွှန်ကြားခဲ့သကဲ့သို့ နောဧလုပ်ဆောင်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို သူ မသိခဲ့ပေ။ ဘုရားသခင်က မည်သည့်အရာ ပြီးမြောက်လိုခဲ့သည်ကို သူမသိခဲ့ပေ။ ဘုရားသခင်သည် သူ့ကို အမိန့်တစ်ခုသာပေးခဲ့ပြီး တစ်စုံတစ်ရာကို လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့ကာ၊ ရှင်းပြချက် သိပ်မရှိဘဲ နောဧသည် ရှေ့ဆက်ပြီး လုပ်ဆောင်ခဲ့သည်။ သူသည် ဘုရားသခင်၏ရည်ရွယ်ချက်များကို နားလည်ဖို့ တိတ်တဆိတ် မကြိုးစားခဲ့သကဲ့သို့၊ ဘုရားသခင်ကို မခုခံခဲ့ပေ သို့မဟုတ် သစ္စာမရှိခြင်းကို မပြသခဲ့ပေ။ သူသည် ဖြူစင်ပြီး ရိုးရှင်းသည့် စိတ်နှလုံးနှင့် လျော်ညီစွာ သွားရောက်၊ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ဘုရားသခင်က သူ့ကို မည်သည့်အရာ လုပ်ဆောင်စေခဲ့သည်ဖြစ်စေ၊ သူ လုပ်ဆောင်ခဲ့ပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံခြင်းနှင့် နားထောင်ခြင်းတို့သည် သူ လုပ်ဆောင်ခဲ့သည့် အရာ၌ သူ၏ ယုံကြည်မှုကို ကျောထောက် နောက်ခံပြု ခဲ့ပေသည်။ ယင်းမှာ ဘုရားသခင် ပေးအပ်သည့်အရာနှင့် ပတ်သက်၍ ရိုးရိုးတန်းတန်းနှင့် ရိုးရှင်းစွာ သူကိုင်တွယ်ခဲ့သည့်ပုံ ဖြစ်သည်။ သူ၏ အနှစ်သာရ- သူ၏အပြုအမူများ၏ အနှစ်သာရသည် နာခံခြင်းဖြစ်ပြီး၊ ဝေဖန်သုံးသပ်ခြင်း မဟုတ်၊ ခုခံခြင်း မဟုတ်သည့်အပြင်၊ မိမိ၏ ပုဂ္ဂိုလ်ရေး အကျိုးအမြတ်များ သို့မဟုတ် သူ၏ အမြတ်အစွန်းများ နှင့် ဆုံးရှုံးမှုများကို တွေးခြင်း မဟုတ်ပေ။ ထို့အပြင် ဘုရားသခင်သည် ကမ္ဘာလောကကို ရေလွှမ်းမိုးခြင်းဖြင့် ဖျက်ဆီးမည်ဟုပြောသည့်အချိန်တွင်၊ မည်သည့် အချိန်တွင် ဖြစ်မည် သို့မဟုတ် မည်သည့်အရာများ ဖြစ်လာမည် ဆိုသည်ကို နောဧ မမေးခဲ့သကဲ့သို့၊ ကမ္ဘာလောကကို ဘုရားသခင်က မည်သို့ ဖျက်ဆီးမည် ဆိုသည်ကို ဘုရားသခင်အား သူ သေချာပေါက် မမေးခဲ့ပေ။ ဘုရားသခင် ညွှန်ကြားခဲ့သည့်အတိုင်းသာ သူလုပ်ဆောင်ခဲ့သည်။ ဘုရားသခင်က ထိုအရာကို မည်သို့မည်ပုံ လုပ်စေလိုသည်ဖြစ်စေ၊ မည်သည့်အရာနှင့် လုပ်စေလိုသည်ဖြစ်စေ၊ ဘုရားသခင် စေခိုင်းခဲ့သည့် အတိုင်း အတိအကျ သူလုပ်ခဲ့ပြီး ချက်ချင်း စတင် လုပ်ဆောင်ခဲ့သည်။ ဘုရားသခင်ကို ကျေနပ်စေလိုသည့် သဘောထားတစ်ခုဖြင့် သူသည် ဘုရားသခင်၏ ညွှန်ကြားချက်များအတိုင်း ပြုမူခဲ့သည်။ ကပ်ဘေးမှ မိမိကိုယ်ကိုယ် ရှောင်လွှဲစေဖို့ ထိုအရာကို သူလုပ်ခဲ့ခြင်း ဖြစ်သလော။ မဟုတ်ပေ။ ကမ္ဘာကြီး ဖျက်ဆီးခြင်းမခံရမီတွင် မည်မျှကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော။ မမေးခဲ့ပေ။ သင်္ဘောကို တည်ဆောက်ဖို့ အချိန်မည်မျှ ကြာမည်ဆိုသည်ကို ဘုရားသခင်အား သူမေးခဲ့သလော သို့မဟုတ် သူ သိခဲ့သလော။ ယင်းကိုလည်း သူမသိခဲ့ပေ။ သူသည် ရိုးရိုးရှင်းရှင်း နာခံခဲ့သည်၊ နားထောင်ခဲ့ပြီး လျော်ညီစွာ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်။ ယခု လူများမှာ မတူကြပေ- ဘုရားသခင်၏ နှုတ်ကပတ်တော်မှတစ်ဆင့် သတင်းအချက်အလက် အနည်းငယ် ပေါက်ကြားလျှင် ပေါက်ကြားချင်း၊ အနှောင့်အယှက် သို့မဟုတ် လေထဲက သစ်ရွက်လှုပ်ခတ်သံ သဲ့သဲမျှ ကြားရလျှင် ကြားရချင်း၊ ၎င်းတို့သည် ကပ်ဘေးအပြီးတွင် စားရမည့်အရာ၊ သောက်ရမည့်အရာနှင့် အသုံးပြုမည့်အရာကို ပြင်ဆင်ဖို့၊ ကပ်ဘေးကျရောက်လျှင် ထွက်ပြေးလွတ်မြောက်ရန် လမ်းများကိုပင် ပြင်ဆင်ရင်း၊ မည်သည့်အဖိုးအခပင် ဖြစ်ပါစေ၊ အဖိုးအခကို ဂရုမထားဘဲ ချက်ချင်း စတင်ဆောင်ရွက်ကြလေသည်။ သာ၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ ဤအဓိကကျသည့် အခိုက်အတန့်တွင် လူ့ဦးနှောက်များသည် “အလုပ်တာဝန်ကို ပြီးစီးအောင် လုပ်ဆောင်ရာတွင်” အင်မတန် တော်ကြပေသည်။ ဘုရားသခင်က မည်သည့် ညွှန်ကြားချက်မျှ မပေးသည့်အခြေအနေအောက်တွင်၊ လူသားသည် အရာအားလုံးအတွက် အလွန်သင့်တော်စွာ စီစဉ်နိုင်လေသည်။ ထိုသို့သော အစီအစဉ်များကို ဖော်ပြရန် “စုံလင်သည်” ဟူသည့် စကားကို သင်တို့အသုံးပြုနိုင်သည်။ ဘုရားသခင်ပြောသည့်အရာ၊ ဘုရားသခင်၏ ရည်ရွယ်ချက်များ မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင် လိုချင်သည့်အရာ မည်သည့်အရာ ဖြစ်သည်ကိုမူ မည်သူမျှ ဂရုမစိုက်ကြသကဲ့သို့၊ မည်သူမျှ နားလည်ရန် မကြိုးစားကြပေ။ ယင်းသည် ယနေ့ခေတ် လူများနှင့် နောဧတို့ကြားက အကြီးမားဆုံးသော ကွာခြားချက် ဖြစ်သည် မဟုတ်သလော။
ဤနောဧ၏ အဖြစ်အပျက် မှတ်တမ်းတွင်၊ ဘုရားသခင်၏ စိတ်သဘောထား တစ်စိတ်တစ်ပိုင်းကို သင်တို့ မြင်ကြသလော။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်း၊ ညစ်ညမ်းမှုနှင့် အဓမ္မမှုတို့အပေါ် ဘုရားသခင်၏ သည်းခံမှုသည် အကန့်အသတ်ရှိ၏။ ထိုအကန့်အသတ်ကို သူရောက်သွားသည့်အခါ၊ သူသည် ဆက်လက် သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ယင်းအစား သူ၏စီမံခန့်ခွဲမှု အသစ်နှင့် အစီအစဉ် အသစ်တို့ကို အစပြုလိမ့်မည်၊ သူလုပ်ရမည့်အရာကို စတင် လုပ်ဆောင်လိမ့်မည်၊ သူ၏ လုပ်ဆောင်ချက်များ နှင့် သူ့စိတ်သဘောထား၏ အခြားတစ်ဖက်ကို ထုတ်ဖော်ပြလိမ့်မည်။ သူ၏ ဤလုပ်ရပ်သည် လူသား၏ ပုန်ကန်ပြစ်မှားမှုကို သူသည် မည်သည့်အခါတွင်မျှ ခံရမည်မဟုတ်သည်ကို ပြသဖို့၊ သို့မဟုတ် သူသည် ဩဇာအာဏာ၊ အမျက်ဒေါသတို့နှင့် ပြည့်သည်ကို ပြသရန်မဟုတ်သကဲ့သို့၊ သူသည် လူသားမျိုးနွယ်အား ဖျက်ဆီးပစ်နိုင်သည်ကို ပြသရန်လည်းမဟုတ်ပေ။ ယင်းမှာ သူ၏စိတ်သဘောထားနှင့် သူ၏သန့်ရှင်းသည့် အနှစ်သာရသည် ဤသို့သောလူသားမျိုးနွယ်ကို သူ၏ မျက်မှောက်တွင် ရှင်သန်ခွင့်ပေးရန်၊ သူ၏ အုပ်စိုးမှုအောက်တွင် ရှင်သန်ခွင့်ပေးရန် ခွင့်မပြုနိုင်တော့ခြင်း သို့မဟုတ် စိတ်ရှည်သည်းခံမှု မရှိတော့ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသားမျိုးနွယ် အားလုံးသည် သူ့ကို ဆန့်ကျင်သည့်အခါ၊ တစ်ကမ္ဘာလုံးတွင် သူကယ်နိုင်သည့်သူ တစ်ဦးမျှ မရှိသည့်အခါတွင်၊ သူသည် ထိုသို့သော လူသားမျိုးနွယ်ကို ဆက်၍ သည်းခံတော့မည် မဟုတ်သကဲ့သို့၊ ဤလူသားမျိုးနွယ်မျိုးကို ဖျက်ဆီးရန် သူ၏အစီအစဉ်ကို မည်သည့်ဒွိဟမျှမရှိဘဲ ဆောင်ရွက်မည် ဖြစ်သည်။ ထိုသို့သော ဘုရားသခင်၏ လုပ်ရပ်ကို သူ့စိတ်သဘောထားဖြင့် ဆုံးဖြတ် ထားပေသည်။ ဤသည်မှာ မလွှဲမရှောင်သာသည့် အကျိုးဆက်ဖြစ်ပြီး ဘုရားသခင်၏အုပ်စိုးမှုအောက်တွင် ရှိသည့် ဖန်ဆင်းခံ သတ္တဝါအားလုံး ခံယူရမည့် အကျိုးဆက်ဖြစ်သည်။ ဤအရာက လက်ရှိခေတ် ကာလတွင်၊ ဘုရားသခင်သည် သူ၏အစီအစဉ်ကို ပြည့်စုံစေရန်နှင့် သူကယ်တင်လိုသည့် လူများကို ကယ်တင်ရန် စိတ်အားထက်သန်နေသည်ကို ပြသည် မဟုတ်လော။ ဤအခြေအနေများအောက်တွင် ဘုရားသခင်သည် မည်သည့်အရာကို ဂရုအစိုက်ဆုံး ဖြစ်သနည်း။ သူ့နောက်ကို လုံးဝမလိုက်သည့်သူများ၊ သို့မဟုတ် သူ့ကို ဆန့်ကျင်သူများက မည်သို့မည်ပုံ ဆက်ဆံပုံ သို့မဟုတ် ခုခံပုံကို မဟုတ်၊ သို့မဟုတ် လူသားမျိုးနွယ်က သူ့ကို မည်ကဲ့သို့ မကောင်း ပြောဆိုကြပုံကို မဟုတ်ပေ။ သူ၏စီမံခန့်ခွဲမှု အစီအစဉ်ထဲက သူ၏ကယ်တင်ခြင်းခံရသူများဖြစ်သည့် သူ့နောက်လိုက်သူများသည် သူ၏ စုံလင်စေခြင်း ခံရသည် မခံရသည်၊ သူ ကျေနပ်အားရထိုက်သူများ ဖြစ်လာ၏ မဖြစ်လာ၏ ဆိုသည်ကိုသာ သူဂရုစိုက်သည်။ သူ့နောက်ကိုလိုက်သူများမှလွဲ၍ အခြားလူများအတွက်မူ သူ၏အမျက်ဒေါသကိုဖော်ပြရန် ပြစ်ဒဏ်ပေးခြင်း အနည်းငယ်ကို ရံဖန်ရံခါမျှ သူပေးလေသည်။ ဥပမာအားဖြင့်- ဆူနာမီများ၊ ငလျင်လှုပ်ခြင်းများ၊ မီးတောင်ပေါက်ကွဲခြင်းများ ဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့နောက်ကိုလိုက်ကာ သူ့အားဖြင့် ကယ်တင်ခြင်း ခံရဆဲဆဲရှိသည့် သူများကို သူသည် ခိုင်မာစွာ ကွယ်ကာပြီး စောင့်ရှောက်နေသည်။ ဘုရားသခင်၏ စိတ်သဘောထားမှာ ဤသို့ဖြစ်သည်- တစ်ဖက်တွင်၊ သူသည် စုံလင်စေရန် သူရည်ရွယ်ထားသည့် လူများအပေါ် အဆုံးစွန်သော စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းရှိနိုင်ပြီး၊ ၎င်းသူတို့ကို သူတတ်နိုင်သရွေ့ စောင့်ဆိုင်းနိုင်သည်။ အခြားတစ်ဖက်တွင်၊ သူ့နောက်ကိုမလိုက်ဘဲ သူ့ကိုဆန့်ကျင်သည့် စာတန်ပုံစံ လူများကို အလွန်အမင်း မုန်းတီးကာ စက်ဆုပ်လေသည်။ ဤစာတန်ပုံစံ လူများသည် သူ့နောက်ကိုလိုက်ခြင်း သို့မဟုတ် သူ့ကို ကိုးကွယ်ခြင်းများ ရှိ မရှိဆိုသည်ကို သူ ဂရုမစိုက်သော်လည်း၊ သူ၏ စိတ်နှလုံးထဲတွင် ၎င်းတို့အတွက် သည်းခံစိတ်ရှိစဉ်တွင်၊ ၎င်းတို့ကို သူ စက်ဆုပ်ရွံရှာဆဲဖြစ်ပြီး ဤစာတန်ပုံစံ လူများ၏ အဆုံးသတ်ကို သူ ချမှတ်သည်နှင့်အမျှ၊ သူ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အဆင့်များ ရောက်ရှိလာခြင်းကိုလည်း သူ စောင့်ဆိုင်းနေပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၁)” မှ