ဇန်မုသည် အိမ်အသင်းတော်တစ်ခုတွင် ဆရာတစ်ပါးဖြစ်ပြီး၊ “ဖြောင့်မတ်ရာသို့ ရောက်ခြင်းငှာ စိတ်နှလုံးဖြင့် ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ ရောက်ခြင်းငှာ နှုတ်ဖြင့် ဝန်ခံရ၏။” (ရောမဩဝါဒစာ ၁၀:၁၀) ကို သူ ယုံကြည်လေသည်။ သူက သခင်ယေရှု၌ သူယုံကြည်သောကြောင့် ဖြောင့်မတ်သောသူဟု အမည်တွင်ပြီးဖြစ်သည်၊ ကတယ်ခြင်းကို သူရရှိနှင့်ပြီးဖြစ်ကာ သခင် ပြန်ကြွလာသောအခါ ကောင်းကင်နိုင်ငံထဲသို့ သူ တိုက်ရိုက်ချီဆောင်ခံရမည်ဟု ထင်မြင်လေသည်။ တစ်နေ့တွင်၊ အခြားဒေသများတွင် သာသနာပြုသည့်အလုပ်မှ သူ၏သမီး အိမ်ပြန်လာပြီး သူ နှစ်များစွာ ကိုင်စွဲခဲ့သည့် အမြင်နှင့် ပတ်သက်၍ သူ့ကို သံသယဖြစ်စေလေသည်။ ထို့နောက်၊ မိသားစုဝင် သုံးဦးသည် ကယ်တင်ခြင်းရရှိခြင်းက လူတစ်ယောက်ကို ကောင်းကင်နိုင်ငံထဲ ဝင်ခွင့်ပေးနိုင် မပေးနိုင်၊ ကောင်းကင်နိုင်ငံထဲသို့ မည်ကဲ့သို့သော လူအမျိးအစားများ ဝင်ရောက်နိုင်သည် နှင့် ပတ်သက်သော အကြောင်းအရာများအကြောင်း အကြိတ်အနယ် စကားစစ်ထိုးပွဲတစ်ခု စတင်ကြလေသည်...
ဘုရားသခင်၏ နိုင်ငံတော်သည် ဤလောကသို့ ရောက်လာပြီဖြစ်သည်။ ရားသခင်၏ နိုင်ငံတော်သို့ သင်ဝင်ရောက်ချင်ပါသလား။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။ကျွန်ုပ်တို့အကြောင်း | အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ | ကျေးဇူးတင်ရှိခြင်း
Copyright © 2024 ယေရှုခရစ်တော်ပြန်ကြွလာခြင်းလုပ်ပိုင်ခွင့်အားလုံး မူပိုင်ဖြစ်သည်။